အထူးသတင်းကြေငြာချက်

လျှောက်ထားရန်

ဒေါ်လာရောင်း၊ဝယ် ဈေးနှုန်း

နိုင်ငံခြားငွေလဲလှယ်နှုန်း (၁၉.၁၁.၂၀၁၈)

အမေရိကန် တစ်ဒေါ်လာ ၁၅၇၃.၀၀
ဥရောပ တစ်ယူရို ၁၇၉၄.၇
တရုတ် တစ်ယွမ် ၂၂၆.၆၇
ထိုင်း တစ်ဘတ် ၄၇.၈၄၁
မလေးရှား တစ်ရင်းဂစ် ၃၇၅.၆၄
အိန္ဒိယ တစ်ရူပီ ၂၁.၈၅၃
ဂျပန် တစ်ရာယန်း ၁၃၉၅.၈
တောင်ကိုရီးယား တစ်ရာ၀မ် ၁၃၉.၆၇
သြစတြေးလျ တစ်ဒေါ်လာ ၁၁၅၂.၀၀
စင်ကာပူ တစ်ဒေါ်လာ ၁၁၄၅.၅
နေပြည်တော်ဘဏ်မှ ဝန်ဆောင်မှုပေးနေပါသည်။

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန

နောက်ခံသမိုင်း

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန( ရေအရင်းအမြစ် )သည် မူလက ရေအရင်း အမြစ်အသုံးချရေးဦးစီးဌာနအဖြစ် ရပ်တည်ခဲ့ပါသည်။ ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန စတင်ဖွဲ့စည်း ပေါ်ပေါက်မှုမှာ စက်မှုလယ်ယာဦးစီးဌာန၊ ကျေးရွာရေရရှိရေးဌာနခွဲ( Rural Water Supply Division )မှ အရာထမ်း၊ အမှုထမ်းများ နှင့် ဆည်မြောင်းဦးစီးဌာန၊ မြေအောက်ရေဌာနစု ( Ground Water Section )မှ အရာထမ်း၊ အမှုထမ်းများဖြင့် တစ်စုတစ်စည်းတည်း ပေါင်းစပ် အခြေခံပြီး ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန အဖြစ် စတင်ဖွဲ့စည်းရန်နှင့် ဌာနဖွဲ့စည်းပုံအား ( ၈.၂.၁၉၉၅ )ရက်နေ့တွင် ကျင်းပသော နိုင်ငံတော် ငြိမ်ဝပ်မိပြားမှု တည်ဆောက်ရေးအဖွဲ့ အစည်း အဝေးအမှတ်စဉ်( ၆/၁၉၉၅ )ကြိမ်မြောက် သဘောတူ ခွင့်ပြုချက်နှင့် လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဌာန၏( ၉.၃.၁၉၉၅ )ရက်စွဲပါစာအမှတ်( ၁/၁၈၀(က)၃၅၃/ ၁၉၉၅ ဖြင့် အရာထမ်း( ၅၄၅ )နေရာ၊ အမှုထမ်း( ၅၈၉၁ )နေရာ စုစုပေါင်း ရာထူးခွင့်ပြုအင်အား( ၆၄၃၆ )နေရာဖြင့် ဖွဲ့စည်းခွင့်ပြုချက်အရ ဌာနခွဲ( ၆ )ခုဖြင့် ဖွဲ့စည်းကာ ၁၉၉၅ ခုနှစ်၊ ဧပြီလ( ၁ )ရက် နေ့မှစ၍ ရေအရင်းအမြစ်အသုံးချရေး ဦးစီးဌာနအဖြစ် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ( ၁၅ )ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်( ၂/၂၀၁၅ )၏ အတည်ပြုချက်အရ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏( ၂၈.၄.၂၀၁၅ )ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်( ၁၃/၂၀၁၅ ) ဖြင့် ဆည်မြောင်းဦးစီးဌာနနှင့် ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန( ၂ )ခုအား ပူးပေါင်းကာ “ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ”အဖြစ် ၂၀၁၅ ခုနှစ်၊ မေလ( ၁ )ရက်နေ့မှ စတင်၍ ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။ ဌာန၏ လုပ်ငန်းတာဝန်များအား ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ( ၃၀ )ရက်နေ့အထိ ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာနအမည်ဖြင့် ဆောင်ရွက်ပြီး ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ( ၁ )ရက်နေ့မှ စ၍ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ( ရေအရင်းအမြစ် ) အမည်ဖြင့် ဌာနလုပ်ငန်း တာဝန်များအား ရုံးချုပ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီးများ၊ ပြည်နယ်နှင့် ခရိုင် များတွင် ရုံးပေါင်း( ၄၅ )ရုံးဖွင့်လှစ်ပြီး အောက်ဖော်ပြပါ ဌာနခွဲ( ၅ )ခု ဖြင့် စိုက်ပျိုးရေရရှိရေးနှင့် သောက်သုံးရေရရှိရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါသည်

  • စီမံ၊ ငွေစာရင်းနှင့် လုပ်ငန်းဌာနခွဲ
  • စက်မှု/ လျှပ်စစ်( ၁ )ဌာနခွဲ
  • စက်မှု/ လျှပ်စစ်( ၂ ) ဌာနခွဲ
  • မြေအောက်ရေဌာနခွဲ
  • ဖြည့်တင်းရေးဌာနခွဲ

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ခွင့်ပြုဖွဲ့စည်းပုံအဖြစ် အရာထမ်းရာထူး ( ၁၅၆၄ )နေရာ၊ အမှုထမ်းရာထူး( ၂၀၉၂၇ )နေရာ၊ စုစုပေါင်းရာထူး( ၂၂၄၉၁ )နေရာဖြစ်ပြီး အဆိုပါ ခွင့်ပြုဖွဲ့စည်းပုံအရ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန( ရေအရင်းအမြစ် ) အနေဖြင့် အရာထမ်းရာထူး( ၅၄၅ )နေရာ၊ အမှုထမ်းရာထူး( ၁၆၉၁ )နေရာ၊ စုစုပေါင်း( ၂၂၃၆ )နေရာ ပါရှိပါသည်။

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ရုံးချုပ်၏( ၁၆.၃.၂၀၁၆ )ရက်စွဲပါ စာအမှတ်( ၉၀၆/ID/၁၁-၀၅/ စီမံ-၄/၂၀၁၆ )အရ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ( ၃၀ )ရက်နေ့ထိ လက်ရှိဌာန( ၁၁ )ခု အမည်ဖြင့် ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ( ၁ )ရက်နေ့မှစ၍ ဝန်ကြီးရုံးနှင့် ဦးစီးဌာန( ၇ )ခု ပြောင်းလဲပြင်ဆင် ဖွဲ့စည်းလိုက်သည့် ဆည်မြောင်းဦးစီးဌာနနှင့် ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန( ရေအရင်းအမြစ် )အမည်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။

စဉ် ရာထူးအမည် လစာနှုန်း ညွှန်ကြားရေးမှူးရုံး လ/ထညွှန်ကြားရေးမှူးရုံး
ခွင့်ပြု ခန့်ထား လစ်လပ် ခွင့်ပြု ခန့်ထား လစ်လပ်
၁။ ညွှန်ကြားရေးမှူး ၃၄၀၀၀၀.၄၀၀၀.၃၆၀၀၀၀ ၁­ -
၂။ ဒုတိယညွှန်ကြားရေးမှူး ၃၁၀၀၀၀.၄၀၀၀.၃၃၀၀၀၀ - ­- ­- ­-
၃။ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ၂၈၀၀၀၀.၄၀၀၀.၃၀၀၀၀၀ - ­- ­- ­၁ ­-
၄။ ဦးစီးအရာရှိ (မြို့ပြ) ၂၅၀၀၀၀.၄၀၀၀.၂၇၀၀၀၀ ­၁ ­- ­၁ ­-
၅။ ဦးစီးအရာရှိ (ပုံဆွဲ) ­- ­- ­­- ­-
၆။ ဦးစီးအရာရှိ (ငွေစာရင်း) ­- ­- (+)၁
အရာထမ်းပေါင်း ၁၀ (+)၁
၇။ ရုံးအုပ် ၁၉၅၀၀၀.၂၀၀၀.၂၀၅၀၀၀ ­၁ ­- - - ­-
၈။ စာရင်းကိုင် (၁) - ­(+)၁ - ­၁
၉။ ဦးစီးမှူး(မြို့ပြ) ­- ­၁ ၁၁ ­၉
၁၀။ ပုံဆွဲ (၁) - ­၁ ­- (+)၁ ­၁ ­-
၁၁။ ဌာနခွဲစာရေး ၁၈၀၀၀၀.၂၀၀၀.၁၉၀၀၀၀ (+)၁ ­၁ ­-
၁၂။ စာရင်းကိုင် (၂) ­- - ­- ­-
၁၃။ ဒု-ဦးစီးမှူး (မြို့ပြ) - ­- ­- (+) ၁
၁၄။ ပုံဆွဲ (၂) ­- ­၁ ­-
၁၅။ အကောက်ခွန်မှူး(ဆည်) - ­- ­- - - ­-
၁၆။ အကြီးတန်းစာရေး ၁၆၅၀၀၀.၂၀၀၀.၁၇၅၀၀၀ ­- ­-
၁၇။ စာရင်းကိုင် (၃) ­၃ (+) ၅
၁၈။ လ/ထဦးစီးမှူး (မြို့ပြ) ­- ­၁ ­၂
၁၉။ ဒု-အကောက်ခွန်မှူး(ဆည်) - ­- ­- ­၇ ­-
၂၀။ ပုံဆွဲ (၃) ­- - ­- ­-
၂၁။ စက်မှုကျွမ်းကျင်(၃)(မြို့ပြ) - ­- ­- -
၂၂။ အငယ်တန်းစာရေး ၁၅၀၀၀၀.၂၀၀၀.၁၆၀၀၀၀ ­၅ ­၁၁ ­(+)၆
၃။ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ၂၈၀၀၀၀.၄၀၀၀.၃၀၀၀၀၀ - ­- ­- ­၁ ­-
၂၃။ စာရင်းကိုင် (၄) ­၁
၂၄။ ဒု-လ/ထဦးစီးမှူး(မြို့ပြ) ­- ­-
၂၅။ ဒု-လ/ထဦးစီးမှူး(အလုပ်ကြပ်) ၁၅၀၀၀၀.၂၀၀၀.၁၆၀၀၀၀ ­-
၂၆။ ဒု-လ/ထဦးစီးမှူး(ရုံး) ­- ­၁ ­-
၂၇။ အငယ်တန်းစာရေးလက်နှိပ်စက်ရိုက် ­- - ­­၁
၂၈။ ပုံဆွဲ (၄) ­- ­၃ (+) ၁
၂၉။ လက်ထောက်အကောက်ခွန်မှူး(ဆည်) - ­- ­- ၁၄ ­၆
၃၀။ ယာဉ်မောင်း(၄) ­- (+)၄
၃။ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ၂၈၀၀၀၀.၄၀၀၀.၃၀၀၀၀၀ - ­- ­- ­၁ ­-
၃။ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ၂၈၀၀၀၀.၄၀၀၀.၃၀၀၀၀၀ - ­- ­- ­၁ ­-
၃၁။ စက်မောင်း(၄) (မြို့ပြ) - ­- ­- ­၁
၃၂။ စက်မှုကျွမ်းကျင်(၄)(မြို့ပြ) - ­- ­- ­၁ ­၁
၃၃။ ဆည်စောင့် - ­- ­- ၃၀ ၂၃
၃၄။ ဒု-လက်ထောက်အကောက်ခွန်မှူး(ဆည်) ၁၃၅၀၀၀.၂၀၀၀.၁၄၅၀၀၀ - ­- ­- ­-
၃၅။ စက်မှုကျွမ်းကျင်(၅)(မြို့ပြ) - ­- ­- -
၃၆။ ဆည်စောင့်အကူ ၁၃၅၀၀၀.၂၀၀၀.၁၄၅၀၀၀ - ­- ­- ၈၀ ­- ၈၀
၃၇။ အမှုတွဲထိန်း ­- - ­- ­-
၃၈။ လုပ်သားမှူး - ­- ­- ၁၂ ၁၂ ­-
၃၉။ ယာဉ်မောင်း(၅) ­၁ ­-
၄၀။ ရုံးအကူ ၁၂၀၀၀၀.၂၀၀၀.၁၃၀၀၀၀ ­- ­၂
၄၁။ စာပို့ ­- - - ­-
၄၂။ လုပ်သား - ­- ­- ၃၄ ­၁၉ ၁၅
၄၃။ အစောင့် - ­- ­- ­၄
အမှုထမ်းပေါင်း ၃၉ ၂၂ ၁၇ ၂၆၂ ­၁၃၂ ၁၃၀
(အရာထမ်း+အမှုထမ်း)ပေါင်း ၄၄ ­၂၃ ၂၁ ၂၇၁ ­၁၄၂ ၁၂၉
ဌာန၏ရည်မှန်းချက်

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန( ရေအရင်းအမြစ် )သည် လယ်ယာစိုက်ပျိုး ရေးကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဖွဲ့စည်း ခဲ့သော ဦးစီးဌာနဖြစ်ပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ရည်မှန်းချက် ဖြစ်သော စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးတွင် အဓိကကျသော စိုက်ပျိုးရေရရှိရေးအတွက် တာဝန်ယူဆောင်ရွက်နေသော ဌာနဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး ရည်ရွယ်လျက် မြစ်၊ ချောင်းများမှရေကို ရေစုပ်စက်ဖြင့် စုပ်တင်၍ စိုက်ပျိုးရေပေးဝေခြင်း၊ မြေအောက်ရေကို ထုတ်ယူ သုံးစွဲ၍ စိုက်ပျိုးရေပေးဝေခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ရန် ရည်မှန်းထားပါသည်။

ဌာန၏ လုပ်ငန်းတာဝန်

တစ်နှစ်ပတ်လုံး အဆက်မပြတ်စီးဆင်းနေသော မြစ်၊ ချောင်းများမှ ရေကို ရေစုပ်စက်ဖြင့် စုပ်တင်၍ မြစ်၊ ချောင်း ဝဲ/ယာ တစ်လျောက် တူးမြောင်းများမှ တစ်ဆင့် ရေပေးဝေရေး လုပ်ငန်းများကို ဆောင်ရွက်ရန်။

မြေအောက်ရေ ရရှိနိုင်မည့် နေရာဒေသများ၊ ရေလျှံတွင်း ရရှိနိုင်မည့် ဒေသများ၊ စက်ရေတွင်း တူးဆောင်ရွက်နိုင်မည့် ဒေသများကို နိုင်ငံအနှံ ရှာဖွေဖော်ထုတ်သွားရန်၊ အလားအလာရှိသော ဒေသများကို တစ်ဆင့်ပြီးတစ်ဆင့် အလွယ်တကူဖော်ထုတ်သွားနိုင်ရန်အတွက် အစီအစဉ်များ ချမှတ် ဆောင်ရွက်သွားရန်။

မြေအောက်ရေ၊ ရေလျှံတွင်း၊ ရေစုပ်စက်၊ စိမ့်စမ်းရေတို့မှ ရေပေးဝေမှုလုပ်ငန်းများကို ဆောင်ရွက်ပြီး သီးနှံအထွက်နှုန်း တိုးရေးနှင့် သီးနှံဧရိယာတိုးတက်ရေး၊ စိုက်ဧကတိုးတက်ရေးနှင့် ရေပေးဧကများ ပြည့်မီစေရေးအတွက် အထောက်အကူပြုရန်၊ အထူးသဖြင့် စားသုံးဆီ ဖူလုံရေးနှင့် ပြည်ပပို့ကုန် ပဲမျိုးစုံ၊ စက်မှုကုန်ကြမ်း သီးနှံပို့ကုန် တိုးတက်ရေးကို အထောက်အကူ ပြုရန်။

တောင်တန်းဒေသ၊ နယ်စပ်ဒေသ၊ ပြည်နယ်ဒေသတို့တွင် ရေထွက်များ၊ စိမ့်စမ်းရေများကို သွယ်ယူ၍ စိုက်ပျိုးရေ၊ သောက်သုံးရေ ရရှိရေးတို့ကို ဆောင်ရွက်ရန်။

ကျေးရွာလူထုများ စိုက်ပျိုးရေးလုပ်ငန်းကို တစ်နိုင်တစ်ပိုင် လုပ်ငန်းများအဖြစ် ဆောင်ရွက်ရန် နှင့် သောက်သုံးရေ ရရှိရေးအတွက် စက်ရေတွင်း၊ လက်ရိုက်တွင်းများ တူးဖော်၍ ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်ရန်။

ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားရေး၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်မြင့်မားစေရေးအတွက် ပြည်တွင်း၊ ပြင်ပတွင် လေ့ကျင့်ပညာပေးရန်။

လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံရပ်ခြားအစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ အကူအညီများရယူ၍ မြစ်ရေတင်လုပ်ငန်းများနှင့် မြေအောက်ရေလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်နှင့် အမြဲတမ်း တီထွင်ကြံဆ ဆောင်ရွက်မှုကို နည်းပညာများနှင့်အညီ ဆောင်ရွက်ရန်။

ဌာနအတွက် မရှိမဖြစ်လိုအပ်သော စူးစမ်းလေ့လာရေးကိရိယာများ၊ တိုင်းတာရေး ကိရိယာများ၊ စက်ပစ္စည်း ကိရိယာများကို နိုင်ငံတော်အစိုးရထံမှလည်းကောင်း၊ အခြား အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများထံမှလည်းကောင်း ရယူ၍ မြစ်ရေတင်လုပ်ငန်းများနှင့် မြေအောက်ရေ ရရှိရေး လုပ်ငန်းများ၊ မိမိဝန်ထမ်းများ၏ နည်းပညာဖွံ့ဖြိုးတိုးတက်မှု အခြေအနေ မြင့်မားစေရန်နှင့် မြှင့်တင် ဆောင်ရွက်မှုကို အစဉ်မပြတ် အားထုတ်ဆောင်ရွက်ရန်။

စိုက်ပျိုးရေနှင့် သောက်သုံးရေ လိုအပ်ချက်အား ထောက်ကူ ဖြည့်ဆည်းပေးနိုင်ရေး အတွက် မြေအောက်ရေဖော်ထုတ်သုံးစွဲခြင်း လုပ်ငန်းများအား သဘာဝအရင်းအမြစ်ကို ထိခိုက်မှု မရှိစေဘဲ စနစ်တကျ တိုးချဲ့ဆောင်ရွက်ရန်။

မြေအောက်ရေဖြင့် တစ်ကွင်းတစ်စပ် ရေပေးဝေသော လုပ်ငန်းများတွင် ရေသုံးစွဲမှု ချွေတာသော နည်းစနစ်( Drip & Sprinkler )အသုံးပြုနိုင်ရေး လယ်သမားများသို့ ပညာပေးဆောင်ရွက်ရန်။


စဉ် ဥပဒေအမည် ဥပဒေအမှတ် အတည်ပြုထုတ်ပြန်သည့်နေ့ရက်အမိန့် မည်သည့်ကာလကပြဌာန်းခဲ့သည် ပြည်ထောင်စု(သို)တိုင်းဒေသကြီးဥပဒေ မှတ်ချက်
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ (၁၂/၂၀၁၄) ၂၀၁၄ ၂၆.၃.၂၀၁၄ ပြည်ထောင်စု ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ ထုတ်ပြန်သည့် နည်းဥပဒေများ အတိုင်း လိုက်နာကျင့်သုံး ဆောင်ရွက်လျှက် ရှိပါသည်။


ရှောက်ကုန်းစက်ရေတွင်းအမှတ်(၁)တည်ဆောက်ထားပုံ





ရှောက်ကုန်းစက်ရေတွင်းအမှတ်( ၉ )မှစိုက်ပျိုးရေပေးဝေနေပုံ





ရှောက်ကုန်းစက်ရေတွင်းအမှတ်( ၁ )ရေပေးမြောင်းတည်ဆောက်ထားပုံ





ရှောက်ကုန်းစက်ရေတွင်းအမှတ်( ၂ )ရေပေးမြောင်းတည်ဆောက်ထားပုံ





ရှောက်ကုန်းစက်ရေတွင်းအမှတ်(၆)တည်ဆောက်ထားပုံ





ရှောက်ကုန်းစက်ရေတွင်းအမှတ်( ၆ )မှစိုက်ပျိုးရေပေးဝေနေပုံ




ရှေ့သို့