အထူးသတင်းကြေငြာချက်
  • အထူးသတင်းကြေငြာချက်

လျှောက်ထားရန်

ဒေါ်လာရောင်း၊ဝယ် ဈေးနှုန်း

နိုင်ငံခြားငွေလဲလှယ်နှုန်း (၂၉.၁၁.၂၀၁၉)

အမေရိကန် တစ်ဒေါ်လာ ၁၅၁၁.၆
ဥရောပ တစ်ယူရို ၁၆၆၅.၀
တရုတ် တစ်ယွမ် ၂၁၄.၉၅
ထိုင်း တစ်ဘတ် ၄၉.၉၉၅
မလေးရှား တစ်ရင်းဂစ် ၃၆၂.၁၉
အိန္ဒိယ တစ်ရူပီ ၂၁.၁၄၀
ဂျပန် တစ်ရာယန်း ၁၃၈၁.၂
တောင်ကိုရီးယား တစ်ရာ၀မ် ၁၂၈.၂၀
သြစတြေးလျ တစ်ဒေါ်လာ ၁၀၂၂.၄
စင်ကာပူ တစ်ဒေါ်လာ ၁၁၀၆.၄
နေပြည်တော်ဘဏ်မှ ဝန်ဆောင်မှုပေးနေပါသည်။

ဒက္ခိဏခရိုင်စိုက်ပျိုးရေးဦးစီးဌာန

ဒက္ခိဏခရိုင်စိုက်ပျိုးရေးဦးစီးဌာနစတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း

(၁.၄.၂၀၁၃)ရက်နေ့မှစ၍ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ခရိုင်ဦးစီးဌာနအနေဖြင့် (၂၁.၁၁.၂၀၁၃)နေ့တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၏ (၂၁.၁၁.၂၀၁၃)နေ့စွဲပါ ရုံးအမိန့်အမှတ် (၁၄၃၂/၂၀၁၃)ဖြင့် အရာထမ်း(၅)ဦး၊ အမှုထမ်း(၂၇)ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ပါသည်။

ဒက္ခိဏခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ ၀န်ထမ်းဖွဲ့စည်းပုံ
စဉ် ရာထူးအမည် ခွင့်ပြု ခန့်ထား ပို လို မှတ်ချက်
လက်ထောက်ညွှန်ကြားရေးမှူး - -
ဦးစီးအရာရှိ -
ဦးစီးမှူး - -
ဒု-ဦးစီးမှူး -
လက်ထောက်ဦးစီးမှူး -
ဒု-လက်ထောက်ဦးစီးမှူး -
ဌာနခွဲစာရေး - -
အကြီးတန်းစာရေး -
အငယ်တန်းစာရေး - -
၁၀ အငယ်တန်းလက်နှိပ်စက် - -
၁၁ ယာဉ်မောင်း(၅) - -
၁၂ ပစ္စည်းထိန်း - -
၁၃ အစောင့် - -
၁၄ လုပ်သား - -
၁၅ ရုံးအကူ/စာပို့ - -
၁၆ အလုပ်သင် - -
၁၇ ယာယီနေ့စား - -
စုစုပေါင်း ၃၂ ၄၀
ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ စိုက်ပျိုးရေးဦးစီးဌာန၏ ရည်မှန်းချက်
    1. (က)သီးနှံများ အထွက်နှုန်းများ ပိုမိုတိုးတက်အောင်ဆောင်ရွက်ရန်၊
    2. (ခ)စိုက်ပျိုးရေးထွက်ကုန်များ ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရန်၊
    3. (ဂ)တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်ရန်၊
စိုက်ပျိုးရေးဦးစီးဌာန၏ လုပ်ငန်းတာ၀န်များ(Duties and Function of Agriculture)

စိုက်ပျိုးရေးဦးစီးဌာနသည် နိုင်ငံတော်၏ အဓိကတာ၀န်ကြီးဖြစ်သည့် တောင်သူလယ်သမားများ၏ စီးပွားရေးအရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးထုတ်လုပ်နိုင်ရေးအတွက် အောက်ပါလုပ်ငန်းတာ၀န်များအား ဆောင်ရွက်သွားမည် ဖြစ်ပါသည်-

    1. (က)ပဲမျိုးစုံ၊ စားဖိုဆောင်သီးနှံများဖြစ်သည့် ငရုတ်ခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အာလူး၊ ဟင်းသီးဟင်းရွက် သစ်သီး၀လံ သီးနှံများအား မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့ စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့ထုတ်ပဲမျိုးစုံ၊ စားဖိုဆောင်သီးနှံများဖြစ်သည့် ငရုတ်ခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အာလူး၊ ဟင်းသီးဟင်းရွက် သစ်သီး၀လံ သီးနှံများအား မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့ စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့ထုတ်လုပ်ပေးခြင်း၊ တောင်သူများ မျိုးကောင်း မျိုးသန့် မျိုးစေ့ထုတ်စိုက်ပျိုးနိုင်ရန် ပညာပေးခြင်း။
    2. (ခ)ယင်းသီနှံများနှင့် ပတ်သက်၍ ခေတ်မီစိုက်ပျိုးရေးနည်းပညာများ အသုံးပြုနိုင်ရေး၊ သီးနှံအလိုက် စိုက်ပျိုးရေးနည်းစနစ်များ တီထွင်အသုံးပြုနိုင်ရေး လေ့ကျင့်ပညာပေးခြင်း၊
    3. (ဂ)အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်နိုင်ရန် သိပ္ပွံနည်းကျ စိုက်နည်းစနစ်များအား သုတေသနပြုလုပ်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိခြင်း၊
    4. (ဃ)စိုက်ပျိုးရေးဦးစီးဌာန၏ လုပ်ငန်းတာ၀န်များ
    5. (၁)သီးနှံမျိုးကောင်း မျိုးသန့်များ မျိုးစေ့များ ထုတ်လုပ်ဆောင်ရွက်ရန်၊
    6. (၂)စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP)တိုးတက်အောင် ဆောင်ရွက်ရန်နှင့် စိုက်ပျိုးပညာပေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်သွားရန်၊
    7. (၃)စီးပွားရေးတွက်ချေကိုက်၍ စျေးကွက်၀င်သော သီးနှံများ ပိုမိုစိုက်ပျိုးလာစေရန်၊
    8. (၄)ပြောင်းလဲလာသော ရာသီဥတုနှင့်ကိုက်ညီသော စိုက်ပျိုးရေးစနစ်များ ကျင့်သုံးရန်၊
    9. (၅)ဓာတုဗေဒပစ္စည်းများဖြစ်သော ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ သုံးစွဲမှဒ လျော့ချရေးနှင့် သဘာ၀မြေသြဇာများ ပိုမိုသုံးစွဲ၍ ဘေးအန္တရာယ်ကင်းရှင်းသော လယ်ယာထွက်ကုန်များ စိုက်ပျိုးထုတ်လုပ်ရန်၊
စိုက်ပျိုးရေးဦးစီးဌာန၏ ဆောင်ပုဒ်များ
    1. မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင်စိုက်
    2. ကောက်ကွက်ပြည့်မီရေးသည် ကောက်စိုက်လုံမေတို့၏ လက်၀ယ်တွင်ရှိ
    3. ချက်ကြံစိုက်ပျိုး နှစ်ချင်း၀င်ငွေတိုး
    4. အညာမြေယာ ရေရာသေချာ မြန်မာရွှေ၀ါစိုက်ပျိုးပါ
    5. ဘာပဲစိုက်စိုက် နေကြာညှပ်စိုက်
    6. မျို့စေ့မမှန် ပင်မသန် ဖူးတံငုံကင်း အသီးဖျင်း၏
    7. သုံးသီးစိုက်ပျိုး နှစ်ခြင်း၀င်ငွေတိုး
    8. ကြာရှည်မျိုးကို သုံးနှစ်ပို စိုက်ကိုမစိုက်သင့်
    9. သေချာရေရာအောင် နေကြာစိုက်ပါ
စိုက်ပျိုးရေးဦးစီးဌာနမှ ကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များ စိုက်ပျိုးရေးဦးစီးဌာန၏ ဥပဒေ(၅)ခု
    1. (၁)The Pesticide Law(ပိုးသတ်ဆေးဥပဒေ)
    2. (၂)The Fertilizer Law(ဓာတ်မြေသြဇာဥပဒေ)
    3. (၃)Plant Pest Quarantion Law(အပင်ပိုးမွှားကာကွယ်သည့် ဥပဒေ)
    4. (၄)Seed Law(မျိုးစေ့ဥပဒေ)
    5. (၅)တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ
ပြည်သူ့အတွက် ၀န်ဆောင်ပေးသော လုပ်ငန်းများ စိုက်ပျိုးရေးဦးစီးဌာန၏ အဓိကလုပ်ငန်းတာ၀န်များ
    1. (၁)မျိုးစေ့ထုတ်လုပ်ရေး(Seed Production)
    2. (၂)လေ့ကျင့်ပညာပေးရေး(Training and Education)
    3. (၃)သုတေသနနှင့် ဖွံ့ဖြိုးရေး(Research & Development)
ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနှင့် ရုံးဓါတ်ပုံ



ဒက္ခိဏခရိုင်စိုက်ပျိုးရေးဦးစီးမှူးရုံး

၀၆၇-၅၅၀၃၉၄၊ ၅၅၀၃၀၇

ပခ-၃၆၊ ဆေးဝါးသိုလှောင်ရုံရှေ့၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်။


ရှေ့သို့