အထူးသတင်းကြေငြာချက်

လျှောက်ထားရန်

ဒေါ်လာရောင်း၊ဝယ် ဈေးနှုန်း

နိုင်ငံခြားငွေလဲလှယ်နှုန်း (၁၈.၁၀.၂၀၁၉)

အမေရိကန် တစ်ဒေါ်လာ ၁၅၃၃.၁
ဥရောပ တစ်ယူရို ၁၇၀၀.၃
တရုတ် တစ်ယွမ် ၂၁၆.၅၈
ထိုင်း တစ်ဘတ် ၅၀.၅၇၂
မလေးရှား တစ်ရင်းဂစ် ၃၆၆.၃၈
အိန္ဒိယ တစ်ရူပီ ၂၁.၅၂၀
ဂျပန် တစ်ရာယန်း ၁၄၀၈.၈
တောင်ကိုရီးယား တစ်ရာ၀မ် ၁၂၉.၉၇
သြစတြေးလျ တစ်ဒေါ်လာ ၁၀၄၃.၃
စင်ကာပူ တစ်ဒေါ်လာ ၁၁၂၁.၉
နေပြည်တော်ဘဏ်မှ ဝန်ဆောင်မှုပေးနေပါသည်။

ဒက္ခိဏခရိုင်တရားရုံး

ဒက္ခိဏခရိုင်တရားရုံး ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း

နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးသည် ၁.၄.၂၀၀၆ ခုနှစ်တွင် ရမည်းသင်းခရိုင်တရားရုံးမှ ခွဲထွက်ခဲ့ပြီး ပျဉ်းမနားမြို့နယ်တရားရုံးအဆောက်အဦတွင် ပျဉ်းမနားခရိုင် တရားရုံးအဖြစ် ပူးတွဲရုံးထိုင်ဖွင့်လှစ်ခဲ့ပါသည်။ ၇.၂.၂၀၁၂ ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်အုပ်စု၊ သပြေတန်းရွာအနီး၌ ဒက္ခိဏခရိုင်တရားရုံးကို ပြောင်းရွှေ့ဖွင့်လှစ်၍ တရားစီရင်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ယခုအခါ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်ကောင်စီ လမ်းမပေါ်တွင် ဒက္ခိဏခရိုင်တရားရုံး အဆောက်အဦသစ်ကို ၁၇.၂.၂၀၁၇ ရက်နေ့တွင် အောင်မြင်စွာဖွင့်လှစ်ခဲ့ပြီး ယနေ့အထိ တရားစီရင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

ဌာန၏ဖွဲ့စည်းပုံနှင့်၀န်ထမ်းရေးရာကိစ္စ
(က) ၀န်ထမ်းအင်အားဖွဲ့စည်းပုံ/ခွင့်ပြု/ခန့်ထား/လစ်လပ်စာရင်း
စဉ် ရာထူးအမည် ခွင့်ပြုအင်အား လက်ရှိအင်အား လစ်လပ်အင်အား
က ခရိုင်တရားသူကြီး
ဒုတိယခရိုင်တရားသူကြီး
ဒုတိယဦးစီးမှူး -
ဌာနခွဲစာရေး
အကြီးတန်းစာရေး
အငယ်တန်းစာရေး
အငယ်တန်းလက်နှိပ်စက်/
ဒုလ/ထကွန်ပျူတာလုပ်ဆောင်ရေးမှူး
-
ရုံးအကူ -
ဆင့်စာလုလင် -
ရုံးစောင့်/သန့်ရှင်းရေး
စုစုပေါင်း ၃၀ ၂၆
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များ
မူဝါဒ
    1. (၁) ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေး၊
    2. (၂) ဥပဒေအရ ကန့်သတ်ချက်များမှအပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ရေး၊
    3. (၃) အမှုများတွင် ဥပဒေအရ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့်ရှိရေး၊
    4. (၄) ပြည်သူတို့၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်၍ တရားဥပဒေစိုးမိုးရေး နယ်မြေအေးချမ်းသာယာရေး တည်ဆောက်ရာတွင် အထောက်အကူ ဖြစ်စေရေး၊
    5. (၅) ဥပဒေကို ပြည်သူများက နားလည်လိုက်နာကျင့်သုံးလာစေရန် ပညာပေးရေး နှင့် ပြည်သူများက ဥပဒေကို လိုက်နာသော အလေ့အကျင့်ပျိုးထောင်ပေးရေး၊
    6. (၆) ပြည်သူအချင်းချင်းနှင့် ပတ်သက်သော အမှုကိစ္စများကို ဥပဒေဘောင်အတွင်း ၌ ကျေအေးပြီးပြတ်စေရေး၊
    7. (၇) ပြစ်မှုကျူးလွန်သူကို အရေးယူအပြစ်ပေးရာတွင် အကျင့်စာရိတ္တပြုပြင်မှုကို ဦးတည်ရေးတို့ဖြစ်ပါသည်။
ရည်မှန်းချက်
    1. (၁) ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊
    2. (၂) ပြည်သူအများက ယုံကြည်ကိုးစားသည့် ပြည်သူ့ကျိုးပြု တရားစီရင်ရေးစနစ် ပေါ်ထွန်းရေး၊
    3. (၃) အမှုအခင်းများကို ဥပဒေနှင့်အညီ မှန်မှန်နှင့်မြန်မြန် စီရင်ဆုံးဖြတ်ရေး၊
    4. (၄) တရားရုံးများ၏ ဂုဏ်သိက္ခာမြှင့်တင်ရေးဟူသည့် အဆိုပါ ရည်မှန်းချက်(၄)ရပ်ရှိပါသည်။
လုပ်ငန်းစဉ်
    1. (၁) အကျင့်သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာသုံးရပ်နှင့်ပြည့်စုံသော တရားသူကြီးကောင်းများ ဖြစ်ပေါလာစေရေးအတွက် အဘက်ဘက်မှ လေ့ကျင့်ပျိုးထောင်ပေးရန်၊
    2. (၂) သတင်းအချက်အလက်နည်းပညာကို အသုံးပြု၍ တရားစီရင်ရေးလုပ်ငန်းနှင့် တရားစီရင်ရေးနှင့်ဆက်နွယ်သော စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရန်၊
    3. (၃) တရားရုံးအင်္ဂါရပ်နှင့်အညီ နိုင်ငံတကာစံချိန်မီ တရားရုံးအဆောက်အဦများ တည်ဆောက်ရန်၊
    4. (၄) တရားရေး၀န်ထမ်းများနှင့် တရားရုံး၀န်ထမ်းများ သက်သာချောင်ချိရေးအတွက် ဦးစားပေးလျက် ၀န်ထမ်းအိမ်ရာမျာ ဆောက်လုပ်ရန် တို့ဖြစ်ပါသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆောင်ပုဒ်မှာ-
  • ဥပဒေနှင့်အညီ ဆုံးဖြတ်ပါ။
  • မှန်မှန်နှင့်မြန်မြန် စီရင်ပါ။
  • လုပ်ထုံးညီညီ ဆောင်ရွက်ပါ။
  • လာဘ်ပေးလာဘ်ယူကင်းရှင်းပါ။
  • ဖြောင့်မတ်တည်ကြည်မှုဖြင့် တရားရုံး၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းပါ။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် လက်အောက်ခံ ဒက္ခိဏခရိုင်တရားရုံးသည် ၂၀၁၀ ပြည့်နှစ် တရားစီရင်ရေးဥပဒေနှင့်အညီ နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံ:လုပ်နည်းများနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ တရားစီရင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြအပ်ပါသည်။

ဒက္ခိဏခရိုင်တရားရုံးအနေဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ မူဝါဒ၊ ရည်မှန်း ချက်နှင့် လုပ်ငန်းစဉ်များနှင့်အညီ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၏အနီးကပ် ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားစီရင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ အမှုလက်ကျန်လျော့နည်းကျဆင်းရေး၊ ပြည်သူများယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ်ဖြစ်ထွန်းစေရန် တစိုက်မတ်မတ်အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါကြောင်း တင်ပြအပ်ပါသည်။

နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံး လက်အောက်ရုံးများအဖြစ် ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိ နှင့် ဥတ္တရသီရိမြို့နယ်တရားရုံးများပါဝင်ပါကြောင်းနှင့် ရုံးဓါတ်ပုံများကို ပူးတွဲ(က)အဖြစ်လည်းကောင်း၊ လိပ်စာနှင့်ဆက်သွယ်ရန်ဖုန်းနံပါတ်များကို ပူးတွဲ(ခ)အဖြစ်လည်းကောင်း ဖော်ပြအပ်ပါသည်။

ထို့အပြင် ဥပဒေအရတည်ထောင်ထားသည့် အထူးတရားရုံးများဖြစ်သော စည်ပင်သာယာတရားရုံးနှင့် မော်တော်ယာဉ်တရားရုံးများကိုလည်း ဇမ္ဗူသီရိမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိပါကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

နေပြည်တော်ဒက္ခိဏခရိုင်တရားရုံး လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်များနှင့် ရုံးဓါတ်ပုံ
စဉ် ရုံးအမည် တည်ရှိရာနေရာ တယ်လီဖုန်းနံပါတ် မှတ်ချက်
ဒက္ခိဏခရိုင်တရားရုံး နေပြည်တော်ကောင်စီလမ်း၊
ပုဗ္ဗသီရိမြို့။
067-550159
ပျဉ်းမနားမြို့နယ်
တရားရုံး
ဘိုကုန်းရပ်၊ ရန်အောင်(၁)အုပ်စု၊
ပျဉ်းမနားမြို့။
067-22012
လယ်ဝေးမြို့နယ်
တရားရုံး
အမှတ်(၄)ရပ်ကွက်၊ ရန်အောင်ရပ်၊
ခန်းမဘေး၊ လယ်ဝေးမြို့။
067-30362
တပ်ကုန်းမြို့နယ်
တရားရုံး
ရန်ကုန်-မန္တလေးကားလမ်းဘေး၊
စုပေါင်းရုံးမြောက်ဘက်ခြမ်း၊
မြဝတီရပ်ကွက်၊ တပ်ကုန်းမြို့။
067-70563
ဇမ္ဗူသီရိ မြို့နယ်
တရားရုံး
နေပြည်တော်ကောင်စီရုံးဝန်းအတွင်း၊
ဇမ္ဗူသီရိမြို့။
067-550165
ပုဗ္ဗသီရိ မြို့နယ်
တရားရုံး
ချင်းတွင်းလမ်းနှင့် ရုံးများလမ်းထောင့်၊
မင်္ဂလာဒီပရပ်ကွက်၊ ပုဗ္ဗသီရိမြို့။
067-510135
ဥတ္တရသီရိမြို့နယ်
တရားရုံး
မြစ်ကြီးနားလမ်းနှင့် သော်ကလမ်း
ထောင့်၊ ချင်းရွာအနီး၊ ဥတ္တရသီရိမြို့။
067-417780
ဒက္ခိဏသီရိမြို့နယ်
တရားရုံး
ရာဇသင်္ဂဟလမ်းဘေး၊ဒက္ခိဏသီရိမြို့နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဘေး
ဒက္ခိဏသီရိမြို့။
067-8106291

ရှေ့သို့