အထူးသတင်းကြေငြာချက်
  • အထူးသတင်းကြေငြာချက်

လျှောက်ထားရန်

ဒေါ်လာရောင်း၊ဝယ် ဈေးနှုန်း

နိုင်ငံခြားငွေလဲလှယ်နှုန်း (၂၉.၁၁.၂၀၁၉)

အမေရိကန် တစ်ဒေါ်လာ ၁၅၁၁.၆
ဥရောပ တစ်ယူရို ၁၆၆၅.၀
တရုတ် တစ်ယွမ် ၂၁၄.၉၅
ထိုင်း တစ်ဘတ် ၄၉.၉၉၅
မလေးရှား တစ်ရင်းဂစ် ၃၆၂.၁၉
အိန္ဒိယ တစ်ရူပီ ၂၁.၁၄၀
ဂျပန် တစ်ရာယန်း ၁၃၈၁.၂
တောင်ကိုရီးယား တစ်ရာ၀မ် ၁၂၈.၂၀
သြစတြေးလျ တစ်ဒေါ်လာ ၁၀၂၂.၄
စင်ကာပူ တစ်ဒေါ်လာ ၁၁၀၆.၄
နေပြည်တော်ဘဏ်မှ ဝန်ဆောင်မှုပေးနေပါသည်။

ဒက္ခိဏခရိုင်သာသနာရေးမှူးရုံး

(က)ဒက္ခိဏခရိုင်သာသနာရေးမှူးရုံး စတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လွပ်လပ်ရေးမရမီကာလကပင် သာသနာရေးရာ ကိစ္စများကိုဆောင်ရွက်ရန် သာသနာရေးဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသောအခါ သာသနာရေးဝန်ကြီးဌာနကို ဖော်ပြပါဌာနခွဲများဖြင့် ဖွဲ့စည်းခဲ့ ပါသည်-

    1. (က)သာသနာရေးဝန်ကြီးဌာန၊ အတွင်းဝန်ရုံး
    2. (ခ) သာသနာ့ညွှန်ကြားရေးဝန်ဌာနခွဲ
    3. (ဂ) ပါဠိတက္ကသိုလ်နှင့် ဓမ္မာစရိယဌာနခွဲ
    4. (ဃ)ပါဠိပညာရေးဌာနခွဲ
    5. (င) ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
    6. (စ) ဗုဒ္ဓသာသနာ့အဖွဲ့
    7. (ဆ)တိပိဋကဓရရွေးချယ်ရေးအဖွဲ့

၂။ ၁၉၆၂-ခုနှစ်၊ တော်လှန်ရေးကောင်စီအစိုးရသည် ဝန်ကြီးဌာနအားလုံးကို ပြန်လည် စုစည်း၍ အသစ်ဖွဲ့စည်းခဲ့ရာ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနအဖြစ် ပူးပေါင်းဖွဲ့စည်း ခဲ့ပြီး အထက်ပါ အဖွဲ့များကို သာသနာရေးဦးစီးဌာနအဖြစ် ဖွဲ့စည်းခဲ့ပါသည်။

၃။ ၁၉၇၂-ခုနှစ်၊ မတ်လ(၁၅) ရက်နေ့တွင် အုပ်ချုပ်ရေးစနစ်သစ်အရ သာသနာရေးဦးစီးဌာန ဆက်လက်တည်ရှိခဲ့ပါသည်။ သာသနာရေးဦးစီးဌာနကို ဖော်ပြပါ ဌာနခွဲ(၃)ခုဖြင့် (၁၅-၃-၁၉၇၂) မှ (၂၀-၃-၁၉၉၀) ထိ စနစ်တကျပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်-

    1. (က)သာသနာ့ရေးရာနှင့်စာမေးပွဲဌာနခွဲ၊
    2. (ခ) စီမံခန့်ခွဲရေးနှင့် ပုံနှိပ်ထုတ်ဝေရေးဌာန၊
    3. (ဂ) သုတေသနနှင့် ကျမ်းပြုဌာနခွဲ၊

၄။ သာသနာရေးဦးစီးဌာနတွင် ဖော်ပြပါဌာနခွဲ(၄) ခုဖြင့် (၂၁-၃-၁၉၉၂) မှ ယနေ့အထိ အောက်ပါ ဌာနစုများဖြင့် ဖွဲ့စည်းထားပါသည်-

    1. (က) ဦးစီးရုံး (ဌာနစု ၁ မှ ဌာနစု ၂ ထိ)၊
    2. (ခ) သာသနာ့ရေးရာနှင့်ဝိနိစ္ဆယဌာနခွဲ (ဌာနစု ၃ မှ ဌာနစု ၉ ထိ)
    3. (ဂ) စာမေးပွဲဌာနခွဲ (ဌာနစု ၁၀ မှ ဌာနစု ၁၄ ထိ)
    4. (ဃ) စီမံခန့်ခွဲရေးဌာနခွဲ (ဌာနစု ၁၅ မှ ဌာနစု ၁၉ ထိ)
    5. (င) ပုံနှိပ်ထုတ်ဝေရေးဌာနခွဲ (ဌာနစု ၂၀ မှ ဌာနစု ၂၇ ထိ)

၅။ ယခုအစိုးရသစ်လက်ထက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအဖြစ် ဝန်ကြီး ဌာန ကို ပြင်ဆင်ဖွဲ့စည်းခဲ့သော်လည်း ယနေ့အချိန်အထိ သာသနာရေးဦးစီးဌာနတွင် အထက်အပိုဒ်(၄) ပါ ဌာနခွဲ(၄)ခုဖြင့် သာသနာရေးကိစ္စများကို ဆောင်ရွက်လျက်ရှိပါသည်။

၆။ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်နှင့်ဒက္ခိဏသီရိမြို့နယ် (၄)မြို့နယ် ပါဝင်သော ဒက္ခိဏခရိုင်သာသနာရေးမှူးရုံးကို ၂၀၁၃-ခုနှစ်၊ ဧပြီလမှ စတင်၍ နေပြည်တော် သာသနာရေးမှူးရုံး (ပုဗ္ဗသီရိမြို့နယ်၊ ယခုနေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးအနီး)၌ ရုံးဖွင့်လှစ်ခဲ့ပါ သည်။ နေပြည်တော်သာသနာရေးမှူးရုံးမှာ စုပေါင်းရုံးဖြစ်သဖြင့် နေရာအခက်အခဲကြောင့် (၁၉-၆-၂၀၁၃) ရက်နေ့မှ (၁၀-၂-၂၀၁၄) ရက်နေ့အထိ နေပြည်တော်ကောင်စီဝင်းအတွင်းရှိ ဇမ္ဗူသီရိမြို့နယ် အုပ်ချုပ်ရေးမှူးရုံး (စုပေါင်းရုံး) သို့ ဇမ္ဗူသီရိမြို့နယ်သာသနာရေးမှူးရုံးနှင့် တွဲဖက်၍ ပြောင်းရွှေ့ဖွင့် လှစ်ခဲ့ပါသည်။ ထိုမှတဖန် နေပြည်တော်ကောင်စီဝင်း၊ ဒက္ခိဏခရိုင်အုပ်ချုပ်ရေးမှူးရုံး (စုပေါင်းရုံး) သို့ (၁၁-၂-၂၀၁၄) ရက်နေ့မှ (၂၁-၄-၂၀၁၅) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး (၂၂-၄-၂၀၁၅) မှယနေ့အထိ ပုဗ္ဗသီရိမြို့နယ်၊အောင်သုခကျေးရွာ၊မြေကွက်အမှတ် (ပခ-၄၂) ရုံးသစ်သို့ ပြောင်းရွေ့ဖွင့်လှစ်၍ ခရိုင်သာသနာရေးမှူးရုံး၏ရုံးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။

(ခ)ဒက္ခိဏခရိုင်သာသနာရေးမှူးရုံး၏ ၀န်ထမ်းဖွဲ့စည်းပုံ
စဉ် ရာထူး ခွင့်ပြု ခန့်ထား လစ်လပ် မှတ်ချက်
လက်ထောက်ညွှန်ကြားရေးမှူး -
ဦးစီးအရာရှိ -
ဦးစီးမှူး -
ဒု-ဦးစီးမှူး -
သာသနာရေးရာလက်ထောက်-၃ -
လ/ထကွန်ပျူတာလုပ်ဆောင်ရေးမှူး -
သာသနာရေးရာလက်ထောက်-၄
ဒု-လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး -
ယာဉ်မောင်းစက်ပြင်-၅ -
၁၀ ရုံးအကူ/စာပို့ -
စုစုပေါင်း ၁၅ ၁၁
(ဂ)ဦးစီးဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ ရည်မှန်းချက်

သာသနာရေးဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

    1. (က)နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အသိအမှတ်ပြုထားသော ဘာသာ အသီးသီးအား လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရရှိရေး ကူညီဆောင်ရွက်ရန်။
    2. (ခ) ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး၊ ဘာသာအသီးသီး၏ နေ့ထူးနေ့မြတ်များ သတ်မှတ်ရေးနှင့် အခမ်းအနားများ ကျင်းပရေး ကူညီဆောင်ရွက်ရန်။
    3. (ဂ) နယ်စပ်တောင်တန်းဒေသနှင့် ဝေးလံခေါင်သီသော ဒေသများရှိ သာသနာပြု လုပ်ငန်း များအား ထောက်ပံ့ကူညီစောင့်ရှောက်ရန်။
    4. (ဃ)ဂိုဏ်းပေါင်းစုံသံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ ဆုံးဖြတ်ချက်များကို ထိရောက်လျင် မြန်စွာအကောင်အထည်ဖော်နိုင်ရေးနှင့် သာသနာရေးဆိုင်ရာမှုခင်းများ လျော့နည်း ကျဆင်းစေရေးစီမံဆောင်ရွက်ရန်။
    5. (င) ပရိယတ္တိသာသနာတော်ထွန်းကားပြန့်ပွားစေရေးအတွက် ပရိယတ္တိစာမေးပွဲများ စနစ်တကျကျင်းပရန်နှင့် သာသနာ့တက္ကသိုလ်များ၊ ပရိယတ္တိစာသင်တိုက်များ၊ ကမ္မဌာန်း ရိပ်သာများ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးစီမံဆောင် ရွက်ပေးရန်။
    6. (စ) ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများကို ဒေသအသီးသီးတွင် တိုးချဲ့ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ရန်။
    7. (ဆ)e Govemment လုပ်ငန်းများ e-library လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရန်။
လုပ်ငန်းတာ၀န်များ

သာသနာရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

    1. (က)နိုင်ငံတော်က အသိအမှတ်ပြုထားသည့် ဗုဒ္ဓဘာသာနှင့် အခြားဘာသာများဖြစ် သည့် ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ နတ်ကိုးကွယ်မှုနှင့် အခြားဘာသာများအား တက်နိုင် သမျှ စောင့်ရှောက်ရန်၊
    2. (ခ)နှစ်သက်ရာ ဘာသာတရားကိုးကွယ်ခွင့်နှင့် တစ်ဘာသာနှင့်တစ်ဘာသာ ထိခိုက်ပုတ် ခတ်မှုမရှိလျှင် ဘာသာသာသနာကိစ္စ ဆောင်ရွက်ခြင်းကို အားပေး ကူညီရန်၊
    3. (ဂ)ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့နှင့် အလားတူအဖွဲ့များ၏ ဆွေးနွေးပွဲများ နှင့် မှန်ကန်သော ဆောင်ရွက်မှုများကို အားပေးကူညီရန်၊
    4. (ဃ)ဒက္ခိဏခရိုင်သာသနာရေးမှူးရုံးနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော ဘာသာရေး အဖွဲ့အစည်းများနှင့် ရင်းနှီးစွာဆက်ဆံခြင်း၊ ဘာသာရေးအခမ်းအနားများသို့ အခါအားလျော်စွာ တက်ရောက်ခြင်းများကို ဆောင်ရွက်ရန်၊
    5. (င) ဒက္ခိဏခရိုင်တစ်ခုလုံးရှိ ဝါဆိုသံဃာစာရင်းနှင့် ဗုဒ္ဓဘာသာသီလရှင်စာရင်းများ၊ အခြားဘာသာများ၏ အသင်းအဖွဲ့များစာရင်းများကို ပြည့်စုံစွာထိန်းသိမ်း ထားရှိရန်၊
    6. (စ) ဗဒ္ဓသိမ်သမုတ်ရန်ကိစ္စ၊ သာသနာ့မြေလျှောက်ထားသည့် ကိစ္စများကို မြို့နယ် သာသနာရေးမှူးများနှင့် ညှိနှိုင်းစိစစ်၍ ထောက်ခံပေးရန်၊
    7. (ဆ)သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ၊ သာသနာ့နွယ်ဝင်သီလရှင်အဖွဲ့ အစည်းအဆင့်ဆင့် ရွေးချယ်ဖွဲ့စည်းခြင်း၊ သံဃာ့အစည်းအဝေးများပြုလုပ်ခြင်း၊
    8. (ဇ) သာသနာတော်ဆိုင်ရာဘွဲတံဆိပ်တော်များ စိစစ်တင်ပြခြင်းတို့ကို ဆောင်ရွက်ရန်၊
    9. (စျ)ဘုရားဂေါပကအဖွဲ့များ၏ စာရင်းနှင့် ဂေါပကစည်းမျဉ်းများ စနစ်တကျ ဖြစ်စေရေး ကြပ်မတ်ခြင်း၊ အခြားဘာသာများနှင့်ပတ်သက်သော ဘာသာရေးအဆောက် အဦများစာရင်းပြုစု ထိန်းသိမ်းထားရှိရန်၊
    10. (ည)ဝိနိစ္ဆယမှုခင်းကိစ္စရပ်များ၊ ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းကိစ္စများကို ဖြေရှင်းဆောင် ရွက်ရာတွင်ကြီးကြပ်ကူညီဆောင်ရွက်ခြင်းနှင့် မှုခင်းများ လျော့နည်းကျဆင်းရေး စီစဉ်ဆောင်ရွက်ရန်၊
    11. (ဍ)ဝိနည်းဓမ္မကံမှုခင်းဆိုင်ရာ အမှုတွဲများကို မှုခင်းအလိုက်၊ ဒေသအလိုက် စနစ်တကျ ထိန်းသိမ်းထားရှိရန်၊
    12. (ဌ)စာမေးပွဲအောင်စာရင်းများ၊ စာဖြေစာအောင်သံဃာစာရင်း မှတ်တမ်းများကို စနစ် တကျထိန်းသိမ်းထားရှိရန်၊
    13. (ဋ) ဒေသတွင်း ပရိယတ္တိစာမေးပွဲဆိုင်ရာ သွင်း၊ ဖြေ၊ စာရင်းများ စနစ်တကျရှိရေး၊ စာမေးပွဲသန့်ရှင်း၍ စနစ်တကျရှိစေရေးအတွက် စာမေးပွဲကြီးကြပ်ရေးဆရာတော် များနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊
    14. (ဎ) ဝန်ထမ်းများ စည်းကမ်းနှင့်စွမ်းဆောင်ရည်မြင့်မားရေးအတွက် အထောက်အကူပြု စေရန် ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) နှင့် ဖောင်ကြီးသင်တန်းများ၊ စာရင်းကိုင်သင်တန်းအမျိုးမျိုး၊ ပင်စင်အထောက်အကူပြုသင်တန်း၊ အင်္ဂလိပ်စာ သင်တန်းများနှင့်အခြားမွမ်းမံသင်တန်းများသို့ ဝန်ထမ်းများကို ရွေးချယ်စေလွှတ်ရန်၊
    15. (ဏ)ပြည်ထောင်စုဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ ဘာသာ သာသနာကိစ္စများဆောင်ရွက်ရန်၊
    16. (တ)မြို့နယ်သာသနာရေးမှူးများအား သာသနာရေးဦးစီးဌာန(ရုံးချုပ်)၏ ညွှန် ကြားချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြီးကြပ်မြှင့်တင်ဆောင် ရွက်ရန်၊
    17. (ထ)ဒေသတွင်း အရေးပေါ်ကိစ္စများပေါ်ပေါက်ပါက အထက်ဌာနသို့ အလျှင်အမြန် သတင်းပေးပို့၍ ညွှန်ကြားမှုခံယူဆောင်ရွက်ရန်၊
    18. (ဒ) ဒေသတွင်းဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာကိစ္စများတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများအကူအညီရယူ၍ တာဝန်ခံ ဆောင်ရွက်ရန်၊
    19. (ဓ) ဒေသတွင်းရှိ ဝါဆိုသံဃာစာရင်း၊ ကျောင်းတိုက်စာရင်း၊ အဆောက်အဦစာရင်းများ Updateဖြစ်နေစေရေး စီမံဆောင်ရွက်ရန်၊
    20. (န) သံဃာ့အဖွဲ့အစည်းဆုံးဖြတ်ချက်၊ ဝိနိစ္ဆယမှုခင်းဆုံးဖြတ်ချက်များ အကောင်အထည် ဖော်ရာတွင် ဒေသလုံခြုံရေးအဖွဲ့များနှင့်ညှိနှိုင်း၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်၊
    21. (ပ) ဒေသတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ အခြားဘာသာခေါင်းဆောင်များသို့ ဆရာ/ ဒကာရင်းနှီးမှု၊ မိတ်ဆွေရင်းနှီးမှုရယူထားရန်၊
    22. (ဖ) မိမိရုံးအဆောက်အဦနှင့်တကွ လက်အောက်ရုံးများ၏ အခြေအနေကို စီမံကြီးကြပ်၍ ရုံးဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျရှိစေရေး စီမံဆောင်ရွက်ရန်၊
ခရိုင်သာသနာရေးဦးစီးဌာနမှ ကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များ

ဦးစီးဌာနမှ ကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြား ချက်များ မှာအောက်ပါအတိုင်းဖြစ်ပါသည်-

    1. (က)မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်
    2. (ခ) ၁၉၆၁-ခုနှစ်၊ နိုင်ငံတော်ဘာသာ သာသနာချီးမြှောက်ထောက်ပံ့ရေးအက်ဥပဒေ
    3. (ဂ) ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ ဥပဒေ
    4. (ဃ)ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက် သည့်ဥပဒေ(၃/ ၁၉၈၀)
    5. (င)ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ နှင့် ဝိနိစ္ဆယလက်စွဲ
    6. (စ)သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ(ဥပဒေအမှတ် ၂၀/၉၀)
    7. (ဆ)နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ညွှန်ကြားလွှာ(၁မှ ၉၈)
    8. (ဇ) ညွှန်ကြားလွှာ(၇၅) ဖြင့် အရေးယူခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ
    9. (ဈ)ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ
    10. (ည)ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ
    11. (ဋ) သံဃနာယကလက်စွဲ
    12. (ဌ) သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များပြဋ္ဌာန်းခြင်း(ပြည်ထောင်စုအစိုးရ) အမိန့်ကြော်ငြာစာအမှတ်(၄၅/၂၀၁၅)
(ဆ)ခရိုင်သာသနာရေးမှူးရုံး၏ ပြည်သူအတွက်၀န်ဆောင်မှုပေးသော လုပ်ငန်းများ
    1. ၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတက သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ် တော်များချီးမြှင့်နိုင်ရေးအတွက် ဘွဲ့လျှောက်လွှာများ ကူညီလက်ခံဆောင်ရွက်ခြင်း
    2. ၂။ ပထမပြန်၊ ဓမ္မာစရိယ၊ နိကာယ်စာမေးပွဲနှင့်အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်စာမေးပွဲများ ဖြေဆိုနိုင်ရေး ကူညီဆောင်ရွက်ခြင်း
    3. ၃။ ဗုဒ္ဓစာပေများ၊ ကျမ်းစာအုပ်များ ဆက်သွယ်ဝယ်ယူပေးခြင်း
    4. ၄။ ဘာသာရေးဆိုင်ရာအခမ်းအနားများ စနစ်တကျ ကျင်းပနိုင်ရေးအတွက် ကူညီဆောင်ရွက်ခြင်း




ခရိုင်သာသနာရေးမှူးရုံး

၀၆၇-၅၅၀၃၄၉

ဦးဇော်လင်း ၊လ/ထညွှန်မှူး ၊ ၀၉-၂၅၀၀၉၄၉၈၀

ဒက္ခိဏခရိုင်သာသနာရေးမှူးရုံး၊ ဒက္ခိဏခရိုင်တရားရုံးအနီး၊ နေပြည်တော်ကောင်စီလမ်း၊ပုဗ္ဗသီရိမြို့နယ်၊နေပြည်တော် ၊၊


ရှေ့သို့