အမေရိကန် | တစ်ဒေါ်လာ | ၁၃၇၃.၉ |
ဥရောပ | တစ်ယူရို | ၁၅၅၅.၈ |
တရုတ် | တစ်ယွမ် | ၁၉၇.၇၃ |
ထိုင်း | တစ်ဘတ် | ၄၃.၆၉၉ |
မလေးရှား | တစ်ရင်းဂစ် | ၃၂၄.၈၄ |
အိန္ဒိယ | တစ်ရူပီ | ၁၈.၆၃၀ |
ဂျပန် | တစ်ရာယန်း | ၁၃၀၆.၂ |
တောင်ကိုရီးယား | တစ်ရာ၀မ် | ၁၁၅.၃၂ |
သြစတြေးလျ | တစ်ဒေါ်လာ | ၈၉၆.၈၀ |
စင်ကာပူ | တစ်ဒေါ်လာ | ၉၈၈.၁၀ |
သဘာဝဘေးများသည် အကြောင်းအမျိုးမျိုးကြောင့် ရုတ်ခြည်း(သို့မဟုတ်) ကြိုတင် သတင်းရရှိချိန်အနည်းငယ်အတွင်း ပေါ်ပေါက်တတ်သည်ဖြစ်ရာ ပြည်ထောင်စုနယ်မြေအတွင်း ဖြစ်ပွားသောဘေးများအတွက် ကွင်းဆင်းဆောင်ရွက်ခြင်း၊ ထောက်ပံ့ပေးခြင်း၊ ဘေးအန္တရာယ်များနှင့် ပတ်သက်၍ ကျေးရွာအထိ ကွင်းဆင်းအသိပညာပေးခြင်း လုပ်ငန်းများကိုဆောင်ရွက်ရန် ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး၊ နေပြည်တော်ကို ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်ကောင်စီရုံးဝင်း အကွက်အမှတ်(၁၂)၊ အကျယ် (၂၀၀ x ၂၀၀)ပေ၊ မြေဧရိယာ (၀.၉၁၈)ဧကပေါ်တွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် (၁၈-၁၁-၂၀၁၃) ရက်နေ့တွင်စတင်ဆောက်လုပ်ခဲ့ပြီး (၁၂-၆-၂၀၁၄)ရက်နေ့တွင် ပြီးစီးအောင်မြင်ခဲ့ပါသည်။
(၁-၁-၂၀၁၃)ရက်နေ့မှစတင်၍ အရာထမ်း(၁)ဦး၊ အမှုထမ်း(၄)ဦး ဖြင့် နေပြည်တော်ကောင်စီရုံး အောက်ထပ်တွင် ရုံးခန်းဖွင့်လှစ်၍ဆောင်ရွက်ခဲ့ပါသည်။ (၁၃-၆-၂၀၁၃) ရက်နေ့တွင် ဗဟိုမီးသတ်မှ ကယ်ဆယ်ရေးပစ္စည်းများကို ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး၊ သိုလှောင်ရုံသို့ပြောင်းရွှေ့သိုလှောင်ခဲ့ပြီး ကူညီထောက်ပံ့ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ (၁-၈-၂၀၁၄) ရက်နေ့တွင် ပြည်ထောင်စု နယ်မြေဦးစီးမှူးရုံး၊ နေပြည်တော်ကို ဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုနယ်မြေအတွင်း ထောက်ပံ့ရေးနှင့် ကူညီကယ်ဆယ်ရေး၊ အသိပညာပေးရေးလုပ်ငန်းများကို ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် လျက်ရှိပါသည်။
ဝန်ထမ်းဖွဲ့စည်းပုံကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး၊ နေပြည်တော်၏ ဝန်ထမ်းဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
စဉ် | ရာထူး | ခွင့်ပြု | ခန့်ထား | လစ်လပ် | မှတ်ချက် |
---|---|---|---|---|---|
၁ | ညွှန်ကြားရေးမှူး | ၁ | ၁ | - | ဦးစီးဌာန(ရုံးချုပ်)တွဲဖက် |
၂ | ဒုတိယညွှန်ကြားရေးမှူး | ၁ | ၁ | - | |
၃ | လက်ထောက်ညွှန်ကြားရေးမှူး | ၂ | - | ၂ | |
၄ | ဦးစီးအရာရှိ | ၂ | ၁ | ၁ | |
၅ | ဦးစီးမှူး | ၂ | ၁ | ၁ | |
၆ | ဒုတိယဦးစီးမှူး | ၂ | ၂ | - | |
၇ | အကြီးတန်းစာရေး | ၃ | ၁ | ၂ | |
၈ | အငယ်တန်းစာရေး | ၄ | ၂ | ၂ | |
၉ | ပစ္စည်းထိန်း(၅) | ၂ | ၁ | ၁ | |
၁၀ | ယာဉ်မောင်း | ၂ | ၁ | ၁ | |
၁၁ | အစောင့် | ၂ | ၁ | ၁ | |
၁၂ | သန့်ရှင်းရေး | ၁ | ၁ | - | |
စုစုပေါင်း | ၂၄ | ၁၃ | ၁၁ |
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၏ ရည်ရွယ်ချက်မှာအောက်ပါအတိုင်းဖြစ်ပါသည်-
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ "အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့(International Day For Disaster Reduction IDDR)"အခမ်းအနားကို (၂၀၁၀)ခုနှစ် မှစတင်၍ နှစ်စဉ် အောက်တိုဘာလ(၁၃)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး နှစ်အလိုက်ဆောင်ပုဒ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်
နိုင်ငံတော်သမ္မတကြီး၏ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေး၌ ပြောကြား ခဲ့သည့်မိန့်ခွန်းတွင် ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားစေရန်ရည်ရွယ်၍ တစ်မျိုး သားလုံးအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးနိုင်သည့် လိုအပ်သောမူဝါဒများ၊ ဥပဒေများ ချမှတ်ပြဋ္ဌာန်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း လမ်းညွှန်ပြောကြားခဲ့ပါသည်။ ထို့အပြင် ပြည်ထောင်စုအစိုးရအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ဥပဒေပြုရေးအစီအစဉ်(၁၀)ရပ် အနက် နောက်ဆုံးအချက်တွင် "ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် သဘာဝ ဘေးအန္တရာယ် ရေရှည်ကာကွယ်ရေးတို့အတွက် လိုအပ်သည့်အစီအမံများကို ပြန်လည်သုံးသပ်၍ ပြင်ဆင်ဆောင်ရွက်နိုင်ရန်ပြဋ္ဌာန်းခြင်း" ဟူသည့် လမ်းညွှန်ချက်များအရ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကို ရေးဆွဲပြဋ္ဌာန်းရန် ဆောင်ရွက်ခဲ့ပါသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကြမ်းကို ၂၀၁၁ ခုနှစ်၊ ဇွန်လတွင်စတင်ရေးဆွဲ ခဲ့ပါသည်။ ဥပဒေမူကြမ်းရေးဆွဲမှု ညှိနှိုင်းအစည်းအဝေးများကို ပြည်ထောင်စုဝန်ကြီး ကြီးမှူး၍ (၄)ကြိမ်၊ ဒုတိယဝန်ကြီး ကြီးမှူး၍(၅)ကြိမ်၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ဌာနတွင်းအစည်း အဝေးအကြိမ်(၂၀)ခန့်ပြုလုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဇူလိုင်လတွင်ကျင်းပသည့် ပထမအကြိမ်ပြည်ထောင်စု လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် အဆိုပြုတင်သွင်းခဲ့ရာ ၁၃၇၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၉)ရက်၊ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်၊ သတ္တမပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်-၂၁ ဖြင့် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ၁၃၇၆ ခုနှစ်၊ တန်ခူးလပြည့်ကျော်(၄)ရက်၊ ၂၀၁၅ ခုနှစ်၊ ဧပြီလ(၇)ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၂၂/၂၀၁၅)ဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၃၊ ပုဒ်မခွဲ(က)အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် နည်းဥပဒေများကို ထုတ်ပြန်ခဲ့ပါသည်။
လုပ်ထုံးလုပ်နည်းများအရ သဘာဝဘေးအန္တရာယ်ကြောင့် အတိဒုက္ခကြုံတွေ့နေရသော ဘေးသင့်ပြည်သူများအား လတ်တလောသက်သာချောင်ချိမှုရရှိစေရေးအတွက် ထောက်ပံ့ပေးရန်ဟူ သည့်ဦးစီးဌာန၏ ရည်ရွယ်ချက်အတိုင်း ယခင်ထောက်ပံ့မှုပေးရာတွင် သက်ဆိုင်ရာသို့အဆင့်ဆင့် တင်ပြပြီး ထောက်ပံ့ခဲ့ရသော်လည်း ယခုအခါ ဘေးဖြစ်ပွားမှုသတင်းရရှိသည်နှင့် ဘေးဖြစ်ပွားရာဒေသသို့ချက်ချင်းသွားရောက်ထောက်ပံ့ခွင့်ပြုခဲ့ပါသည်။
သဘာဝဘေးအန္တရာယ်ကြောင့် ဘေးဒဏ်ခံစားရသောပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝရရှိစေရေးဟူသည့် ရည်မှန်းချက်ကို အကောင်အထည်ဖော်သည့်အနေဖြင့် ယခုထောက်ပံ့မှု ပေးနေသည့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးအပြင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်ကာ ဦးစီးဌာန ၏အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ အောက်ပါအတိုင်းပြင်ဆင်ထောက်ပံ့ပေးလျက်ရှိပါသည်-
သဘာဝဘေးအန္တရာယ်ကြောင့်
အိမ်ဆောက်ပစ္စည်းဖိုး(မီးဘေး)
အိမ်ဆောက်ပစ္စည်းဖိုး(အခြားဘေး)
ဆန်ရိက္ခာဖိုးထောက်ပံ့ခြင်း
ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်ကောင်စီရုံးဝင်း
၀၆၇-၅၅၀၂၈၄၊ ၀၉-၂၆၂၆၉၀၀၃၃