အထူးသတင်းကြေငြာချက်

လျှောက်ထားရန်

ဒေါ်လာရောင်း၊ဝယ် ဈေးနှုန်း

နိုင်ငံခြားငွေလဲလှယ်နှုန်း (၁၈.၁၀.၂၀၁၉)

အမေရိကန် တစ်ဒေါ်လာ ၁၅၃၃.၁
ဥရောပ တစ်ယူရို ၁၇၀၀.၃
တရုတ် တစ်ယွမ် ၂၁၆.၅၈
ထိုင်း တစ်ဘတ် ၅၀.၅၇၂
မလေးရှား တစ်ရင်းဂစ် ၃၆၆.၃၈
အိန္ဒိယ တစ်ရူပီ ၂၁.၅၂၀
ဂျပန် တစ်ရာယန်း ၁၄၀၈.၈
တောင်ကိုရီးယား တစ်ရာ၀မ် ၁၂၉.၉၇
သြစတြေးလျ တစ်ဒေါ်လာ ၁၀၄၃.၃
စင်ကာပူ တစ်ဒေါ်လာ ၁၁၂၁.၉
နေပြည်တော်ဘဏ်မှ ဝန်ဆောင်မှုပေးနေပါသည်။

နေပြည်တော်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (နေပြည်တော်ရုံး) စတင်ပေါက်ပေါက်လာပုံနှင့် နောက်ခံသမိုင်းကြောင်း

မြန်မာနိုင်ငံအတွင်းသို့၁၈၈၄ခုနှစ်တွင် ရေနွေးငွေ့နှင့်သွားလာသည့် မော် တော် ယာဉ် များ စတင်ရောက်ရှိသည်။ ၁၉၁၃ခုနှစ် တွင်အများပြည်သူနှင့် ဆိုင်သောယာဉ်များတင်သွင်း သည်။ ၁၉၂၀ ခုနှစ်တွင် လုပ်သားပိုင်အငှားယာဉ်များ စတင်သုံးသည်။ ၁၉၃၇ ခုနှစ်တွင် လျှပ်စစ် ထရော်လာဂျီကားများ စသုံးသည်။

၁၉၆၃ခုနှစ် ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးလုပ်ငန်းများ ဥပဒေ ပြဌာန်း ချက်အရ ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး မော်တော်ယာဉ်နှင့် ယာဉ်မောင်း လိုင်စင်လုပ်ငန်းများကို ၁၉၆၃ ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့မှ စ၍ရဲတပ်ဖွဲ့မှ လွှဲပြောင်းရယူခဲ့ပါသည်။ ၁၉၇၂ခုနှစ်တွင်အုပ်ချုပ်ရေးစနစ်သစ် ဖေါ်ထုတ်ရေးအစီအစဉ် အရ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအဖြစ်သတ်မှတ်ခဲ့ပါသည်။ ၁၉၉၂ခုနှစ်၊ ဇန်နဝါရီလတွင် ဝန်ကြီးဌာနများ ပြန်လည်ဖွဲ့စည်းချိန်၌ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၏ လက်အောက်ခံဦးစီး ဌာနအဖြစ်ပါလာပါသည်။ ၂၀၁၅ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် ပို့ဆောင်ရေး စီမံကိန်းဦးစီး ဌာနအားဖျက်သိမ်း၍ လုပ်ငန်းလိုင်စင်နှင့်သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန အဖြစ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင်သွတ်သွင်း ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၆ခုနှစ်၊ ဧပြီလတွင် ဝန်ကြီးဌာနများ ပြန်လည်ဖွဲ့စည်းချိန်၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ လက်အောက်ခံ ဦးစီးဌာန ဖြစ်လာပါသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(နေပြည်တော်ရုံး)အနေဖြင့် ယခင်တိုင်းဒေသကြီး ဦးစီးမှူးရုံး (မန္တလေး)၏ လက်အောက်ခံ ခရိုင်ရုံး(ပျဉ်းမနား) အဖြစ်မှ ၂၀၀၇ ခုနှစ် တွင် ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(နေပြည်တော်ရုံး)ဟု ပြောင်းလဲသတ်မှတ်ဆောင်ရွက်ခဲ့ပါသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (နေပြည်တော်ရုံး) ၏ဝန်ထမ်းဖွဲ့စည်းပုံ

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (နေပြည်တော်ရုံး)၏ ဝန်ထမ်း ဖွဲ့စည်းပုံမှာ အောက်ပါ အတိုင်းဖြစ်ပြီး လက်အောက်ခံ ခရိုင်/မြို့နယ်ရုံးများ မရှိပါကြောင်းတင်ပြအပ်ပါသည်-

ဖွဲ့စည်းပုံ ခန့်ပြီး လစ်လပ်
အရာထမ်း
အမှုထမ်း ၄၆ ၃၄ ၁၂
စုစုပေါင်း ၅၀ ၃၇ ၁၃
ဥပဒေနှင့်နည်းဥပဒေများ
  • ၁၉၀၆ ခုနှစ်တွင် မော်တော်ယာဉ်ဥပဒေထုတ်ပြန်သည်။
  • ၁၉၁၄ ခုနှစ်တွင် အင်္ဂလိပ်အစိုးရမှ အိန္ဒိယမော်တော်ယာဉ် ဥပဒေအမှတ်(၈)ကို ထုတ်ရာ၊ မြန်မာနိုင်ငံတွင် စတင်အကျိုးသက်ရောက်စေသည်။
  • ၁၉၁၅ခုနှစ်တွင် မြန်မာနိုင်ငံမော်တော်ယာဉ်နည်းဥပဒေကိုပြဌာန်း၍ ၁၉၀၆ခုနှစ်ဥပဒေ ကိုဖျက်သည်။ ရဲတပ်ဖွဲ့မှ တာဝန်ယူဆောင်ရွက်သည်။ လွတ်လပ်ရေး မရမီအထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ယူခဲ့ပြီး ၁၉၄၆ ခုနှစ်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှပင် ပြန်လည် တာဝန်ယူသည်။
  • ၁၉၃၅ ခုနှစ်တွင် မြန်မာနိုင်ငံ အငှားယာဉ်နည်းဥပဒေကို ပြဌာန်းသည်။
  • ၁၉၆၃ ခုနှစ်တွင်ကုန်းလမ်းနှင့်ပြည်တွင်းသယ်ယူပို့ဆောင်ရေးဥပဒေများကို ထုတ်ပြန် သည်။
  • ၁၉၆၄ ခုနှစ်တွင် ၁၉၆၄ခုနှစ် မော်တော်ယာဉ်ဥပဒေကို တော်လှန်ရေး ကောင်စီ ဥပဒေအမှတ် ၁၇ အဖြစ် ထုတ်ပြန်သည်။
  • ၁၉၈၉ခုနှစ်တွင် ၁၉၆၄ခုနှစ်၊ မော်တော်ယာဉ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ ဥပဒေအမှတ် ၂၇/၈၉ ဖြင့် ထုတ်ပြန် သည်။
  • ၁၉၈၉ ခုနှစ်တွင် တည်ဆဲ ၁၉၈၉ ခုနှစ် မော်တော်ယာဉ်နည်းဥပဒေကို ထုတ်ပြန်သည်။
  • ၇.၉.၂၀၁၅ ရက်တွင် မော်တော်ယာဉ်ဥပဒေ (၂၀၁၅ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေအမှတ်-၅၅) အားထုတ်ပြန်သည်။
  • လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ။
  • ဤဦးစီးဌာန၏ နှစ်စဉ်ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်းများ၊ ရုံးအမိန့်လုပ်ငန်း နှင့် ညွှန်ကြားချက်များ။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (နေပြည်တော်ရုံး)၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ

အဓိကရည်မှန်းချက်တာဝန်မှာယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး(Road Safety) ဖြစ်ပြီး လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  • အများပြည်သူဆိုင်ရာ လမ်းများပေါ်တွင် အသုံးပြုနေသော မော်တော်ယာဉ်များ အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ယာဉ်များကိုစစ်ဆေး၍ ဥပဒေနှင့်အညီ မှတ်ပုံတင်ပေးရန်
  • မော်တော်ယာဉ်မောင်းများကို စစ်ဆေး၍ ယာဉ်မောင်းလိုင်စင်များကို ဥပဒေနှင့်အညီ ထုတ်ပေးရန်
  • လမ်းအသုံးပြုသူများလိုက်နာရမည့် စည်းကမ်းချက်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း၍ ထုတ်ပြန်ရန်
  • နိုင်ငံတော်မှ ရသင့်ရထိုက်သည့် ယာဉ်နှင့်ပတ်သက်သော အခငွေများကို ဥပဒေ၊ နည်းဥပဒေနှင့်အညီ ကောက်ခံရန်
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (နေပြည်တော်ရုံး)၏ မော်တော်ယာဉ်မှတ်ပုံ တင်ဌာန လုပ်ငန်းစဉ်များ မော်တော်ယာဉ်မှတ်ပုံတင်လုပ်ငန်း
  • ကနဦးမှတ်ပုံတင်ခြင်း
  • နှစ်လဲမှတ်ပုံတင်ခြင်း
  • အခြားမှတ်ပုံတင်ခြင်း
  • ကနဦးမှတ်ပုံတင်ခြင်း

    ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းအား ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ရုံးချုပ်၏ ခွင့်ပြုချက်အရ ဌာနဆိုင်ရာ၊ အရောင်းပြခန်းနှင့် ကုမ္ပဏီများမှ မော်တော်ဆိုင်ကယ်များအား ကနဦးမှတ်ပုံတင်ပေးပါသည်။

    နှစ်လဲမှတ်ပုံတင်ခြင်း
  • မော်တော်ယာဉ်ပါရှိရမည်။
  • ဆောင်ရွက်သူဓါတ်ပုံပါစိစစ်ရေးကတ်မူရင်းနှင့် မိတ္တူပါရှိရမည်။
  • အာမခံပေးသွင်းပြီး ပြေစာပါရှိရမည်။
  • ယာဉ်မှတ်ပုံတင်စာအုပ်၊ ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်အဟောင်း၊
      (တင်အား ၂တန်နှင့် အထက်ယာဉ် VIC အဟောင်း) ပါရှိရမည်။
  • မော်တော်ယာဉ် နှစ်လဲမှတ်ပုံတင်ခနှင့် ယာဉ်စစ်ဆေးခ နှုန်းထားများ
    စဉ် ယာဉ်အမျိုးအစား သက်တမ်း မှတ်ပုံတင်ခ ယာဉ်စစ်ဆေးခ
    ဆိုင်ကယ်/လျှပ်စစ် သုံးဘီးဆိုင်ကယ် (၂)နှစ် ၄၀၀၀ိ/- ၁၀၀၀ိ/-
    လျှပ်စစ်ဆိုင်ကယ် (၄)နှစ် ၄၀၀၀ိ/- ၁၀၀၀ိ/-
    ယာဉ်ငယ်(ကိုယ်ပိုင်) (၁)နှစ် ၁၀၀၀၀ိ/- ၅၀၀၀ိ/-
    ယာဉ်ငယ်(အငှား) (၁)နှစ် ၂၀၀၀၀ိ/- ၅၀၀၀ိ/-
    ယာဉ်ကြီး(ကိုယ်ပိုင်) (၁)နှစ် ၂၀၀၀၀ိ/- ၁၀၀၀၀ိ/-
    ယာဉ်ကြီး(အငှား) (၁)နှစ် ၃၀၀၀၀ိ/- ၁၀၀၀၀ိ/-
    မှတ်ချက်။        ရက်လွန်ဒဏ်ကြေးအား နှစ်လဲမှတ်ပုံတင်ခ၏ (၅၀)ရာခိုင်နှုန်းကောက်ခံရန်။

    မော်တော်ယာဉ် အမျိုးအစားအလိုက် အောက်ပါအတိုင်း သက်တမ်းသတ်မှတ် ပါသည်-


    စဉ် ယာဉ်အမျိုးအစား သက်တမ်းကာလ မှတ်ချက်
    ကနဦး နှစ်လဲ
    လူစီးမော်တော်ယာဉ် ၂နှစ်(ပိုင်)၁နှစ်(ငှား) ၁နှစ် ကနဦး
    ကိုယ်ပိုင် လူစီးယာဉ်ငယ် (ဆလွန်း၊ စတေရှင် ဝက်ဂွန်၊ ခရီးသည်(၁၅)ဦး အထိမိုက်ခရိုဘတ်စ်၊ လိုက်ဗင်၊ ဂျစ်၊ Double Cab)များအား သက်တမ်း (၂) နှစ် သတ်မှတ်သည်။
    နှစ်လဲ
    “၆ဂ”အက္ခရာနှင့်အထက် ကိုယ်ပိုင် လူစီးယာဉ်ငယ် (ဆလွန်း၊ စတေရှင် ဝက်ဂွန်၊ ခရီးသည်(၁၅)ဦး အထိမိုက် ခရို ဘတ်စ်၊ လိုက်ဗင်၊ ဂျစ်၊ Double Cab) များအား သက်တမ်းတိုးလျှင် မှတ်ပုံတင် သက်တမ်း(၂)နှစ် သတ် မှတ်သည်။
    လူစီးမော်တော်ယာဉ် (Brand New) ရောက်ရှိသည့်ခုနှစ် မတိုင်မီ (၂)နှစ်အတွင်းယာဉ်) ၃နှစ်(ပိုင်)၁နှစ်(ငှား) ၂နှစ်(ပိုင်)၁နှစ်(ငှား)
    လူစီးမော်တော်ယာဉ် (သာသနာရေးဆိုင်ရာ RLG ယာဉ်၊ သံရုံး/ သံတမန်ပိုင် CD ယာဉ်၊ ကုလသမဂ္ဂအဖွဲ့ အစည်းပိုင် UN ယာဉ်၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းပိုင် IO ယာဉ်) ၂နှစ် ၂နှစ်
    ကျန်မော်တော်ယာဉ် ၁နှစ် ၁နှစ်
    အခြားမှတ်ပုံတင်ခြင်း
    • နယ်ဝင်ခြင်း။
    • နယ်ထွက်ခြင်း။
    • အမည်ပြောင်းခြင်း။
    • ကိုယ်ပိုင်ယာဉ်မှ အငှားယာဉ်ပြောင်းလဲခြင်း။
    • အဌားယာဉ်မှ ကိုယ်ပိုင်ယာဉ်ပြောင်းလဲခြင်း။
    • အစိတ်အပိုင်းများပြောင်းလဲခြင်း။
    • ယာဉ်မှတ်ပုံတင်စာအုပ် (ကမ -၃) ပျောက်ဆုံး/ ပျက်စီး မိတ္တူထုတ်ပေးခြင်း။
    • ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်(အဝိုင်း) ပျောက်ဆုံး/ပျက်စီး မိတ္တူ ထုတ်ပေးခြင်း။
    နယ်ဝင်/နယ်ထွက်ယာဉ်များနေရပ်ပြောင်းခကောက်ခံခြင်း
    စဉ် အကြောင်းအရာ နေရပ်ပြောင်းခ
    နယ်ထွက်လျှောက်ထားခြင်း ၁၀၀၀ိ/-
    ထွက်စာမပါနယ်ဝင်လျှောက်ထားခြင်း ၅၀၀၀ိ/-
    အမည်ပြောင်းလဲခြင်းဆိုင်ရာကောက်ခံခြင်း
  • - အမည်ပြောင်းလဲခြင်းတစ်ကြိမ်လျှင် ၅၀၀၀ိ/-
  • အစိတ်အပိုင်းပြောင်းလဲခြင်းများ အခွန်ငွေကောက်ခံခြင်း
    စဉ် ပြောင်းလဲခြင်း ကြိုတင်လျှောက်ထားရယူပြောင်းလဲခြင်း ကြိုတင်လျှောက်ထားမှုမရယူ၍ပြောင်းလဲခြင်း
    စက်ပြောင်းလဲခြင်း ပြောင်းလဲခ ၁၀၀၀၀ိ/- ပြောင်းလဲခ ၁၀၀၀၀ိ/-
    ဒဏ်ကြေး ၁၀၀၀၀ိ/-
    သီးခြားရှိသည့် ဘောင်ပြောင်းလဲခြင်း ပြောင်းလဲခ ၁၀၀၀၀ိ/- ပြောင်းလဲခ ၁၀၀၀၀ိ/-
    ဒဏ်ကြေး ၁၀၀၀၀ိ/-
    ဝင်ရိုးပြောင်းလဲခြင်း ပြောင်းလဲခ ၁၀၀၀၀ိ/- ပြောင်းလဲခ ၁၀၀၀၀ိ/-
    ဒဏ်ကြေး ၁၀၀၀၀ိ/-
    ဂီယာပြောင်းလဲခြင်း ပြောင်းလဲခ ၁၀၀၀၀ိ/- ပြောင်းလဲခ ၁၀၀၀၀ိ/-
    ဒဏ်ကြေး ၁၀၀၀၀ိ/-
    ဆေးရောင်(Sticker ကပ် အပါအဝင်) ပြောင်းလဲခြင်း ပြောင်းလဲခ ၁၀၀၀၀ိ/- ပြောင်းလဲခ ၁၀၀၀၀ိ/-
    ဒဏ်ကြေး ၁၀၀၀၀ိ/-
    ကိုယ်ထည်/အမျိုးအစား ပြောင်းလဲခြင်း ပြောင်းလဲခ ၁၀၀၀၀ိ/- ပြောင်းလဲခ ၁၀၀၀၀ိ/-
    ဒဏ်ကြေး ၁၀၀၀၀ိ/-
    ယာဉ်အတိုင်းအတာ ပြောင်းလဲခြင်း ပြောင်းလဲခ ၁၀၀၀၀ိ/- ပြောင်းလဲခ ၁၀၀၀၀ိ/-
    ဒဏ်ကြေး ၁၀၀၀၀ိ/-
    နောက်ဝင်ရိုးတိုး/ လျော့ခြင်း ပြောင်းလဲခ ၁၀၀၀၀ိ/- ပြောင်းလဲခ ၁၀၀၀၀ိ/-
    ဒဏ်ကြေး ၁၀၀၀၀ိ/-
    မိတ္တူခ ကောက်ခံခြင်း
    စဉ် အမျိုးအစား ပထမအကြိမ် ဒုတိယအကြိမ
    ‌မော်တော်ယာဉ်သက်သေခံလက်မှတ် (အဝိုင်း) ၅၀၀၀ိ/- ၁၀၀၀၀ိ/-
    ‌‌မော်တော်ယာဉ်မှတ်ပုံတင်စာအုပ် (ကမ-၃) ၅၀၀၀ိ/- -
    မော်တော်ယာဉ်သက်သေခံလက်မှတ်၊ မော်တော်ဆိုင်ကယ်မှတ်ပုံတင်စာအုပ်နှင့် ဟိုလိုဂရမ်
    စဉ် အမျိုးအစား နှုန်း
    ‌မော်တော်ယာဉ်သက်သေခံလက်မှတ် ၂၀၀ိ/-
    ‌‌‌မော်တော်ယာဉ်သက်သေခံလက်မှတ် (ဓါတ်ပုံပါ) ၁၀၀၀ိ/-
    ‌‌‌မော်တော်ယာဉ်မှတ်ပုံတင်စာအုပ် ၅၀၀ိ/-
    ‌‌‌ဟိုလိုဂရမ် (တစ်ခုလျှင်) ၂၀၀ိ/-
    လေလံယာဉ်ပြန်လည်မှတ်ပုံတင်ခ
    စဉ် ယာဉ်အမျိုးအစား မှတ်ပုံတင်ခ
    ‌မော်တော်ဆိုင်ကယ် ၅၀၀၀ိ/-
    ‌‌‌မော်တော်ယာဉ်ငယ် ၂၅၀၀၀ိ/-
    ‌‌‌မော်တော်ယာဉ်ကြီး ၅၀၀၀၀ိ/-

    မှတ်ချက်။        ယာဉ်ငယ်        -        လူ(၁၇) ဦးအထိ၊ တင်အားကုန်(၃)တန်အထိ။
                                    ယာဉ်ကြီး        -        လူ(၁၈) ဦးအထက်၊ တင်အားကုန်(၃)တန်အထက်။

    ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (နေပြည်တော်ရုံး)၏ ယာဉ်မောင်းလိုင်စင်ဌာန လုပ်ငန်းစဉ်များ

    ယာဉ်မောင်းလိုင်စင်များ၊ ယာဉ်အကူလက်မှတ်များ၏ ယာဉ်မောင်းလိုင်စင် အမျိုးအစား အလိုက် မောင်းနှင်ခွင့်ရှိသော ယာဉ်အမျိုးအစားများနှင့် ကနဦးနှင့် နှစ်လဲသက်တမ်းတိုးလိုင်စင် သက်တမ်း များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

    စဉ် ယာဉ်မောင်းလိုင်စင် အမျိုးအစား မောင်းနှင်ခွင့်ရှိ မော်တော်ယာဉ် သက်တမ်း
    (က) ‌'သ'ယာဉ်မောင်းလိုင်စင် မော်တော်ယာဉ်အမောင်းသင်ရန် အတွက်သာ (၁)နှစ်
    (ခ) ‌'က-၁'ယာဉ်မောင်း လိုင်စင် မော်တော်ဆိုင်ကယ် (၁၁၀စီစီ နှင့်အောက်) (၂)နှစ်
    (ဂ) ‌'က' ယာဉ်မောင်းလိုင်စင် မော်တော်ဆိုင်ကယ (၅)နှစ်
    (ဃ) ‌'ခ' ယာဉ်မောင်းလိုင်စင် (၃)တန်အထိ တင်ဆောင်နိုင်သော ကိုယ်ပိုင်
    မော်တော်ယာဉ်နှင့် ကိုယ်ပိုင် ဘတ်စ်ကား ငယ်များ
    (၅)နှစ်
    (င) ‌'ဂ'ယာဉ်မောင်းလိုင်စင် သင်တန်းတက်ရောက် အောင်မြင်သည့် စက်ယန္တရား
    ကြီး တစ်မျိုး
    (၅)နှစ်
    (စ) ‌'ဃ'ယာဉ်မောင်းလိုင်စင် အငှားကုန်တင်ယာဉ်နှင့် အငှားဘတ်စ်ကား
    ယာဉ်များမှလွဲ၍ ကျန်မှတ်ပုံတင်ယာဉ်များ
    (၃)နှစ်
    (ဆ) ‌'င'ယာဉ်မောင်းလိုင်စင် မှတ်ပုံတင်ထားသော မည်သည့် မော်တော်
    ယာဉ်ကိုမဆို
    (၃)နှစ်
    (ဇ) ‌'ဌ'ယာဉ်မောင်းလိုင်စင် ထရော်လာဂျီ၊ ထရက်တာယာဉ်များ (၅)နှစ်
    (စျ) ‌ယာဉ်အကူလက်မှတ် ယာဉ်အကူနှင့် လက်မှတ်ရောင်း (၅)နှစ်

    ယာဉ်မောင်းလိုင်စင်အမျိုးအစားအလိုက်အသစ်ရယူရန်အောက်ပါအချက်များလိုအပ်ပါသည်-

    • “သ”ယာဉ်မောင်းလိုင်စင်ရယူလိုသူသည် အသက်(၁၆)နှစ်ပြည့်ပြီးသူဖြစ်ရမည်။ ၎င်းအား ယာဉ်မောင်းသင်ကြားပေးနိုင်သူရှိရမည်။
    • “က-၁”ယာဉ်မောင်းလိုင်စင် (စက်စွမ်းအား ၁၁၀ စီစီနှင့်အောက် မော်တော်ဆိုင်ကယ် မောင်းနှင်ခွင့်)ရယူလိုသူသည်အသက်(၁၆)နှစ်ပြည့်ပြီးသူဖြစ်ရမည်။“သ”ယာဉ်မောင်းလိုင်စင်ရှိရမည်ဖြစ်ပြီးသတ်မှတ်ယာဉ်မောင်းသင်တန်း တက်ရောက် အောင်မြင်ပြီးသူ ဖြစ်ရမည်။ သတ်မှတ်စစ်ဆေးမှုများအောင်မြင်ရမည်။
    • “က”ယာဉ်မောင်းလိုင်စင်ရယူလိုသူသည် အသက်(၁၈)နှစ် ပြည့်ပြီးသူဖြစ်ရမည်။ “သ”ယာဉ်မောင်း လိုင်စင်ရှိရမည်ဖြစ်ပြီး သတ်မှတ်ယာဉ်မောင်း သင်တန်း တက်ရောက် အောင်မြင်ပြီးသူဖြစ်ရမည်။ သတ်မှတ်သည့် စစ်ဆေးမှုများ အောင်မြင် ရမည်။ “က-၁” ယာဉ် မောင်းလိုင်စင်ရရှိပြီး အသက်(၁၈)နှစ်ပြည့်ပြီးသူမှ “က” ယာဉ်မောင်းလိုင်စင် လျှောက်ထားလာပါက လဲလှယ်ထုတ်ပေးရမည်ဖြစ်ပါသည်။
    • “ခ”ယာဉ်မောင်းလိုင်စင်ရယူလိုသူသည် အသက်(၁၈)နှစ် ပြည့်ပြီးသူဖြစ်ရမည်။ “သ”ယာဉ်မောင်းလိုင်စင်သက်တမ်း (၃)လပြည့်ပြီး သတ်မှတ်ယာဉ်မောင်းသင်တန်း တက်ရောက် အောင်မြင်ပြီးသူဖြစ်ရမည်။
    • “ဂ”ယာဉ်မောင်းလိုင်စင်ရယူလိုသူသည် အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်။ “သ” ယာဉ်မောင်းလိုင်စင် တင်ပြနိုင်ရမည်။ မောင်းနှင်ခွင့်ရလိုသော စက်ယန္တရား ကြီးများ၊ စက်တပ်ယာဉ်ကြီးများကို မောင်းနှင်နိုင်သူဖြစ်ရမည်။ ပြည်တွင်း (သို့မဟုတ်) ပြည်ပမှ တရားဝင်ဖွင့်လှစ်သင်ကြားသော စက်ယန္တရားကြီးများ မောင်းနှင် ခြင်း သင်တန်းအား တက်ရောက်အောင်မြင်ပြီးကြောင်း လက်မှတ်တင်ပြရမည်။ သတ်မှတ်သည့် စစ်ဆေးမှု များအောင်မြင်ရမည်။
    • “ဃ”ယာဉ်မောင်းလိုင်စင်ရယူလိုသူသည်”ခ”ယာဉ်မောင်းလိုင်စင်သက်တမ်း (၃) နှစ် ပြည့်ပြီး အသက်(၂၁)နှစ် ပြည့်ပြီးသူဖြစ်ရမည်။ သတ်မှတ်သည့်စစ်ဆေးမှုများ အောင်မြင်ရမည်။ ၎င်းလိုင်စင်ဖြင့် တက္ကစီမောင်းလိုပါက ပြည်ထောင်စုမြန်မာ နိုင်ငံသား (သို့မဟုတ်)ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူဖြစ်ရမည်။
    • "င" ယာဉ်မောင်းလိုင်စင် ရယူလိုသူသည် အသက်(၂၃)နှစ်ပြည့်ပြီး "ဃ" ယာဉ်မောင်း လိုင်စင်သက်တမ်း (၂)နှစ်ပြည့်ပြီးသူ (သို့မဟုတ်) တဆက်တည်း သက်တမ်းရှိ "ခ" ယာဉ်မောင်းလိုင်စင် (၅)နှစ်ပြည့်ပြီးသူ (သို့မဟုတ်) "ခ" ယာဉ်မောင်းလိုင်စင် သက်တမ်းနှင့် "ဃ" ယာဉ်မောင်းလိုင်စင်သက်တမ်း စုစုပေါင်းတစ်ဆက်တည်း ငါးနှစ် ပြည့်ပြီးသူ ဖြစ်ရမည့်အပြင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူဖြစ်ရမည်။ သတ်မှတ် ထားသော ကျန်းမာရေးဆေး အဆင့်အတန်းနှင့် ညီညွတ်ရမည့် အပြင် သတ်မှတ်သည့် စစ်ဆေးမှု များကိုပါအောင်မြင်ရမည်။
    • ယာဉ်အကူလက်မှတ်ရယူလိုသူသည် အသက်(၁၈)နှစ်ပြည့်ပြီးသော ပြည်ထောင်စု မြန်မာနိုင်ငံသား(သို့မဟုတ်)ဧည့်နိုင်ငံသား(သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူဖြစ်ရမည်။ သတ်မှတ်ထားသော ကျန်းမာရေးဆေးအဆင့် အတန်းနှင့် ညီညွတ်ရမည့်အပြင် သတ်မှတ်သည့် စစ်ဆေးမှုများ ကိုပါအောင်မြင် ရမည်။
    • “ဌ”ယာဉ်မောင်းလိုင်စင်ရယူလိုသူသည် အသက်(၁၈)နှစ် ပြည့်ပြီးသူဖြစ်ရမည့်အပြင် “သ”ယာဉ်မောင်းလိုင်စင်ရယူပြီးသူဖြစ်ရမည်။ ထရော်လာဂျီ၊ ထရက်တာယာဉ် များမောင်းနှင်နိုင်သူဖြစ်ရမည်။ သတ်မှတ်သည့်စစ်ဆေးမှုများကိုပါအောင်မြင်ရမည်။
    • တပ်မတော်(ကြည်း/ရေ/လေ)၏ယာဉ်မောင်းလိုင်စင်ကိုအနည်းဆုံး(၁)နှစ်ရရှိထားပြီး သူသည် ၁၉၈၉ခုနှစ်၊ မော်တော်ယာဉ်နည်းဥပဒေအခန်း(၄)၊ ပုဒ်မ-၆၂ အရ သင့်လျော် သောယာဉ် မောင်းလိုင်စင်တစ်ခုခုကို လျှောက်ယူနိုင်သည်။ “သ”ယာဉ်မောင်း လိုင်စင် ရယူရန်မလိုပါ။ တပ်မတော်ယာဉ်မောင်းလိုင်စင် သက်တမ်းနှင့်အညီ အောက်ပါ ယာဉ်မောင်းလိုင်စင်အမျိုအစားများ ကိုလျှောက်ယူနိုင်သည်-

    တပ်မတော် ယာဉ်မောင်းလိုင်စင်သက်တမ်းအနည်းဆုံး(၁)နှစ် ရှိသူသည် "ခ" ယာဉ်မောင်းလိုင်စင်ကိုလျှောက်ယူနိုင်သည်။

    တပ်မတော်ယာဉ်မောင်းလိုင်စင်သက်တမ်း အနည်းဆုံး(၃)နှစ်ရှိသူသည် တက္ကစီ ယာဉ်မောင်းနှင်ရန်မှအပ "ဃ" ယာဉ်မောင်းလိုင်စင်ကို လျှောက်ယူ နိုင်သည်။

    တပ်မတော်ယာဉ်မောင်းလိုင်စင် သက်တမ်းအနည်းဆုံး(၅)နှစ်ရှိ၍ စစ်မှုထမ်း ခြင်း မှနှုတ်ထွက်ပြီးသူသည် "င"ယာဉ်မောင်းလိုင်စင်ကို လျှောက်ထား နိုင်သည်။

    တပ်မတော်ယာဉ်မောင်းလိုင်စင်သက်တမ်း(၁)နှစ် မပြည့်သူသည် ယာဉ်မောင်း လိုင်စင် ရယူလိုလျှင် "သ" ယာဉ်မောင်းလိုင်စင်ရယူရမည်။

    • ၁၉၉၇ခုနှစ်တွင် အာဆီယံနိုင်ငံများအကြားလက်မှတ်ရေးထိုးခဲ့သည့် “အာဆီယံနိုင်ငံ များမှထုတ်ပေးသည့် ပြည်တွင်းယာဉ်မောင်းလိုင်စင်များအား အပြန်အလှန် အသိ အမှတ်ပြုရေး သဘောတူစာချုပ် (Agreement on the mutual recognition of Domestic Driving Licences issued by Asean Countries)”အရ အာဆီယံ အဖွဲ့ဝင်နိုင်ငံများသို့ သွားရောက်မည့် ပုဂ္ဂိုလ်များသည် ပြည်တွင်းမှ ထုတ်ပေးသည့် Chip ပါသော smart card ယာဉ်မောင်း လိုင်စင်ကိုင်ဆောင်၍ မောင်းနှင်နိုင်ပါသည်။
    • နိုင်ငံခြားလိုင်စင်မှ မြန်မာနိုင်ငံလိုင်စင်သို့ ကူးပြောင်းလိုလျှင်လိုအပ်ချက်များ-
    • သက်တမ်းရှိနိုင်ငံခြားလိုင်စင်မူရင်းနှင့်မိတ္တူ။ His/Her Driving License (original and copy)
    • Passport/ Visa မူရင်းနှင့်မိတ္တူ။ Passport/Visa(original and copy)
    • ဓါတ်ပုံ(၂)ပုံ။ (2)photos
    • နိုင်ငံခြားသား၏ သက်ဆိုင်ရာနိုင်ငံမှထုတ်ပေးထားသည့် ယာဉ်မောင်းလိုင်စင် မှန်ကန်ကြောင်း ထောက်ခံချက်
    • မြန်မာကျပ်ငွေ(၅၀၀၀၀) ကျပ်၊ စစ်ဆေးခ တစ်ကြိမ်လျှင် (၁၀၀၀၀)ကျပ် နှင့် ကတ်ဖိုး(၂၀၀၀) ကျပ်
    • နိုင်ငံခြားသား၏ လိုင်စင်တွင် ဖော်ပြချက်များအင်္ဂလိပ်ဘာသာမဟုတ်ပါက အင်္ဂလိပ် ဘာသာ/ မြန်မာဘာသာပြန်ဆိုချက်၊ တာဝန်ရှိသူ၏ ထောက်ခံချက် ပါရှိရမည်။
    • အမြင်အာရုံစစ်ဆေးခြင်း၊ ကိုယ်လက်အင်္ဂါသန်စွမ်းမှုစစ်ဆေးခြင်း
    • စာတွေ့စစ်ဆေးခြင်း(စိတ်အခြေအနေ/အရက်သောက်တတ်မှုစစ်ဆေးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းရေးဖြေစစ်ဆေးခြင်း)
    • လက်တွေ့စစ်ဆေးခြင်း (ဝန်ပေါ့မော်တော်ယာဉ်ဖြင့် ပတ်မောင်းနှင့် ဆိုက်ကပ် စစ်ဆေးခြင်း)
    မှတ်ချက်။        သူတပါးထိခိုက်မှုအာမခံဌာန၊ မြန်မာ့အာမခံလုပ်ငန်းတွင် ယာဉ်မောင်း လိုင်စင် အာမခံပရီမီယံငွေ သွင်းရပါမည်။





    ယာဉ်မောင်းလိုင်စင်အမျိုးအစားနှင့် လိုင်စင်သက်တမ်းသတ်မှတ်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

    စဉ် လိုင်စင်အမျိုးအစား သက်တမ်း
    (က) ‌အမောင်းသင်လိုင်စင် (၁)နှစ်
    (ခ) ‌“က-၁”လိုင်စင် (၂)နှစ်
    (ဂ) ‌“က”လိုင်စင် (၅)နှစ်
    (ဃ) ‌“ခ”လိုင်စင် (၅)နှစ်
    (င) ‌“ဂ”လိုင်စင် (၅)နှစ်
    (စ) ‌“ဃ”လိုင်စင် (၃)နှစ်
    (ဆ) ‌“င”လိုင်စင် (၃)နှစ်
    (ဇ) ‌“ဌ”လိုင်စင် (၅)နှစ်
    (ဈ) ‌“စ”ယာဉ်အကူလက်မှတ်/လက်မှတ်ရောင်း (၅)နှစ်

    မြန်မာနိုင်ငံတွင် ယာဉ်မတော်တဆမှုကြောင့် ပြည်သူတို့၏ အသက်နှင့်လူမှု စီးပွားဆုံးရှုံး နစ်နာမှုများ လျော့နည်းကျဆင်းစေရန်အတွက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ(NRSC)မှ ဦးဆောင်၍ မြန်မာနိုင်ငံယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းစီမံချက် (၂၀၁၄-၂၀၂၀)အား အောက်ပါ ရည်ရွယ်ချက်များဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျှက် ရှိပါသည်-

    • နှစ်စဉ်သေဆုံးမှုကို စီမံချက်ကာလအတွင်း ၅၀%လျော့ကျစေခြင်းဖြင့် လူ့အသက်ပေါင်းများစွာအား ကယ်တင်ရန်
    • သေဆုံးမှုကို ၂၀၁၃ခုနှစ်တွင် မော်တော်ယာဉ်စီးရေ(၁၀၀၀၀)လျှင် လူ(၉.၂၆)ဦး သေဆုံးနေသည့်နှုန်းမှ ၂၀၂၀ခုနှစ်တွင် သေဆုံးမှုနှုန်းကို ၅၀%လျော့ချရန်
    • တစ်ပြည်လုံးတွင်မော်တော်ဆိုင်ကယ်စီးသူအားလုံး၊ မော်တော်ဆိုင်ကယ်စီးဦးထုပ် ဆောင်းစေရန်
    • တစ်ပြည်လုံးတွင် မော်တော်ယာဉ်အသုံးပြုသူအားလုံး အသက်ကယ်ခါးပတ် ပတ်စေရန်
    • ယာဉ်မောင်းလိုင်စင်မဲ့မောင်းနှင်မှုများပပျောက်စေရန်

    ဖော်ပြပါလုပ်ငန်း စီမံချက်(၂၀၁၄-၂၀၂၀)အား အကောင်အထည် ဖော်ဆောင် ရွက်ရာတွင် အချိန်တိုအတွင်း ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် အောက်ဖော်ပြပါ ဦးစားပေး လုပ်ငန်းအစီအမံများအား ဖော်ဆောင်လျှက်ရှိရာ ပြည်သူလူထု အနေဖြင့်လည်း လိုက်နာ ဆောင်ရွက် ခြင်းဖြင့် ယာဉ်မတော်တဆထိခိုက်မှုများ လျော့နည်းကျဆင်းစေနိုင်မည်ဖြစ်ပါသည်-

    • မော်တော်ယာဉ်မောင်းနှင့် လိုက်ပါစီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပတ် ဝတ်ဆင် စေရေး
    • မော်တော်ဆိုင်ကယ်စီးသူများ အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်မောင်းနှင်စေရေး
    • အရက်သေစာမူးယစ်သောက်စား၊ မော်တော်ယာဉ်ကို မောင်းနှင်ခြင်းမရှိစေရ
    • မော်တော်ယာဉ်မောင်းနှင်သူများလက်ကိုင်ဖုန်းအသုံးမပြုစေရ
    • မော်တော်ယာဉ်မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက်ပို၍ မောင်းနှင်မှု မရှိစေရေး

    မော်တော်ယာဉ်မောင်းနှင့် လိုက်ပါစီးနင်းသူများအားလုံး အသက်ကယ်ထိုင်ခုံ ခါးပတ် ဝတ်ဆင် စီးနင်းစေရေးလုပ်ငန်းစဉ်အား တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် နိုင်ရေးအတွက် ပြည်တွင်း၌အသုံးပြုနေသည့် မော်တော်ယာဉ်များ၌ အသက်ကယ်ထိုင်ခုံခါးပတ်များ ပြည့်စုံစွာပါရှိစေရေးအတွက် သတ်မှတ်ချက်များကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အောက်ပါအတိုင်း သတ်မှတ်ထုတ်ပြန်ထားပြီးဖြစ်ပါသည်-

    • ကနဦးမှတ်ပုံတင်ယာဉ်များ စစ်ဆေးရာတွင် မူလထုတ်လုပ်သူ၏ စံသတ်မှတ်ချက် ပုံစံအတိုင်း အသက်ကယ်ထိုင်ခုံခါးပတ် (Seat Belt) ပါရှိကြောင်း စစ်ဆေးပြီး ပြည့်စုံ မှသာလျှင် မှတ်ပုံတင်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးပါမည်။
    • နှစ်လဲနှင့် အခြားမှတ်ပုံတင်လုပ်ငန်းများဆောင်ရွက်သည့် ယာဉ်များကို ယာဉ်စစ်ဆေး ရာတွင် “6C” အက္ခရာနှင့်အထက် လူစီးယာဉ်များအားလုံး အသက်ကယ်ထိုင်ခုံ ခါးပတ်(Seat Belt) များ တပ်ဆင်ပါရှိရမည်၊ “6C” အက္ခရာအောက် ယာဉ် ဖြစ်သော်လည်း ၁၉၉၅ ခုနှစ်နှင့်အထက် ထုတ်လုပ်သည့် ယာဉ်များဖြစ်ပါက မူလ စက်ရုံထုတ်ပုံစံတွင် ပါရှိသည့်အတိုင်း အသက်ကယ်ထိုင်ခုံခါးပတ် (Seat Belt) တပ်ဆင် ပါရှိရမည်၊ Pick Up, Light Truck, Truck, City Bus ယာဉ်များတွင် ယာဉ်မောင်းသူ အသက်ကယ်ထိုင်ခုံခါးပတ် (Driver Seat Belt) မဖြစ်မနေ တပ်ဆင် ပါရှိရမည်၊ ကျောင်းသားများသယ်ယူပို့ဆောင်သော ကျောင်းသုံးယာဉ် (School Bus) များနှင့် အဝေးပြေးခရီးသည်ပို့ဆောင်သော အဝေးပြေးယာဉ် (Express Bus) များ အားလုံး ယာဉ်မောင်းနှင့်စီးနင်းသူများအတွက် အသက်ကယ်ထိုင်ခုံခါးပတ် (Seat Belt) ပြည့်စုံစွာ တပ်ဆင်ပါရှိရမည်။
    • အထက်အပိုဒ်ပါ အသက်ကယ်ထိုင်ခုံခါးပတ် (Seat Belt) မပါရှိသော ယာဉ်များနှင့် ကောင်းမွန်စွာ အသုံးပြုနိုင်ခြင်းမရှိသော ယာဉ်များအား မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက် ပေးခြင်းပြုမည် မဟုတ်ပါ။

    အသက်ကယ်ထိုင်ခုံခါးပတ် (Seat Belt) ပြည့်စုံစွာတပ်ဆင်ထားရှိမှုနှင့် ကောင်းမွန်စွာ အသုံးပြုနိုင်မှု ရှိ၊ မရှိစစ်ဆေး၍ အရေးယူဆောင်ရွက်ခြင်းအား ကနဦးမှတ်ပုံတင်ယာဉ်များအတွက် လက်ရှိစိစစ်ဆောင်ရွက်လျက်ရှိပြီး နှစ်လဲမှတ်ပုံတင်ယာဉ်များအတွက် (၁.၁၁.၂၀၁၆) ရက်နေ့မှ စတင်၍ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ရာ ယာဉ်ပိုင်ရှင်များအနေဖြင့် (၁.၁၁.၂၀၁၆) ရက်နေ့မတိုင်မီ ပြည့်စုံ ကောင်းမွန်အောင် ပြင်ဆင်ဆောင်ရွက်ထားကြရန် လိုအပ်မည်ဖြစ်ပါသည်။

    မော်တော်ယာဉ်မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများအနေဖြင့်လည်း အသက်ကယ်ထိုင်ခုံ ခါးပတ်များ (Seat Belt) ကို မပျက်မကွက်ဝတ်ဆင်ပြီးမှ မောင်းနှင်စီးနင်းကြရန်ဖြစ်ပါသည်။ အသက်ကယ်ထိုင်ခုံခါးပတ်ဝတ်ဆင်၍ မောင်းနှင်ခြင်း၊ စီးနင်းခြင်းအား (၁.၁၁.၂၀၁၆) မှ (၃၁.၁၂.၂၀၁၆) ရက်နေ့အထိ ပညာပေးကာလအဖြစ် သတ်မှတ်စစ်ဆေးပညာပေးသွားမည်ဖြစ်ပြီး (၁.၁.၂၀၁၇) ရက်နေ့ မှစတင်၍ ဝတ်ဆင်အသုံးမပြုသူများအား မော်တော်ယာဉ်ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။

    ယာဉ်များကျော်တက်ရာတွင် ရှေ့မှယာဉ်သည် နောက်မှကျော်တက်လိုသော ယာဉ်ကို ကျော်တက် နိုင်ကြောင်း ယာဉ်၏ လက်ယာဘက်မီးဖြင့် အချက်ပြခြင်းသည် အမှန်ဖြစ်သော်လည်း ယာဉ်မောင်းများ၊ အထူးသဖြင့် ကားကြီးယာဉ်မောင်းအများစုသည် အဝေးပြေးလမ်းမကြီးများပေါ်၌ ယာဉ်၏ လက်ဝဲဘက် မီးဖြင့်သာ အချက်ပြလျက် လွဲမှားစွာ ကျင့်သုံးနေကြပါသည်။ ထိုသို့ လွဲမှားနေသည့်အတွက် မလိုလား အပ်သော ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်လျက် ရှိပါသည်။

    ကျော်တက်ရန် အချက်ပြမှုအမှန်သို့ ချောမွေ့စွာ ပြောင်းလဲကျင့်သုံးနိုင်စေရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသိပညာပေးမှုများ၊ စစ်ဆေးကြပ်မတ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် ပြီးနောက် (၁-၉-၂၀၁၇) ရက်နေ့ နံနက် (၆)နာရီမှစ၍ တစ်နိုင်ငံလုံးရှိ မြို့တွင်းလမ်း၊ မြို့ပြင်လမ်း၊ အဝေးပြေးလမ်း၊ အမြန်လမ်းအားလုံး၌ ယာဉ်မောင်းအားလုံးသည် အမှန်မီးအချက်ပြမှုသို့ တစ်ချိန် တည်း တစ်ပြိုင်တည်း တစ်ပြေးညီ စတင်ပြောင်းလဲကျင့်သုံးကြရမည် ဖြစ်ပါသည်။

    ထိုသို့ ပြောင်းလဲကျင့်သုံးမှု မတိုင်မီအတွင်း နားလည်မှု လွဲမှားမှုများရှိနိုင်သည့်အတွက် မော်တော်ယာဉ် ကျော်တက်မည်ဆိုပါက အခြေအနေအရပ်ရပ်ကို သုံးသပ်၍ အထူးသတိပြု ဆောင်ရွက်ကြရန် လိုအပ်ပါမည်။

    ယာဉ်မောင်းအားလုံးအနေဖြင့် မြို့တွင်းလမ်း၊ မြို့ပြင်လမ်း၊ အဝေးပြေးလမ်း၊ အမြန်လမ်း အားလုံး၌ နောက်မှ ကျော်တက်လိုသောမော်တော်ယာဉ်ကို ကျော်တက်နိုင်ကြောင်း ယာဉ်၏ လက်ယာဘက်မီးဖြင့် မှန်ကန်စွာ အချက်ပြခြင်းကို အလေးထားလိုက်နာကျင့်သုံးကြပါရန်နှင့် (၁-၉-၂၀၁၇)ရက်နေ့ နံနက်(၆)နာရီမှစ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အမှန်သို့ တစ်ပြေးညီ ပြောင်းလဲကျင့်သုံးနိုင်ရေး ပူးပေါင်း ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

    အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီသည် ယာဉ်မတော်တဆ ထိခိုက်မှုကြောင့် ပြည်သူတို့၏ အသက်နှင့်လူမှုဘဝဆုံးရှုံးမှုများ၊ ထိခိုက်ဒဏ်ရာရမှုများ လျော့နည်း ကျဆင်းလာစေရေးအတွက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အစီအမံများနှင့် လုပ်ငန်းစဉ်များအား ချမှတ်၍ အလေးထား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

    လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ ယာဉ်မတော်တဆမှုကြောင့် ပျမ်းမျှတစ်နေ့ လျှင် လူ(၈၀)ဝန်းကျင် ဒဏ်ရာရရှိပြီး (၁၀)ဦးနှင့်အထက် သေဆုံးမှုများဖြစ်ပွားလျက်ရှိရာ ယာဉ်မောင်း များ၏ အရှိန်ပြင်းမောင်းနှင်မှုသည် အဓိကအကြောင်းရင်းအဖြစ် ပါဝင်နေကြောင်း သုံးသပ်တွေ့ရှိရ ပါသည်။

    အမြန်နှုန်းများနှင့်စပ်လျဉ်း၍ တည်ဆဲမော်တော်ယာဉ်ဥပဒေ၊ မော်တော်ယာဉ်နည်းဥပဒေ၊ အမြန် လမ်းမကြီးများဥပဒေများအရ အောက်ပါအတိုင်းသတ်မှတ်ထားပြီးဖြစ်ပါသည်-

    • တည်ဆဲမော်တော်ယာဉ်ဥပဒေ ပုဒ်မ ၄၉ ၊ ပုဒ်မခွဲ (က) တွင် “မော်တော်ယာဉ်ကို သတ်မှတ် ထားသည့် အမြန်နှုန်းထက်ပို၍ မောင်းနှင်ခြင်း သို့မဟုတ် သတ်မှတ်ထားသည့် အမြန်နှုန်း အောက် လျှော့၍ မောင်းနှင်ခြင်းမပြုလုပ်ရ” ဟူ၍ ပြဌာန်းထားပါသည်။
    • တည်ဆဲ၁၉၈၉ခုနှစ် မော်တော်ယာဉ်နည်းဥပဒေများ၏ နည်းဥပဒေ ၁၄၃ တွင် အမြန်နှုန်း သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း သတ်မှတ်ပြဌာန်းထားပါသည်-
    • လမ်းအခြေအနေကောင်းလျှင် သာမန်အားဖြင့် မြို့၏ နယ်နိမိတ်အတွင်း ၌ မော်တော်ယာဉ်မောင်းနှင်မှု အမြန်နှုန်းကို တစ်နာရီလျှင် ၄၈ ကီလိုမီတာ (၃၀မိုင်) ထက် ပို၍လည်းကောင်း၊ မြို့၏နယ်နိမိတ်ပြင်ပ၌ မြို့နယ် တစ်ခု နှင့် တစ်ခုကို ဆက်သွယ်ထားသည့် လမ်းမကြီးပေါ်တွင် တစ်နာရီ လျှင် ၈၀ ကီလိုမီတာ (၅၀ မိုင်) ထက် ပို၍လည်းကောင်း မမောင်းရ။
    • နောက်တွဲပါသောယာဉ် သို့မဟုတ် မီးလောင်ပေါက်ကွဲတတ်သော ပစ္စည်း များ တင်ဆောင်သော ယာဉ်အတွက် အမြန်နှုန်းကို မြို့၏နယ်နိမိတ် အတွင်း၌ တစ်နာရီလျှင် ၃၂ ကီလိုမီတာ (၂၀မိုင်) ထက်ပို၍ လည်းကောင်း၊ မြို့၏ နယ်နိမိတ်ပြင်ပ၌ မြို့နယ်တစ်ခုနှင့်တစ်ခုကို ဆက်သွယ်ထားသည့် လမ်းမကြီးပေါ်တွင် တစ်နာရီလျှင် ၅၆ ကီလို မီတာ (၃၅မိုင်) ထက် ပို၍လည်းကောင်း မမောင်းရ။
    • ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာဖြင့် ဖွဲ့စည်း ထားသော တိုင်းဒေသကြီး/ပြည်နယ်အဆင့်ရှိ အဖွဲ့သည် လမ်းအခြေအနေ အရ အမြန်နှုန်းများကို နည်းဥပဒေခွဲ(က)နှင့်(ခ)ပါ ပြဌာန်းချက်များအတွင်း လိုအပ်သလို သတ်မှတ်နိုင်သည်။
    • မြို့၏နယ်နိမိတ်အတွင်း၌ နှစ်လမ်းမောင်းလမ်း၏ တစ်ဖက် တစ်ချက် တွင် ယာဉ်ကြော သုံးခုစီရှိပါက လက်ဝဲစွန်းယာဉ်ကြောတွင် တစ်နာရီ လျှင် ၆၄ ကီလိုမီတာ (၄၀ မိုင်) အထိ မောင်းနှင်ခွင့်ပြုသည်။
    • ယာဉ်မောင်းသူသည် သတ်မှတ်ထားသည့် အမြန်နှုန်းထက် ပို၍ မိမိ ယာဉ်ကို မမောင်းနှင်ရ။
    • ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး တစ်လျှောက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း စေရေးအတွက် မောင်းနှင်ရမည့် အမြန်နှုန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အမြန် လမ်းမကြီးများ ဥပဒေနှင့်အညီ အောက်ပါအတိုင်း သတ်မှတ်ထားပြီးဖြစ်ပါသည်-
    • Telematic စနစ် တပ်ဆင်ထားသော ခရီးသည်တင်ယာဉ်များသည် တစ်နာရီလျှင်(၉၀) ကီလိုမီတာထက် ပိုမမောင်းရ။
    • အမြန်လမ်းမကြီးပေါ်တွင် ဖြတ်သန်းမောင်းနှင်ခွင့်ပြုထားသော ကုန်တင် ယာဉ်ဝန်ပေါ့ (ပစ်ကပ်၊ Single Cab၊ လိုက်ထရပ်၊ တင်ဆောင်နိုင်အား (၃) တန်နှင့် (၃)တန်အောက် ဗင်န်နှင့် ထရပ်) မော်တော်ယာဉ်များသည် တစ်နာရီလျှင် (၆၀) ကီလိုမီတာ ထက်ပိုမမောင်းရ။
    • အမြန်လမ်းမကြီးပေါ်တွင် ဖြတ်သန်းမောင်းနှင်ခွင့်ပြုထားသော ကုန်တင် ယာဉ်ဝန်လေး (တင်အား (၃)တန်နှင့်အထက် ဗင်န်နှင့် ထရပ်) မော်တော် ယာဉ်များ သည်တစ်နာရီလျှင် (၆၀) ကီလိုမီတာထက် ပိုမမောင်းရ။
    • လူစီးယာဉ်များ (ဆလွန်း၊ စတေရှင်ဝက်ဂွန်၊ Double Cab) သည် တစ်နာရီလျှင် (၁၀၀) ကီလိုမီတာ ထက်ပိုမမောင်းရ။
    • ထို့ပြင် ဌာနဆိုင်ရာ၊ ပတ်ဝန်းကျင်ဆိုင်ရာ၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များအရ ဒေသအလိုက် အထူးသတ်မှတ်ထားသော အမြန်နှုန်းများကိုလည်း လိုက်နာရပါမည်။

    သို့ဖြစ်ပါ၍ နိုင်ငံတစ်ဝှမ်းလုံးရှိ မော်တော်ယာဉ်မောင်းနှင်သူများအနေဖြင့် မိမိတို့၏ မော်တော် ယာဉ်များအား အထက်အပိုဒ်(၃)ပါသတ်မှတ်ထားသည့် အမြန်နှုန်းများအတိုင်း အထူးသတိပြုလိုက်နာ မောင်းနှင်ကြရန်ဖြစ်ပါသည်။ နေရာဒေသနှင့် လမ်းအလိုက် သတ်မှတ်ထားသည့် အမြန်နှုန်းထက် လျှော့၍ မောင်းနှင်ခြင်းဖြင့် မိမိအပါအဝင် မိမိယာဉ်ပေါ်၌ လိုက်ပါစီးနင်းကြသူအားလုံး၏ ဘေးကင်း လုံခြုံမှုကို ဦးစားပေးကြရန် တိုက်တွန်းအပ်ပါသည်။

    သတ်မှတ်အမြန်နှုန်းများထက်ပို၍ မောင်းနှင်မှုမရှိစေရေးအား (၉.၆.၂၀၁၇) ရက်နေ့မှ (၃၁.၇.၂၀၁၇) ရက်နေ့အထိ ပညာပေးကာလအဖြစ် သတ်မှတ်၍ အသိပညာပေးခြင်း၊ စစ်ဆေးကြပ်မတ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး (၁.၈.၂၀၁၇)ရက်နေ့မှစတင်၍ သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင် သောယာဉ်များအား တည်ဆဲမော်တော်ယာဉ်ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

    ယာဉ်မောင်းများအတွက်လမ်းညွှန်ချက်

    ယာဉ်မောင်းကောင်းတစ်ဦးသည် ယာဉ်မောင်းနှင်ခြင်းမပြုမီ အောက်ပါအချက်များကို အမြဲ လိုက်နာကျင့်သုံးရန် လိုအပ်ပါသည်-

    • ထမ်းဆောင်ရမည့်တာဝန်။ ယာဉ်ကိုမောင်းနှင်စဉ်တစ်လျှောက်လုံးအန္တရာယ် ကင်းစွာ မောင်းနှင်ရန်။
    • လုပ်ဆောင်ရမည့်ဝတ္တရား။ နေ့စဉ်မိမိမောင်းနှင်ရမည့်ယာဉ်၏စက်ပိုင်းစနစ်၊ လက်ကိုင် စနစ်၊ မီးစနစ်၊ ဘရိတ်စနစ်များ ယာဉ်ကိုယ်ထည်ကြံ့ခိုင်မှုနှင့် တာယာများ ကောင်းမွန်မှု ရှိ/ မရှိ စစ်ဆေးပြီးမှ မောင်းနှင်ရန်။
    • စောင့်ထိန်းရမည့်ကျင့်ဝတ်။ မူးယစ်ဆေးဝါးသုံးစွဲခြင်းရှောင်ကြဉ်ရန်နှင့် ဆက်ဆံရေး ပြေပြစ်ကောင်းမွန်ပြီး ရိုးသားကြိုးစားမောင်းနှင်သွားရန်။
    • လိုက်နာရမည့်စည်းကမ်း။ တည်ဆဲမော်တော်ယာဉ်ဥပဒေ၊ နည်းဥပဒေ များပါ ပြဌာန်းချက်များအတိုင်း စောင့်ထိန်းလိုက်နာသွားရန်။
    • ဂရုပြုရမည့်လက်စွဲဆောင်ပုဒ်များ။ အရည်အချင်း ပြည့်ဝသော ယာဉ်မောင်း တစ်ဦး မွေးထုတ်နိုင်ရေးအတွက်ထုတ်ပြန်ထားရှိသောယာဉ်မောင်း နှင်ခြင်းဆိုင်ရာ လက်သုံး ဆောင်ပုဒ်များသည်လည်း အထူးဂရုပြုအလေးထား လိုက်နာရမည် ဖြစ်ပါကြောင်း အောက်တွင်ဖော်ပြအပ်ပါသည်-
    • “ စိတ်ရှည်သည်းခံလမ်းကြောင်းမှန်၊ မောင်းရန်မော်တော်ကား ”
    • “ Road Safety Is No Accident ”
    • “ ဥပဒေဘောင်အတွင်းမောင်းနှင်ခြင်းဘေးကင်းရန်ကွာစိတ်ချမ်းသာ ”
    • “ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးယာဉ်/လမ်းစည်းကမ်းလိုက်နာပေး ”
    • “ Drive Safely(အန္တရာယ်ကင်းစွာမောင်းနှင်ပါ) ”
    • “ မဆင်မခြင်မောင်းနှင်မှုအသက်ပေါင်းများစွာအန္တရာယ်ပြု ”
    • “ သင့်ကိုသင့်မိဘ၊ ဇနီး၊ သားသမီးများက ဘေးမသီရန်မခဘဲ အိမ်ပြန်ရောက် ချိန်စောင့် မျှော်နေကြသည်ကို သတိပြုပါ ”
    • “ သင့်အသက်နှင့်ဘဝကို ဆိုင်ကယ်စီးဦးထုပ်ဆောင်ခြင်းဖြင့်ကာကွယ်ပါ”
    • “ အန္တရာယ်ကင်းစေဖို့၊ ဆိုင်ကယ်စီးဦးထုပ် ဆောင်းကြစို့”

    ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

    ယာဥ်မောင်းလိုင်စင်အမျိုးအစားအလိုက်ကောက်ခံလျက်ရှိသည့်နှုန်းထားများ

    လိုင်စင်အမျိုးအစား နှင့် သက်တမ်း လုပ်ငန်း အခွန် ဒဏ် ဆရခ မိတ္တူ နရပ ကတ် ေပါင်း မှတ်ချက်
    သ' လိုင်စင် သက်တမ်း(၁)နှစ် အသစ် နှစ်လဲ ဒဏ်ကြေးကောက်ခံခြင်း
    သက်တမ်းကျော်လွန်သည့်ကာလအတွက် နှစ်လဲဒဏ်ကြေးကိုလိုင်စင်ခ၏ ၁၀၀%ကောက်ခံရန်။




    ေပျာက်မိတ္တူထုတ်ခြင်း
    "သ" မပါယာဉ်ေမာင်းလိုင်စင်ေပျာက်မိတ္တူဒဏ် (တ) ကြိမ် − ၅၀၀၀၀ိ/- တစ်ကြိမ်တိုးတိုင်း - ၅၀၀၀၀ိ/- ထပ်မံကောက်ခံရန် "စ" လိုင်စင်ပျောက်မိတ္တူဒဏ် (တ) ကြိမ် - ၂၀၀၀၀ိ/- တစ်ကြိမ်တိုးတိုင်း -၂၀၀၀၀ိ/-ထပ်မံကောက်ခံရန်။




    နယ်ဝင်ဆောင်ရွက်ခြင်း
    ဆောင်ရွက်ခ ၃၀၀ိ/- ကောက်ခံရန်။ (ထွက်စာမပါနယ်ဝင်)




    ကုန်ဆုံးရက်ပြောင်းလဲခြင်းဆောင်ရွက်ခ ၂၀၀ိ/- ကောက်ခံရန်။




    ဟိုလိုဂရမ်ဖိုးကျသင့်ငွေကောက်ခံခြင်း
    ဟိုလိုဂရမ်ဖိုး ၁၀၀ိ/-ကောက်ခံရန်။




    သင်တန်းကြေး
    ‌ေမာ်တော်ဆိုင်ကယ် ၁၀၀၀ိ/- ‌ေမာ်တော်ယာဥ် ၂၀၀၀ိ/-




    စစ်ဆေးခ
    လိုင်စင်အသစ်အားလုံးစစ်ဆေးခ - တစ်ကြိမ်လှျှင် ၅၀၀ ိ/ နှုံး ဖြင့်စစ်ဆေးသည့်အကြိမ်အရေအတွက်အလိုက် ကျသင့်ငွေ ‌ေကာက်ခံရန် ယာဥ်ငှားရမ်းခ 'ခ'၊'ဃ'တစ်ကြိမ်အတွက်် ၃၀၀၀ိ/- ကောက်ခံရန်။ ယာဥ်ငှားရမ်းခ 'င'တစ်ကြိမ်အတွက်် ၅၀၀၀ိ/- ကောက်ခံရန်။ Simulator ငှားရမ်းခ ၂၀၀၀ိ/- ကောက်ခံရန်




    သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံကြေး
    သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံကြေးအား မြန်မာ့အာမခံလုပ်ငန်းသို့ သတ်မှတ်ထားသည့်အတိုင်းပေးသွင်းရန်။




    "B" လိုင်စင်စစ်ဆေးခ (၁)ကြိမ် ကျပ် ၁၀၀၀၀ိ/ကောက်ခံရန်။
    နိုင်ငံခြားလိုင်စင်ကိုင်ဆောင်သူ မြန်မာနိုင်ငံသားများ နိုင်ငံခြားလိုင်စင်မအပ်နှံခြင်းအတွက် ကောက်ခံရန်ဖြစ်ပါသည်။
    တိုး (မှီ)
    မိတ္တူ
    က-၁' လိုင်စင် သက်တမ်း (၂)နှစ် အသစ်
    တိုး (မှီ)
    မိတ္တူ
    နယ်၀င်
    က' လိုင်စင် သက်တမ်း(၅)နှစ် အသစ်
    တိုး (မှီ)
    မိတ္တူ
    နယ်၀င်
    ခ' လိုင်စင် သက်တမ်း(၅)နှစ် အသစ်
    တိုး (မှီ)
    မိတ္တူ
    နယ်၀င်
    ဂ' လိုင်စင် သက်တမ်း(၅)နှစ် အသစ်
    တိုး (မှီ)
    မိတ္တူ
    နယ်၀င်
    ဃ' လိုင်စင် သက်တမ်း(၃)နှစ် အသစ်
    တိုး (မှီ)
    မိတ္တူ
    နယ်၀င်
    င' လိုင်စင် သက်တမ်း(၃)နှစ် အသစ်
    တိုး (မှီ)
    မိတ္တူ
    နယ်၀င်
    ဌ' လိုင်စင် သက်တမ်း(၅)နှစ် အသစ်
    တိုး (မှီ)
    မိတ္တူ
    နယ်၀င်
    စ' လိုင်စင် သက်တမ်း(၅)နှစ် အသစ်
    တိုး (မှီ)
    မိတ္တူ
    နယ်၀င်
    ခ' "B" လိုင်စင် သက်တမ်း(၅)နှစ် အသစ်
    တိုး (မှီ)
    မိတ္တူ
    နရပ
    လိုင်စင်မအပ်
    ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (နေပြည်တော်ရုံး)၏ ယာဉ်စစ်ဆေးရေးဌာန ၏လုပ်ငန်းစဉ်များ

    ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏အဓိကရည်မှန်းချက်တာဝန်မှာယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေး(Road Safety) ဖြစ်ပါသည်။ ယာဉ်စစ်ဆေးရေးဌာန၏ လုပ်ငန်း တာဝန်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

  • မော်တော်ယာဉ်မှတ်ပုံတင်ခြင်းဆိုင်ရာယာဉ်နှင့်ပတ်သက်သောလိုအပ်သည့်အချက်အလက်များ ရယူစစ်ဆေးခြင်း။
  • အများပြည်သူဆိုင်ရာလမ်းများပေါ်တွင် အန္တရာယ်ကင်းရှင်းစွာမောင်းနှင်သွားလာနိုင်မှု ရှိ/မရှိစစ်ဆေးခြင်း။ (Road Safety and Road Worthiness)
  • မော်တော်ယာဉ်များဘေးအန္တရာယ်ကင်းရှင်းရန် စံနှုန်းသတ်မှတ်ခြင်း။ (Safety Regulation of Vehicle)
  • လိုက်နာဆောင်ရွက်လျက်ရှိသည့်ဥပဒေများ

    မော်တော်ယာဉ်စစ်ဆေးရာတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် အောက်ပါအတိုင်းလိုက်နာ၍ယာဉ်စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်-

    • ၂၀၁၅ ခုနှစ်၊ မော်တော်ယာဉ်ဥပဒေ
    • ၁၉၈၉ ခုနှစ်၊ မော်တော်ယာဉ်နည်းဥပဒေများ
    • 1993 Tester Manual
    • တည်မြဲထုတ်ပြန်ထားသောရုံးအမိန့်၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ
    • Motor Vehicle Required Standard, Asean Standard (Axle Load, Weight and Dimension Limits)
    • အခါအားလျော်စွာထုတ်ပြန်သောသတ်မှတ်ချက်များ
    • ယာဉ်စစ်ဆေးခြင်းလုပ်ငန်းများ

      ယာဉ်စစ်ဆေးရေးဌာန၏ အဓိကလုပ်ငန်းအမျိုးအစားများမှာအောက်ပါအတိုင်းဖြစ်ပါသည်-

    • ကနဦးမော်တော်ယာဉ်စစ်ဆေးခြင်း
    • နှစ်လဲမော်တော်ယာဉ်စစ်ဆေးခြင်း
    • ကိုယ်ထည်ပြောင်း၊ အစိတ်အပိုင်းပြောင်း၊ဆေးရောင်ပြောင်း၊အမည်ပြောင်းယာဉ်စစ် ဆေးခြင်း
    • နယ်ဝင်မော်တော်ယာဉ်စစ်ဆေးခြင်း
    • ခရီးလွန်မော်တော်ယာဉ်စစ်ဆေးခြင်း
    • မော်တော်ယာဉ်မှတ်ပုံတင်မိတ္တူထုတ်ပေးခြင်းအတွက် ယာဉ်စစ်ဆေးခြင်း
    • စီမံချက်အရယာဉ်စစ်ဆေးခြင်း
    • လိုအပ်ချက်အရယာဉ်စစ်ဆေးခြင်း
    • မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိသောမော်တော်ယာဉ်အမျိုးအစားများ
    • လူစီးယာဉ်
    • ကုန်တင်ယာဉ် (ဝန်ပေါ့)
    • ကုန်တင်ယာဉ် (ဝန်လေး)
    • ခရီးသည်တင်ယာဉ်
    • အခြားယာဉ်
    • နှစ်ဘီးတပ်ယာဉ်
    • သုံးဘီးတပ်ယာဉ်
    • ထရော်လာဂျီ
    • စက်ယန္တရားယာဉ်ကြီးများ
    • နောက်တွဲယာဉ်
    • ယာဉ်စစ်ဆေးခြင်းနည်းလမ်းများ
    • မျက်မြင်ယာဉ်စစ်ဆေးခြင်း
    • သီအိုရီအရတွက်ချက်စစ်ဆေးခြင်း
    • စက်ကိရိယာမျာဖြင့်ယာဉ်စစ်ဆေးခြင်း
    • မျက်မြင်ယာဉ်စစ်ဆေးခြင်း
    • ယာဉ်အမျိုးအမည်၊အမျိုးအစား၊စက်/ဘောင်အမှတ်ခဲခြစ်၊ရုပ်၊အတိုင်းအတာ၊ အစိတ်အပိုင်းများဆိုင်ရာမှတ်ပုံတင်အချက်အလက်များစစ်ဆေးခြင်း။
    • ယာဉ်ကြံ့ခိုင်မှုအားမျက်မြင်စစ်ဆေးခြင်း။
    • သီအိုရီအရတွက်ချက်စစ်ဆေးခြင်း
    • Weight Distribution တွက်ချက်ခြင်း
    • Power Train Combination တွက်ချက်ခြင်း
    • Weight to Power Ratio တွက်ချက်ခြင်း
    • စိစစ် တွက်ချက်မှုများသည် Asean Standard (Axle Load, Weight and Dimension Limits) များနှင့် ကိုက်ညီမှုရှိ၊မရှိစစ်ဆေးခြင်း
    • အများပြည်သူဆိုင်ရာလမ်းများပေါ်တွင် အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ခြင်းရှိ၊မရှိအားသီအိုရီများအရသေချာစွာစိစစ်တွက်ချက်၍ ခွင့်ပြုပေးခြင်း/ပြန်လည်ပြုပြင်စေခြင်း
    • စက်ကိရိယာများဖြင့်စစ်ဆေးခြင်း
    • မီးခိုးထုတ်လွှတ်မှုတိုင်းတာသည့်ကိရိယာ(Exhaust Emission Tester (Gasoline, Diesel)
    • အမြန်နှုန်းတိုင်းတာသည့် ကိရိယာ(SpeedometerTester)
    • ရပ်တန့်နိုင်မှုတိုင်းတာသည့် ကိရိယာ (Brake Tester)
    • မီးကြီးတိုင်းတာသည့်ကိရိယာ (Head Lamp Tester)
    • ဆူညံမှုတိုင်းတာသည့်ကိရိယာ (Noise Tester)
    • ဘေးချော်ထွက်မှုတိုင်းတာသည့်ကိရိယာ (Side Slip Tester)
    • ဝင်ရိုးအလွတ်ကစားမှုတိုင်းတာသည့် ကိရိယာနှင့်ယာဉ်၏အောက်ပိုင်းစစ်ဆေးခြင်း (Axle Play Tester & Pit Inspection)
    • စက်ကိရိယာဖြင့်စစ်ဆေးဆောင်ရွက်ခြင်း

      ယာဉ်စစ်ဆေးခြင်းလုပ်ငန်းများတိကျမှန်ကန်ရန်နှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးထိရောက်စွာဆောင်ရွက်နိုင်ရန်Multi Stage Test Laneများတွင်စက်ကိရိယာများအသုံးပြု၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။ မော်တော်ဆိုင်ကယ်စီးရေတိုးတက်များပြားလာပြီးဆိုင်ကယ်ကြောင့် ဖြစ်ပွားရသည့် ယာဉ်တိုက်ခိုက်မှုများ ပိုမိုများပြားလာသည့်အတွက်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ဆိုင်ကယ်များ၏ကြံ့ခိုင်မှုအားစိစစ်နိုင်ရေးအတွက် ၁.၆.၂၀၁၇ ရက်နေ့မှစတင်၍ 125CC နှင့်အထက် မော်တော်ဆိုင်ကယ်များအား ယာဉ်စစ်ဆေးဆောင်ရွက် ပေးလျက် ရှိပါသည်။

      ထို့ပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျှော့ချရေးအတွက် မီးခိုးထွက်ရှိမှုစစ်ဆေးသည့် Exhaust Emission Tester ဖြင့် ယာဉ်စစ်ဆေးပြီးစီးကြောင်းသက်သေခံအထောက်အထား (Vehicle Inspection Sticker) ကပ်ပေးခြင်း၊ နှစ်လဲမော်တော်ယာဉ်စစ်ဆေးခြင်းအား နိုင်ငံတကာအဆင့်မီစွာဆောင်ရွက်နိုင်ရန်အတွက် မော်တော်ယာဉ်များတွင် ယာဉ်စစ်ဆေးပြီးကြောင်း သက်သေခံအထောက်အထား (Vehicle Inspection Sticker) များကပ်ပေးခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။Vehicle Inspection Stickerကပ်ပေးခြင်းဖြင့် ယာဉ်ကြံ့ခိုင်မှု စစ်ဆေးပြီးစီးသောယာဉ်များဖြစ်ကြောင်းသိရှိနိုင်ခြင်း၊ မော်တော်ယာဉ်၏ သက်တမ်းရှိ/ မရှိကို စစ်ဆေး သူများမှ အလွယ်တကူသိရှိနိုင်ခြင်း၊ မော်တော်ယာဉ်များတရားဝင်မှတ်ပုံတင် ထားခြင်းရှိ/မရှိသိရှိနိုင်ခြင်းစသည့်အကျိုးကျေးဇူးများရရှိနိုင်ပါသည်။ မော်တော်ယာဉ်ကို အန္တရာယ်ကင်းရှင်းစွာမောင်းနှင်သွားလာနိုင်ရန်သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီယာဉ်စစ်ဆေးပြီးစီး၍ သတ်မှတ်ချက်များနှင့်ကိုက်ညီပါက ယာဉ်စစ်ဆေးပြီးကြောင်းသက်သေခံအထောက်အထား (Vehicle Inspection Sticker)အားသက်တမ်းကုန်ဆုံးမည့်ခုနှစ်နှင့် ယာဉ်အမှတ်ရိုက်နှိပ်ပြီး သက်တမ်းကုန်ဆုံးမည့်လနေရာတွင် အပေါက်ဖောက်၍ မော်တော်ယာဉ်၏ရှေ့လေကာမှန် အတွင်း ညာအပေါ်ထောင့်တွင် ထင်ရှားမြင်သာစွာကပ်ပေးခြင်းအား ၁.၄.၂၀၁၆ ရက်တွင် စတင်ဆောင်ရွက် ခဲ့ပြီး၁.၁၁.၂၀၁၆ ရက်မှ စတင်၍ ယာဉ်စစ်ဆေးပြီးသည့် မော်တော်ယာဉ်တိုင်းအားကပ်ပေးလျက် ရှိပါသည်။

      မော်တော်ယာဉ်များတွင်အသက်ကယ်ထိုင်ခုံခါးပတ် (Selt Belt) တပ်ဆင်အသုံးပြုရန်ကိစ္စ

      ကနဦးမှတ်ပုံတင်ယာဉ်များ စစ်ဆေးရာတွင် မူလထုတ်လုပ်သူ၏ စံသတ်မှတ်ချက် ပုံစံအတိုင်းအသက်ကယ်ထိုင်ခုံခါးပတ် (Selt Belt) ပါရှိကြောင်းစစ်ဆေးပြီး ပြည့်စုံကောင်းမွန်မှု ရှိမှသာမှတ်ပုံတင်လုပ်ငန်းများဆောင်ရွက်ပေးပါသည်။ နှစ်လဲနှင့်အခြားမှတ်ပုံတင်လုပ်ငန်းများတွင် (Seat Belt) တပ်ဆင်ထားမှုနှင့် အသုံးပြု နိုင်မှုကိုအောက်ပါနည်းလမ်းများအတိုင်းစစ်ဆေးဆောင်ရွက်ပါသည်-

    • “6C” အက္ခရာနှင့်အထက် လူစီးယာဉ်များအားလုံး အသက်ကယ်ထိုင်ခုံခါးပတ် (Seat Belt) များတပ်ဆင်ပါရှိရမည်။
    • “6C” အက္ခရာအောက် ယာဉ်ဖြစ်သော်လည်း ၁၉၉၅ ခုနှစ်နှင့်အထက် ထုတ်လုပ်သည့် ယာဉ်များအားလုံးမူလစက်ရုံထုတ်ပုံစံတွင်ပါရှိသည့်အတိုင်းအသက်ကယ်ထိုင်ခုံခါးပတ် (Seat Belt) တပ်ဆင်ပါရှိရမည်။
    • Pick Up, Light Truck, Truck, City Busယာဉ်များအားလုံး ယာဉ်မောင်းသူ အသက်ကယ်ထိုင်ခုံခါးပတ် (Driver Seat Belt) မဖြစ်မနေတပ်ဆင်ပါရှိရမည်။
    • ကျောင်းသားများပို့ဆောင်သော School Bus နှင့် ခရီးသည်ပို့ဆောင်သောအဝေးပြေး Express Bus ယာဉ်များအားလုံး ယာဉ်မောင်းနှင့် စီးနင်းသူများအတွက် အသက်ကယ် ထိုင်ခုံခါးပတ် (Seat Belt) ပြည့်စုံစွာတပ်ဆင်ပါရှိရမည်။
    • အထက်ဖော်ပြပါယာဉ်များတွင် (Seat Belt)များပြည့်စုံစွာမပါရှိခြင်း၊ ကောင်းမွန်စွာအသုံးပြုနိုင်ခြင်းမရှိပါကမှတ်ပုံတင်လုပ်ငန်းများဆက်လက်ဆောင်ရွက်ပေးခြင်းမပြုရန်နှင့်အရေးယူဆောင်ရွက်ခြင်းအား (၁.၁၁.၂၀၁၆)ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိပါသည်။

      အင်္ဂလိပ်အက္ခရာဖေါင်းကြွနံပါတ်ပြားတပ်ဆင်ခြင်း

      ဒေသCodeပါ အင်္ဂလိပ်အက္ခရာနံပါတ်ပြားများ ပြောင်းလဲတပ်ဆင်ပေးခြင်းလုပ်ငန်းကို ၃.၇.၂၀၁၃ ရက်နေ့တွင် ကနဦးမှတ်ပုံတင်ပြုလုပ်ပေးသော 4F-8000 မှ စတင်၍ သတ်မှတ် ပြောင်းလဲဆောင်ရွက်ခဲ့ပါသည်။ မော်တော်ယာဉ်များတွင် အင်္ဂလိပ်အက္ခရာဖေါင်းကြွ နံပါတ်ပြား တပ်ဆင်ခြင်းဖြင့်-

    • ပြည်နယ်/တိုင်းဒေသကြီးအလိုက် မှတ်ပုံတင်ထားသည့်ယာဉ်စာရင်းအား တိကျစွာ စိစစ်နိုင်ခြင်း
    • လမ်းပေါ်တွင် သွားလာနေသည့်ယာဉ်များအားမည်သည့် ပြည်နယ်/ တိုင်းဒေသကြီး တွင် မှတ်ပုံတင်ထားခြင်းကိုအလွယ်တကူခွဲခြားသိနိုင်ခြင်း
    • ယာဉ်တိုက်ခိုက်မှုများ၊ ရာဇဝတ်မှုများဖော်ထုတ်ရာတွင် လွယ်ကူမြန်ဆန်စွာ ဖော်ထုတ်နိုင်ခြင်း
    • နိုင်ငံတကာနှင့်ဆက်ဆံသည့်အခါတွင် အဆင့်မီလွယ်ကူစွာအထောက်ကူပြုနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်ပါသည်။
    • ဖေါင်းကြွနံပါတ်ပြားအမျိုးအစားများ

      မော်တော်ယာဉ်နံပါတ်ပြား၏ အရောင်များအားယာဉ်များကို အသုံးပြုသည့်လုပ်ငန်း အမျိုး အစားနှင့် အဖွဲ့အစည်းပေါ်မူတည်၍ ခွဲခြားသတ်မှတ်ပေးထားပါသည်။

      စဉ် ယာဉ်အမျိုးအစား အောက်ခံအရောင် စာလုံးအရောင်
      (က) ‌သံရုံး/အဖွဲ့အစည်းပိုင်ယာဉ် အဖြူ အနက်
      (ခ) ‌သာသနာပိုင်ယာဉ် အဝါ အနက်
      (ဂ) ‌ခရီးသွားလုပ်ငန်းယာဉ် အပြာ အဖြူ
      (ဃ) ‌ကိုယ်ပိုင်ယာဉ်/ဆိုင်ကယ်/ယန္တရား အနက် အဖြူ
      (င) ‌အငှါးယာဉ်/နောက်တွဲယာဉ် အနီ အဖြူ
      (စ) ‌လှူဒါန်းယာဉ် အစိမ်း အဖြူ
      (ဆ) ‌နိဗ္ဗာန်ယာဉ် နီညို အဖြူ
      ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (နေပြည်တော်ရုံး)၏ ရုံးဓါတ်ပုံ လိပ်စာနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်များ။

      အမှတ် (PO-007) ဧရာဝတီလမ်း၊ ခရေလမ်းထောင့်၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်

    • ဆက်သွယ်ရန် ဖုန်းနံပါတ်များ-
    • ၀၆၇-၅၁၀၀၆၂
    • ၀၆၇-၅၁၀၀၆၄
    • ၀၆၇-၅၁၀၀၆၅
    • ၀၆၇-၅၁၀၀၇၀

    ရှေ့သို့