နေပြည်တော်ကုသရေးဦးစီးဌာန
(က) ဦးစီးဌာနစတင်ပေါ်ပေါက်လာပုံ နှင့် နောက်ခံသမိုင်း
ကျန်းမာရေးဝန်ကြီးဌာန(ယခင်အခေါ်အဝေါ်) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကုသရေးလုပ်ငန်းများနှင့် ပြည်သူလူထုဆက်ဆံရေးလုပ်ငန်းများ အဆင်ပြေမြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဟူ၍ ကဏ္ဍ (၂)ရပ် ခွဲခြားဆောင်ရွက်လျက်ရှိပါသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သည် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် တည်ရှိပါသည်။ မြောက်ဘက်တွင် မန္တလေးတိုင်းဒေသကြီး၊ အရှေ့ဘက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ အနောက်ဘက်တွင် မကွေးတိုင်းဒေသကြီး၊ တောင်ဘက်တွင် ပဲခူးတိုင်းဒေသကြီးတို့နှင့် နယ်နိမိတ်ခြင်းထိစပ်လျက်ရှိပါသည်။ ဧရိယာအကျယ်အဝန်းမှာ စတုရန်းမိုင် ( ၂၇၄၈.၆၁ ) ရှိပါသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ရပ်ကွက်ပေါင်း (၅၃)ခု၊ ကျေးရွာပေါင်း (၈၂၇)ခု၊ ကျေးရွာ အုပ်စုပေါင်း (၂၁၅) အုပ်စု၊ မြို့နယ်(၈) မြို့နယ်၊ နှင့် ခရိုင်(၂)ခု ပါဝင်ပါသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ဒက္ခိဏခရိုင်နှင့် ဥတ္တရခရိုင်ဟူ၍ ခရိုင်(၂)ခု ရှိပါသည်။ ဒက္ခိဏခရိုင်တွင် ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့ ပါဝင်ပြီး၊ ဥတ္တရခရိုင်တွင် တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့ ပါဝင်ပါသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကုသရေးဦးစီးဌာနမှူးလက်အောက်တွင် ခုတင်(၂၀၀) ဆေးရုံ(၁)ရုံနှင့် မြို့နယ်အဆင့် ခုတင်(၁၀၀)ဆေးရုံ (၂)ရုံ၊ ခုတင်(၅၀)ဆေးရုံ (၆)ရုံ ရှိပါသည်။ တိုက်နယ်ဆေးရုံ (၂၅) ခုတင်ဆံ့ဆေးရုံ(၁)ရုံ နှင့် (၁၆)ခုတင်ဆံ့ ဆေးရုံ(၆)ရုံတို့ ပါ၀င်ပါသည်။
ဥတ္တရခရိုင်တွင် ဆေးရုံ(၉)ရုံနှင့် ဒက္ခိဏခရိုင်တွင် ဆေးရုံ(၇)ရုံ၊ စုစုပေါင်း ဆေးရုံ(၁၆)ရုံ ရှိပါသည်။
ခရိုင် |
မြို့နယ် |
မြို့နယ်ဆေးရုံ |
တိုက်နယ်ဆေးရုံ |
ခုတင်၂၀၀ |
ခုတင်၁၀၀ |
ခုတင်၅၀ |
ခုတင်၂၅ |
ခုတင်၁၆ |
ဥတ္တရခရိုင် |
ဥတ္တရသီရိ |
|
|
၁ |
|
၁ |
|
ပုဗ္ဗသီရိ |
|
|
၂ |
|
|
|
ဇေယျာသီရိ |
|
|
၁ |
|
၂ |
|
တပ်ကုန်း |
|
၁ |
|
|
၁ |
ဒက္ခိဏခရိုင် |
ဇမ္ဗူသီရိ |
|
|
၁ |
|
|
|
ဒက္ခိဏသီရိ |
|
|
၁ |
|
|
|
ပျဉ်းမနား |
၁ |
|
|
|
|
|
လယ်ဝေး |
|
၁ |
|
၁ |
၂ |
|
စုစုပေါင်း |
၁ |
၂ |
၆ |
၁ |
၆ |
(ခ) ဦးစီးဌာန၏ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်များ ဝန်ထမ်းဖွဲ့စည်းပုံ
စဉ် |
ဌာန |
ခွင့်ပြု |
ခန့်ထား |
လစ်လပ် |
၁ |
နေပြည်တော်ကုသရေးဦးစီးဌာန |
၂၆၅ |
၂၁ |
၂၄၄ |
(ဂ) ဦးစီးဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ
ကုသရေးဦးစီးဌာန၏ (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ)မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ
မူဝါဒ
- ၁။ မြို့ပြနှင့်ကျေးလက်နေ ပြည်သူများအားလုံး ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို အရည်အသွေးပြည့်မီစွာရရှိစေရေး ဆောင်ရွက်ပေးရန်၊
- ၂။ ဆေးရုံအခြေပြုကုသရေးလုပ်ငန်းနှင့် ပြည်သူလူထုအတွင်း ကွင်းဆင်းကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်၊
ရည်မှန်းချက်
- ၁။ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ လွှမ်းခြုံမှုတိုးတက်လာစေရေး၊
- ၂။ ပြည်သူ့ဆေးရုံများ၏ ကုသမှုအရည်အသွေးမြင့်မားရေး၊
- ၃။ နိုင်ငံတော်၏ ကျန်းမာရေးမူဝါဒနှင့်အညီ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းစေရေး၊
လုပ်ငန်းတာဝန်များ
- ၁။ ပြည်သူများ၏ ကိုယ်တိုင်ကျခံသုံးစွဲရသည့် ကျန်းမာရေးဆိုင်ရာငွေကြေး အခက်အခဲလျော့နည်း ကျဆင်းစေရန်ဆောင်ရွက်ခြင်း၊
- ၂။ ပြည်သူ့ဆေးရုံများတွင် နိုင်ငံတကာအဆင့်မီ ရောဂါရှာဖွေရေးနှင့် အရည်အသွေးပြည့်ဝသော ကုသရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
- ၃။ ပြည်သူ့ဆေးရုံများ အဆင့်မြှင့်တင်ရေးလုပ်ငန်း ဆောင်ရွက်ခြင်း၊
- ၄။ နယ်စပ်ဒေသရှိ ပြည်သူ့ဆေးရုံများ၏ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးမြင့်မားလာစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
- ၅။ ပြည်သူ့ဆေးရုံအဆောက်အဦများ တည်ဆောက်မှုနှင့်ပတ်သက်၍ အဆောက်အဦးဒီဇိုင်း ခန့်မှန်းတွက်ချက်မှုနှင့် အရည်အသွေး ထိန်းသိမ်းစစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ခြင်း၊
- ၆။ ပြည်သူ့ဆေးရုံများရှိဆေးရုံသုံးပစ္စည်းများပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းအား ဆောင်ရွက်ခြင်း၊
- ၇။ ဆေးနှင့်ဆေးပစ္စည်း၊ ဆေးရုံသုံးပစ္စည်းကိရိယာများစနစ်တကျ ထောက်ပံ့ဖြန့်ဖြူးနိုင်ရန် ကွပ်ကဲကြီးကြပ်ဆောင်ရွက်ခြင်း၊
- ၈။ ကုသမှုဆိုင်ရာ စီမံခန့်ခွဲမှုသတင်းစနစ်၊ ဆေးနှင့် ဆေးပစ္စည်းသတင်းစနစ်ဆောင်ရွက်ခြင်း၊
- ၉။ ကုသမှုအရည်အသွေး မြင့်မားရေးကို အထောက်အကူပြုစေမည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
- ၁၀။ ဆရာ၀န်၊သူနာပြုနှင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးဆောင်ရွက်ခြင်း၊
- ၁၁။ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရည်အသွေးမြင့်မားလာစေရေး ဆောင်ရွက်ခြင်း၊
- ၁၂။ မြန်မာနိုင်ငံ အရေးပေါ်လူနာတင်ယာဉ်စနစ် ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာ ဌာနများ၊ ပုဂ္ဂလိက/ ပြည်သူ လူထုအခြေပြု အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
- ၁၃။ အမျိုးသားဆေးဝါးမူဝါဒ ထွက်ပေါ်လာရေးနှင့် အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ခြင်း၊
- ၁၄။ မူးယစ်ဆေးစွဲရောဂါကုသရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
- ၁၅။ ကျန်းမာရေးအဆင့်မြှင့်တင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဆောင်ရွက်ခြင်း၊
- ၁၆။ အရည်အသွေးပြည့်မီသော ကျန်းမာရေးဓါတ်ခွဲစောင့်ရှောက်မှုနှင့် အန္တရာယ်ကင်းသောသွေးများ စုဆောင်းဖြန့်ဖြူးခြင်း၊
- ၁၇။ ဆေးလူမှုဆက်ဆံရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
- ၁၈။ နိုင်ငံတော်အဆင့် ဧည့်သည်တော်ကြီးများ၊ အခမ်းအနားများ၊ ပွဲတော်များနှင့်အခြား အစီအစဉ်များတွင် လိုအပ်ပါက ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း၊
(ဃ) ဦးစီးဌာန၏ ဆောင်ပုဒ်များ
- ၁။ လူတိုင်း သက်တမ်းစေ့ အသက်ရှည်စွာ နေနိုင်ရေး။
- ၂။ လူတိုင်း ရောဂါဘယ ကင်းရှင်းရေး။
(င) ဦးစီးဌာနမှကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်းပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်ညွှန်ကြားချက်များ
ဦးစီးဌာနမှကျင့်သုံးလျက်ရှိသော ဥပဒေများ
- (က) ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေ(၁၉၇၂)
- (ခ) သွားနှင့်ခံတွင်းဆေးပညာကောင်စီဆိုင်ရာ ဥပဒေ(၂၀၁၁)
- (ဂ) သူနာပြုနှင့် သားဖွားဆိုင်ရာ ဥပဒေ (၂၀၀၂)
- (ဃ) မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥပဒေ(၂၀၁၀)
- (င) မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးဥပဒေ(၁၉၉၃)
- (စ) ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဥပဒေ(၂၀၁၁)
- (ဆ) တိုင်းရင်းဆေးဥပဒေ(၁၉၉၆)
- (ဇ) မျက်ကြည်လွှာ လှူဒါန်းခြင်းဆိုင်ရာ ဥပဒေ(၁၉၉၆)
- (စျ) အမျိုးသားဆေးဝါး ဥပဒေ (၁၉၉၇)
- (ည) မြန်မာနိုင်ငံ ဆေးကောင်စီဥပဒေ(၂၀၀၀)
- (ဋ) တိုင်းရင်းဆေးကောင်စီ ဥပဒေ(၂၀၀၀)
- (ဍ) သွေးနှင့် သွေးပစ္စည်း ဥပဒေ (၂၀၀၃)
- (ဌ) ကိုယ်ခန္ဓာ အစိတ်အပိုင်း လှူဒါန်းခြင်းဆိုင်ရာ ဥပဒေ (၂၀၀၄)
- (ဎ) ဆေးလိပ်နှင့်ဆေးရွက်ကြီး ထိန်းချုပ်ရေး ဥပဒေ(၂၀၀၆)
- (ဏ) ပုဂ္ဂလိက ကျန်းမာရေးဥပဒေ (၂၀၀၇)
ညွှန်ကြားချက်များ
- ၁။ ဆရာဝန်များ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်နှင့် ဆောင်ရွက်ရမည့်တာဝန်များ
- ၂။ ဆရာဝန် အဓိဌာန်ပြု ကတိသစ္စာ
- ၃။ သူနာပြု ကျင့်ဝတ်
- ၄။ လူနာစည်းကမ်း
- ၅။ လူနာစောင့်စည်းကမ်း
(စ) လိပ်မူပါဌာနနှင့် ကွပ်ကဲမှုအောက်ရှိ ခရိုင်/မြို့နယ်ရုံးများ၏ ရုံးဓာတ်ပုံ၊ လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်
စဉ် |
မြို့နယ်အမည် |
လိပ်စာ |
ဆက်သွယ်ရန်ရုံးဖုံး |
၁ |
ဇမ္ဗူသီရိမြို့နယ် |
အဆင့်မြင့်ဘောလုံးကွင်း (ဂိတ် - ၄) အနီးပညာသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ် |
၀၆၇-၄၁၃၇၅၀ |
၂ |
ဇေယျာသီရိမြို့နယ် |
ရွှေတွင်းကုန်းကျေးရွာ၊ ဇေယျာသီရိမြို့နယ် |
၀၆၇-၇၅၀၀၀၅ |
၃ |
ပုဗ္ဗသီရိမြို့နယ် |
ရတနာဒီပရပ်ကွက်၊သံလွင်လမ်းမကြီးဘေးပုဗ္ဗသီရိမြို့နယ် |
၀၆၇-၅၀၀၀၁၃ |
၄ |
ဥတ္တရသီရိမြို့နယ် |
ဇဝနသိဒ္ဓိရပ်ကွက်၊ ဥတ္တရသီရိမြို့နယ် |
၀၆၇-၄၁၇၂၃၈ |
၅ |
ဒက္ခိဏသီရိမြို့နယ် |
ဒက္ခိဏသီရိမြို့နယ်၊ ရွှေအင်ကြင်းရပ်ကွက် |
၀၉ - ၇၇၁၁၉၁၈၇၅ |
၆ |
လယ်ဝေးမြို့နယ် |
အမှတ်(၇)ရပ်ကွက်၊ လယ်ဝေးမြို့နယ် |
၀၆၇-၄၁၉၀၈၆ |
၇ |
တပ်ကုန်းမြို့နယ် |
ရန်ကုန်- မန္တလေးကားလမ်းမကြီးဘေး၊ဘုရင့်နောင်ရပ်ကွက်၊ တပ်ကုန်းမြို့ |
၀၆၇-၇၁၀၈၁ |
၈ |
ပျဉ်းမနားမြို့နယ် |
ရန်အောင်(၂) တပ်ကုန်းရပ်ကွက်ပျဉ်းမနားမြို့နယ် |
၀၆၇-၂၂၃၀၉ |
ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံ ဇမ္ဗူသီရိမြို့နယ်
ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံ ဇေယျာသီရိမြို့နယ်
ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံ ပုဗ္ဗသီရိမြို့နယ်
ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံ ဥတ္တရသီရိမြို့နယ်
ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံ ဒက္ခိဏသီရိမြို့နယ်
ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ လယ်ဝေးမြို့နယ်
ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ တပ်ကုန်းမြို့နယ်
မြို့နယ်ကုသရေးဦးစီးဌာနမှူးရုံး ပျဉ်းမနားမြို့နယ်