အထူးသတင်းကြေငြာချက်

လျှောက်ထားရန်

ဒေါ်လာရောင်း၊ဝယ် ဈေးနှုန်း

နိုင်ငံခြားငွေလဲလှယ်နှုန်း (၁၈.၁၀.၂၀၁၉)

အမေရိကန် တစ်ဒေါ်လာ ၁၅၃၃.၁
ဥရောပ တစ်ယူရို ၁၇၀၀.၃
တရုတ် တစ်ယွမ် ၂၁၆.၅၈
ထိုင်း တစ်ဘတ် ၅၀.၅၇၂
မလေးရှား တစ်ရင်းဂစ် ၃၆၆.၃၈
အိန္ဒိယ တစ်ရူပီ ၂၁.၅၂၀
ဂျပန် တစ်ရာယန်း ၁၄၀၈.၈
တောင်ကိုရီးယား တစ်ရာ၀မ် ၁၂၉.၉၇
သြစတြေးလျ တစ်ဒေါ်လာ ၁၀၄၃.၃
စင်ကာပူ တစ်ဒေါ်လာ ၁၁၂၁.၉
နေပြည်တော်ဘဏ်မှ ဝန်ဆောင်မှုပေးနေပါသည်။

နေပြည်တော်ကောင်စီ

နေပြည်တော်ကောင်စီ နောက်ခံသမိုင်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၏ ဒေသသမိုင်းအနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနများသည် ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှစတင်၍ နိုင်ငံတော်ရုံး စိုက်ရာဌာနချုပ်အဖြစ် ပြောင်းရွှေ့ဖွင့်လှစ်ပြီး ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီ (၂၃)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၆/၂၀၀၆) မှ တပ်ကုန်း၊ ပျဉ်းမနား၊ လယ်ဝေးမြို့နယ်များ ပါ၀င်သည့် ပျဉ်းမနားခရိုင်အဖြစ် စတင်ဖွဲ့စည်းခဲ့ပါသည်။ ပျဉ်းမနား ခရိုင်ကို နေပြည်တော်အဖြစ်သတ်မှတ်ခဲ့ပါသည်။ အစိုးရအဖွဲ့၏ အတည် ပြုချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၏(၂၆.၁၁.၂၀၀၈)ရက်စွဲပါစာအမှတ်၊ ၂၀၀/၂၃-၃၂၇/ ဦး ၁ ဖြင့် ပျဉ်းမနားခရိုင်ရှိ တပ်ကုန်း၊ ပျဉ်းမနား၊ လယ်ဝေးမြို့နယ်များမှ နယ်မြေအချို့ကိုခွဲထုတ်ပြီး ရပ်ကွက်(၁၆)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄၀)အုပ်စု၊ ကျေးရွာ(၂၀၂)ရွာပါဝင်သော နေပြည်တော် မြို့နယ်ကို တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ (၂၈.၁.၂၀၀၉)ရက်စွဲပါစာအမှတ်၊ ၁၀၀/၆၂၉ (၁၂၁)/ရေး၁ဖြင့် ပျဉ်းမနားခရိုင်အား နေပြည်တော်ခရိုင်အဖြစ် ပြင်ဆင် သတ်မှတ်ခဲ့ပါသည်။ နေပြည်တော်မြို့နယ်အား ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ် များအဖြစ် ( ၅ )မြို့နယ်ကို ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၆.၃.၂၀၀၉) ရက်စွဲပါစာအမှတ်၊ ၂၀၀ / ၃၁-၁ / ဦး၁ ဖြင့် ထပ်မံပြင်ဆင်ဖွဲ့စည်းခဲ့ ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်စွဲပါအမိန့်ကြော်ငြာစာဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကို ဥတ္တရခရိုင်နှင့် ဒက္ခိဏခရိုင်ဟူ၍ ခရိုင်(၂)ခရိုင်အဖြစ် ပြင်ဆင်ဖွဲ့စည်း ခဲ့ပြီး ဥတ္တရခရိုင်တွင် တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဥတ္တရသီရိ မြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ် တို့ဖြင့်လည်းကောင်း၊ ဒက္ခိဏခရိုင်တွင် ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိ မြို့နယ်တို့ကိုထည့်သွင်း ဖွဲ့စည်းခဲ့ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၀(က)အရ နေပြည်တော်သည် မြန်မာနိုင်ငံ၏ ပြည်ထောင်စုနယ်မြေတစ်ခုအဖြစ် တည်ရှိပါသည်။

တည်နေရာအကျယ်အဝန်း

ပြည်ထောင်စုနယ်မြေ၊နေပြည်တော်သည် မြန်မာနိုင်ငံ၏အလယ် ပိုင်းတွင်တည်ရှိပါသည်။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သည် ‌မြောက်လတ္တီတွဒ်(၁၉)ဒီဂရီ(၁၈)မိနစ်နှင့် (၂၀) ဒီဂရီ (၂၅)မိနစ်ကြား အရှေ့လောင်ဂျီတွဒ် (၉၅) ဒီဂရီ (၉၆) မိနစ်နှင့် (၉၆) ဒီဂရီ (၄၅)မိနစ် အကြားတွင် တည်ရှိပါသည်။ နေပြည်တော်၏ ဧရိယာအကျယ်အဝန်းမှာ ၂၇၂၄.၇၅ စတုရန်းမိုင် ဖြစ်ပါသည်။

စဉ် ခရိုင် ခရိုင်ဧရိယာစတုရန်းမိုင် ခရိုင်ရှိမြို့များ၏ဧရိယာစတုရန်းမိုင်ပေါင်း
ဥတ္တရ ၁၃၄၀.၇၄ တပ်ကုန်း(၆၉၅.၈၈)
ဇေယျာသီရိ(၂၃၀.၇၅)
ပုဗ္ဗသီရိ (၉၃.၁၄)
ဥတ္တရသီရိ(၃၂၀.၉၇)
ဒက္ခိဏ ၁၃၈၄.၀၁ ပျဉ်းမနား(၄၂၅.၇၈)
လယ်ဝေး (၈၇၂.၂၅)
ဇမ္ဗူသီရိ (၂၅.၇၀)
ဒက္ခိဏသီရိ (၆၀.၂၈)
နေပြည်တော် ၂၇၂၄.၇၅ စတုရန်းမိုင်
အိမ်ခြေ၊ အိမ်ထောင်စု၊ လူဦးရေ အခြေအနေ
    1. (က) အိမ်ခြေ၊ အိမ်ထောင်စု
စဉ် ခရိုင် မြို့နယ် အကြောင်းအရာ အိမ်ခြေ အိမ်ထောင်စု ရပ်ကွက် ကျေးရွာအုပ်စု ကျေးရွာ
ဥတ္တရ တပ်ကုန်း မြို့နေ ၈၄၃၂ ၈၇၇၀ - -
ကျေးလက်နေ ၃၉၂၃၇ ၄၀၇၇၈ - ၄၉ ၁၇၆
ပေါင်း ၄၇၆၆၉ ၄၉၅၄၈ ၄၉ ၁၇၆
ဇေယျာသီရိ မြို့နေ ၁၀၁၃၂ ၈၇၇၀ - -
ကျေးလက်နေ ၁၅၂၃၁ ၁၅၅၇၂ - ၁၃ ၆၆
ပေါင်း ၂၅၃၆၃ ၂၄၃၄၂ ၁၃ ၆၆
ပုဗ္ဗသီရိ မြို့နေ ၂၁၇၃၉ ၈၆၆၇ ၁၇ - -
ကျေးလက်နေ ၁၈၁၁၈ ၁၆၄၀၆ - ၁၈ ၇၂
ပေါင်း ၃၉၈၅၇ ၂၅၀၇၃ ၁၇ ၁၈ ၇၂
ဥတ္တရသီရိ မြို့နေ ၂၅၄၃ ၂၆၆၈ - -
ကျေးလက်နေ ၁၂၁၂၂ ၁၂၂၆၃ - ၄၉
ပေါင်း ၁၄၆၆၅ ၁၄၉၃၁ ၄၉
ဒက္ခိဏ လယ်ဝေး မြို့နေ ၅၇၅၉ ၅၉၄၄ - -
ကျေးလက်နေ ၅၇၇၄၈ ၅၉၅၂၆ - ၆၀ ၂၆၁
ပေါင်း ၆၃၅၀၇ ၆၅၄၇၀ ၆၀ ၂၆၁
ဇမ္ဗူသီရိ မြို့နေ ၈၅၄၁ ၂၅၄၄၈ ၁၂ - -
ကျေးလက်နေ ၁၂၆၁ ၁၂၆၁ -
ပေါင်း ၉၈၀၂ ၂၆၇၀၉ ၁၂
ပျဉ်းမနား မြို့နေ ၁၃၇၂၅ ၁၄၁၈၂ - -
ကျေးလက်နေ ၂၀၂၆၀ ၂၂၂၈၈ - ၂၉ ၁၄၀
ပေါင်း ၃၃၉၈၅၇ ၃၆၄၇၀ ၂၉ ၁၄၀
ဒက္ခိဏသီရိ မြို့နေ ၂၁၉၆ ၄၄၃ - -
ကျေးလက်နေ ၆၉၃၄ ၇၁၈၂ - ၂၈
ပေါင်း ၉၁၃၀ ၇၆၂၅ ၂၈
နေပြည်တော် မြို့နေ ၇၂၂၅၅ ၇၄၄၈၇ ၅၈ - -
ကျေးလက်နေ ၁၇၀၈၉၁ ၁၇၅၃၀၃ - ၁၈၇ ၇၉၆
ပေါင်း ၂၄၃၁၄၆ ၂၄၉၇၉၀ ၅၈ ၁၈၇ ၇၉၆
    1. ( ခ ) လူဦးရေ
စဉ် ခရိုင် မြို့နယ် အကြောင်းအရာ အသက်(၁၈)နှစ်အောက် အသက်(၁၈)နှစ်အထက် စုစုပေါင်း
ကျား ပေါင်း ကျား ပေါင်း ကျား ပေါင်း
ဥတ္တရ တပ်ကုန်း မြို့နေ ၆၃၀၂ ၆၃၄၀ ၁၂၆၄၂ ၁၃၂၃၈ ၁၅၇၂၉ ၂၈၉၆၇ ၁၉၅၄၀ ၂၂၀၆၉ ၄၁၆၀၉
ကျေးလက်နေ ၃၀၀၁၁ ၃၀၀၅၅ ၆၀၀၆၆ ၅၉၅၃၆ ၆၄၇၀၁ ၁၂၄၂၃၇ ၈၉၅၄၇ ၉၄၇၅၆ ၁၈၄၃၀၃
စုစုပေါင်း ၃၆၃၁၃ ၃၆၃၉၅ ၇၂၇၀၈ ၇၂၇၇၄ ၈၀၄၃၀ ၁၅၃၂၀၄ ၁၀၉၀၈၇ ၁၁၆၈၂၅ ၂၂၅၉၁၂
ဇေယျာသီရိ မြို့နေ ၅၂၁၂ ၅၁၁၅ ၁၀၃၂၇ ၁၂၉၅၂ ၉၉၂၅ ၂၂၈၇၇ ၁၈၁၆၄ ၁၅၀၄၀ ၃၃၂၀၄
ကျေးလက်နေ ၁၃၂၆၁ ၁၂၉၃၈ ၂၆၁၉၉ ၂၀၁၆၃ ၂၂၂၂၇ ၄၂၃၉၀ ၃၃၄၂၄ ၃၅၁၆၅ ၆၈၅၈၉
စုစုပေါင်း ၁၈၄၇၃ ၁၈၀၅၃ ၃၆၅၂၆ ၃၃၁၁၅ ၃၂၁၅၂ ၆၅၂၆၇ ၅၁၅၈၈ ၅၀၂၀၅ ၁၀၁၇၈၃
ပုဗ္ဗသီရိ မြို့နေ ၅၃၀၉ ၅၄၅၁ ၁၀၇၆၀ ၁၃၀၈၈ ၁၂၆၅၄ ၂၅၇၄၁ ၁၈၃၉၇ ၁၈၁၀၅ ၃၆၅၀၂
ကျေးလက်နေ ၁၁၂၃၉ ၁၁၁၈၄ ၂၂၄၂၃ ၁၉၇၉၆ ၂၁၄၂၁ ၄၁၂၁၇ ၃၁၀၃၅ ၃၂၆၀၅ ၆၃၆၄၀
စုစုပေါင်း ၁၆၅၄၈ ၁၆၆၃၅ ၃၃၁၈၃ ၃၂၈၈၄ ၃၄၀၇၅ ၆၆၉၅၉ ၄၉၄၃၂ ၅၀၇၁၀ ၁၀၀၁၄၂
ဥတ္တရသီရိ မြို့နေ ၁၉၃၉ ၁၉၀၆ ၃၈၄၅ ၂၆၅၇ ၂၉၄၃ ၅၆၀၀ ၄၅၉၆ ၄၈၄၉ ၉၄၄၅
ကျေးလက်နေ ၉၄၃၁ ၉၃၆၀ ၁၈၇၉၁ ၁၅၅၆၀ ၁၅၉၇၆ ၃၁၅၃၆ ၂၄၉၉၁ ၂၅၃၃၆ ၅၀၃၂၇
စုစုပေါင်း ၁၁၃၇၀ ၁၁၂၆၆ ၂၂၆၃၆ ၁၈၂၁၇ ၁၈၉၁၉ ၃၇၁၃၆ ၁၉၅၈၇ ၃၀၁၈၅ ၅၉၇၇၂
ဒက္ခိဏ လယ်ဝေး မြို့နေ ၄၀၉၆ ၄၁၉၄ ၈၂၉၀ ၈၉၀၂ ၁၀၃၂၅ ၁၉၂၂၇ ၁၂၉၉၈ ၁၄၅၁၉ ၂၇၅၁၇
ကျေးလက်နေ ၄၄၅၀၀ ၄၄၆၈၁ ၈၉၁၈၁ ၈၂၁၁၄ ၈၉၂၅၂ ၁၇၁၃၆၆ ၁၂၆၆၁၄ ၁၃၃၉၃၃ ၂၆၀၅၄၇
စုစုပေါင်း ၄၈၅၉၆ ၄၈၈၇၅ ၉၇၄၇၁ ၉၁၀၁၆ ၉၉၅၇၇ ၁၉၀၅၉၃ ၁၃၉၆၁၂ ၁၄၈၄၅၂ ၂၈၈၆၄
ဇမ္ဗူသီရိ မြို့နေ ၆၄၆ ၆၂၈ ၁၂၇၄ ၁၄၂၄ ၁၆၂၇ ၃၀၅၁ ၂၀၇၀ ၂၂၅၅ ၄၃၂၅
ကျေးလက်နေ ၁၀၆၄၄ ၁၁၂၇၈ ၂၁၉၂၂ ၃၁၉၅၁ ၃၉၈၀၄ ၇၁၇၅၅ ၄၂၅၉၅ ၅၁၀၈၂ ၉၃၆၇၇
စုစုပေါင်း ၁၁၂၉၀ ၁၁၉၀၆ ၂၃၁၉၆ ၃၃၃၇၅ ၄၁၄၃၁ ၇၄၈၀၆ ၄၄၆၆၅ ၅၃၃၃၇ ၉၈၀၀၂
ပျဉ်းမနား မြို့နေ ၁၀၅၉၅ ၁၀၄၂၈ ၂၁၀၂၃ ၂၆၆၄၇ ၃၂၁၁၈ ၅၈၇၆၅ ၃၇၂၄၂ ၄၂၅၄၆ ၇၉၇၈၈
ကျေးလက်နေ ၁၈၅၉၄ ၁၉၁၀၃ ၃၇၆၉၇ ၃၁၆၀၄ ၃၄၆၄၁ ၆၆၂၄၅ ၅၀၁၉၈ ၅၃၇၄၄ ၁၀၃၉၄၂
စုစုပေါင်း ၂၉၁၈၉ ၂၉၅၃၁ ၅၈၇၂၀ ၅၈၂၅၁ ၆၆၇၅၉ ၁၂၅၀၁၀ ၈၇၄၄၀ ၉၆၂၉၀ ၁၉၃၇၃၀
ဒက္ခိဏ မြို့နေ ၂၁၇၂ ၂၀၅၃ ၄၂၂၅ ၆၉၁ ၇၁၄ ၁၄၀၅ ၂၈၆၃ ၂၇၆၇ ၅၆၃၀
ကျေးလက်နေ ၇၁၉၉ ၈၀၁၇ ၁၅၂၁၆ ၄၇၀၃ ၄၄၅၈ ၉၁၆၁ ၁၁၉၀၂ ၁၂၄၇၅ ၂၄၃၇၇
စုစုပေါင်း ၉၃၇၁ ၁၀၀၇၀ ၁၉၄၄၁ ၅၃၉၄ ၅၁၇၂ ၁၀၅၆၆ ၁၄၇၆၅ ၁၅၂၄၂ ၃၀၀၀၇
နေပြည်တော် မြို့နေ ၃၆၂၇၁ ၃၆၁၁၅ ၇၂၃၈၆ ၇၉၅၉၉ ၈၆၀၃၅ ၁၆၅၆၃၃ ၁၁၅၈၇၀ ၁၂၂၁၅၀ ၂၃၈၀၂၀
ကျေးလက်နေ ၁၄၄၈၇၉ ၁၄၆၆၁၆ ၂၉၁၄၉၅ ၂၆၅၄၂၇ ၂၉၂၄၈၀ ၅၅၇၉၀၇ ၄၁၀၃၀၆ ၄၃၉၀၉၆ ၈၄၉၄၀၂
စုစုပေါင်း ၁၈၁၁၅၀ ၁၈၂၇၃၁ ၃၆၃၈၈၁ ၃၄၅၀၂၆ ၃၇၈၅၁၅ ၇၂၃၅၄၀ ၅၂၆၁၇၆ ၅၆၁၂၄၆ ၁၀၈၇၄၂၂
အုပ်ချုပ်ရေးနယ်မြေဖွဲ့စည်းမှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၏ အုပ်ချုပ်ရေးနယ်မြေဖွဲ့စည်းမှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ် ခရိုင် မြို့နယ် မြို့ ရပ်ကွက် ကျေးရွာအုပ်စု ကျေးရွာ
ဥတ္တရ ၃၀ ၈၈ ၃၆၃
ဒက္ခိဏ ၂၈ ၉၉ ၄၃၃
နေပြည်တော် ၅၈ ၁၈၇ ၇၉၆
မြေအသုံးချမှု

ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၏ မြေအမျိုးအစားအလိုက် အသုံးချ ထားသည်ဧကအား အောက်ပါအတိုင်းဖော်ပြအပ်ပါသည်-

စဉ် မြေအမျိုးအစား ဧရိယာ(ဧက)
အသားတင်စိုက်ပျိုးမြေ ဧရိယာပေါင်း ၃၀၃,၃၂၇
(က)လယ်မြေဧရိယာ ၁၇၀,၀၃၉
(ခ)ယာမြေ ၁၂၁,၉၈၆
(ဂ)ကိုင်း/ကျွန်းမြေ -
(ဃ)ဥယျာဉ်မြေ ၁၀,၆၈၆
(င)တောင်ယာမြေ ၆၁၆
လှပ်ထားမြေဧရိယာ -
ကြိုး၀ိုင်း/ကြိုးပြင်ကာကွယ်တောမြေ ဧရိယာ ၇၁၈,၉၅၀
တောရိုင်း ၂၅၉,၉၄၄
မြေရိုင်း ၂,၂၉၂
စိုက်ပျိုးခြင်း မပြုနိုင်သောမြေ ၄၅၉,၃၃၁
(က)သတ္ထုတွင်းမြေ ၁၅,၈၇၄
(ခ)စားကျက်မြေ ၂၆၅
(ဂ)မီးရထားလမ်းမြေ ၁,၇၉၉
(ဃ)လမ်းမြေ ၁၆,၂၆၄
(င)ဆည်မြောင်းကန်တာတမံမြေ ၂၁,၉၅၈
(စ)မြစ်ချောင်းနှင့်ရေအောက်မြေ ၃၁,၄၆၂
(ဆ)အင်းအိုင်မြေ ၂,၉၈၈
(ဇ)စက်မှုလုပ်ငန်းသုံးမြေ(စက်ရုံမြေ) ၃,၇၁၄
(စျ)မြို့မြေအတွင်း လူနေထိုင်သည့်မြေ ၉,၈၆၆
(ည)ရွာမြေ ၁၈,၈၇၉
(ဋ)လေယာဉ်ပျံကွင်းမြေ ၄,၂၇၈
(ဌ)သာသနာ၊ သုဿာန်အဆောက်အဦ ၂၇၃,၆၂၈
(ဍ)အခြားမြေ ၅၈,၃၅၆
စုစုပေါင်း ၁,၇၄၃,၈၄၄

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၉)၊ (၅၀)၊ (၅၁)အရ နေပြည်တော်ကို နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ထားရှိသည့် ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်သည်။ နေပြည်တော်ကောင်စီဥပဒေ

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နေပြည်တော်ကောင်စီက အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အလို့ငှာ နေပြည်တော်ကောင်စီဥပဒေအား ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၁)ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် (၁၈/၂၀၁၀)ဖြင့် ပြဌာန်းခဲ့ပါသည်။

နေပြည်တော်ကောင်စီဥပဒေ အခန်း(၂) ပုဒ်မ(၃)၊(၄)အရ နေပြည်တော်ကောင်စီ ဥက္ကဌနှင့် အဖွဲ့၀င်များအား အောက်ပါအတိုင်း ဖွဲ့စည်းထားပါသည်-

(က) ဒေါက်တာမျိုးအောင် ကောင်စီဥက္ကဌ
(ခ) ဗိုလ်မှူးကြီးမင်းနောင် ကောင်စီ၀င်
(ဂ) ဦးအောင်မြင်ထွန်း ကောင်စီ၀င်
(ဃ) ဦးတင်ထွန်း ကောင်စီ၀င်
(င) ဦးတင်ထွဋ် ကောင်စီ၀င်
(စ) ဦးအေးမောင်စိန် ကောင်စီ၀င်
(ဆ) ဦး၀င်းရှိန် အတွင်းရေးမှူး


နေပြည်တော်ကောင်စီဥက္ကဌနှင့် ကောင်စီ၀င်များ၏ လုပ်ငန်းတာ၀န်များ
စဉ် အမည် လုပ်ငန်းတာ၀န်များ
(က) ဒေါက်တာမျိုးအောင်
(ကောင်စီဥက္ကဌ)
နိုင်ငံခြားရေး၀န်ကြီးဌာန၊ သမ္မတရုံး၀န်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၀န်ကြီးဌာန
(ခ) ဗိုလ်မှုးကြီးမင်းနောင်
(ကောင်စီ၀င်)
ကာကွယ်ရေး၀န်ကြီးဌာန၊ ပြည်ထဲရေး၀န်ကြီးဌာန၊ နယ်စပ်ရေးရာ၀န်ကြီးဌာန၊ အလုပ်သမားလူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန
(ဂ) ဦးအောင်မြင်ထွန်း
(ကောင်စီ၀င်)
သာသနာရေးနှင့် ယဉ်ကျေးမှု၀န်ကြီးဌာန၊ ပြန်ကြားရေး၀န်ကြီးဌာန၊ ဒက္ခိဏခရိုင်တရားရုံး၊ ဒက္ခိဏခရိုင်ဥပဒေရုံး၊ နေပြည်တော်ကောင်မရှင်အဖွဲ့ခွဲရုံး၊ နေပြည်တော်စာရင်းစစ်ရုံး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊
(ဃ) ဦးတင်ထွန်း
(ကောင်စီ၀င်)
သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး၀န်ကြီးဌာန၊ ပညာရေး၀န်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီးဌာန
(င) ဦးတင်ထွဋ်
(ကောင်စီ၀င်)
လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာန၊စက်မှု၀န်ကြီးဌာန၊ ဆောက်လုပ်ရေး၀န်ကြီးဌာန၊
(စ) ဦးအေးမောင်စိန်
(ကောင်စီ၀င်)
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန
ကောင်စီ၏ တာ၀န်နှင့် လုပ်ပိုင်ခွင့်များ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ
    1. (က) ပြည်ထောင်စုအစိုးရက နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပေဒေစိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ကူညီရန်တာ၀န်ရှိသည်။
    2. (ခ) နေပြည်တော်၏ အထွေထွေအုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်။
    3. (ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် နေပြည်တော်အကြား၊ ကိုယ်ပိုင်အုပ်ချုပ်ခွ့င်ရ စီရင်စုနှင့် နေပြည်တော်အကြား ဖြစ်ပွားသည့် အုပ်ချုပ်ရေးဆိုင်ရာ အငြင်းပွားမှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရက ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခြင်းနှင့် လိုအပ်၍ အဆုံးအဖြတ်ပေးခြင်းများကို လိုက်နာဆောင်ရွက်ရမည်။
    4. (ဃ)မိမိနယ်မြေဒေသ၏ အခြေအနေအရပ်ရပ်နှင့် စပ်လျဉ်းဿည့် အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံ တင်ပြရမည်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် အခွန်အကောက်ဆိုင်ရာ ကိစ္စရပ်များ
    1. (က) ပြည်ထောင်စုအစိုးရက ချမှတ်ထားသည့် မူ၀ါဒများနှင့်သော်လည်းကောင်း၊ ပြည်ထောင်စုဥပဒေများနှင့်သော်လည်းကောင်း မဆန့်ကျင်စေဘဲ နေပြည်တော်အတွင်း သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းက အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်းသည့် စီမံကိန်းများကို နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုနှင့်အညီ ကြီးကြပ်ခြင်းနှင့် ပေါင်းစပ်ခြင်းများ ပြုနိုင်သည်။
    2. (ခ)ပြည်ထောင်စုအစိုးရ၏ မူ၀ါဒများနှင့်မဆန့်ကျင်စေဘဲ မိမိနယ်မြေအတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လုပ်ငန်းအစီအစဉ်များ ရေးဆွဲလျက် နိုင်ငံတော်သမ္မတထံ တင်ပြရမည်။
    3. (ဂ)နှစ်စဉ်အရအသုံး ခန့်မှန်းခြေငွေစာရင်းကို ရေးဆွဲလျက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေတွင် ထည့်သွင်းနိုင်ရန်အလို့ငှာ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရမည်။
    4. (ဃ)ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ မိမိနှင့်သက်ဆိုင်သည် ခွင့်ပြုဘဏ္ဍာငွေကို သတ်မှတ်ထားသည့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ သုံးစွဲခွင့်ရှိသည်။
    5. (င)နောက်လာမည့် ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို လက်ရှိဘဏ္ဍာရေးနှစ် မကုန်ဆုံးမီအထိ ပြည်ထောင်စုလွှတ်တော်က အချိန်မီ ပြဌာန်းခြင်းမပြုနိုင်လျှင် နောက်လာမည့် ဘဏ္ဍာရေးနှစ်၏ အသုံးစရိတ်များအနက် သာမန်အသုံးစရိတ်များကိုသာ ပြည်ထောင်စုလွှတ်တော်က နောက်ဆုံးပြဌာန်းထားသည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ သာမန် အသုံးစရိတ် ခွင့်ပြုချက်ဘောင်အတွင်း သုံးစွဲခွင့်ရှိသည်။
    6. (စ)နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် မိမိ၏ ဘဏ္ဍာငွေနှင့်မလုံလောက်၍ ရန်ပုံငွေထပ်မံလိုအပ်သဖြင့် နိုင်ငံတော်မှထောက်ပံ့နိုင်ရန် နေပြည်တော်စည်ပင်သာယာရေးကော်မတီက တင်ပြလာလျှင် တင်ပြလာလျှင် ပြည်ထောင်စုအစိုးရသို့ ဆက်လက်တင်ပြတောင်းခံပေးရမည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံရန် သတ်မှတ်ထားသည့် ရငွေများနှင့် အခွန်အခအမျိုးအစားများကို နေပြည်တော်အတွက် ကောက်ခံရန်ရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၁၊ ပုဒ်မခွဲ(ခ)နှင့်အညီ ကောက်ခံပြီး ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည်။

နယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များ

နေပြည်တော်ကောင်စီသည် နေပြည်တော်အတွင်း၌ရှိသော ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် သို့မဟုတ် ခရိုင်နယ်နိမိတ်များ ပြင်ဆင်ရန်၊ ဖွဲ့စည်းရန် သို့မဟုတ် အမည်ပြောင်းလဲရန်ပေါ်ပေါက်လျှင် နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြရမည်။

ဥပဒေကြမ်းများ တင်သွင်းခြင်း

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစိးအဖွဲ့ကိုဖြစ်စေ ဥပဒေပြုခွင့် အပ်နှင်းထားသော ကိစ္စနှင့်စပ်လျဉ်း၍ နေပြည်တော်အတွက် ဥပဒေပြဌာန်းရန်လိုအပ်ပါက ပြည်ထောင်စုလွှတ်တော်က ပြဌာန်းပေးနိုင်ရေးအတွက် ကောင်စီသည် ဥပဒေကြမ်းကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ပြုစု၍ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခွင့်ရှိသည်။

အခြားကိစ္စရပ်များ
    1. (က) နေပြည်တော်အတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စများကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။
    2. (ခ) သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၏ နေပြည်တော်အတွင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်ပါက ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းပြုနိုင်သည်။
    3. (ဂ) နေပြည်တော်အတွင်း သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြီးကြပ်လမ်းညွှန်ရမည်။
    4. (ဃ)နေပြည်တော်အတွင်း သဘာ၀ဘေးအန္တရာယ်များ ကာကွယ်တားဆီးရေးအတွက် စည်းရုံးဆောင်ရွက်ခြင်းနှင့် ယင်းအန္တရာယ်များ ပေါ်ပေါက်လာပါက ကယ်ဆယ်ရေးလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ခြင်း ပြုရမည်။
    5. (င) နေပြည်တော်အတွင်း တာ၀န်ထမ်းဆောင်လျက်ရှိသော နယ်ဘက်၀န်ထမ်းအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဥပဒေနှင့်အညီ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်း ပြုနိုင်သည်။
    6. (စ) ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်းကောင်း၊ တည်ဆဲဥပဒေများအရလည်းကောင်းပေးအပ်သော လုပ်ငန်းတာ၀န်များကို ထမ်းဆောင်ရမည်။
    7. (ဆ) နိုင်ငံတော်သမ္မတက ဥပဒေနှင့်အညီ ပေးအပ်သော လုပ်ငန်းတာ၀န်များကို ထမ်းဆောင်ရမည်။

နေပြည်တော်ကောင်စီသည် အောက်ဖော်ပြပါ အခြေအနေတစ်ရပ်ရပ်ပေါ်ပေါက်လျှင် နိုင်ငံတော်သမ္မတထံ အမြန်ဆုံးတင်ပြရမည်-

    1. (က) မိမိဒေသအတွင်း အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်စွမ်းမရှိသော အရေးပေါ်အခြေအနေပေါ်ပေါက်ခြင်း၊
    2. (ခ)မိမိဒေသအတွင်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်ခြင်း သို့မဟုတ် ထိုသို့ ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းရှိခြင်း။
နေပြည်တော်ကောင်စီရုံးဓာတ်ပုံ၊ လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်များ
ရုံးတည်နေရာ အောင်ဇမ္ဗူရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်
ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၆၇−၅၅၀၂၁၆

ရှေ့သို့