အမေရိကန် | တစ်ဒေါ်လာ | ၁၃၇၃.၉ |
ဥရောပ | တစ်ယူရို | ၁၅၅၅.၈ |
တရုတ် | တစ်ယွမ် | ၁၉၇.၇၃ |
ထိုင်း | တစ်ဘတ် | ၄၃.၆၉၉ |
မလေးရှား | တစ်ရင်းဂစ် | ၃၂၄.၈၄ |
အိန္ဒိယ | တစ်ရူပီ | ၁၈.၆၃၀ |
ဂျပန် | တစ်ရာယန်း | ၁၃၀၆.၂ |
တောင်ကိုရီးယား | တစ်ရာ၀မ် | ၁၁၅.၃၂ |
သြစတြေးလျ | တစ်ဒေါ်လာ | ၈၉၆.၈၀ |
စင်ကာပူ | တစ်ဒေါ်လာ | ၉၈၈.၁၀ |
၁၈၇၄ခုနှစ်တွင် မြူနီစီပယ်အက်ဥပဒေအား ရေးဆွဲခဲ့ပြီး၊ ၎င်းဥပဒေအရ အောက်မြန်မာနိုင်ငံ မြို့ကြီး (၇)မြို့ဖြစ်သော ရန်ကုန်၊ ပုသိမ်၊ ဟင်္သာတ၊ မောလမြိုင်၊ စစ်တွေ၊ ပြည်၊ တောင်ကူမြို့များတွင် မြူနီစီပယ် အဖွဲ့များဖွဲ့စည်း၍ မြို့ပြစည်ပင်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ၁၈၉၈ခုနှစ်၊ မြူနီစီပယ် အက်ဥပဒေဖြင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့ပြစည်ပင်သာယာရေးလုပ်ငန်းများ ကို ဆောင်ရွက်နိုင်ရန် မြူနီစီပယ် အဖွဲ့များနှင့် မြို့ကော်မတီများကို တစ်နိုင်ငံလုံးတွင် ထပ်မံတိုးချဲ့ဖွဲ့စည်း ခဲ့ပါသည်။
၁၉၂၁ခုနှစ်တွင် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် “မြန်မာနိုင်ငံ ကျေးလက်ကိုယ်ပိုင်အုပ်ချုပ်ရေးအက်ဥပဒေ” ကိုရေးဆွဲခဲ့ပြီး၊ ယင်းဥပဒေအရ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သော ဒီစကြိတ်ကောင်စီများဖွဲ့စည်းပြီး ဖွံ့ဖြိုးမှုနည်းပါးသော ဝေးလံခေါင်ဖျားဒေသများတွင် ခရိုင်ဝန် အုပ်ချုပ်သော ဒေသန္တရရန်ပုံငွေအဖွဲ့များ ဖွဲ့စည်း၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက် ခဲ့ပါသည်။ ၁၉၇၄ခုနှစ်၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ မထုတ်ပြန်မီ ၁၉၇၂ခုနှစ်၊ မတ်လ(၁၅)ရက်နေ့ အုပ်ချုပ်ရေး စနစ်သစ်အရ ယခင်ကမြူနီစီပယ် အဖွဲ့များနှင့် ဒီစကြိတ်ကောင်စီစသည့် ဒေသန္တရရန်ပုံငွေ အဖွဲ့များကို စည်ပင်သာယာရေးအဖွဲ့များဟု ပြောင်းလဲခေါ်ဝေါ်ခုံပြီး ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနအောက်ရှိ အထွေထွေအုပ်ချုပ်ရေး းစီးဌာနတွင် ပါဝင်ခဲ့ပါသည်။
၁၉၉၃ခုနှစ်၊ ဧပြီ(၁)ရက်နေ့တွင် စည်ပင်သာယာရေးအဖွဲ့များဥပဒေ ၅/၉၃ကို ထုတ်ပြန် ကြေငြာခြံပြီး၊ ၁၉၉၄ခုနှစ်၊ ဇန်နဝါရီလ(၃၀)ရက်နေ့တွင် စည်ပင်သာယာရေးဦးစီးဌာနကို ဖွဲ့စည်း၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယားရေးဝန်ကြီး ဌာနအောက်တွင် စည်ပင်သာယာ ရေးဌာန ပေါ်ပေါက်ခဲ့ပါသည်။ မြို့ပြနှင့် ကျေးလက်စည်ပင်သာယာရေး လုပ်ငန်းများကို ပူးပေါင်း၍ ကျေးလက် ဒေသဖွံ့ဖြိုးတိုတက်အောင် စည်ပင်သာယာရေးဦးစီးဌာနသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့(၂၈၄)ဖွဲ့၊ မြို့စည်ပင် သာယာရေးအဖွဲ့(၁)ဖွဲ့နှင့် မြို့နယ်ခွဲစည်ပင်သာယာ ရေးအဖွဲ့(၈၂)ဖွဲ့တို့ကိုဖွဲ့စည်းကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။
နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်အစိုးရမှ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာ(၃)ရပ်အား ပြည်ထောင်စု၊ တိုင်းဒသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရစီရင်စုများသို့ ခွဲဝေအပ်နှင်း ကျင့်သုံးဆောင်ရွက်လျက်ရှိရာ စည်ပင်သာယာရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဥပဒေပြုရေးအပါ အဝင်အခွန်အခများ စည်းကြပ်ကောက်ခံရေး၊ ဘဏ္ဍာငွေခွဲဝေလျာထားသုံးစွဲရေး၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရေးကိစ္စများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက တည်ဆဲဥပဒေ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကြီးကြပ်ကွပ်ကဲဆောင်ရွက်ကြရပါသည်။
ပြောင်းလဲလာသောနိုင်ငံတော်၏ အုပ်ချုပ်ရေးစနစ်အရ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်များမှ အပနိုင်ငံတစ်ဝှမ်းလုံးရှိ စည်ပင်သာယာရေး အဖွဲ့များအား တာဝန်ယူကြီးကြပ် ကွပ်ကဲခဲ့သည့် စည်ပင်သာယာရေးဦးစီးဌာနအား (၃၁.၃.၂၀၁၂)ရက်နေ့ မှစ၍ ဖျက်သိမ်းခဲ့ပါသည်။
(ခ)၀န်ထမ်းအင်အားနှင့်ဖွဲ့စည်းပုံပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ခရိုင်(၂)ခု၊ မြို့နယ်(၈)မြို့နယ်၊ ကျေးရွာ အုပ်စု (၁၈၆)စုရှိ ကျေးရွာ(၇၉၆)ရွာရှိ ကျေးလက်နေပြည်သူများအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့်ဆင်းရဲမှု လျော့ချရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန တိုင်း အဆင့်ရုံး(၁)ရုံး၊ ခရိုင်အဆင့် (၂)ရုံးနှင့် (က)အဆင့်မြို့နယ်ရုံး(၈)ရုံး၊ စုစုပေါင်းရုံး(၁၁)ရုံးတို့တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းအင်အား(၁၃၆)ဦးဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တာဝန်များ ဆောင်ရွက်လျှက်ရှိပါသည်။
စဉ် | ဌာနအမည် | အရာထမ်း | အမှုထမ်း | ပေါင်း | ||||||
ခွင့်ပြု | ခန့်ထား | လစ်လပ် | ခွင့်ပြု | ခန့်ထား | လစ်လပ် | ခွင့်ပြု | ခန့်ထား | လစ်လပ် | ||
၁ | နေပြည်တော် | ၁၄ | ၆ | ၈ | ၄၁ | ၂၄ | ၁၇ | ၅၅ | ၃၀ | ၂၅ |
၂ | ဒက္ခိဏခရိုင် | ၄ | ၄ | − | ၂၁ | ၈ | ၁၃ | ၂၅ | ၁၂ | ၁၃ |
၃ | ပျဉ်းမနားမြို့နယ် | ၃ | ၂ | ၁ | ၃၇ | ၁၂ | ၂၅ | ၄၀ | ၁၄ | ၂၆ |
၄ | လယ်ဝေးမြို့နယ် | ၃ | ၂ | ၁ | ၃၇ | ၁၁ | ၂၆ | ၄၀ | ၁၃ | ၂၇ |
၅ | ဒက္ခိဏသီရိမြို့နယ် | ၃ | ၂ | ၁ | ၃၇ | ၁၂ | ၂၅ | ၄၀ | ၁၃ | ၂၇ |
၆ | ဇမ္ဗူသီရိမြို့နယ် | ၃ | ၂ | ၁ | ၃၇ | ၁၂ | ၂၅ | ၄၀ | ၁၃ | ၂၇ |
၇ | ဥတ္တရခရိုင် | ၄ | ၃ | ၁ | ၂၁ | ၁၀ | ၁၁ | ၂၅ | ၁၃ | ၁၂ |
၈ | တပ်ကုန်းမြို့နယ် | ၃ | ၃ | − | ၃၇ | ၁၇ | ၂၀ | ၄၀ | ၂၀ | ၂၀ |
၉ | ဇေယျာသီရိမြို့နယ် | ၃ | − | ၃ | ၃၇ | ၄ | ၃၃ | ၄၀ | ၄ | ၃၆ |
၁၀ | ပုဗ္ဗသီရိမြို့နယ် | ၃ | − | ၃ | ၃၇ | ၆ | ၃၁ | ၄၀ | ၆ | ၃၄ |
၁၁ | ဥတ္တရသီရိမြို့နယ် | ၃ | − | ၃ | ၃၇ | ၅ | ၃၂ | ၄၀ | ၅ | ၃၅ |
စုစုပေါင်း | ၄၆ | ၂၂ | ၂၄ | ၃၇၉ | ၁၁၄ | ၂၆၅ | ၄၂၅ | ၁၃၆ | ၂၈၉ |
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မျှော်မှန်းချက် (Vision)မှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် နှင့်အညီ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် မျှော်မှန်းပါသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဆောင်ပုဒ်များထုတ်ပြန်ထားခြင်းမရှိပါ။
(င)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျင့်သုံးလျှက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရမှ ထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များနှင့်အညီ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
(စ)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ခရိုင်/မြို့နယ်ရုံးများ၏ ဖွင့်လှစ်ထားရှိမှုအခြေအနေပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရုံးများဖွင့်လှစ်ပြီးစီးမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်−
စဉ် | ဌာနအမည် | ဖွင့်လှစ်ထားရှိမှုအခြေအနေ | မှတ်ချက် |
၁ | နေပြည်တော်ကျေးလက်ဦးစီးဌာန | ဒက္ခိဏသီရိမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိပါသည်။ | |
၂ | ဒက္ခိဏခရိုင်ကျေးလက်ဦးစီးဌာန | ဒက္ခိဏသီရိမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိပါသည်။ | |
၃ | ပျဉ်းမနားမြို့နယ်ကျေးလက်ဦးစီးဌာန | ပျဉ်းမနားမြို့ OSSရုံးအတွင်းဖွင့်လှစ်ထားရှိပါသည်။ | |
၄ | လယ်ဝေးမြို့နယ်ကျေးလက်ဦးစီးဌာန | ဒက္ခိဏသီရိမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိပါသည်။ | |
၅ | ဇမ္ဗူသီရိမြို့နယ်ကျေးလက်ဦးစီးဌာန | ဒက္ခိဏခရိုင်ရုံးအတွင်း ပူးတွဲဖွင့်လှစ်ထားရှိပါသည်။ | |
၆ | ဒက္ခိဏသီရိမြို့နယ်ကျေးလက်ဦးစီးဌာန | ဒက္ခိဏခရိုင်ရုံးအတွင်း ပူးတွဲဖွင့်လှစ်ထားရှိပါသည်။ | |
၇ | ဥတ္တရခရိုင်ကျေးလက်ဦးစီးဌာန | ဥတ္တရသီရိမြို့နယ်အတွင်း ပူးတွဲဖွင့်လှစ်ထားရှိပါသည်။ | |
၈ | တပ်ကုန်းမြို့နယ်ကျေးလက်ဦးစီးဌာန | တပ်ကုန်းမြို့နယ်အတွင်း ပူးတွဲဖွင့်လှစ်ထားရှိပါသည်။ | |
၉ | ဇေယျာသီရိမြို့နယ်ကျေးလက်ဦးစီးဌာန | ဥတ္တရခရိုင်ရုံးအတွင်း ပူးတွဲဖွင့်လှစ်ထားရှိပါသည်။ | |
၁၀ | ပုဗ္ဗသီရိမြို့နယ်ကျေးလက်ဦးစီးဌာန | ဥတ္တရခရိုင်ရုံးအတွင်း ပူးတွဲဖွင့်လှစ်ထားရှိပါသည်။ | |
၁၁ | ဥတ္တရသီရိမြို့နယ်ကျေးလက်ဦးစီးဌာန | ဥတ္တရခရိုင်ရုံးအတွင်း ပူးတွဲဖွင့်လှစ်ထားရှိပါသည်။ |
ဦးစီးမှူးရုံးခန်းဖုန်း | ၀၆၇−၈၆၃၆၄၄၃ |
ဒုတိယညွှန်ကြားရေးမှူးရုံးခန်းဖုန်း | ၀၆၇−၈၁၀၆၁၈၈ |
စီမံရေးရာဌာနရုံးဖုန်း၊ Fax | ၀၆၇−၈၁၀၆၁၈၆ |
အင်ဂျင်နီယာဌာနရုံးဖုန်း၊ Fax | ၀၆၇−၈၁၀၆၁၈၇ |
လိပ်စာ−ရာဇသင်္ဂဟလမ်းအနောက်ဘက်၊ ကံ့ကော်ပန်း၀ိုင်းအနီး၊ ဒက္ခိဏသီရိမြို့နယ် |
ခရိုင်ဦးစီးမှူးရုံးခန်းဖုန်း | ၀၆၇−၈၁၀၆၁၈၉ |
ဦးစီးအရာရှိဖုန်း | ၀၆၇−၈၁၀၆၂၉၀ |
စီမံရေးရာဌာနရုံးဖုန်း၊ Fax | ၀၆၇−၈၁၀၆၁၉၀ |
အင်ဂျင်နီယာဌာနရုံးဖုန်း၊ Fax | ၀၆၇−၈၁၀၆၁၉၁ |
ဒက္ခိဏသီရိမြို့နယ်ရုံးဖုန်း | ၀၆၇−၈၁၀၆၁၉၂ |
လိပ်စာ−ရာဇသင်္ဂဟလမ်းအနောက်ဘက်၊ ကံ့ကော်ပန်း၀ိုင်းအနီး၊ ဒက္ခိဏသီရိမြို့နယ် |
ပျဉ်းမနားမြို့နယ်ရုံးဖုန်း | ၀၆၇−၂၄၈၀၉ |
လိပ်စာ−OSSရုံးအတွင်း၊ ပျဉ်းမနားမြို့ |
မြို့နယ်ဦးစီးမှူးရုံးဖုန်း | ၀၆၇−၈၁၀၆၃၂၅ |
Fax ဖုန်း | ၀၆၇−၈၁၀၆၃၂၆ |
လိပ်စာ−ရာဇသင်္ဂဟလမ်းအနောက်ဘက်၊ ကံ့ကော်ပန်း၀ိုင်းအနီး၊ ဒက္ခိဏသီရိမြို့နယ် |
ခရိုင်ဦးစီးမှူးရုံးခန်းဖုန်း | ၀၆၇−၄၁၇၈၉၁ |
ဦးစီးအရာရှိဖုန်း | ၀၆၇−၄၃၅၂၀၄ |
စီမံရေးရာဌာနရုံးဖုန်း၊ Fax | ၀၆၇−၄၁၇၈၉၂ |
အင်ဂျင်နီယာဌာနရုံးဖုန်း၊ Fax | ၀၆၇−၄၁၇၈၉၃ |
ဇေယျာသီရိမြို့နယ်ရုံးဖုန်း | ၀၆၇−၄၃၅၂၀၁ |
ပုဗ္ဗသီရိမြို့နယ်ရုံးဖုန်း | ၀၆၇−၄၃၅၂၀၂ |
ဥတ္တရသီရိမြို့နယ်ရုံးဖုန်း | ၀၆၇−၄၃၅၂၀၃ |
လိပ်စာ−မော်လမြိုင်ကျွန်း(၂)လမ်း ၊ သီရိရတနာလမ်းထောင့်၊ ချင်းရွာ၊ ဥတ္တရသီရိမြို့နယ် |
တပ်ကုန်းမြို့နယ်ရုံးဖုန်း | ၀၆၇−၇၁၁၄၇ |
ရှောက်ကုန်းအုပ်စု၊ ရန်ကုန်−မန္တလေးလမ်းဟောင်းဘေး၊ မိဂဒါ၀ုန်ဘုန်းကြီးကျောင်းအနီး |