အထူးသတင်းကြေငြာချက်

လျှောက်ထားရန်

ဒေါ်လာရောင်း၊ဝယ် ဈေးနှုန်း

နိုင်ငံခြားငွေလဲလှယ်နှုန်း (၃.၆.၂၀၁၉)

အမေရိကန် တစ်ဒေါ်လာ ၁၅၂၉.၇
ဥရောပ တစ်ယူရို ၁၇၀၉.၇
တရုတ် တစ်ယွမ် ၂၂၁.၄၅
ထိုင်း တစ်ဘတ် ၄၈.၆၄၇
မလေးရှား တစ်ရင်းဂစ် ၃၆၅.၆၉
အိန္ဒိယ တစ်ရူပီ ၂၂.၀၄၈
ဂျပန် တစ်ရာယန်း ၁၄၁၂.၈
တောင်ကိုရီးယား တစ်ရာ၀မ် ၁၂၉.၄၀
သြစတြေးလျ တစ်ဒေါ်လာ ၁၀၆၃.၁
စင်ကာပူ တစ်ဒေါ်လာ ၁၁၁၅.၈
နေပြည်တော်ဘဏ်မှ ဝန်ဆောင်မှုပေးနေပါသည်။

နေပြည်တော်ငါးလုပ်ငန်းဦးစီးဌာန

(က)နေပြည်တော်ငါးလုပ်ငန်းဦးစီးဌာန စတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်းအကျဉ်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ငါးလုပ်ငန်းဦးစီးဌာနကို ပြည်နယ်/ တိုင်းဒေသကြီး အဆင့်ရှိ ရုံး(၁)၊ရုံး၊ ခရိုင်ရုံး (၂)ရုံး၊ မြို့နယ်အဆင့်ရှိရုံး(၈)ရုံး၊ ငါးသားဖောက်စခန်း(၁)ခုတို့ဖြင့် လုပ်ငန်း တာ၀န်များ ပီပြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ရုံးဖွင့်လှစ်ခြင်းကို (၁.၁၁.၂၀၁၂ ) ရက်နေ့မှ စတင်၍ နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာနကို ရေဆင်းငါးလုပ်ငန်း စခန်း၀င်း၌ စုပေါင်း ရုံးအဖြစ် စတင်ဖွင့်လှစ် ခဲ့ပါ သည်။

ယခုအခါ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနကို ၂၀၁၄/၂၀၁၅ ခုနှစ်မှစတင်၍ ပခ-၃၉ နေပြည်တော် ကောင်စီလမ်း၊ ပုဗ္ဗသီရိမြို့နယ်သို့ ရုံးပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။နေပြည်တော်တိုင်းငါးလုပ်ငန်းဦးစီးဌာနလက်အောက်တွင် ခရိုင်ရုံးများဖြစ်သော ဒက္ခိဏ ခရိုင်ရုံး၊ ဥတ္တရခရိုင်ရုံးများကို ဖွင့်လှစ်ခဲ့ပြီး၊ ဒက္ခိဏခရိုင်ရုံးလက်အောက်၌ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဥတ္တရခရိုင်ရုံးလက်အောက်၌ တပ်ကုန်း မြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ရေဆင်းငါးလုပ်ငန်းစခန်းတို့ကို ဖွင့်လှစ်ထားရှိပါသည်။

(ခ)နေပြည်တော်ငါးလုပ်ငန်းဦးစီးဌာန၏ ၀န်ထမ်းဖွဲ့စည်းပုံ
စဉ် ဌာန ခွင့်ပြု ခန့်ထား လစ်လပ်
နေပြည်တော်ငါးလုပ်ငန်းဦးစီးဌာန ၉၅ ၄၄ ၅၁
(ဂ) ငါးလုပ်ငန်းဦးစီးဌာန၏ရည်မှန်းချက်နှင့်လုပ်ငန်းတာ၀န်များ
မျှော်မှန်းချက်

ငါးလုပ်ငန်း ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာဖူလုံစေရန် ၊ ငါးလုပ် ငန်းကိုအခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ မြင့်မားလာစေရန်နှင့် နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် မျှော်မှန်းပါသည်။

ငါးလုပ်ငန်းဦးစီးဌာန၏ ရည်မှန်းချက်များမှာ
    1. (၁) စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်နှင့်အညီ ငါးလုပ်ငန်းကဏ္ဍနှင့် ဆီလျော်သည့် ဥပဒေနှင့် စီမံကိန်းလုပ်ငန်းများရေးဆွဲဆောင်ရွက်ရန်။
    2. (၂) အရည်အသွေးပြည့်မီသော ငါးလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ ရရှိရေး နှင့်စာရင်းအင်း ကိန်းဂဏန်းများကို သတ်မှတ်အညွှန်းကိန်းများနှင့်အညီ ကောက်ယူ ရေးဆောင်ရွက်စေရန်။
    3. (၃) ငါးလုပ်ငန်းပူးပေါင်းစီမံခန့်ခွဲမှု (Fisheries Co-management) နှင့် ဂေဟစနစ်ကို မထိခိုက်စေသော ငါးလုပ်ငန်း စီမံခန့်ခွဲမှု (Essential Ecosystem Approach to Fisheries Management)အား စနစ်တကျမြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စီမံခန့်ခွဲမှု များပိုမိုကောင်းမွန်လာစေရန်။
    4. (၄) ငါးမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ကောင်းမွန်သော မွေးမြူ ရေ:ကျင့်စဉ် (GAqP) အပါအဝင်ခေတ်မီနည်းစနစ်များဖြင့် အကောင်အထည် ဖော်ရန်။
    5. (၅) ငါးသယံဇာတများ ရေရှည်ထုတ်ယူ အသုံးချနိုင်ရေးကို ရှေ့ရှုသော သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများနှင့် လူစွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရန်။
    6. (၆) စျေးကွက်လိုအပ်ချက်နှင့်အညီ ရေထွက်ကုန်ပစ္စည်းများ၏ အရည်အသွေးနှင့် စံချိန် စံညွှန်းများပြည့်မီစေရန်။
ငါးလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းတာ၀န်များမှာ
    1. (၁) ငါးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်း။
    2. (၂) ငါးမျိုးပြုန်းတီးမှုကို ကာကွယ်တာဆီးရန် ဆောင်ရွက်ခြင်း။
    3. (၃) ရေချိုငါးလုပ်ငန်း ရေပြင်များ ပျက်စီးခြင်းမှ ကာကွယ်စောင့်ရှောက်ရန် ဆောင် ရွက်ခြင်း။
    4. (၄) နိုင်ငံတော်က ရသင့်ရထိုက်သော အခွန်အခများရရှိစေရန် ဆောင်ရွက်ခြင်း။
    5. (၅) ငါးလုပ်ငန်းများကို ဥပဒေနှင့်အညီ စီမံခန့်ခွဲခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းပြုနိုင် စေရန် ဆောင်ရွက်ခြင်း။
(ဃ)ငါးလုပ်ငန်းဦးစီးဌာန၏ ဆောင်ပုဒ်များ
    1. ၁။ စပါးရိက္ခာ၊ ငါးရိက္ခာ ၀မ်းစာမှန်သမျှ တိုးထုတ်ကြ။
    2. ၂။ ကျေးလက်ဒေသဖွံ့ဖြိုးရေး စပါးခင်းထဲမှာ ငါးထည့်မွေး။
    3. ၃။ ဥနှင့်ငါးကို ပွားစေလို ငါးရစ်ဆို မဖမ်းနှင့်။
    4. ၄။ စပါးကရွှေ ငါးကငွေ၊ လယ်ယာသားငါး ပြည့်စီးပွား။
    5. ၅။ မြေမှာစပါး ရေမှာငါး။
    6. ၆။ ငါးရစ်/ငါးသန် ဘေးမဲ့ချန် ပုံမှန်စားသုံး မျိုးမတုန်း။
    7. ၇။ ငါးရစ်တစ်ကောင်(၃)လရှောင်၊ ထောင်သောင်းမကပွား ရေရှည်စား။
    8. ၈။ သေးတဲ့ငါးကို ကြီးစေလို၊ ငါးသန်ဆိုမဖမ်းနဲ့။
    9. ၉။ မြစ်ချောင်း၊ အင်းကန် ရေပြည့်လျှံမှ၊ ဟင်းစားလည်းရ ၀င်ငွေရ၏။
    10. ၁၀။ ငါးဖမ်းမွေးမြူ၊ ဒို့ပြည်သူ၊ ညီတူ၀မ်း၀ ပို့ပြည်ပ။
    11. ၁၁။ ဤကမ္ဘာမှာ သက်ရှည်ကြာ၊ လိပ်မျိုးထိန်းသိမ်းပါ။
    12. ၁၂။ မျိုးတုန်းရှားပါးသတ္တဝါ၊ ဝိုင်း၀န်းထိန်းသိမ်းကာကွယ်ပါ။
(င) ငါးလုပ်ငန်းဦးစီးဌာနမှ ကျင့်သုံးလျက်ရှိသောဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များ
    1. ၁။ နေပြည်တော် ရေချိုငါးလုပ်ငန်းဥပဒေ (မူကြမ်း) (ဆောင်ရွက်ဆဲဖြစ်ပါသည်)
    2. ၂။ ငါးမွေမြူခြင်းဆိုင်ရာ ဥပဒေ( ပြည်ထောင်စု)
    3. ၃။ မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေ (ပြည်ထောင်စု)
    4. ၄။ နိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါးလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ (ပြည်ထောင်စု) တို့ဖြစ်ပါသည်။
(စ) နေပြည်တော်ငါးလုပ်ငန်းဦးစီးဌာနလက်အောက်ရှိ ခရိုင်/ မြို့နယ်/ စခန်းရုံးများ၏ ရုံးဓါတ်ပုံ၊ လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်များ။
စဉ် ရုံးအမည် လိပ်စာ ဖုန်းနံပါတ် မှတ်ချက်
၁။ နေပြည်တော်ငါးလုပ်ငန်းဦးစီးဌာန(တိုင်းရုံး) ပခ−၃၉၊ နေပြည်တော်ကောင်စီလမ်း၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော် ၀၆၇−၅၅၀၀၃၅
၂။ ဒက္ခိဏခရိုင်ငါးလုပ်ငန်းဦးစီးဌာန ပခ−၂၉၊အောင်သုခရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော် ၀၉−၅၀၃၈၈၄၁
၃။ ဥတ္တရခရိုင်ငါးလုပ်ငန်းဦးစီးဌာန ပခ−၀၀၇၊ ချင်းတွင်းလမ်း၊ ပုဗ္ဗသီရိမြို့၊ နေပြည်တော် ၀၉−၄၉၈၂၀၂၄၂
၄။ ဒက္ခိဏသီရိမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ပခ−၂၉၊ အောင်သုခရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်
၅။ လယ်ဝေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ပခ−၂၉၊ အောင်သုခရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်
၆။ ဇမ္ဗူသီရိမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန T-11၊နေပြည်တော်ကောင်စီရုံး၀န်းအတွင်း -
၇။ ပျဉ်းမနားမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ပခ-၃၉၊ နေပြည်တော်ကောင်စီလမ်း၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော် ၀၆၇−၅၅၀၃၂၇
၈။ ပုဗ္ဗသီရိမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ပခ-၀၁၀၊ မင်္ဂလာဒီပရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်
၉။ ဥတ္တရသီရိမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဥတ္တရသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံး၀န်း၊ နေပြည်တော်
၁၀။ တပ်ကုန်းမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန တပ်ကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံး၀န်း၊ နေပြည်တော်
၁၁။ ဇေယျာသီရိမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ရေဆင်းကျေးရွာ၊ ဇေယျာသီရိမြို့နယ်၊ နေပြည်တော် ၀၆၇-၄၁၆၅၄၉
၁၂။ ရေးဆင်းငါးလုပ်ငန်းစခန်း ရေဆင်းကျေးရွာ၊ ဇေယျာသီရိမြို့နယ်၊ နေပြည်တော် ၀၆၇-၄၁၆၅၄၉
နေပြည်တော်ငါးလုပ်ငန်းဦးစီးဌာန(တိုင်းရုံး)


ဒက္ခိဏခရိုင်ငါးလုပ်ငန်းဦးစီးဌာန


ဥတ္တရခရိုင်ငါးလုပ်ငန်းဦးစီးဌာန


ဇမ္ဗူသီရိမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန


ပုဗ္ဗသီရိမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန


ဇေယျာသီရိမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန


ရေဆင်းငါးလုပ်ငန်းစခန်း



ရှေ့သို့