အမေရိကန် | တစ်ဒေါ်လာ | ၁၃၇၃.၉ |
ဥရောပ | တစ်ယူရို | ၁၅၅၅.၈ |
တရုတ် | တစ်ယွမ် | ၁၉၇.၇၃ |
ထိုင်း | တစ်ဘတ် | ၄၃.၆၉၉ |
မလေးရှား | တစ်ရင်းဂစ် | ၃၂၄.၈၄ |
အိန္ဒိယ | တစ်ရူပီ | ၁၈.၆၃၀ |
ဂျပန် | တစ်ရာယန်း | ၁၃၀၆.၂ |
တောင်ကိုရီးယား | တစ်ရာ၀မ် | ၁၁၅.၃၂ |
သြစတြေးလျ | တစ်ဒေါ်လာ | ၈၉၆.၈၀ |
စင်ကာပူ | တစ်ဒေါ်လာ | ၉၈၈.၁၀ |
ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် မြန်မာနိုင်ငံတော်လွတ်လပ်ရေးရပြီးနောက် နိုင်ငံတော် အစိုးရ အပေါင်ဆိုင် ကြီးကြပ်အုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပထမဦးဆုံး အစိုးရ အပေါင်ဆိုင်ကို အင်စိန်မြို့တွင် ၁၉၅၂ခုနှစ် နိုင်ဝင်ဘာလ(၁၁) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် မြန်မာနိုင်ငံ စီးပွားရေး တိုးတက်မှုကော်ပိုးရေးရှင်း လက်ထက်တွင် ပြည်သူ့ငွေချေး ကုမ္ပဏီ လီမိတက်၊၁၉၆၇ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံဘဏ် လက်အောက်တွင် ပြည်သူ့ ငွေချေးဌာန၊၁-၁၁-၁၉၆၉ ရက်နေ့တွင် အသေးစားငွေချေးဌာန၊ ၁-၄-၁၉၇၆ ရက်နေ့တွင် မြန်မာ့စီးပွားရေးဘဏ် ရုံးချုပ် အသေးစားငွေချေးဌာန အမည်ဖြင့် အဆင့်ဆင့် ရပ်တည်ခဲ့ရာ နိုင်ငံတော် အစိုးရက ၁၉၉၀ ပြည့်နှစ် မြန်မာနိုင်ငံတော် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေကို ပြဌာန်းအခါတွင် ၎င်းဥပဒေအရ ၁၉၉၂ ခုနှစ် သြဂုတ်လ(၁၄)ရက်နေ့စ၍ မြန်မာ့အသေးစားချေးငွေလုပ်ငန်းအနေဖြစ် ရပ်တည်ခဲ့ပါသည်။
၁-၄-၂၀၁၁ ရက်နေ့တွင် အစိုးရသစ် ပေါ်ပေါက်လာပြီး နိုင်ငံတော်၏ မူဝါဒအရ ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုလျော့ချရေး အစီအမံများတွင်ပါဝင်တာဝန်ယူရမည်ဖြစ်၍ မြန်မာ့အသေးစား ချေးငွေလုပ်ငန်းအား မြန်မာ့အသေးစားငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးလုပ်ငန်းအဖြစ်၁၁-၁၀-၂၀၁၁ ရက်နေ့မှ စတင်၍ ပြင်ဆင်ပြောင်းလဲ ဖွဲ့စည်းခဲ့ပါသည်။ထို့နောက် ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများအား ကြီးကြပ်ကွပ်ကဲနိုင်ရေးအတွက် ၁-၉-၂၀၁၄ရက်နေ့မှ စတင်၍ မြန်မာ့အသေးစား ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးလုပ်ငန်းမှ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသို့ ပြင်ဆင် ပြောင်းလဲ ဖွဲ့စည်းခဲ့ပါသည်။
နေပြည်တော်ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ဝန်ထမ်းဖွဲ့စည်းပုံနေပြည်တော်ကောင်စီ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် တိုင်းတာဝန်ခံ ဒုတိယညွှန်ကြားရေး(၁)ဦးဦးဆောင်၍အရာထမ်း(၅)ဦး၊အမှုထမ်း(၁၃)ဦး၊စုစုပေါင်းဝန်ထမ်းအင်အား (၁၈)ဦးဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
စဉ် | ရာထူးအမည် | ခွင့်ပြု | ခန့်ပြီး | လစ်လပ် | မှတ်ချက် |
---|---|---|---|---|---|
၁ | ဒုတိယညွှန်ကြားရေးမှူး | ၁ | ၁ | - | |
၂ | လက်ထောက်ညွှန်ကြားရေးမှူး | ၁ | ၁ | - | |
၃ | ဦးစီးအရာရှိ | ၄ | ၂ | ၂ | |
အရာထမ်း | ၆ | ၅ | ၁ | ||
၄ | ဦးစီးမှူး | ၃ | ၂ | ၁ | |
၅ | ဒုတိယဦးစီးမှူး | ၃ | ၃ | - | |
၆ | အကြီးတန်းစာရေး | ၅ | ၄ | ၁ | |
၇ | အကြီးတန်းစာရေး(ကွန်ပျူတာ) | ၁ | ၁ | - | |
၈ | အငယ်တန်းစာရေး | ၃ | - | ၃ | |
၉ | ယာဉ်မောင်း | ၁ | - | ၁ | |
၁၀ | ရုံးအကူ | ၁ | ၁ | - | |
၁၁ | ရုံးစောင့် | ၁ | ၁ | - | |
၁၂ | သန့်ရှင်းရေး | ၁ | ၁ | - | |
အမှုထမ်း | ၁၉ | ၁၃ | ၆ | ||
စုစုပေါင်း | ၂၅ | ၁၈ | ၇ |
ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် မြန်မာနိုင်ငံတွင် အားလုံးပါဝင်သော ငွေကြေးကဏ္ဍ တည်ဆောက်ခြင်းဖြင့် ဝင်ငွေနည်း ပြည်သူများ အပါအဝင် မြို့ပြနှင့်ကျေးလက်နေ ပြည်သူများအား ဈေးနှုန်း သက်သာ၍ အရည်အသွေး ပြည့်ဝကာ လွယ်လင့်တကူ ရယူသုံးစွဲနိုင်သော ငွေကြေး ဝန်ဆောင်မှုများ ကျယ်ပြန့်စွာ ထောက်ပံ့ပေးရန်အတွက် ရည်မှန်းချက်ထား၍ အောက်ပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါသည်-
ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ နေပြည်တော်ကောင်စီနယ်မြေရုံး။
အမှတ်(z၀-020)၊အောင်ဇမ္ဗူရပ်ကွက်၊ဒက္ခိဏခရိုင်၊ဇမ္ဗူသီရိမြို့နယ်၊နေပြည်တော်
ဦးညိုဌေး၊ဒုတိယညွှန်ကြားရေးမှူး၊09-49329146 ၊ 067-550172
ဒေါ်သန်းသန်းနွယ်၊လ/ထညွှန်ကြားရေးမှူး၊09-402617628၊ 067-550171
ဒေါ်သန်းသန်းဌေး၊ ဦးစီးအရာရှိ၊09-254116798
ဒေါ်ခင်မာစန်း၊ဦးစီးအရာရှိ၊09-796157919