နေပြည်တော်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန
ပြည်ထောင်စုနယ်မြေ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန (ရုံးချုပ်)၏ လမ်းညွှန်မှုဖြင့် အသေးစား နှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာစျေးကွက်နှင့် ငွေကြေး အထောက်အပံ့ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းများအား တည်ဆဲဥပဒေ များနှင့်အညီမှတ်ပုံတင်ခြင်း၊ ကြီးကြပ်စစ်ဆေးခြင်း၊ ဘွိုင်လာနှင့် လျှပ်စစ်သုံးလုပ်ငန်းများ ဘေးကင်း စွာအသုံးပြုနိုင်ရေး၊ စက်မှုလုပ်ငန်းများကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုရှိ/မရှိစစ်ဆေးခြင်းစသည့် လုပ်ငန်းများအားဆောင်ရွက်လျက်ရှိပါသည်။
ဦးစီးဌာနစတင်ဖြစ်ပေါ်လာပုံနှင့်နောက်ခံသမိုင်းအကျဉ်း
- ၁၉၁၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အားစနစ်တကျ သုံးစွဲနိုင်ရန်အတွက် လျှပ်စစ်အက် ဥပဒေ (Electricity Act(1910)) အရ လျှပ်စစ်စစ်ဆေးရေးဌာနကိုဖွဲ့စည်းခဲ့ပါသည်။
- ၁၉၁၄ခုနှစ်တွင် ဘွိုင်လာများစနစ်တကျသုံးစွဲနိုင်ရေးအတွက် Burma Boiler Commission အားဖွဲ့စည်းခဲ့ပါသည်။၁၉၂၄ခုနှစ်တွင် Burma Boiler Commission အား ဘွိုင်လာစစ်ဆေး ရေးဌာန အဖြစ် ဖွဲ့စည်းခဲ့ပါသည်။
- ၁၉၅၀ ပြည့်နှစ် တွင် မြန်မာနိုင်ငံရှိပုဂ္ဂလိကစက်မှုလက်မှုလုပ်ငန်းများအား ကြီးကြပ်စီမံခန့်ခွဲရန် စက်မှု လက်မှုညွှန်ကြားရေးဝန်ဌာနကိုဖွဲ့စည်းခဲ့ပါသည်။
- ၁၉၇၂ ခုနှစ် ၊ မတ်လ ၁၆ ရက်နေ့တွင် စက်မှုလက်မှုညွှန်ကြားရေးဝန်ဌာန၊ ဘွိုင်လာစစ်ဆေး ရေးဌာနနှင့် လျှပ်စစ်စစ်ဆေးရေးဌာနတို့ကို ပူးပေါင်း၍ ဒေသန္တရစက်မှုလက်မှုကြီးကြပ် ညွှန်ကြားရေးဦးစီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
- ၁၉၇၃ ခုနှစ် ၊ ဇွန်လ ၁၉ ရက်နေ့တွင် ဒေသန္တရစက်မှုလက်မှု ကြီးကြပ်ညွှန်ကြားရေးဦးစီး ဌာနနှင့်လုပ်ငန်း စစ်ဆေးမှုညွှန်ကြားရေးဦးစီးဌာနတို့ကိုပူးပေါင်း၍ ဒေသန္တရစက်မှုလက်မှု ကြီးကြပ်ရေးနှင့် လုပ်ငန်းစစ်ဆေး မှု ညွှန်ကြားရေးဦးစီးဌာန အဖြစ်ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
- ၁၉၉၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၆ ရက်နေ့တွင် ပုဂ္ဂလိကစက်မှုလုပ်ငန်း ဥပဒေကို ပြဌာန်းခဲ့သည်နှင့်အညီ ဒေသန္တရစက်မှုကြီးကြပ်ရေးနှင့်လုပ်ငန်းစစ်ဆေးမှုညွှန်ကြားရေးဦးစီးဌာန အဖြစ် အမှတ်(၁)စက်မှုဝန်ကြီးဌာနလက်အောက်တွင် ရပ်တည်၍ လုပ်ငန်းဆောင်ရွက် ခဲ့ပါသည်။ ၁၉၉၈ ခုနှစ်၊ နိုဝင်ဘာလ ၂၃ရက်နေ့တွင် ပြောင်းလဲလာသောစျေးကွက်စီးပွားရေး အခြေအနေနှင့်အညီ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနဟူ၍အမည်ပြင်ဆင်ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။
- ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ(၂) ရက်နေ့မှစ၍ အမှတ်(၁)စက်မှုဝန်ကြီးဌာနနှင့် အမှတ်(၂) စက်မှု ဝန်ကြီးဌာနတို့ကိုစက်မှုဝန်ကြီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ကာ ဤဦးစီးဌာနသည် စက်မှု ဝန်ကြီးဌာန၏ကြီးကြပ်မှုအောက်တွင်ဆောင်ရွက်လျက်ရှိပါသည်။
- ပြည်ထောင်စုအစိုးရအဖွဲ့၏ (၂၉.၃.၂၀၁၂) ရက်စွဲပါအစည်းအဝေးအမှတ်စဉ် (၁၃/၂၀၁၂) အရ နိုင်ငံစီးပွားရေး၏ အဓိကအသက်သွေးကြောဖြစ်သော SMEs များအားကူညီထောက်ပံ့ အားပေးခြင်းများထိရောက်စွာဆောင်ရွက်ရန်၊ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားလျက် အောင်မြင်သည့် အသေးစားအလတ်စားလုပ်ငန်းများဖြစ်ပေါ်လာစေရန်နှင့် အသေးစားအလတ်စား လုပ်ငန်းများ မှ အကြီးစားလုပ်ငန်းများသို့ ကူးပြောင်းချဲ့ထွင်လာနိုင်စေရန် ထောက်ပံ့ကူညီအားပေးခြင်းဖြင့် နိုင်ငံတော်၏ အနာဂတ်ရေရှည်စီးပွားရေးကိုခိုင်မာစေရန် ရည်ရွယ်၍ အသေးစားနှင့် အလတ် စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (SME Development Center) ကိုတည်ထောင်ခဲ့ပါသည်။
- ၂၀၁၄ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင်အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးဌာနကို စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၏ ဖွဲ့စည်းပုံအတွင်းသို့ သွတ်သွင်း ဖွဲ့စည်းကာ ပြည်ထောင်စုနယ်မြေ(နေပြည်တော်) ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဦးစီးဌာနရုံး (၁၅)ရုံး ၊ ခရိုင်(၃၅)ခုတွင် ခရိုင်ရုံး(၃၅) ဖွင့်လှစ်ကာဒေသအလိုက် ဦးစီးဌာန၏ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
ပြည်ထောင်စုနယ်မြေစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရုံးသည် အမှတ်(၁၁)၊ သပြေ လမ်း၊ပုဗ္ဗသီရိမြို့နယ်တွင်တည်ရှိပြီးအကျယ်အဝန်းမှာ (၂၀၀´ x ၂၀၀´) ရှိပြီး RC နှစ်ထပ် အဆောက် အဦဖြစ်ပါသည်။ ယခုရုံးကိုအထူးဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ နေပြည်တော်ခရိုင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသို့ ၂၀၁၀ခုနှစ်၊ သြဂုတ်လ (၁၀)ရက်နေ့ တွင် လွှဲအပ်ခဲ့ ပါသည်။ မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာနရုံး ကွပ်ကဲမှုဖြင့် နေပြည်တော်ခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးကို (၁.၉.၂၀၁၀)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ (၁.၄.၂၀၁၂)ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးအဖြစ် တိုးမြှင့်ဖွဲ့စည်းခဲ့ပါသည်။
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ဝန်ထမ်းဖွဲ့စည်းပုံ
ဌာန |
ဖွဲ့စည်းပုံ |
ခန့်ထား |
လစ်လပ် |
အရာထမ်း |
အမှုထမ်း |
အရာထမ်း |
အမှုထမ်း |
အရာထမ်း |
အမှုထမ်း |
နေပြည်တော် |
၂၇ |
၅၈ |
၁၉ |
၄၂ |
၈ |
၁၆ |
ဒက္ခိဏခရိုင် |
၃ |
၁၇ |
၁ |
၆ |
၂ |
၁၁ |
ဥတ္တရခရိုင် |
၃ |
၁၇ |
၃ |
၆ |
- |
၁၁ |
စုစုပေါင်း |
၃၃ |
၉၂ |
၂၃ |
၅၄ |
၁၀ |
၃၈ |
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၏ ရည်ရွယ်ချက်များ
စက်မှု၀န်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည်သတ်မှတ် ပြဌာန်းထား သောဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်းတာ၀န်များကို ဆောင်ရွက်ရာတွင် ရည်ရွယ်ချက် (၈)ရပ်ဖြင့် အဓိကဦးတည်ဆောင်ရွက်လျှက် ရှိပါသည်-
- ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေပါ အခြေခံမူများအကောင်အထည်ဖော်ရေး
- ပုဂ္ဂလိကစက်မှုလုပ်ငန်းများဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်အညီလျင်လျင်မြန်မြန် မှန်မှန်ကန်ကန်ဆောင်ရွက်နိုင်ရေး
- ပုဂ္ဂလိကစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး
- ပုဂ္ဂလိကစက်မှုလုပ်ငန်းများစနစ်တကျ စက်မှုမှတ်ပုံတင်ခြင်း၊ သက်တမ်းတိုး ခြင်း၊ ပယ်ဖျက်ခြင်းများနှင့်ပတ်သက်၍ အချက်အလက်များ၊ မှတ်တမ်းများ စနစ်တကျထိန်းသိမ်းနိုင်ရေး
- ပုဂ္ဂလိကစက်မှုလုပ်ငန်းရှင်များ၏ လျှောက်ထားနိုင်ခွင့်နှင့် ဆောင်ရွက်နိုင်ခွင့် များ အားဆောင်ရွက်ပေးရေး
- ဘွိုင်လာနှင့် လျှပ်စစ်ဘေးအန္တရာယ်ကင်းရှင်းရန်အတွက် အစစ်ဆေးခံ ဆောင် ရွက်နိုင်ရေး
- ပုဂ္ဂလိကစက်မှုလုပ်ငန်းများ ပတ်၀န်းကျင်ထိခိုက်မှုမရှိစေရေး
- ပုဂ္ဂလိကစက်မှုလုပ်ငန်းများသည် နိုင်ငံတော်မှ ထုတ်ပြန်ထားသော တည်ဆဲ ဥပဒေများ လိုက်နာမှုရှိ/မရှိ စိစစ်ကြပ်မတ်ရေး
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ
- ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေနှင့်အညီစက်မှုလုပ်ငန်းများအားကြီးကြပ်စစ်ဆေးပြီး ၄င်းတို့ ၏လိုအပ်ချက်များအားဆောင်ရွက်ပေးခြင်း၊ ဖွံ့ဖြိုးတိုးတက်စေရန် အားပေးမြှင့်တင်ခြင်း
- ဘွိုင်လာဥပဒေနှင့်အညီဘွိုင်လာများအားမှတ်ပုံတင်ပေးခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်း
- လျှပ်စစ်ဥပဒေနှင့်အညီနိုင်ငံပိုင်၊ သမဝါယမပိုင်နှင့် ပုဂ္ဂလိပိုင်ကဏ္ဍများတွင် လျှပ်စစ်ဓါတ် အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် အသုံးပြုခြင်းလုပ်ငန်းတို့တွင် လျှပ်စစ် အန္တရာယ် ကင်းရှင်းရေးအတွက် စစ်ဆေးကြီးကြပ်ပေးခြင်း
- SME များ၏ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားစေရန် ASEAN SME Working Group အပါအဝင် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသိပညာပူးပေါင်းဖလှယ်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းဝေးပွဲများနှင့် သင်တန်းများကျင်းပခြင်း၊ SMEများ၏ Database တည်ဆောက် လျှက် လိုအပ်သည့် အကူအညီများပံ့ပိုးပေးခြင်း
ပြည်ထောင်စုနယ်မြေ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ကျင့်သုံးလျှက်ရှိသည့် ဥပဒေများ
ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေ
ဘွိုင်လာဥပဒေ
လျှပ်စစ်ဥပဒေ
SME ဥပဒေ
ဓါတုဗေဒနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေ

ပြည်ထောင်စုနယ်မြေ(နေပြည်တော်)စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန
အမှတ်(၁၁)၊ သပြေလမ်း၊ပုဗ္ဗသီရိမြို့နယ်။
Email address-nptcouncildisi@gmail.com
၀၆၇-၅၅၀၁၇၈/ ၀၆၇- ၅၅၀၁၇၉/ ၀၆၇-၅၅၀၃၆၂

ဒက္ခိဏခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန
အကွက်အမှတ်၊ ပခ-၅၇၊နေပြည်တော်ကောင်စီလမ်း၊ ပုဗ္ဗသီရိမြို့နယ်။
Email address-dkndisi@gmail.com
၀၆၇-၅၅၀၃၄၂/ ၀၆၇- ၅၅၀၃၄၃

ဥတ္တရခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန
အကွက်အမှတ်၊ ပခ-၀၀၈၊၁၂/ချင်းတွင်းအနောက်လမ်း၊ ပုဗ္ဗသီရိမြို့နယ်။
Email address-disi.otya@gmail.com
၀၆၇-၅၁၀၁၇၄/ ၀၆၇- ၅၁၀၁၇၅