အထူးသတင်းကြေငြာချက်
  • အထူးသတင်းကြေငြာချက်

လျှောက်ထားရန်

ဒေါ်လာရောင်း၊ဝယ် ဈေးနှုန်း

နိုင်ငံခြားငွေလဲလှယ်နှုန်း (၂၉.၁၁.၂၀၁၉)

အမေရိကန် တစ်ဒေါ်လာ ၁၅၁၁.၆
ဥရောပ တစ်ယူရို ၁၆၆၅.၀
တရုတ် တစ်ယွမ် ၂၁၄.၉၅
ထိုင်း တစ်ဘတ် ၄၉.၉၉၅
မလေးရှား တစ်ရင်းဂစ် ၃၆၂.၁၉
အိန္ဒိယ တစ်ရူပီ ၂၁.၁၄၀
ဂျပန် တစ်ရာယန်း ၁၃၈၁.၂
တောင်ကိုရီးယား တစ်ရာ၀မ် ၁၂၈.၂၀
သြစတြေးလျ တစ်ဒေါ်လာ ၁၀၂၂.၄
စင်ကာပူ တစ်ဒေါ်လာ ၁၁၀၆.၄
နေပြည်တော်ဘဏ်မှ ဝန်ဆောင်မှုပေးနေပါသည်။

နေပြည်တော်စာရင်းစစ်ရုံး

(က) နေပြည်တော်စာရင်းစစ်ရုံးစတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း

နေပြည်တော်စာရင်းစစ်ရုံးအား ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂၆.၉.၂၀၁၄ ရက်စွဲပါ စာအမှတ်၊ စမ-၂/ ၁၃၀၀ (၁၉၂/ ၂၀၁၄) အရ ၂၆.၉.၂၀၁၄ ရက်နေ့မှ စတင်၍ နေပြည်တော်(တိုင်းအဆင့်)စာရင်းစစ်ရုံးအဖြစ် ဖွင့်လှစ်ခဲ့ပြီး၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေး မြို့နယ်နှင့် တပ်ကုန်းမြို့နယ် စာရင်းစစ်ရုံး(၃)ရုံးအား နေပြည်တော် စာရင်းစစ်ရုံး၏ ကြီးကြပ်မှုအောက်တွင် ထည့်သွင်း၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ၁.၄.၂၀၁၅ ရက်နေ့မှစ၍ ဒက္ခိဏခရိုင်၊ ဥတ္တရခရိုင်၊ ဒက္ခိဏသီရိ၊ ဇမ္ဗူသီရိ၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိနှင့် ဇေယျာသီရိ မြို့နယ်စာရင်းစစ်ရုံးတို့ကို တိုးချဲ့ဖွင့်လှစ်ပြီး ခရိုင်ရုံး (၂)ရုံးနှင့် မြို့နယ်ရုံး (၈)ရုံး ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

(ခ) နေပြည်တော်စာရင်းစစ်ရုံး ဝန်ထမ်းအင်အားအခြေအနေ
စဉ် ရာထူး ခွင့်ပြု ခန့်ထား လစ်လပ် မှတ်ချက်
၁။ ညွှန်ကြားရေးမှူး
၂။ ဒုတိယညွှန်ကြားရေးမှူး
၃။ လက်ထောက်ညွှန်ကြားရေးမှူး
၄။ ဦးစီးအရာရှိ
၅။ စာရင်းစစ်(၁)
၆။ ကွန်ပျူတာလုပ်ဆောင်ရေးမှူး
၇။ စာရင်းစစ်(၃) ၁၅ ၁၅
၈။ အငယ်တန်းလက်နှိပ်စက်
၉။ အမှုတွဲထိန်း
၁၀။ ယာဉ်မောင်း(၅)
၁၁။ ရုံးအကူ
၁၂။ ရုံးစောင့်
စုစုပေါင်း ၃၇ ၃၂

(ဂ) နေပြည်တော်စာရင်းစစ်ရုံး၏ ရည်မှန်းချက်နှင့်လုပ်ငန်းတာဝန်များ

နေပြည်တော်စာရင်းစစ်ရုံးသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ အစိုးရ ဌာနများ၊ အစိုးရအဖွဲ့အစည်းများနှင့် နေပြည်တော်ကောင်စီတို့၏ ငွေစာရင်း၊ ပစ္စည်းစာရင်း များနှင့် စပ်လျဉ်း၍ ငွေကြေးကိုင်တွယ်ထိန်းသိမ်းမှု၊ စာရင်းပြုစုထိန်းသိမ်းမှု မှန်ကန်ခြင်း ရှိ/ မရှိ၊ သတ်မှတ်ထားသော စနစ်နှင့် အညီ ကျင့်သုံးခြင်း ရှိ/ မရှိနှင့် လုပ်ငန်း အကောင်အထည် ဖော် ဆောင်ရွက်မှုတို့ကို စစ်ဆေး၍ အစီရင်ခံတင်ပြရန် ဖြစ်ပါသည်။

နေပြည်တော်စာရင်းစစ်ရုံးမှ တာဝန်ယူ စစ်ဆေးရသော ဌာန/ အဖွဲ့အစည်းအားလုံးကို လစ်ဟာမှု မရှိ စစ်ဆေးနိုင်ရေးအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ လမ်းညွှန်ချက်နှင့် အညီ ဘဏ္ဍာရေးနှစ် တစ်နှစ်အတွက် နှစ်ပတ်လည်စစ်ဆေးရေး စီမံချက်နှင့် သုံးလပတ် အလိုက် စစ်ဆေးရေးစီမံချက်များရေးဆွဲ၍ စစ်ဆေးရေးလုပ်ငန်းများကို မူဝါဒ၊ ရည်မှန်းချက် နှင့် အညီ ဆောင်ရွက်လျက်ရှိပြီး လစဉ် လုပ်ငန်းတိုးတက်မှု အစီရင်ခံစာ၊ လေးလပတ်၊ နှစ်စဉ်လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာများဖြင့် စိစစ်သုံးသပ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

(ဃ) နေပြည်တော်စာရင်းစစ်ရုံး၏ ဆောင်ပုဒ်
    1. သင့်အောင်ပေါင်း
    2. ကောင်းအောင်နေ
    3. တော်အောင်ကြိုးစား
    4. စည်းကမ်းရိုသေ
    5. တာ၀န်ကျေစေ
(င) နေပြည်တော်စာရင်းစစ်ရုံးမှကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း နှင့် ညွှန်ကြားချက်များ

နေပြည်တော်စာရင်းစစ်ရုံးသည် ဌာနအဖွဲ့အစည်းများ၏ ရငွေများပြည့်ဝစွာ ရရှိရန် ဆောင်ရွက်ထားခြင်းရှိ/မရှိ၊ သုံးစွဲခွင့်ပြုထားသောငွေကြေးများကိုထိရောက်စွာ အသုံးပြုခြင်း ရှိ/ မရှိ၊ စွမ်းဆောင်ရည်ပြည့်ဝစွာ ဆောင်ရွက်ခြင်း ရှိ/ မရှိ၊ လျာထားချက် ပြည့်မီအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းရှိ/ မရှိတို့အား ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြအပ်ပါသည်။

စဉ် စာရင်းစစ်ရုံးအမည် ဆက်သွယ်ရန် မှတ်ချက်
လိပ်စာ ဖုန်းနံပါတ်
၁။ နေပြည်တော်စာရင်းစစ်ရုံး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့ ၀၆၇−၅၅၀၁၈၈၊၀၆၇−၅၅၀၂၂၈
၂။ ဒက္ခိဏခရိုင်စာရင်းစစ်ရုံး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ၀၆၇−၅၅၀၃၂၅
၃။ ဥတ္တရခရိုင်စာရင်းစစ်ရုံး ဥတ္တရခရိုင်စာရင်းစစ်ရုံး၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့ ၀၆၇−၅၁၀၁၆၇
၄။ ပျဉ်းမနားမြို့နယ်စာရင်းစစ်ရုံး ရွှေချီ(၆)လမ်း၊ ပျဉ်းမနားမြို့ ၀၆၇−၂၂၁၉၃
၅။ လယ်ဝေးမြို့နယ်စာရင်းစစ်ရုံး အမှတ်(၇)ရပ်ကွက်၊ မဉ္ဇူသကလမ်း၊ လယ်ဝေးမြို့ ၀၆၇−၃၀၃၆၁
၆။ ဒက္ခိဏသီရိမြို့နယ်စာရင်းစစ်ရုံး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့ ၀၆၇−၅၅၀၃၂၆
၇။ ဇမ္ဗူသီရီမြို့နယ်စာရင်းစစ်ရုံး အမှတ်(T-16)၊ အောင်ဇမ္ဗူရပ်ကွက်၊ ဇမ္ဗူသီရိမြို့ ၀၆၇−၅၅၀၃၂၇
၈။ တပ်ကုန်းမြို့နယ်စာရင်းစစ်ရုံး နယ်မြေ(၃)၊ အောင်စိုးမိုးလမ်း၊မြ၀တီရပ်ကွက် ၀၆၇−၇၀၃၀၅
၉။ ဥတ္တရသီရိမြို့နယ်စာရင်းစစ်ရုံး ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ပုဗ္ဗသီရိမြို့ ၀၆၇−၅၁၀၁၆၈
၁၀။ ပုဗ္ဗသီရိမြို့နယ်စာရင်းစစ်ရုံး ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့ ၀၆၇−၅၁၀၁၆၉
၁၁။ ဇေယျာသီရိမြို့နယ်စာရင်းစစ်ရုံး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့ ၀၉−၄၀၀၃၀၇၀၁၈



















ရှေ့သို့