အထူးသတင်းကြေငြာချက်

လျှောက်ထားရန်

ဒေါ်လာရောင်း၊ဝယ် ဈေးနှုန်း

နိုင်ငံခြားငွေလဲလှယ်နှုန်း (၁၈.၁၀.၂၀၁၉)

အမေရိကန် တစ်ဒေါ်လာ ၁၅၃၃.၁
ဥရောပ တစ်ယူရို ၁၇၀၀.၃
တရုတ် တစ်ယွမ် ၂၁၆.၅၈
ထိုင်း တစ်ဘတ် ၅၀.၅၇၂
မလေးရှား တစ်ရင်းဂစ် ၃၆၆.၃၈
အိန္ဒိယ တစ်ရူပီ ၂၁.၅၂၀
ဂျပန် တစ်ရာယန်း ၁၄၀၈.၈
တောင်ကိုရီးယား တစ်ရာ၀မ် ၁၂၉.၉၇
သြစတြေးလျ တစ်ဒေါ်လာ ၁၀၄၃.၃
စင်ကာပူ တစ်ဒေါ်လာ ၁၁၂၁.၉
နေပြည်တော်ဘဏ်မှ ဝန်ဆောင်မှုပေးနေပါသည်။

နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန

နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန စတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း

၁။ စိုက်ပျိုးရေးဦးစီးဌာနသည် ၁၉၀၁ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးဌာနခွဲအဖြစ် စတင်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၂ ခုနှစ်တွင် မြေယာကျေးလက် ကြီးပွားတိုးတက်ရေး ကော်ပိုရေးရှင်းကို ဖွဲ့စည်း၍ စီးပွားရေးဆန်သော စိုက်ပျိုးရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။ ၁၉၅၇ ခုနှစ်တွင် လယ်ယာမြေအမျိုးအစားခွဲခြား၍ မြေဆီလွှာထိန်းသိမ်းရေး၊ မြေဆီလွှာတိုင်းတာရေးနှင့် သင့်လျော်သော သီးနှံပုံစံများ ချမှတ်ဆောင်ရွက်ရန် မြေအသုံးချရေးဌာနကို သီးခြားထပ်မံဖွဲ့စည်းခဲ့ပါသည်။ (၁၅.၃.၁၉၇၂)နေ့တွင် အောက်ဖော်ပြပါ ဌာနများအားပူးပေါင်း၍ လယ်ယာစိုက်ပျိုးရေးကော်ပိုရေးရှင်းဟု ဖွဲ့စည်းခဲ့ပြီး လယ်ယာနှင့်သစ်တောဝန်ကြီးဌာနအောက်တွင် လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်-

  • (၁) လယ်ယာစိုက်ပျိုးရေးဌာနခွဲ
  • (၂) မြေအသုံးချရေးဌာနခွဲ
  • (၃) မြေယာကျေးလက်ကြီးပွားတိုးတက်ရေးကော်ပိုရေးရှင်း (၂၀.၁၁.၁၉၅၂ နေ့မှစတင်ဖွဲ့စည်းခဲ့)

၂။ အစိုးရအဖွဲ့ရုံး၏ (၃၁.၃.၁၉၈၉)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၂/၈၉)အရ လယ်ယာစိုက်ပျိုးရေး ကော်ပိုရေးရှင်း(Agriculture Coorporation)ကို (၁၄.၂.၁၉၉၀)ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းအဖြစ် (Myanma Agriculture Service)ဟု ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။

၃။ (၁.၄.၂၀၀၄)ရက်နေ့တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ စိုက်ပျိုးရေးသုတေသနဌာနခွဲအား စိုက်ပျိုးရေးသုတေသနဦးစီးဌာနအဖြစ် ဖွဲ့စည်းပုံအသစ်ခွင့်ပြုချက်များဖြင့် သီးခြားဌာနအဖြစ် ဖွဲ့စည်းခဲ့ပါသည်။

၄။ (၁၉.၁.၂၀၁၂)နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ်(၃/၂၀၁၂)မှ သဘောတူခွင့်ပြုချက်အရ (၃.၂.၂၀၁၂)ရက်စွဲပါ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အမိန့်ကြော်ငြာစာဖြင့် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းကို စိုက်ပျိုးရေးဦးစီးဌာနအဖြစ်လည်းကောင်း၊ မြန်မာ့စက်မှုသီးနှံဖွံ့ဖြိုးရေးလုပ်ငန်းကို စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနအဖြစ်လည်းကောင်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၅။ ၂၀၁၅ခုနှစ် ဇန်နဝါရီလ(၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့၏ (၂/၂၀၁၅)ကြိမ်မြောက် အစည်းအဝေးမှ သဘောတူခွင့်ပြုချက်အရ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီး ဌာန(၂)ခု ပေါင်းစည်း၍ အရာထမ်းရာထူး(၁၉၀၁)နေရာ၊ အမှုထမ်းရာထူး(၂၂၀၉၉)နေရာ၊ စုစုပေါင်း(၂၄၀၀၀)နေရာဖြင့် ''စိုက်ပျိုးရေးဦးစီးဌာန" အမည်ဖြင့်ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၆။ (၁.၄.၂၀၁၃)နေ့မှစ၍ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနတွင် အရာထမ်း(၁၆)ဦး အမှုထမ်း(၇၈)ဦး၊ စုစုပေါင်း(၉၄)ဦးနေရာဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ခရိုင်ဦးစီးဌာနအနေဖြင့် အရာထမ်း(၅)ဦး၊ အမှုထမ်း(၂၇)ဦး စုစုပေါင်း(၃၂)ဦးနေရာဖြင့် ဖွဲ့စည်းခဲ့ပါသည်။ မြို့နယ်ဦးစီးဌာနအနေဖြင့် အရာထမ်း(၁)ဦး၊ အမှုထမ်း(၄၁)ဦး၊ စုစုပေါင်း(၄၂)ဦးနေရာဖြင့် ဖွဲ့စည်းခဲ့ပါသည်။

စိုက်ပျိုးရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ(Duties and Functions of Department of Agriculture)

စိုက်ပျိုးရေးဦးစီးဌာနသည် နိုင်ငံတော်၏ အဓိကတာဝန်ကြီးဖြစ်သည့် တောင်သူလယ်သမားများ၏ စီးပွားရေး အရှိန်အဟုတ်ဖြင့် ဖွံ့ဖြိုးထုတ်လုပ်နိုင်ရေးအတွက် အောက်ပါလုပ်ငန်းတာဝန်များအား ဆောင်ရွက်သွားမည်ဖြစ်ပါသည်−

    1. (၁)အဓိကအသီးအနှံများဖြစ်သည့် စပါး၊အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မုန်ညှင်းနှင့်ပန်းနှမ်း၊
    2. ပဲမျိုးစုံ၊ စားဖိုဆောင်သီးနှံများဖြစ်သည့် ငရုတ်ခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အာလူး၊
    3. ဟင်းသီးဟင်းရွက် သစ်သီးဝလံသီးနှံများအား မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များ စိုက်ပျိုးနိုင်ရေးအတွက်
    4. မျိုးစေ့ထုတ်လုပ်ပေးခြင်း၊ တောင်သူများ မျိုးကောင်းမျိးသန့်၊ မျိုးစေ့မျိုးများထုတ်လုပ်စိုက်ပျိုးနိုင်ရန်
    5. ပညာပေးခြင်း။(Seed Production တာဝန်)
    6. (၂)ယင်းသီးနှံများနှင့် ပက်သတ်၍ တောင်သူလယ်သမားများ၊ ခေတ်မီစိုက်ပျိုးရေးနည်းပညာများ အသုံးပြု
    7. နိုင်ရေး၊ သီးနှံအလိုက် စိုက်ပျိုးနည်းစနစ်များ တီထွင်အသုံးပြုနိုင်ရေး လေ့ကျင့်ပညာပေး
    8. ခြင်း(Training and Education တာဝန်)
    9. (၃)အရည်အသွေးနှင့်အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိးသန့်များ မျိုးစေ့များထုတ်လုပ်နိုင်ရန် သိပ္ပံနည်းကျ
    10. စိုက်နည်းစနစ်များအား သုတေသနပြုလုပ်ခြင်းနှင့် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိခြင်း။
    11. (Research and Development တာဝန်)
စိုက်ပျိုးရေးဦးစီးဌာန၏ ဆောင်ပုဒ်များ
  • မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင်စိုက်
  • ကောက်ကွက်ပြည့်မီရေးသည် ကောက်စိုက်လုံမေတို့၏ လက်ဝယ်တွင်ရှိ၏။
  • ချက်ကြံစိုက်ပျိုး နှစ်ချင်းဝင်ငွေတိုး။
  • အညာမြေယာ ရေရာသေချာ မြန်မာရွှေဝါစိုက်ပျိုးပါ။
  • ဘာပဲစိုက်စိုက် နေကြာညှပ်စိုက်။
  • မျိုးစေ့မမှန် ပင်မသန် ဖူးတံငုံကင်း အသီးဖျင်း၏။
  • သုံးသီးစိုက်ပျိုး နှစ်ခြင်းဝင်ငွေတိုး။
ဆက်သွယ်ရန် ဖုန်းနံပါတ်များ
ရုံး ၀၆၇−၅၅၀၂၂၆၊ ၀၆၇−၅၅၀၂၂၇
တိုင်းဦးစီးမှူး ၀၉−၄၉၂၃၇၁၃၁
ရုံးလိပ်စာ

နေပြည်တော်ကောင်စီဝင်းအတွင်း

စိုက်ပျိုးရေးဦးစီးဌာန၏ ရည်မှန်းချက်
    1. (၁) သီးနှံများ၏အထွက်နှုန်းများ ပိုမိုတိုးတက်အောင်ဆောင်ရွက်ရန်
    2. (၂) စိုက်ပျိုးရေးထွက်ကုန်များ ပြည်ပသို့ပိုမိုတင်ပို့နိုင်ရန်
    3. (၃) တန်ဖိုးမြှင့် ထုတ်ကုန်များထုတ်လုပ်ရန်
စိုက်ပျိုးရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ
    1. (၁) သီးနှံမျိုးကောင်း မျိုးသန့်များ မျိုးစေ့များထုတ်လုပ်ဆောင်ရွက်ရန်
    2. (၂) စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ( GAP ) တိုးတက်အောင်ဆောင်ရွက်ရန်နှင့်
    3. စိုက်ပျိုးပညာပေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်သွားရန်
    4. (၃) စီးပွားရေးတွက်ချေကိုက်၍ စျေးကွက်ဝင်သော သီးနှံများပိုမိုစိုက်ပျိုးလာစေရန်
    5. (၄) ပြောင်းလဲလာသောရာသီဥတုနှင့်ကိုက်ညီသော စိုက်ပျိုးရေးစနစ်များကျင့်သုံးရန်
    6. (၅) ဓါတုဗေဒပစ္စည်းများဖြစ်သော ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးများသုံးစွဲမှုလျော့ချရေးနှင့်
    7. သဘာဝမြေသြဇာများပိုမိုသုံးစွဲ၍ ဘေးအန္တရာယ်ကင်းရှင်းသော လယ်ယာထွက်ကုန်များ စိုက်ပျိုးထုတ်လုပ်ရန်
စိုက်ပျိုးရေးဦးစီးဌာန၏ဆောင်ပုဒ်များ
    1. ( ၁ ) မျိုးစေ့ထုတ်လုပ်ရေး ( Seed Production )
    2. ( ၂ ) လေ့ကျင့်ပညာပေးရေး ( Training and Education )
    3. ( ၃ ) သုတေသနနှင့်ဖွံ့ဖြိုးရေး ( Research and Development )
စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးဌာနမှကျင့်သုံးလျက်ရှိသော ဥပဒေ ၊ နည်းဥပဒေ ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များ စိုက်ပျိုးရေးဦးစီးဌာန၏ ဥပဒေ ( ၅ ) ခု
    1. ၁။ The Pesticide Law ( ပိုးသတ်ဆေးဥပဒေ )
    2. ၂။ The Fertilizer Law (ဓါတ်မြေသြဇာဥပဒေ )
    3. ၃။ Plant Pest Qusrantine Law ( အပင်ပိုးမွှားကာကွယ်သည့်ဥပဒေ )
    4. ၄။ Seed Law ( မျိုးစေ့ဥပဒေ )
    5. ၅။ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ
နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနများ၏ ရုံးလိပ်စာနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်များ
စဉ် တိုင်း/မြို့နယ် လိပ်စာ ဖုန်းနံပါတ်များ
ဥတ္တရခရိုင် မင်္ဂလာဒီပရပ်ကွက်၊ ပုဗ္ဗသီရိမြို့၊ နေပြည်တော်။ ၀၆၇-၅၁၀၁၉၃
တပ်ကုန်းမြို့နယ် ရန်ကုန်-မန္တလေးကားလမ်းဟောင်းဘေး၊ မြဝတီရပ်ကွက်၊
တပ်ကုန်းမြို့၊ နေပြည်တော်။
၀၆၇-၇၀၀၆၅
ဇေယျာသီရိမြို့နယ် ဇေယျာသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း ဦးစီးအရာရှိ- ၀၉- ၇၉၂၂၂၇၈၂၂၊ ၀၉-၄၂၀၇၃၃၃၄၈၊ ၀၉-၇၇၅၆၈၈၈၃၂
ဒု-မြို့နယ်ဦးစီးမှူး- ၀၉- ၄၂၀၇၄၀၉၄၁
စီမံကိန်းတာဝန်ခံ- ၀၉- ၇၈၁၈၂၃၅၁၅
ပုဗ္ဗသီရိမြို့နယ် ပုဗ္ဗသီရိမြို့၊ နေပြည်တော်။ ၀၉−၇၉၆၉၄၀၃၃၈
ဥတ္တရသီရိမြို့နယ် မြို့နယ်ဦးစီးမှူးရုံး၊ စိုက်ပျိုးရေးဦးစီးဌာန ဥတ္တရသီရိရပ်ကွက်၊
ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။
၀၉-၄၃၁၉၅၂၂၆
ဒက္ခိဏခရိုင် ပခ-၃၆၊ ဆေးဝါးသိုလှောင်ရုံးရှေ့ ၊ ပုဗ္ဗသီရိမြို့နယ် ၀၆၇−၅၅၀၃၀၇
၀၆၇−၅၅၀၃၉၄
ပျဉ်းမနားမြို့နယ် ရန်အောင်(၁)ရပ်ကွက်၊ မြင်းရတနာအနီး
ပျဉ်းမနားမြို့နယ်
၀၆၇−၂၂၀၃၈၊ ၀၆၇−၂၂၀၂၄
လယ်ဝေးမြို့နယ် အမှတ်(၇)ရပ်ကွက်၊ လယ်ဝေးမြို့၊
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်
၀၆၇-၃၀၃၅၆
ဇမ္ဗူသီရိမြို့နယ် နေပြည်တော်ကောင်စီဝန်း၊ စိုက်ပျိုးရေးဦးစီးဌာန
ဦးပိုင်အမှတ် - T ၂၄
၀၆၇−၅၅၀၃၉၅
၁၀ ဒက္ခိဏသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဒက္ခိဏသီရိမြို့နယ်ဦးစီးမှူးရုံး
ဒက္ခိဏသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၏ တောင်ဘက်
၀၉-၄၃၀၁၇၆၁၆
ဥတ္တရခရိုင်စိုက်ပျိုးရေးဦးစီးဌာန


တပ်ကုန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန


ပုဗ္ဗသီရိမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန


ဥတ္တရသီရိမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန


ဒက္ခိဏခရိုင်စိုက်ပျိုးရေးဦးစီးဌာန


ပျဉ်းမနားမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန


ဇမ္ဗူသီရိမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန


ဒက္ခိဏသီရိမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန


ရှေ့သို့