အမေရိကန် | တစ်ဒေါ်လာ | ၁၃၇၃.၉ |
ဥရောပ | တစ်ယူရို | ၁၅၅၅.၈ |
တရုတ် | တစ်ယွမ် | ၁၉၇.၇၃ |
ထိုင်း | တစ်ဘတ် | ၄၃.၆၉၉ |
မလေးရှား | တစ်ရင်းဂစ် | ၃၂၄.၈၄ |
အိန္ဒိယ | တစ်ရူပီ | ၁၈.၆၃၀ |
ဂျပန် | တစ်ရာယန်း | ၁၃၀၆.၂ |
တောင်ကိုရီးယား | တစ်ရာ၀မ် | ၁၁၅.၃၂ |
သြစတြေးလျ | တစ်ဒေါ်လာ | ၈၉၆.၈၀ |
စင်ကာပူ | တစ်ဒေါ်လာ | ၉၈၈.၁၀ |
နေပြည်တော်စီမံကိန်းဦးစီးရုံး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သည် မူလကမန္တလေး တိုင်းဒေသကြီးတွင်ပါဝင်ခဲ့ပြီး ၂၀၀၆ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် တပ်ကုန်း၊ ပျဉ်းမနား၊ လယ်ဝေးမြို့နယ်များပါဝင်သည့် ပျဉ်းမနားခရိုင်စီမံကိန်းရုံးအဖြစ် ဖွဲ့စည်းခဲ့ပါသည်။ ၂၀၀၉ ခုနှစ်တွင်နေပြည်တော်ခရိုင်အဖြစ်မူလ(၃) မြို့နယ်အားတိုးချဲ့၍ (၈) မြို့နယ်အထိဖွဲ့စည်းခဲ့ ပါသည်။၂၀၁၀ခုနှစ်သြဂုတ်လ(၁၁)ရက်နေ့တွင်ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊နေပြည်တော် ခရိုင်စီမံကိန်းဦးစီးရုံး အမည်ဖြင့်ရုံးနေရာပြောင်းဖွင့်လှစ်ခဲ့ပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ နေပြည်တော်ခရိုင်သည် ပြည်ထောင်စုနယ်မြေအဖြစ် သီးခြားဖြစ်ပေါ်လာပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအရ နေပြည်တော် မြောက်ပိုင်းခရိုင်ကို ဥတ္တရခရိုင်၊ နေပြည်တော်တောင်ပိုင်းခရိုင်ကို ဒက္ခိဏခရိုင်အဖြစ် ဖွဲ့စည်းခဲ့ ပါသည်။ နေပြည်တော်စီမံကိန်းဦးစီးရုံးသည် ဥတ္တရခရိုင် (တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်)၊ ဒက္ခိဏခရိုင် (လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ဇမ္ဗူသီရိ မြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်)ဖြင့် ဖွဲ့စည်း ထားပြီးရုံးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
ဦးစီးဌာန၏ တိုင်းဒေသကြီး / ခရိုင် / မြို့နယ်များ ဝန်ထမ်းဖွဲ့စည်းပုံ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် နေပြည်တော်စီမံကိန်းဦးစီးရုံး၊ ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်/ခရိုင်/မြို့နယ်ရုံးများ၏ ဝန်ထမ်းအင်အား ဖွဲ့စည်းပုံအနေဖြင့် ညွှန်ကြားရေးမှူး (၁) ဦး၊ဒုတိယညွှန်ကြားရေးမှူး(၄) ဦး၊လက်ထောက်ညွှန်ကြားရေးမှူး(၁၄) ဦး၊ဦးစီးအရာရှိ (၃၅) ဦး၊ ဒုတိယဦးစီးမှူး(၈၂) ဦး၊ဌာနခွဲစာရေး(၃) ဦး၊ စာရင်းကိုင်-၂ (၁) ဦး၊ အကြီးတန်းစာရေး (၁၁) ဦး၊ အကြီးတန်းလက်နှိပ်စက်စာရေး (၁) ဦး၊ စာရင်းကိုင်-၃ (၁) ဦး၊ အငယ်တန်းစာရေး (၁၂) ဦး၊ စာရင်းကိုင်-၄ (၁)ဦး၊ယာဉ်မောင်း-၅ (၃) ဦး၊ရုံးအကူ(၁၂) ဦး၊သန့်ရှင်းရေး(၁) ဦး၊ ညစောင့်နေ့စား (၁၁) ဦး၊ စုစုပေါင်းဝန်ထမ်းအင်အား (၁၉၃) ဦး ဖြင့် ဖွဲ့စည်းထားပါသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် နေပြည်တော်စီမံကိန်းဦးစီးရုံး၊ ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်/ခရိုင်/မြို့နယ်ရုံးများ၏ဝန်ထမ်းအင်အားခန့်ထားမှုအနေဖြင့်ညွှန်ကြားရေးမှူး(၁)ဦး၊ ဒုတိယညွှန်ကြားရေးမှူး (၄) ဦး၊ လက်ထောက် ညွှန်ကြားရေးမှူး (၁၄) ဦး၊ ဦးစီးအရာရှိ(၁၈) ဦး၊ ဒုတိယဦးစီးမှူး(၄) ဦး၊ အကြီးတန်း စာရေး(၃)ဦး၊ အငယ်တန်းစာရေး(၅)ဦး၊ စာရင်းကိုင်-၄ (၁)ဦး၊ယာဉ်မောင်း-၅(၂)ဦး၊ရုံးအကူ(၃)ဦး၊ ညစောင့်နေ့စား(၃)ဦး၊ စုစုပေါင်း ဝန်ထမ်းအင်အား(၅၈)ဦးဖြင့် တာဝန် ထမ်းဆောင်လျက်ရှိပါသည်။
ရည်မှန်းချက်နှင့်လုပ်ငန်းတာဝန်များနေပြည်တော်စီမံကိန်းဦးစီးရုံး၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ နေပြည်တော်စီမံကိန်း ဦးစီးရုံး၏လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
၁။ စီမံကိန်းများရေးဆွဲတင်ပြခြင်း
၂။ စီမံကိန်းအကောင်အထည်ဖော်နိုင်မှု အခြေအနေကို စုစည်းသုံးသပ်တင်ပြခြင်း
၃။ စုစုပေါင်းထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး(ဂျီဒီပီ) တွက်ချက်ခြင်းနှင့် သုံးသပ်တင်ပြခြင်း
၄။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် သက်ဆိုင်သည့် စာရင်းများကို စုစည်းသုံးသပ် တင်ပြခြင်း
၅။ ကုန်ဈေးနှုန်းများ၊အခွန်အကောက်များ၊ သယ်ယူပို့ဆောင်ရေးစရိတ်များ၊ ထုတ်လုပ်မှုစရိတ် များစုစည်းတွက်ချက်တင်ပြခြင်း
၆။ ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၏ ဘဏ္ဍာရေး၊ စီးပွားရေးနှင့် လူမှုရေးအခြေအနေများ ပြောင်းလဲမှုကို စိစစ်သုံးသပ်တင်ပြခြင်း
၇။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စီမံကိန်းဦးစီးရုံး၏ စီမံရေးရာကိစ္စရပ်များ၊ ဝန်ထမ်း ရေးရာကိစ္စရပ်များ ၊ ငွေစာရင်းဆိုင်ရာ ကိစ္စရပ်များကို တာဝန်ခံဆောင်ရွက်ခြင်း
၈။ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများရေးဆွဲရာတွင် မြို့နယ်များ၏လိုအပ်ချက်နှင့် ဦးစားပေးဆောင်ရွက်ရမည့် သင့်တော်သည့် လုပ်ငန်းများကို ရွေးချယ်၍ အစီအမံများထည့်သွင်းဆောင်ရွက်ခြင်း
၉။ မြို့နယ်အတွင်းရှိ လူမှုစီးပွားရေး ညွှန်ကိန်းများ ပြည့်စုံစေရေးအတွက် လိုအပ်သော သတင်းအချက်အလက်များ ရရှိရေးဆောင်ရွက်ခြင်း
၁၀။ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော နှစ်စဉ်စီမံကိန်းနှင့် စပ်လျဉ်းသည့် အစီရင် ခံစာများကို လစဉ်စုစည်းတွက်ချက်၍ စိစစ်သုံးသပ်ချက်များနှင့်အတူ နေပြည်တော် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီသို့တင်ပြခြင်း
၁၁။ မြို့နယ်များတွင်ထားရှိရမည့် စာရင်းဇယားများ၊ မြို့နယ်များ၏ ဖွံ့ဖြိုးမှုဆိုင်ရာ လက်ရှိ အခြေအနေများ၊ ဖွံ့ဖြိုးမှုရရှိနိုင်သည့် အနာဂါတ်အလားအလာ အခြေအနေများ၊ အားသာ ချက်များ၊ အားနည်းချက်များ ပါဝင်သည့် ဖွံ့ဖြိုးမှုအခြေအနေများကို ပြုစုထားရှိရေး ဆောင်ရွက်ခြင်း
၁၂။ အမျိုးသားစာရင်းအင်းစနစ် SNA 1993 မှ 2008 သို့ ပြောင်းလဲတွက်ချက်နိုင်ရေး အတွက်လိုအပ်သော စာရင်းဇယားများ ကောက်ယူခြင်း၊ စုစည်းခြင်း၊ တင်ပြခြင်းနှင့် MSICs code အရ စီးပွားရေးလုပ်ငန်းများစာရင်း Business Listing ကို ကောက်ယူ စုစည်းတင်ပြခြင်း
၁၃။ မြို့နယ်၊ ခရိုင်နှင့် နေပြည်တော်အဆင့် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီအစည်းအဝေးများ ကျင်းပ၍ ကော်မတီဝင်များနှင့် စီမံကိန်းများရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းဆိုင်ရာ လုပ်ငန်းများအား ညှိနှိုင်းဆောင်ရွက်ခြင်း
ဦးစီးဌာနမှ ကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်းဥပဒေ ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၁၀၀(ခ)အရ ပြည်ထောင်စုအစိုးရကသာ တင်သွင်းခွင့်ရှိသော နိုင်ငံတော်၏ အမျိုးသားစီမံကိန်း၊ နှစ်စဉ်အရ-အသုံး ခန့်မှန်းခြေငွေစာရင်းနှင့် အခွန်အကောက် ဆိုင်ရာဥပဒေကြမ်းများကို သတ်မှတ်ထားသော နည်းလမ်းများနှင့်အညီ ပြည်ထောင်စုလွှတ်တော် ၌ ဆွေးနွေးဆုံးဖြတ်ရမည်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၂၀ အရ ‘ပြည်ထောင်စုအစိုးရ’ သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ပြည်ထောင်စုအစိုးရ၏ မူဝါဒများကို ချမှတ် ရမည်။ ယင်းမူဝါဒနှင့်အညီ လိုအပ်သောစီမံကိန်းများကို ရေးဆွဲ၍ ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဟူသော ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်နှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေတွင် ဖော်ပြထားသည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် စီမံကိန်းရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် နေပြည်တော် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ ၊ ခရိုင် စီမံကိန်းရေးဆွဲအကောင် အထည်ဖော်ရေး ကော်မတီ ၊ မြို့နယ်စီမံကိန်း ရေးဆွဲ အကောင် အထည်ဖော်ရေးကော်မတီများကို ဖွဲ့စည်းထားရှိပါသည်။
နေပြည်တော်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်းထားရှိပါသည်။
(က) | စီမံကိန်းနှင့်သက်ဆိုင်သည့်ဝန်ကြီး(နေပြည်တော်ကောင်စီဝင်) | ဥက္ကဌ |
(ခ) | အင်ဂျင်နီယာချုပ်၊ နေပြည်တော်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း | အဖွဲ့ဝင် |
(ဂ) | ဒုတိယညွှန်ကြားရေးမှူးရေးချုပ်၊ နေပြည်တော်ကုသရေး | အဖွဲ့ဝင် |
(ဃ) | ညွှန်ကြားရေးမှူး၊ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန | အဖွဲ့ဝင် |
(င) | ညွှန်ကြားရေးမှူး၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန | အဖွဲ့ဝင် |
(စ) | ညွှန်ကြားရေးမှူး၊နေပြည်တော်လမ်းဦးစီးဌာန | အဖွဲ့ဝင် |
(ဆ) | ညွှန်ကြားရေးမှူး၊ နေပြည်တော်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန | အဖွဲ့ဝင် |
(ဇ) | ညွှန်ကြားရေးမှူး၊ နေပြည်တော်သစ်တော်ဦးစီးဌာန | အဖွဲ့ဝင် |
(ဈ) | ညွှန်ကြားရေးမှူး၊ နေပြည်တော်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန | အဖွဲ့ဝင် |
(ည) | ညွှန်ကြားရေးမှူး၊ နေပြည်တော်ပညာရေးမှူးရုံး | အဖွဲ့ဝင် |
(ဋ) | ညွှန်ကြားရေးမှူး(လမ်းတံတားဌာန)၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ | အဖွဲ့ဝင် |
(ဌ) | ညွှန်ကြားရေးမှူး၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး အလုပ်သမား၊ လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည့်သူအင်အား၀န်ကြီးဌာန | အဖွဲ့ဝင် |
(ဍ) | ဒုတိယညွှန်ကြားရေးမှူး၊နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန | အဖွဲ့ဝင် |
(ဎ) | ဒုတိယညွှန်ကြားရေးမှူး၊နေပြည်တော်စက်မှုလယ်ယာဦးစီးဌာန | အဖွဲ့ဝင် |
(ဏ) | ဒုတိယညွှန်ကြားရေးမှူး၊ နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန | အဖွဲ့ဝင် |
(တ) | ဒုတိယညွှန်ကြားရေးမှူး၊ နေပြည်တော်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန | အဖွဲ့ဝင် |
(ထ) | စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်(ပုဂ္ဂလိက ကဏ္ဍ) | အဖွဲ့ဝင် |
(ဒ) | စက်မှု/ဆောက်လုပ်ရေးလုပ်ငန်းရှင်(ပုဂ္ဂလိက ကဏ္ဍ) | အဖွဲ့ဝင် |
(ဓ) | ၀န်ဆောင်မှုလုပ်ငန်းများလုပ်ငန်းရှင်(ပုဂ္ဂလိက ကဏ္ဍ) | အဖွဲ့ဝင် |
(န) | ရပ်မိရပ်ဖ | အဖွဲ့ဝင် |
(ပ) | ညွှန်ကြားရေးမှူး၊ နေပြည်တော်စီမံကိန်းရေးဆွဲရေးဦးစီးဌာန | အတွင်းရေးမှူး |
(ဖ) | ညွှန်ကြားရေးမှူး၊ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန | တွဲဖက်အတွင်းရေးမှူး |
နေပြည်တော်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ၏ လုပ်ငန်းတာဝန်များ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
နေပြည်တော်စီမံကိန်းဦးစီးရုံး
ပျဉ်းမနား-တောင်ညိုလမ်း၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်ကောင်စီဝန်းအတွင်း။
၀၆၇-၅၅၀၂၂၁/ ၀၆၇-၅၅၀၁၈၇
ဥတ္တရခရိုင်စီမံကိန်းဦးစီးရုံးနှင့် ပုဗ္ဗသီရိမြို့နယ်စီမံကိန်းဦးစီးရုံး
၁၂/ချင်းတွင်းအနောက်ရပ်၊မင်္ဂလာဒီပရပ်ကွက် ၊ပုဗ္ဗသီရိမြို့နယ်၊နေပြည်တော်။
၀၆၇-၅၁၀၁၉၈
ဇေယျာသီရိမြို့နယ်စီမံကိန်းဦးစီးရုံး
ရေတွင်းကုန်းကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်း ဇေယျာသီရိမြို့နယ်။
စဉ် | ရုံးအမည် | လိပ်စာ | ဖုန်းနံပါတ် |
---|---|---|---|
၁။ | တပ်ကုန်းမြို့နယ် | မြဝတီရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာနရုံးဝန်းအတွင်း၊ တပ်ကုန်း မြို့နယ် | ၀၆၇-၇၀၀၀၅ |
၂။ | ဥတ္တရသီရိမြို့နယ် | ကျိုင်းတုံလမ်း၊ ဥတ္တရသီရိ ရပ်ကွက်၊ ဥတ္တရသီရိမြို့နယ် | - |
၃။ | ဒက္ခိဏခရိုင် | ပျဉ်းမနား-တောင်ညိုလမ်း၊ ဇမ္ဗူသီရမြို့နယ်၊နေပြည်တော်ကောင်စီဝန်း အတွင်း။ | ၀၆၇-၅၅၀၃၈၇ |
၄။ | ပျဉ်းမနားမြို့နယ် | ရန်အောင်(၁)ရပ်ကွက်၊ ဘီအိုစီ ရပ်၊ ရန်ကုန်-မန္တလေး လမ်း၊ ဆင်ရတနာအနီး၊ပျဉ်းမနားမြို့။ | ၀၆၇-၂၂၀၅၃ |
၅။ | လယ်ဝေးမြို့နယ် | ၁၈၃၀/ကြပ်ပြင်ကြီး၊ အမှတ်(၇)ရပ်ကွက်၊ လယ်ဝေးမြို့နယ် | ၀၆၇-၃၀၃၄၇ |
၆။ | ဇမ္ဗူသီရိမြို့နယ် | ပျဉ်းမနား-တောင်ညိုလမ်း၊ ဇမ္ဗူသီရိမြို့နယ်၊နေပြည်တော်ကောင်စီဝန်း အတွင်း။ | ၀၆၇-၅၅၀၃၈၇ |
၇။ | ဒက္ခိဏသီရိမြို့နယ် | စုပေါင်းရုံးဝန်းအတွင်း၊ ဒက္ခိဏရပ်ကွက် ၊ ဒက္ခိဏသီရိ မြို့နယ် | - |