အမေရိကန် | တစ်ဒေါ်လာ | ၁၃၇၃.၉ |
ဥရောပ | တစ်ယူရို | ၁၅၅၅.၈ |
တရုတ် | တစ်ယွမ် | ၁၉၇.၇၃ |
ထိုင်း | တစ်ဘတ် | ၄၃.၆၉၉ |
မလေးရှား | တစ်ရင်းဂစ် | ၃၂၄.၈၄ |
အိန္ဒိယ | တစ်ရူပီ | ၁၈.၆၃၀ |
ဂျပန် | တစ်ရာယန်း | ၁၃၀၆.၂ |
တောင်ကိုရီးယား | တစ်ရာ၀မ် | ၁၁၅.၃၂ |
သြစတြေးလျ | တစ်ဒေါ်လာ | ၈၉၆.၈၀ |
စင်ကာပူ | တစ်ဒေါ်လာ | ၉၈၈.၁၀ |
မြန်မာ့တိုင်းရင်းဆေးပညာသည် လူသားများစတင်ပေါ်ပေါက်လာစဉ်ကပင် ဖြစ်ထွန်း ပေါ်ပေါက်ခဲ့ပါသည်။ မြန်မာ့သမိုင်းစဉ်တစ်လျှောက်လုံးနှင့် သရေခေတ္တရာ၊ ပုဂံ၊ ပင်းယခေတ်များ တွင် မိမိတို့ကိုယ်ပိုင် တိုင်းရင်းဆေးပညာဖြင့် ရပ်တည်ခဲ့သည်။
အင်းဝခေတ်နရပတိမင်းလက်ထက် (၈၀၄-၈၃၀)တက်နွယ်ကျောင်းကျောက်စာတွင် ဆေးကျမ်း မည်များရေးထိုးထားကြောင်းတွေ့ရသည်။ ကန်တော်မင်းကျောင်းဆရာတော်၊ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ၊ ရှင်အဂ္ဂသမာဓိတို့က ဆေးပညာဆိုင်ရာများရေးသားခဲ့သည်။ ဓာတုဒီပနီကျမ်းကို မြန်မာဘာသာပြန်ဆိုခဲ့သည်။ ဒုတိယအင်းဝခေတ်တွင် နက္ခတ်ဆေးပညာပြန့်ပွားခဲ့သည်။
ကုန်းဘောင်ခေတ်တောင်တွင်းဆရာတော်ခင်ကြီးပျော်ကဓာတုဗေဒကျမ်းရင်း၊ အင်္ဂဝိဇ္ဇာဋီကာနှင့် နက္ခတ် ဆိုင်ရာကျမ်းများရေးသားခဲ့သည်။ သက်ပန်းဆရာတော်က ဓာတုဝိဘာဂဒီပနိဿယ၊ ဦးမြတ်ထွန်း က သမားစဉ်ကုထုံး၊ မောင်းထောင်သာသနာပိုင်ဆရာတော်က ဒြဗျဂုဏပြကာသ၊ သာရကောမုဒိ၊ သြသဓ ရတနာကရ၊ ဓာတုပြသံသ၊ ကာမရတနကျမ်းများ ဘာသာပြန်ဆိုခဲ့သည်။ အင်းဝမြို့ဝန် စာရေး ဦးကောင်းက နရသုခိကျမ်းရေးသားခဲ့သည်။ ဤခေတ်အလယ်ပိုင်းတွင် နရသြသဓ၊ နယ မာလာ၊ နရတန်ဆောင်နှင့်နယရာသီဆေးကျမ်းများ ပေါ်ပေါက်ခဲ့သည်။ ဘကြီးတော်မင်းလက်ထက် ရှင်ပဒုမကဒဗ္ဗဂုဏပကာသနီကျမ်းရေးသားခဲ့သည်။မေဂျာဗားနေးက အင်္ဂလိပ်ဆေးစာအနာကုနည်း ကျမ်းကို ရေးသားခဲ့သည်။
ရတနာပုံခေတ်လင်္ကာရာမဆရာတော်က ဘေသဇ္ဇမဉ္ဇူသာဆေးကျမ်းကို မြန်မာပြန်ဆိုခဲ့သည်။ ယော အတွင်းဝန်ဦးဘိုးလှိုင်က ကာယာနုပဿနာကျမ်း၊ ဥတုဘောဇနသင်္ဂဟကျမ်းများကို ပြုစုခဲ့သည်။ တောင်သာဆရာကြီး ဦးမှုန့်က အပူနာ (၃)မျိုး၊ အအေးနာ(၃)မျိုး = (၆)လုံးကောက် ဆေးပညာကို တီထွင်ခဲ့သည်။ မင်းတုန်းမင်းလက်ထက်တွင်တိုင်းရင်းဆေးသမားတော်များနှင့်အတူ ဒေါ်တာမာဖီး ပူးတွဲကုသခဲ့သည်။
အင်္ဂလိပ်ခေတ်တိုင်းရင်းဆေးကိုဖိနှိပ်၍ အနောက်တိုင်းဆေးကို အားပေးခဲ့သည်။ မျိုးချစ်စိတ်ထက် သန်သူများက တိုင်းရင်းဆေးပညာကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။
စစ်ပြီးခေတ်၁၉၅၂ တွင် အခမဲ့ တိုင်းရင်းဆေးကုဌာနများကို နိုင်ငံတော်အစိုးရက ရန်ကုန်နှင့် မန္တလေးမြို့များတွင် (၉)ခန်းစီ ဖွင့်လှစ်ပေးခဲ့သည်။
တော်လှန်ရေးကောင်စီခေတ်၁၉၆၂ မှစ၍ ဒေသနာ၊ ဘေသဇ္ဇ၊ နက္ခတ္တဟူသော ဘာသာရပ်(၃)မျိုးဖြင့် စာမေးပွဲ စစ်ဆေးပေးခဲ့ရာ အောင်မြင်သူပေါင်း (၇၄၆၂)ဦးရှိခဲ့သည်။ ၁၉၆၉ တွင် တိုင်းရင်းဆေးပညာ နှီးနှော ဖလှယ်ပွဲကို ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမပ၌ ကျင်းပခဲ့သည်။ ၁၉၇၆ ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့တွင် တိုင်းရင်းဆေးသိပ္ပံကို မန္တလေးမြို့၌ဖွင့်လှစ်ခဲ့သည်။ ၁၉၇၆ ခုနှစ်၊ အောက်တိုဘာ လ(၄)ရက်နေ့တွင် တိုင်းရင်းဆေးရုံကို မန္တလေးမြို့၌ဖွင့်လှစ်ခဲ့သည်။ ၁၉၈၀ ခုနှစ်၊ ဇူလိုင်လ (၂)ရက် နေ့တွင် (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံကို ရန်ကုန်မြို့၌ ဖွင့်လှစ်ပေးခဲ့သည်။
ဦးစီးဌာနစတင်ပေါ်ပေါက်လာပုံ၁၉၈၉ ခုနှစ်၊ သြဂုတ်လ(၃)ရက်နေ့တွင် တိုင်းရင်းဆေးပညာဦးစီးဌာနကို နိုင်ငံတော် အစိုးရက စတင်ဖွဲ့စည်းပေးခဲ့သည်။ ၁၉၉၈ ခုနှစ်၊ ဇန်နဝါရီလတွင် တိုင်းရင်းဆေးပညာဦးစီးဌာနကို အဆင့်(၁)ဦးစီးဌာနအဖြစ် တိုးမြှင့်ပေးခဲ့သည်။ ၂၀၀၂ ခုနှစ်၊ နှစ်လယ်ပိုင်းအထိ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ(၂)ရုံ၊ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ(၁၀)ရုံ၊ ခရိုင် တိုင်းရင်းဆေးကုဌာန(၁၄)ခန်း နှင့် မြို့နယ်တိုင်းရင်းဆေးကုဌာန(၂၀၀)ကျော်ကို ဖွင့်လှစ်ပေးခဲ့သည်။ ၂၀၁၂/၂၀၁၃ ခုနှစ်တွင် ခုတင်(၅၀) တိုင်းရင်းဆေးရုံရန်ကုန်နှင့် မန္တလေးအားခုတင်(၁၀၀) တိုင်းရင်းဆေးရုံ အဖြစ်လည်း ကောင်း၊ မြစ်ကြီးနား၊ မုံရွာ၊ မကွေး(၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံများကို ခုတင်(၅၀)ဆံ့တိုင်းရင်း ဆေးရုံအဖြစ်လည်းကောင်း၊ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ(၁၀)ရုံနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာန (၁၁)ခုတို့ကို တိုးချဲ့ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။ ယခုအခါ ခုတင်(၁၀၀)တိုင်းရင်းဆေးရုံ(၃)ရုံ၊ ခုတင် (၅၀)ဆံ့တိုင်းရင်းဆေးရုံ(၉)ရုံ၊ (၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံ (၄)ရုံ၊ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ (၆)ရုံ၊ ခရိုင်တိုင်းရင်းဆေးကုဌာန(၅၀)ခု၊ မြို့နယ်တိုင်းရင်းဆေးကုဌာန(၂၁၀)ခန်းတို့ဖြင့် တိုင်းရင်း ဆေးပညာဖြင့်ကျယ်ကျယ်ပြန့်ပြန့်ကုသနိုင်ရန်အတွက် ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။
တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံ(၂)ရုံ၊ ယခုအခါ ၂၀၁၂/၂၀၁၃ခုနှစ်တွင် GMP တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံကြီး (မန္တလေး)ကိုလည်း ဆောက်လုပ်လျှက် ရှိပါသည်။ ပရဆေးဥယျာဉ်(၉)ခုမြောက်အဖြစ်နေပြည်တော်ပရဆေးဥယျာဉ်ကြီးကိုလည်းဖွင့်လှစ်နိုင်ခဲ့ပါသည်။၂၀၀၀ ပြည့်နှစ်မှစ၍ နိုင်ငံတော်အဆင့် တိုင်းရင်းဆေးသမားတော်များ ညီလာခံ၊ တိုင်းရင်းဆေးနှင့် ဆေးပစ္စည်းပြပွဲများကို နှစ်စဉ်ကျင်းပပေးခဲ့သည်။ တိုင်းရင်းဆေးတက္ကသိုလ်ကို ၂၀၀၁ခုနှစ်၊ ဒီဇင်ဘာလ၌ မန္တလေးမြို့တွင် ဖွင့်လှစ်ပေးခဲ့သည်။ ယခုအခါ ၂၀၁၁ခုနှစ်မှစ၍ နှစ်စဉ် တိုင်းရင်းဆေးတက္ကသိုလ်ကို Bridge Course (ပေါင်းကူးသင်တန်းများ)၊ မဟာဘွဲ့သင်တန်းများ ကိုလည်းတိုင်းရင်းဆေးတက္ကသိုလ်တွင် ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်စေရန် တိုင်းရင်းဆေးဝါးမှတ်ပုံတင်ခြင်း၊ ဓာတ်ခွဲ စမ်းသပ်သုတေသနပြုလုပ်ခြင်း၊ တိုင်းရင်းဆေးရုံဆေးကုဌာနများ တိုးချဲ့ဖွင့်လှစ်ခြင်း၊ ဆွေးနွေးပွဲ နှင့်စာတမ်းဖတ်ပွဲများကျင်းပခြင်း၊ တိုင်းရင်းဆေးပညာသင်တန်းအမျိုးမျိုးပို့ချခြင်း၊ ရုပ်မြင် သံကြားနှင့် ရေဒီယိုတို့မှ ထုတ်လွှင့်ခြင်း၊ တိုင်းရင်းဆေးပညာဆိုင်ရာကျမ်းများ၊ စာအုပ်စာတမ်း၊ ပိုစတာ၊ လက်ကမ်းစာစောင်များ ရိုက်နှိပ်ထုတ်ဝေခြင်းနှင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ပြတိုက်များ ဖွင့်လှစ်ပြသခြင်းစသည့်လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိပါသည်။
တိုင်းရင်းဆေးပညာဦးစီးဌာန၏ ပြည်နယ် - တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်များ ဝန်ထမ်း ဖွဲ့စည်းပုံများ ပြည်နယ်-တိုင်းဒေသကြီးဝန်ထမ်းဖွဲ့စည်းပုံစဉ် | ရာထူးအမည် | လစာနှုန်း | ခွင့်ပြု |
---|---|---|---|
၁ | ဒုတိယညွှန်ကြားရေးမှူး(တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာနမှူး) | ၃၁၀၀၀၀-၄၀၀၀-၃၃၀၀၀၀ | ၁ |
၂ | လက်ထောက်ညွှန်ကြားရေးမှူး (ဒု-တိုင်းဒေသကြီး/ပြည်နယ်ဦးစီးဌာနမှူး) | ၂၈၀၀၀၀-၄၀၀၀-၃၀၀၀၀၀ | ၁ |
၃ | ဦးစီးအရာရှိ | ၂၅၀၀၀၀-၄၀၀၀-၂၇၀၀၀၀ | ၃ |
၄ | ရုံးအုပ် | ၁၉၅၀၀၀-၂၀၀၀-၂၀၅၀၀၀ | ၁ |
၅ | ဌာနခွဲစာရေး | ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀ | ၁ |
၆ | အကြီးတန်းစာရေး | ၁၆၅၀၀၀-၂၀၀၀-၁၇၅၀၀၀ | ၄ |
၇ | အငယ်တန်းစာရေး | ၁၅၀၀၀၀-၂၀၀၀-၁၆၀၀၀၀ | ၄ |
၈ | အငယ်တန်းလက်နှိပ်စက်/ဒု-လ/ထကွန်ပျူတာ လုပ်ဆောင်ရေးမှူး | ၁၅၀၀၀၀-၂၀၀၀-၁၆၀၀၀၀ | ၁ |
၉ | ယာဉ်မောင်း (၅) | ၁၃၅၀၀၀-၂၀၀၀-၁၄၅၀၀၀ | ၂ |
၁၀ | ရုံးအကူ | ၁၂၀၀၀၀-၂၀၀၀-၁၃၀၀၀၀ | ၂ |
၁၁ | အစောင့် | ၁၂၀၀၀၀-၂၀၀၀-၁၃၀၀၀၀ | ၂ |
၁၂ | သန့်ရှင်းရေး(အကူ) | ၁၂၀၀၀၀-၂၀၀၀-၁၃၀၀၀၀ | ၂ |
စုစုပေါင်း | ၂၄ |
စဉ် | ရာထူးအမည် | လစာနှုန်း | ခွင့်ပြု |
---|---|---|---|
၁ | ခရိုင်တိုင်းရင်းဆေးမှူး | ၂၅၀၀၀၀-၄၀၀၀-၂၇၀၀၀၀ | ၁ |
၂ | ဒု-တိုင်းရင်းဆေးမှူး | ၁၉၅၀၀၀-၂၀၀၀-၂၀၅၀၀၀ | ၁ |
၃ | အကြီးတန်းစာရေး | ၁၆၅၀၀၀-၂၀၀၀-၁၇၅၀၀၀ | ၁ |
၄ | ရုံးအကူ | ၁၂၀၀၀၀-၂၀၀၀-၁၃၀၀၀၀ | ၁ |
စုစုပေါင်း | ၄ |
စဉ် | ရာထူးအမည် | လစာနှုန်း | ခွင့်ပြု |
---|---|---|---|
၁ | လက်ထောက်ညွှန်ကြားရေးမှူး (ခရိုင်တိုင်းရင်းဆေးမှူး) | ၂၈၀၀၀၀-၄၀၀၀-၃၀၀၀၀၀ | ၁ |
၂ | ဦးစီးအရာရှိ (တိုင်းရင်းဆေးမှူး) | ၂၅၀၀၀၀-၄၀၀၀-၂၇၀၀၀၀ | ၁ |
၃ | ဦးစီးအရာရှိ | ၂၅၀၀၀၀-၄၀၀၀-၂၇၀၀၀၀ | ၁ |
၄ | ကျန်းမာရေးမှူး-၁ (ဒုတိယတိုင်းရင်းဆေးမှူး) | ၁၉၅၀၀၀-၂၀၀၀-၂၀၅၀၀၀ | ၂ |
၅ | ဌာနခွဲစာရေး(ငွေ/စီမံ) | ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀ | ၁ |
၆ | ကျန်းမာရေးမှူး-၂ (လက်ထောက်တိုင်းရင်းဆေးမှူး) | ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀ | ၂ |
၇ | အကြီးတန်းစာရေး (ငွေစာရင်း) | ၁၆၅၀၀၀-၂၀၀၀-၁၇၅၀၀၀ | ၂ |
၈ | အငယ်တန်းစာရေး | ၁၅၀၀၀၀-၂၀၀၀-၁၆၀၀၀၀ | ၂ |
၉ | ယာဉ်မောင်း (၅) | ၁၃၅၀၀၀-၂၀၀၀-၁၄၅၀၀၀ | ၁ |
၁၀ | ရုံးအကူ | ၁၂၀၀၀၀-၂၀၀၀-၁၃၀၀၀၀ | ၁ |
၁၁ | လုပ်သား (လုံခြုံရေး) | ၁၂၀၀၀၀-၂၀၀၀-၁၃၀၀၀၀ | ၂ |
၁၂ | လုပ်သား( သန့်ရှင်းရေးအကူ) | ၁၂၀၀၀၀-၂၀၀၀-၁၃၀၀၀၀ | ၁ |
စုစုပေါင်း | ၁၇ |
စဉ် | ရာထူးအမည် | လစာနှုန်း | ခွင့်ပြု |
---|---|---|---|
၁ | ဒုတိယတိုင်းရင်းဆေးမှူး | ၁၉၅၀၀၀-၂၀၀၀-၂၀၅၀၀၀ | ၁ |
၂ | လက်ထောက်တိုင်းရင်းဆေးမှူး | ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀ | ၁ |
၃ | ဒု-လက်ထောက်တိုင်းရင်းဆေးမှူး | ၁၆၅၀၀၀-၂၀၀၀-၁၇၅၀၀၀ | ၁ |
၄ | ရုံးအကူ | ၁၂၀၀၀၀-၂၀၀၀-၁၃၀၀၀၀ | ၁ |
၅ | လုပ်သား(လုံခြုံရေး) | ၁၂၀၀၀၀-၂၀၀၀-၁၃၀၀၀၀ | ၁ |
စုစုပေါင်း | ၅ |
တိုင်းရင်းဆေးပညာဦးစီးဌာနသည် မြန်မာ့တိုင်းရင်းဆေးဖြင့် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ရေးအတွက် -
နေပြည်တော်တိုင်းရင်းဆေးပညာဦးစီးမှူးရုံး
ဒက္ခိဏခရိုင်တိုင်းရင်းဆေးကုဌာန
ရုံးလမ်း၊ ရန်အောင်(၁)ရက်ကွက်၊ ပျဉ်းမနားမြို့နယ်။
၀၆၇-၂၂၇၂၁
လယ်ဝေးမြို့နယ်တိုင်းရင်းဆေးကုဌာန
မြို့သစ်(၁)လမ်း၊ အမှတ်(၄)ရပ်ကွက်၊ လယ်ဝေးမြို့။
၀၉-၄၂၀၇၅၁၄၀၇
အေလာမြို့တိုင်းရင်းဆေးကုဌာန
(၁)လမ်း၊မြို့သစ်ရပ်ကွက်၊ အေလာမြို့။
၀၉-၄၂၀၇၂၂၆၀၀
တပ်ကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာန
နယ်မြေ(၁၀)၊ စည်ပင်လမ်း၊ မြဝတီရပ်ကွက်၊ တပ်ကုန်းမြို့။
၀၉-၂၅၆၅၆၅၈၇၄