အထူးသတင်းကြေငြာချက်

လျှောက်ထားရန်

ဒေါ်လာရောင်း၊ဝယ် ဈေးနှုန်း

နိုင်ငံခြားငွေလဲလှယ်နှုန်း (၁၈.၁၀.၂၀၁၉)

အမေရိကန် တစ်ဒေါ်လာ ၁၅၃၃.၁
ဥရောပ တစ်ယူရို ၁၇၀၀.၃
တရုတ် တစ်ယွမ် ၂၁၆.၅၈
ထိုင်း တစ်ဘတ် ၅၀.၅၇၂
မလေးရှား တစ်ရင်းဂစ် ၃၆၆.၃၈
အိန္ဒိယ တစ်ရူပီ ၂၁.၅၂၀
ဂျပန် တစ်ရာယန်း ၁၄၀၈.၈
တောင်ကိုရီးယား တစ်ရာ၀မ် ၁၂၉.၉၇
သြစတြေးလျ တစ်ဒေါ်လာ ၁၀၄၃.၃
စင်ကာပူ တစ်ဒေါ်လာ ၁၁၂၁.၉
နေပြည်တော်ဘဏ်မှ ဝန်ဆောင်မှုပေးနေပါသည်။

နေပြည်တော်ပြည်တွင်းအခွန်များဦးစီးဌာန

အခွန်စတင်ပေါ်ပေါက်လာပုံ

အခွန်သည် ရှေးကနဦးအစကပင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်ဟု ပညာရှင်များက ဆိုကြသည်။ ရှေးခေတ်ကာလက လူသားတို့သည် ယဉ်ကျေးမှုဘာသာစကားများ ထွန်းကားခြင်းမရှိသေးသည့်အချိန်တွင် အစုအဖွဲ့အလိုက် စုဝေးနေထိုင်စားသောက်ကြရသည်။ ထိုအချိန်တွင် အမဲလိုက်ခြင်း၊ သားငါးများ၊ သစ်သီး ဝလံများ ရှာဖွေစားသောက်ခြင်းတို့ဖြင့် ဘဝကိုဖြတ်သန်းကြရပါသည်။ ထိုသို့ အစားအသောက်များ သွားရောက်ရှာဖွေနေချိန်တွင် ကျန်ရစ်ခဲ့သည့် မိသားစုဝင်များအား အခြားအဖွဲ့အစည်းများမှ လာရောက် တိုက်ခိုက်လုယူခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လာကြပါသည်။ ထို့ကြောင့်အုပ်စုထဲမှ ကျန်းမာ သန်စွမ်းပြီး လုယက်သူများကို တွန်းလှန်နိုင်မည့်သူများကို ရွေးထုတ်စေ၍ ၎င်းတို့အား အလုပ်မလုပ်စေဘဲ စခန်း၌ ကျန်ရစ်သူများကို လုယက်သူများ၏ရန်မှ ကာကွယ်ရန် စီမံကြရသည်။ အလုပ်သွားရောက် လုပ်ဆောင်သူများသည် စခန်းကိုကာကွယ်ရန်ရွေးချယ်ထားသူများအတွက် မိမိတို့ရှာဖွေစုဆောင်း ရရှိ လာသည့် အသီးအနှံ၊ သား၊ ငါးတို့အနက်မှ ၁၀ ဖို့ တစ်ဖို့၊ ၁၀ ခိုင့် တစ်ခိုင် စုစည်းပေးအပ်ကြခြင်းဖြင့် အခွန် စနစ်သဘော သက်ရောက်သည့် အလေ့အထကို ဖော်ဆောင်လာခဲ့ကြပေသည်။ နောင်အခါ ခေါင်းဆောင်များ တင်မြှောက်လာခြင်း၊ ယဉ်ကျေးမှုအသိပညာများ ထွန်းကားတိုးတက်လာခြင်းတို့ဖြင့် နယ်နမိတ်အပိုင်း အခြားများ ပေါ်ပေါက်လာကာ နိုင်ငံများအဖြစ် တဖြည်းဖြည်း တိုးတက်ပေါ်ပေါက် လာခဲ့ကြပေသည်။ ဤသည်ကား အခွန်၏ သမိုင်းအစပင်ဖြစ်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာနပေါ်ပေါက်လာပုံ

ပြည်တွင်းအခွန်များဦးစီးဌာနကို စနစ်သစ်အုပ်ချုပ်ရေးအရ ယခင်က သီးခြားစီရှိခဲ့သော အမြတ်ခွန် ဌာန၊ ကုန်သွယ်လုပ်ငန်းခွန်ဌာန၊ ယစ်မျိုးခွန်ဌာန၊ အောင်ဘာလေသိန်းဆု ဌာန၊ တံဆိပ်ခေါင်းခွန်ဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အခွန်ဌာနနှင့် ဘဏ္ဍာတော်မင်းကြီးရုံးတို့ ပူးပေါင်း၍ ၁.၁၀.၁၉၇၂ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ စနစ်သစ် အုပ်ချုပ်ရေးဆိုသည်မှာ ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုပြီးသည့်အခါ ဖြစ်ပေါ်လာမည့် အုပ်ချုပ်ရေးစနစ်ကိုဆိုလိုခြင်းဖြစ်ပြီး ယင်း စနစ်ဖြင့် ဆောင်ရွက်ရာတွင် လိုက်လျောညီထွေရှိစေရန် ရည်ရွယ်၍ ကြိုတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ စတင်ဖွဲ့စည်းခဲ့စဉ်က ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံသောအခွန် (၁၀)မျိုးရှိခဲ့ပါသည်။ ထိုအခွန် များမှာ ဝင်ငွေခွန်၊ အမြတ်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ယစ်မျိုးခွန်၊ အောင်ဘာလေသိန်းဆုခွန်၊ တံဆိပ် ခေါင်းခွန်၊ မြေခွန်၊ ရေခွန်နှင့် တာတမံခွန်၊ အင်းအိုင်ခွန်၊ ဓါတ်သတ္တုခွန် (ရှမ်းပြည်နယ်တွင် သီးနှံခွန်ဟူ၍ သီးခြားပါဝင်ခဲ့ပါသည်) တို့ ဖြစ်ပါသည်။

၁၉၈၈ ခုနှစ် မတိုင်မီက နိုင်ငံတော်သည် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့ပြီး ၁၉၈၈ ခုနှစ် နောက်ပိုင်း တပ်မတော်အစိုးရလက်ထက်တွင် နိုင်ငံတော်သည် စျေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလဲ ကျင့်သုံးခဲ့ပါသည်။ပြောင်းလဲလာသည့် ခေတ်စနစ်အရ အခွန်ကောက်ခံမှုစနစ် ပိုမိုထိရောက်ကောင်းမွန် စေရန် အခွန် (၅)မျိုးကို သက်ဆိုင်ရာ ဌာနများသို့ လွှဲပြောင်းပေးခဲ့ပါသည်။ မြေခွန်၊ ရေခွန်နှင့် တာတမံခွန်၊ ယစ်မျိုးခွန်၊ ဓါတ်သတ္တုခွန် တို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့လည်းကောင်း၊ အင်းအိုင်ခွန်ကို ငါးလုပ်ငန်းဦးစီးဌာနသို့လည်းကောင်း၊ ၁.၄.၁၉၈၉ နေ့တွင် လွှဲပြောင်းပေးခဲ့ပါသည်။ ပြည်တွင်းအခွန်များ ဦးစီးဌာနသည် ၃၁.၃.၂၀၁၁ နေ့ထိ ဝင်ငွေခွန်၊ အမြတ်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ တံဆိပ်ခေါင်းခွန်၊အောင်ဘာလေသိန်းဆုခွန်ဟူသည့် အခွန်(၅)မျိုးကို ကောက်ခံခဲ့ပြီး ပြောင်းလဲလာသည့် ခေတ်စနစ်နှင့် လျော်ညီစေရန် ၂၀၁၁ ခုနှစ်တွင် အမြတ်ခွန်ဥပဒေကို ဖျက်သိမ်းခြင်း၊ ၂၀၁၆ ခုနှစ်တွင် အထူးကုန်စည်ခွန် ဥပဒေကို ပြဌာန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ ၁.၄.၂၀၁၆ ရက်နေ့မှစ၍ ပြည်တွင်းအခွန်များ ဦးစီးဌာနသည် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ တံဆိပ်ခေါင်းခွန်၊ အောင်ဘာလေသိန်းဆုခွန်နှင့် အထူး ကုန်စည်ခွန်ဟူသည့် အခွန်(၅)မျိုးကို ကောက်ခံလျက်ရှိပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန ၏ ဌာနဖွဲ့စည်းပုံ

ပြည်တွင်းအခွန်များဦးစီးဌာန ၏ ဖွဲ့စည်းပုံကို လက်ရှိအခွန်အပေါ် အခြေခံသည့်ဖွဲ့စည်းပုံ (Tax Base Organization Structure) မှ ( Functional Based Organization Structure ) သို့ လိုက်လျော ညီထွေ ပြောင်းလဲဖွဲ့စည်းရန် လိုအပ်သည့်အတွက် တင်ပြခဲ့ရာ ၇.၁.၂၀၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် ( ၁/ ၂၀၁၆) မှ သဘောတူခွင့်ပြုချက်အရ အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည် -

(က) ရုံးချုပ်အဆင့် ဌာနခွဲ (၁၃) ခု
( ခ ) တိုင်းဒေသကြီး/ ပြည်နယ်အဆင့် (၁၉) ရုံး
အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး ( ၁ )ရုံး
အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး ( ၃ ) ရုံး
ပြည်ထောင်စုနယ်မြေ/ တိုင်းဒေသကြီးနှင့်ပြည်နယ်အခွန်ရုံး (၁၅)ရုံး
(ဂ) မြို့နယ်အဆင့် (၂၇၁) ရုံး
(က) အဆင့် ( ၅၉) ရုံး
(ခ) အဆင့် (၁၀၉) ရုံး
(ဂ) အဆင့် ( ၁၀၃) ရုံး
ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနရုံးနှင့် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများ ဝန်ထမ်းဖွဲ့စည်းပုံ

ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေကို တိုင်းဒေသကြီး/ပြည်နယ်အဆင့် ရုံး(၁)ရုံး၊ “က” မြို့နယ်အဆင့်ရုံး (၁)ရုံး နှင့် “ခ” မြို့နယ်အဆင့်ရုံး (၇) ရုံးတို့ဖြင့်ဖွဲ့စည်းထားပြီး ရုံးအလိုက်ဝန်ထမ်းအင်အား ဖွဲ့စည်းပုံကို တင်ပြအပ်ပါသည်။


စဉ် ရုံးအမည် ညွှန်မှူး ဒုညွှန် လ/ထညွှန်မှူး ဦး/ရှိ အရာထမ်းပေါင်း ရုံးအုပ် ဒုဦးစီး ဌာနခွဲစာရေး လ/ထဦးစီး ကြီးရေး ငယ်ရေး ယာဉ်မောင်း ရုံးအကူ/စာပို့ သန့်ရှင်းရေးအကူ အစောင့် အမှုထမ်းပေါင်း စုစုပေါင်းအင်အား
၁။ ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူးရုံး - ၂၅ ၃၄
၂။ ပျဉ်းမနားမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး - - ၁၀ ၁၁ - - - ၂၉ ၄၀
၃။ သီရိ(၅)မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး - - - - ၃၀ - ၁၀ ၂၀ ၁၅ - ၉၀ ၉၅
(က) ဇမ္ဗူသီရိမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး - - - - - - ၁၈ ၁၉
(ခ)ဒက္ခိဏသီရိမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး - - - - - - ၁၈ ၁၉
(ဂ) ဥတ္တရသီရိမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး - - - - - - ၁၈ ၁၉
(ဃ)ပုဗ္ဗသီရိမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး - - - - - - ၁၈ ၁၉
(င)ဇေယျာသီရိမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး - - - - - - ၁၈ ၁၉
၄။ လယ်ဝေးမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး - - - - - - ၁၈ ၁၉
၅။ တပ်ကုန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး - - - - - - ၁၈ ၁၉
စုစုပေါင်း ၂၂ ၂၇ ၅၂ ၁၉ ၄၀ ၃၀ ၁၄ ၁၁၁၀ ၁၈၀ ၂၀၇
ပြည်တွင်းအခွန်များဦးစီးဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ

ပြည်တွင်းအခွန်များဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  • အခွန်ပမာဏကို အများဆုံးမြှင့်တင်ရန်
  • အခွန်ကောက်ခံနိုင်မှု တိုးပွားနိုင်ရေးအတွက် အခွန်အခြေ (Tax Base) ကိုချဲ့ထွင်ရန်
  • လိုက်နာဆောင်ရွက်မှုကို ထိန်းသိမ်းပြီး တိုးတက်အောင်ဆောင်ရွက်ရန်
  • အခွန်စီမံခန့်ခွဲမှုကို ခေတ်မီအောင် ဆောင်ရွက်ရန်

ပြည်တွင်းအခွန်များဦးစီးဌာန၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  • စည်းကြပ်ကောက်ခံရမည့် အခွန်အကောက်များကို လွတ်ကင်းမှု၊ လျော့နည်းမှုမရှိစေဘဲ ဥပဒေများနှင့်အညီ အပြည့်အဝရရှိအောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့်ပြည်သူများ ၏ စီးပွားရေး နှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်
  • အခွန်ထမ်းပြည်သူများအား အခွန်ပညာပေးခြင်းနှင့် ဝန်ဆောင်မှု အပြည့်အဝ ပေးခြင်း ဖြင့် ဆန္ဒအလျောက် အခွန်ပေးဆောင်လာစေပြီး အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ် သည့် စနစ်သို့ ကူးပြောင်းရန်
  • အခွန်စည်းကြပ်မှုများကို ဥပဒေနှင့်အညီ တိကျမှန်ကန်စွာ ဆောင်ရွက်ခြင်းဖြင့် အခွန်ရုံး များ အပေါ် ပြည်သူများ၏ ယုံကြည်ကိုးစားမှုရယူရန်
  • အခွန်ရုံးများကို ခေတ်မီနည်းပညာများဖြင့် စနစ်တကျ ဆောင်ရွက်နိုင်သည့် ရုံးများ ဖြစ်အောင် အဆင့်မြှင့်တင်နေရန်။
  • ဝန်ထမ်းများအား လိမ္မာယဉ်ကျေး၍ အကျင့်စာရိတ္တကောင်းမွန်ပြီး အသိပညာ၊ အတတ် ပညာ၊ ပြည့်စုံသည့်ဝန်ထမ်းကောင်းများဖြစ်စေရေး စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြား ပြုစုပျိုးထောင် ပေးရန်
ပြည်တွင်းအခွန်များဦးစီးဌာန၏ ဆောင်ပုဒ်များ

ပြည်တွင်းအခွန်များဦးစီးဌာန၏ ဆောင်ပုဒ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  • ပြည်သူ့အကျိုးဖော်ဆောင်ဖို့ အခွန်မှန်မှန်ပေးဆောင်စို့
  • နိုင်ငံဘက်စုံတည်ထောင်ဖို့ မှန်မှန်ကန်ကန် အခွန်ပေးစို့
  • အခွန်ဆောင်ထားနိုင်ငံသား လေးစားသမှုတို့ဂုဏ်ပြု
  • အခွန်အခွန်ဆောင်ကြစို့ တာဝန်ကိုယ်စီကျေကြစို့
  • နိုင်ငံကြီးသားပီသစွာ အခွန်ထမ်းဆောင်တာ စားသုံးပြီးကပြေစာဖြတ် အခွန်ပါပြီးမှတ်
  • ပြည်ကြီးမဏ္ဍိုင် ခံ့နိုင်စေသား အခွန်မရှောင် ဆောင်ကြစို့လား
ပြည်တွင်းအခွန်များဦးစီးဌာနမှ ကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း နှင့် ညွှန်ကြားချက်များ

ပြည်တွင်းအခွန်များဦးစီးဌာန အနေဖြင့် အခွန်ဘာသာရပ်တစ်ခုချင်းအလိုက် အောက်ပါ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းများနှင့်အညီ အခွန်ကောက်ခံခြင်းလုပ်ငန်းကို ဆောင်ရွက်ပါသည်-

စဉ် အခွန်ဘာသာရပ် သက်ဆိုင်သည့်ဥပဒေ၊နည်းဥပဒေ၊စည်းမျဉ်းနှင့်ညွှန်ကြားချက်များ
(က) တံဆိပ်ခေါင်းခွန် ၁၈၇၀ ပြည့်နှစ် ရုံးခွန်အက်ဥပဒေ
ရုံးခွန်တံဆိပ်ခေါင်းရောင်းချခြင်းဆိုင်ရာနည်းဥပဒေများ
၁၈၉၉ ခုနှစ်၊ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက် ဥပဒေ
အခွန်တံဆိပ်ခေါင်းရောင်းချခြင်းဆိုင်ရာ နည်းဥပဒေများ
(ခ) ဝင်ငွေခွန် ၁၉၇၄ ခုနှစ်၊ ဝင်ငွေခွန် ဥပဒေ
ဝင်ငွေခွန် နည်းဥပဒေများ
ဝင်ငွေခွန် စည်းမျဉ်းများ
နှစ်စဉ်ထုတ်ပြန်သည့် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ
(ဂ) ကုန်သွယ်လုပ်ငန်းခွန် ၁၉၉၀ ပြည့်နှစ်၊ ကုန်သွယ်လုပ်ငန်းခွန်
ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်းများ
နှစ်စဉ်ထုတ်ပြန်သည့် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ
(ဃ) အောင်ဘာလေသိန်းဆုခွန် ညွှန်ကြားလွှာများ
(င) အထူးကုန်စည်ခွန် ၂၀၁၆ ခုနှစ်၊ အထူးကုန်စည်ခွန်
နှစ်စဉ်ထုတ်ပြန်သည့် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ
ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူးရုံးနှင့် ကွပ်ကဲမှုအောက်ရှိ ခရိုင်/ မြို့နယ်ရုံးများ၏ ရုံးဓါတ်ပုံ၊ လိပ်စာ နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်များ

ပြည်ထောင်စုနယ်မြေအခွန်ဦးစီးမှူးရုံး

ပခ-၂၇၊ ညောင်ပင်ကြီးစုရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်။

၀၆၇-၅၅၀၂၉၀/ ၅၅၀၁၇၇ / ၅၅၀၁၆၇





ပျဉ်းမနားမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး

ရန်အောင်(၁)ရပ်ကွက်၊ ဘိုကုန်းရပ်၊ အကွက်အမှတ် (၁၆)၊ ဦးပိုင်အမှတ် (၄)၊ ပျဉ်းမနားမြို့နယ်။

၀၆၇-၂၂၁၉၈





သီရိ(၅)မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး

သပြေလမ်း၊ ရွာသစ်ရွာ၊ ပုဗ္ဗသီရိမြို့နယ်။

၀၆၇-၅၅၀၃၅၉/၅၅၀၁၆၈





လယ်ဝေးမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး

အမှတ်(၃)ရပ်ကွက်၊ ရုံးလမ်း၊ လယ်ဝေးမြို့။

၀၆၇-၃၀၃၅၅





တပ်ကုန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး

မြဝတီရပ်ကွက်၊ စည်ပင်လမ်း၊ တပ်ကုန်းမြို့။

၀၆၇-၇၀၁၃၅


ရှေ့သို့