အထူးသတင်းကြေငြာချက်

လျှောက်ထားရန်

ဒေါ်လာရောင်း၊ဝယ် ဈေးနှုန်း

နိုင်ငံခြားငွေလဲလှယ်နှုန်း (၁၈.၁၀.၂၀၁၉)

အမေရိကန် တစ်ဒေါ်လာ ၁၅၃၃.၁
ဥရောပ တစ်ယူရို ၁၇၀၀.၃
တရုတ် တစ်ယွမ် ၂၁၆.၅၈
ထိုင်း တစ်ဘတ် ၅၀.၅၇၂
မလေးရှား တစ်ရင်းဂစ် ၃၆၆.၃၈
အိန္ဒိယ တစ်ရူပီ ၂၁.၅၂၀
ဂျပန် တစ်ရာယန်း ၁၄၀၈.၈
တောင်ကိုရီးယား တစ်ရာ၀မ် ၁၂၉.၉၇
သြစတြေးလျ တစ်ဒေါ်လာ ၁၀၄၃.၃
စင်ကာပူ တစ်ဒေါ်လာ ၁၁၂၁.၉
နေပြည်တော်ဘဏ်မှ ဝန်ဆောင်မှုပေးနေပါသည်။

နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန

ဦးစီးဌာန စတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း စတင်ပေါ်ပေါက်လာပုံ

နေပြည်တော်ကောင်စီကျန်းမာရေးဦးစီးဌာနအနေဖြင့် ယခင်မန္တလေးတိုင်းတွင် ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်းမြို့နယ်များရှိခဲ့ပါသည်။၎င်းနောက်ယင်းမြို့နယ်(၃)မြို့နယ်မှ သီရိ(၅) မြို့နယ်သို့ခွဲထွက်ပြီး နေပြည်တော်ကောင်စီ၊ ပြည်ထောင်စုနယ်မြေသို့ ပြောင်းလဲခဲ့ပါသည်။ (၈) မြို့နယ်ကို အုပ်ချုပ်ရန် (၁၁.၉.၂၀၁၇) ရက်နေ့တွင် ဖွဲ့စည်းပုံ Sanction သစ်ကိုရရှိခဲ့ပြီး ဌာနအနေ ဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။ (၇.၃.၂၀၁၅) ရက်နေ့မှ စတင်ပြီးတိုင်းအဆင့်တွင် ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဟူ၍ ဌာနနှစ်ခုခွဲ၍ လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

နောက်ခံသမိုင်း

တိုင်းအဆင့်ဖွဲ့စည်းပုံ Sanction ရခဲ့သည့် (၁၁.၉.၂၀၁၂) ရက်နေ့မတိုင်မီတွင် (၂၀.၄.၂၀၁၁) မှ စတင်ပြီး Sanction ကျသည်အထိ ပျဉ်းမနားခုတင်(၂ဝဝ) ဆေးရုံအုပ်ကြီး (ဒုတိယညွှန်ကြားရေးမှူး) အဆင့်မှ (၈)မြို့နယ်ကိုလည်း အုပ်ချုပ်ခဲ့ရပြီး၊ ပျဉ်းမနားခုတင်(၂ဝဝ) ဆေးရုံအုပ်ကြီးတာဝန်အပြင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးတာဝန်များကိုပါ တစ်နှစ်ခွဲတာမျှ ပူးတွဲတာဝန်ထမ်းဆောင်အုပ်ချုပ်ခဲ့ကြပါသည်။

နေပြည်တော်ကောင်စီပြည်သူ့ကျန်းမာရေးဌာန (တိုင်းအဆင့်) ဖွဲ့စည်းပုံ၊ ခရိုင်နှစ်ခုဖြစ်သော ဒက္ခိဏခရိုင်နှင့် ဥတ္တရခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများ၏ (ခရိုင်အဆင့်) ဖွဲ့စည်းပုံနှင့် မြို့နယ်

မြို့နယ်၏ မြို့နယ်အဆင့် ဝန်ထမ်းဖွဲ့စည်းပုံများကို မိတ္တူဆွဲ၍ ပူးတွဲထားပါသည်။ တိုင်းအဆင့်/ ခရိုင်အဆင့် မြို့နယ်အဆင့်များရှိ အရာထမ်း၊အမှုထမ်း နှင့် စုစုပေါင်းဦးရေများကိုလည်း ပြုစုဖော်ပြ ထားပါသည်။

တိုင်းအဆင့် ဖွဲ့စည်းပုံ
အရာထမ်း အမှုထမ်း စုစုပေါင်း
(၃၉) ဦး (၁၄၅) ဦး (၁၈၄) ဦး
ခရိုင်အဆင့် ဖွဲ့စည်းပုံ
စဉ် ခရိုင်အဆင့် အရာထမ်း အမှုထမ်း စုစုပေါင်း
ဒက္ခိဏခရိုင် (၂၁) ဦး (၆၈) ဦး (၈၉) ဦး
ဥတ္တရခရိုင် (၂၁) ဦး (၆၈) ဦး (၈၉) ဦး
မြို့နယ်အဆင့် ဖွဲ့စည်းပုံ
စဉ် မြို့နယ်အဆင့် အရာထမ်း အမှုထမ်း စုစုပေါင်း
ပျဉ်းမနားမြို့နယ် (၁၃) ဦး (၅၂) ဦး (၆၅) ဦး
တပ်ကုန်းမြို့နယ် (၁၃) ဦး (၅၂) ဦး (၆၅) ဦး
လယ်ဝေးမြို့နယ် (၁၃) ဦး (၅၂) ဦး (၆၅) ဦး
ဒက္ခိဏသီရိမြို့နယ် (၁၃) ဦး (၅၂) ဦး (၆၅) ဦး
ဇမ္ဗူသီရိမြို့နယ် (၁၃) ဦး (၅၂) ဦး (၆၅) ဦး
ဇေယျာသီရိမြို့နယ် (၁၃) ဦး (၅၂) ဦး (၆၅) ဦး
ဥတ္တရသီရိမြို့နယ် (၁၃) ဦး (၅၂) ဦး (၆၅) ဦး
ပုဗ္ဗသီရိမြို့နယ် (၁၃) ဦး (၅၂) ဦး (၆၅) ဦး
ပြည်သူ့ကျန်းမာရေးဦးစီးဌာနရည်မှန်းချက်
  • လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် ကျန်းမာသော မျှော်မှန်းလူ့သက်တမ်းတိုးမြင့်လာစေရန်
  • လူတိုင်းလက်လှမ်းမီနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ရန်
  • လူတိုင်းရောဂါဘယကင်းရှင်းစေရန်နှင့် ကျန်းမာရေးအဆင်အတန်း မြင့်မား စေရန်
ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏တာဝန်များ
  • နိုင်ငံတော်မှချမှတ်ထားသည့် ကျန်းမာရေးမူဝါဒများနှင့်အညီ ပြည်သူ့ ကျန်းမာရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်
  • ပြည်သူလူထု၏ကျန်းမာရေးအဆင့်အတန်းမြင့်မားလာစေရန် ကျန်းမာရေး အဆင့်မြှင့်တင်သည့် ကျန်းမာရေးစီမံကိန်းများ ရေးဆွဲအကောင်အထည် ဖော်ရန် ဦးဆောင်တာဝန်ယူဆောင်ရွက်ရမည်၊
  • ကျန်းမာရေးအဆင့်မြှင့်တင်နိုင်သော ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ဖြစ်သည့် (မိခင်ကျန်းမာရေး၊ ကလေးကျန်းမာရေး၊ အဟာရဖွံ့ဖြိုးရေး၊ ကျောင်းကျန်းမာရေး၊ ပျိုရွယ်သူကျန်းမာရေး၊ သက်ကြီးရွယ်အိုကျန်းမာရေး) ပဏာမကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဦးဆောင်၍ စီမံဆောင်ရွက်ရမည်
  • ရောဂါကာကွယ် နှိမ်နှင်းကုသရေးလုပ်ငန်းများနှင် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်ရမည်
  • ကျန်းမာရေးဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို မြင့်တင်နိုင်ရန် သင်တန်းများ၊ မွမ်းမံသင်တန်းများပေးရမည်၊
  • ကျန်းမာရေးအဆင့်မြင့်တင်သည့် လုပ်ငန်းများေဆာင်ရွက်မှုကို ကျေးလက် ဒေသအောက်ခြေအထိ အဆင့်ဆင့်ကြီးကြပ်ကွပ်ကဲ သွားရမည်
  • ပြည်သူလူထုအတွင်း ကျန်းမာရေးနှင့်ညီညွှတ်သောအပြုအမူများ၊ အလေ့ အကျင့်များကို စွဲမြဲကျင့်သုံးလာစေရန် ထိရောက်သော ကျန်းမာရေး ပညာအသိပေး လုပ်ငန်းများကိုဆောင်ရွက်ရမည်
  • နိုင်ငံတော်မှပေးအပ်လာသောတာဝန်များကို တိကျစွာဆောင်ရွက်ရမည်

နေပြည်တော်ကောင်စီပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကွပ်ကဲမှုအောက်ရှိ ခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌနရုံးများ၏ ဓါတ်ပုံ၊လိပ်စာနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်များကို ပြုစုပြီး ပူးတွဲ၍ တင်ပြအပ်ပါသည်။

ပျဉ်းမနားမြို့နယ်၏ လိပ်စာနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်
  • ပျဉ်းမနားမြို့၊ရန်အောင်(၂)ရပ်ကွက်၊မင်္ဂလာကန်တော်ခန်းမအနီး
  • ဆေးရုံအုပ်ကြီးရုံးခန်း (၀၆၇-၂၄၆၆၄)
  • ရုံးခန်း (၀၆၇-၂၂၃၀၉)
  • အရေးပေါ်လူနာဌာန (၀၆၇-၂၂၅၁၁)
လယ်ဝေးမြို့နယ်၏ လိပ်စာနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်
  • ရန်အောင်မြင်ဘုရားလမ်း၊အမှတ်(၇)ရပ်ကွက်၊လယ်ဝေးမြို့
  • ရုံးခန်း (၀၆၇-၄၁၉၀၈၆)
တပ်ကုန်းမြို့နယ်၏ လိပ်စာနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်
  • ရုံးခန်း (၀၆၇-၇၀၀၀၇/၇၁၀၈၁)
ဒက္ခိဏသီရိမြို့နယ်၏ လိပ်စာနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်
  • A လမ်းမကြီးညာဘက်ဘေး၊သူရိယလမ်းနှင့် Aလမ်းဆုံ
  • ရုံးခန်း (၀၆၇-၈၁၀၇၈၁၁)
ဇမ္ဗူသီရိမြို့နယ်၏ လိပ်စာနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်
  • အဆင့်မြင့်ဘောလုံးကွင်း(ဂိတ်-၄) အနီး၊ပညာသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်
  • ရုံးခန်း (၀၆၇-၄၁၃၇၅၀)
ဥတ္တရသီရိမြို့နယ်၏ လိပ်စာနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်
  • ဥတ္တရသီရိမြို့နယ်အတွင်း
  • ရုံးခန်း (၀၆၇-၄၁၇၂၃၈)
ပုဗ္ဗသီရိမြို့နယ်၏ လိပ်စာနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်
  • ပုဗ္ဗသီရိမြို့နယ်၊ရတနာဒီပရပ်ကွက်၊သံလွင်လမ်းမကြီးဘေး
  • ရုံးခန်း (၀၆၇-၅၀၀၀၁၃)
ဇေယျာသိရိမြို့နယ်၏ လိပ်စာနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်
  • ရန်ကုန်မန္တလေးလမ်းမဟောင်းဘေး
  • ရုံးခန်း (၀၆၇-၇၅၀၀၅)
အမျိုးသားကျန်းမာရေးစီမံကိန်း(၂၀၁၅-၂၀၁၆) ရည်မှန်းချက်
  • ပြောင်းလဲလာသောနိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊ပတ်ဝန်းကျင်၊နည်းပညာဆိုင်ရာအခြေအနများ၊နိုင်ငံတကာဖြစ်ပေါ်ပြောင်းလဲမှုများနှင့်လိုက်လျောညီထွေရှိသည့်ကျန်းမာရေးစနစ်ဖြစ်ထွန်းပေါ်ပေါက်လာရေးအတွက်ကြိုးပမ်းဆောင်ရွက်ရန
  • မြန်မာနိုင်ငံတွင်ကျန်းမာရေးစောင့်ရှောက်မှုလူတိုင်းလက်လှမ်းမီလွှမ်းခြံရေး (Universal Health Coverage)အတွက်အစပျိုးဆောင်ရွက်ရန်
  • ကျန်းမာရေးမူဝါဒ၊ကျန်းမာရေးစီမံခန့်ခွဲမှုနှင့်စီမံကိန်းများချမှတ်ရေးဆွဲအကောင်အထည်ဖော်ရာတွင်အထောက်အကူပြုစေရေးအတွက်တိကျမှန်ကန်ပြည်စုံသောသတင်းအချက်အလက်များအချိန်မီရရှိစေရေးအတွက်ကျန်းမာရေးသတင်းစနစ်ကိုအားဖြည့်ဆောင်ရွက်ရန်
  • ရောဂါများနှင့်ကျန်းမာရေးအခြေအနေများအားပြည်သူ့ကျန်းမာရေးပြဿနာများအဖြစ်သို့ပေါ်ပေါက်လာခြင်းမရှိစေရေးအတွက်ကြိိုတင်မျှော်မှန်းစီမံဆောင်ရွက်ရန်နှင့်ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်တည်ရှိနေသောရောဂါနှင့်ကျန်းမာရေးအခြေအနေများလျော့နည်းပပျောက်စေရန်
  • ပြည်သူအားလုံး၏ဘဝသက်တမ်းတစ်လျှောက်ကျန်းမာရေးနှင့်ညီညွှတ်သောအမူအကျင့်များကိုသိရှိလိုက်နာကျင့်သုံးနိုင်စေရေးနှင့်ကျန်းမာရေးဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ရန်
  • ဆင်းရဲနွမ်းပါးမှုလျော့ချရေးစီမံချက်နှင့်အညီအခြေခံကျန်းမာရေးလိုအပ်ချက်များကိုဖြည့်ဆည်းပေးရန်
  • ဆေးသုတေသနနှင့်ကျန်းမာရေးစနစ်သုတေသနတို့ကိုနိုင်ငံတကာနှင့်ရင်ဘောင်တန်းဆောင်ရွက်နိုင်စေရန်နှင့်သုတေသနတွေ့ရှိချက်များကိုလက်တွေ့အသုံးချနိုင်သည်အထိဆောင်ရွက်ရန်
  • မြန်မာ့တိုင်းရင်းဆေးပညာအဆင့်အတန်းမြင့်မားလာစေရန်
  • အရည်အသွေးစစ်မှန်ကောင်းမွန်ပြီးဘေးဥပါဒ်အန္တရာယ်ကင်းရှင်းသောအကျိုးသက်ရောက်မှုရှိသောဆေးဝါးများကိုအများပြည်သူတို့သုံးစွဲနိုင်စေရန်
အမျိုးသားကျန်းမာရေးမူဝါဒ
  • နိုင်ငံသားအားလုံးကာယသုခ၊စိတ္တသုခပြည့်ဝစေမည့် “အားလုံးကျန်းမာသက္ကရာဇ်၂၀၀၀မှာ”ရည်မှန်းချက်ကိုရရှိစေရန်၊အမျိုးသားကျန်းမာရေးစီမံကိန်းများရေးဆွဲပြီးကျန်းမာရေးလုပ်ငန်းများကိုပဏာမကျန်းမာရေးစောင့်ရှောက်မှုကိုအခြေခံ၍အကောင်အထည်ဖော်ရန်
  • မြန်မာနိုင်ငံအတွက်အသင့်တော်ဆုံးလူဦးရေပမာဏရရှိစေရေးအတွက်အမျိုးသားလူဦးရေမူဝါဒအတိုင်းလိုက်နာဆောင်ရွက်ရန်
  • ပြည်တွင်း၌ကျွမ်းကျင်သောကျန်းမာရေးဝန်ထမ်း၊လူအင်အားကိုရေရှည်ကျန်းမာရေးဖွံ့ဖြိုးမှုစီမံကိန်းလိုအပ်ချက်နှင့်လိုက်လျောညီထွေစွာမွေးထုတ်ရန်
  • ဆေးဝါးနှင့်ပက်သက်၍ထုတ်ပြန်ထားသောတည်ဆဲဥပဒေများအတိုင်းတိကျစွာလိုက်နာဆောင်ရွက်ရန်
  • သမဝါယမ၊ဖက်စပ်၊ပုဂ္ဂလိကများနှင့်အစိုးရမဟုတ်သောအဖွဲ့အစည်းများမှဆောင်ရွက်လျှက်ရှိသောကျန်းမာရေးကဏ္ဍများကိုပြောင်းလဲနေသောစီးပွားရေးမူဝါဒများနှငလိုက်လျောညီေထွဖြစ်စေရေးအတွက်တွန်းအားပေးရန်။
  • ကျန်းမာရေးအသုံးစရိတ်ရန်ပုံငွေရှာဖွေရေးနည်းလမ်းသစ်များကိုဖော်ထုတ်ဆောင်ရွက်ကြရန်
  • ကျန်းမာရေးလုပ်ငန်းများအကောင်အထည်ဖော်ရာတွင်ဆက်နွယ်မည့်ဝန်ကြီးဌာနအချင်းချင်းပူးပေါင်းဆောင်ရွက်ရန်
  • ကျန်းမာရေးနှင့်ပက်သက်သောဥပဒေ၊နည်းဥပဒေများကိုအခါအားလျော်စွာပြဌာန်းဆောင်ရွက်ရန်
  • ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကိုဆောင်ရွက်ရာ၌လေထုနှင့်ရေထုညစ်ညမ်းမှုကာကွယ်ထိန်းသိမ်းရေးကိုပါတိုးချဲ့ဆောင်ရွက်ရန်
  • နိုင်ငံသားများ၏ကြံ့ခိုင်မှုတိုးတက်ြမင့်မားလာစေရန်အားကစားနှင့်ကာယပညာလုပ်ငန်းများကိုတိုးချဲ့ဆောင်ရွက်စေခြင်း၊ပြည်သူလူထုမှတက်ကြွစွာပါဝင်လာစေရန်တွန်းအားပေးခြင်း၊ထူးချွန်သောအားကစားသမားများကိုချီးမြင့်ပေးခြင်းနှင့်ရိုးရာအားကစားနည်းပညာများကိုပြန်လည်ဖော်ထုတ်ြခင်းတို့ကိုဆောင်ရွက်ရန်
  • ဆေးပညာရပ်ဆိုင်ရာသုတေသနလုပ်ငန်းများကိုအားပေးဆောင်ရွက်ရာတွင်လတ်တလောတွေ့ကြုံနေရသောကျန်းမာရေးပြဿနာများကိုသုတေသနပြုသည့်အပြင်ကျန်းမာရေးလုပ်ငန်းစနစ်သုတေသနကိုလည်းအရေးပေးဆောင်ရွက်ရန်
  • ကျန်းမာရေးလုပ်ငန်းတိုးချဲ့ရာတွင်တိုင်းပြည်၏လိုအပ်ချက်များကိုဖြည့်စွမ်းနိုင်ရေးအတွက်ကျေးလက်ဒေသများသာမကမဖွံဖြိုးသေးသောနယ်စပ်ဒေသများကိုလည်းအထူးဦးစားပေးဆောင်ရွက်ရန်
  • နိုင်ငံတွင်း၌ဖြစ်ပေါ်လာသည့်ကျန်းမာရေးဆိုင်ရာပြဿနာရပ်များအတွက်ကာကွယ်ကုသရေးလုပ်ငန်းများကိုကြိုတင်စဥ်းစားစီမံထားရန်
  • မြန်မာတိုင်းရင်းဆေးပညာဆောင်ရွက်ချက်များနှင့်သုတေသနလုပ်ငန်းများကိုနိုင်ငံတကာအဆင့်မီသည်အထိဆောင်ရွက်ခြင်းကိုအားပေးရန်နှင့်ပြည်သူ့ကျန်းမာရေးလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်ရန်
  • အမျိုးသားကျန်းမာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြားနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းတို့ကိုတိုးချဲ့ဆောင်ရွက်ရန်
အမျိုးသားလူဦးရေမူဝါဒ(မူကြမ်း)
  • မိခင်နှင့်ကလေးများ၏ကျန်းမာရေးတိုးတက်စေရန်ရည်ရွယ်၍အိမ်ထောင်သည်များသည်သားဆက်ခြားခြင်းနည်းကိုကျင့်သုံးလိုကလွတ်လပ်စွာကျင့်သုံးစေရန်
  • သားဆက်ခြားခြင်းနှင့်ဆိုင်သောသတင်းအချက်အလက်များကိုပြည်သူ့များအားပညာပေးခြင်းသည်အရေးကြီးသောအချက်ဖြစ်၍ပြည်သူများအားကြိုတင်အသိပေးထားရန်
  • မြန်မာအမျိုးသမီးများအားအမျိုးသားများနှင့်တန်းတူအခွင့်အရေးပေးထားပြီးနိုင်ငံတော်၏ဖွံဖြိုးတိုးတက်မှုလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်စေရန်
  • အမျိုးသားလူဦးရေမူဝါဒပါရည်မှန်းချက်များကိုရရှိရန်ဦးတည်၍ပြည်သူ့များသည်မျိုးပွားမှုဆိုင်ရာအပြုအမူများ၏ရလဒ်ကိုနားလည်သဘောပေါက်စေရန်နှင့်သက်ဆိုင်သောအမျိုးသားများ၏အသိပညာတိုးတက်လာရေးကိုရှေးရှုဆောင်ရွက်ရန်
  • မြန်မာပြည်လူဦးရေ၏ထက်ဝက်ခန့်သည်အသက်(၁၈)နှစ်အောက်လူငယ်များဖြစ်၍ယင်းတို့အားတိုင်းပြည်၏ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်အသုံးပြုရန်
  • နိုင်ငံတော်အစိုးရသည်ပြည်သူများ၏ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များကိုပဏာမကျန်းမာရေးစောင့်ရှောက်မှုကိုအသုံးပြ၍ဆောင်ရွက်လျက်ရှိပါသည်။ထို့ကြောင့်ရောဂါမဖြစ်စေရန်ကာကွယ်ခြင်းနှင့်ကျန်းမာသောအပြုအမူများရရှိစေရန်အတွက်ပဏာမကျန်းမာရေးစောင့်ရှောက်မှုတွင်ပါဝင်သောအခြေခံအချက်အလက်များကိုဦးစားပေးဆောင်ရွက်ရန်
  • ပြည်တွင်းပြည်ပလူဦးရေရွေ့လျားမှု၏ရလစ်ကိုရှုမြင်၍တောနယ်များတွင်လူမှုရေးအဆင့်အတန်းြမင့်မားအောင်ဆောင်ရွက်ရန်၊မြို့နှင့်ကျေးလက်တို့အပြန်အလှန်စီးပွားရေးဖွံ့ဖြိုးမှုရရှိစေရန်၊မြို့ပြတည်ထောင်မှုမူဝါဒများကိုနိုင်ငံ၏ဖွံ့ဖြိုးရေးစီမံကိန်းများအပေါ်မူတည်၍ရေးဆွဲရန်
  • လူမှုစီးပွားရေးစီမံကိန်းများရေးဆွဲရန်အတွက်လူဦးရေဆိုင်ရာအချက်အလက်များနှင့်ဖွားသေစာရင်းဇယားများသည်အရေးကြီးကြောင်းဂရုပြုရန်
  • လူဦးရေမူဝါဒပါရည်မှန်းချက်များကိုအကောင်အထည်ဖော်ရာ၌လိုအပ်ပါကတည်ဆဲနည်းဥပဒေများကိုပြုပြင်ပေြာင်းလဲသင့်ကပြုပြင်ပြောင်းလဲရန်။
Sustainable Development Goals (SDGs)
  • နေရာတိုင်းတွင်ဆင်းရဲမွဲတေမှုပုံစံအားလုံးအဆုံးသတ်ခြင်း(No Poverty)
  • အစာငတ်မွတ်မှုအဆုံးသတ်ခြင်း၊စားနပ်ရိက္ခာဖူလုံစေခြင်း၊အဟာရပြည့်ဝစေခြင်းနှင့်ရေရှည်တည်တံ့သောစိုးပျိုးရေးကိုမြှင့်တင်ခြင်း
  • ကျန်းမာသောဘဝများပိုင်ဆိုင်ရေးနှင့်အသက်အရွယ်မရွေးစုံလင်ပြည့်ဝသောဘဝများပိုင်ဆိုင်စေခြင်း
  • အားလုံးပါဝင်သော၊မျှတသော၊အရည်အသွေးပြည့်သောပညာရေးနှင့်ဘဝတစ်သက်တာလုံးသင်ယူနိုင်သည့်အခွင့်အလမ်းများရရှိစေခြင်း
  • ကျား/မမရွေးတူညီသောအခွင့်အရေးများရရှိစေခြင်းနှင့်အမျိုးသမီးများနှင့်မိန်းကလေးများဘဝတိုးတက်ြမင့်မားစေခြင်း
  • ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးတိရှိစေရေးနှင့်၎င်းတို့အတွက်ရေရှည်တည်တံ့သောစီမံခန့်ခွဲစနစ်များရှိစေခြင်း။
  • စိတ်ချရသော၊ရေရှည်တည်တံ့သော၊ခေတ်မှီသောစွမ်းအင်စနစ်များကိုအားလုံးလက်လှမ်းမှီအသုံးပြုနိုင်ရန်
  • ရေရှည်တည်တံ့သော၊အားလုံးပါဝင်နိုင်သောစီးပွားရေးတိုးတက်မှု၊ကောင်းမွန်သောအကျိုးရှိသောအလုပ်အကိုင်များကိုအားလုံးရရှိစေခြင်း
  • ဘေးအန္တာရာယ်များကိုခံနိုင်ရည်ရှိသောအခြေခံအဆောက်အအုံများဆောက်လုပ်ခြင်းအားလုံးပါဝင်သောရေရှည်တည်တံ့သောစက်မှုလုပ်ငန်းများအကောင်အထည်ဖော်ခြင်းနှင့်ဆန်းသစ်တီထွင်မှုများကိုအားပေးခြင်း
  • နိုင်ငံအတွင်းနှင့်နိုင်ငံများအကြားမညီမျှှမှုကိုလျော့ချခြင်း
  • အားလုံးပါဝင်နိုင်သော၊အန္တရာယ်ကင်းသော၊အန္တရာယ်များကိုခံနိုင်ရည်ရှိသော၊ရေရှည်တည်တံ့သောမြို့ပြများနှင့်ရွှေ့ပြောင်းအခြေချမှုများဖြစ်ခြင်း
  • ရေရှည်တည်တံ့သောထုတ်လုပ်မှုနှင့်စားသုံးမှုပုံစံများအကောင်အထည်ဖော်ခြင်း
  • ရာသီဥတုပြောင်းလဲမှုနှင့်၎င်း၏အကျိုးဆက်များကိုအရေးကြီးလုပ်ငန်းတစ်ရပ်ကိုင်တွယ်တုံ့ပြန်ခြင်း
  • သမုဒ္ဒရာများ၊ပင်လယ်များနှင့်ရေနှင့်ဆက်နွယ်သောအရင်းအမြစ်များကိုထိန်းသိမ်းခြင်းနှင့်ရေရှည်သုံးစွဲနိုင်ရန်စီစခြင်း
  • ဂေဟစနစ်များကိုရေရှည်အသုံးပြုနိုင်ရန်ကာကွယ်ခြင်း၊ပြန်လည်တည်ဆောက်ခြင်းနှင့်စီမံခန့်ခွဲခြင်း၊သစ်တောများကိုရေရှည်တည်တံ့အောင်စီမံခန့်ခွဲခြင်း
  • ရေရှည်တည်တံ့သောဖွံ့ဖြိုးရေးအတွက်ငြိမ်းချမ်းသော၊အားလုံးပါဝင်နိုင်သောလူမှုအသိုင်းအဝိုင်းများဖန်တီးခြင်း၊တရားမျှတမှုကိုလူတိုင်းလက်လှမ်းမှီစေခြင်းနှင့်ထိရောက်မှုရှိသောတာဝန်ခံနိုင်သော၊အားလုံးပါဝင်နိုင်သောလူမှုအဖွဲ့အစည်းများကိုအဆင့်တိုင်းတွင်တည်ဆောက်ရန်
  • ရေရှည်တည်တံ့သောဖွံဖြိုးရေးအတွက်အကောင်အထည်ဖော်မည့်စနစ်များကိုအားကောင်းလာအောင်ပြုလုပ်ခြင်းနှင့်၎င်းအတွက်အားလုံးပူးပေါင်း ေဆာင်ရွက်ခြင်း
SDG
  • No Poverty
  • Zero Hunger
  • Good Health
  • Quality Education
  • Gender Equality
  • Clean Water and Sanitation
  • Affordable and Clean Energy
  • Decent work and Economic
  • Industry,Imovation and Infrastructure
  • Reduced Inequalities
  • substainable cities and Communities
  • Responsible Consumption and Production
  • Climate Action
  • Life Below water
  • Life on Land
  • Peace,Justice and strong Institutions
  • Partnership and the Goals
Millennium Development Goals (MDGS)
  • To eradicate extreme poverty and hunger
  • To achieve universal primary education
  • To promote gender equality
  • To reduce child mortality
  • To improve maternal health
  • To combat HIV/AIDS, malaria and other d/s
  • To ensure environmental Sustainability
  • To develop a global partnership for development

































ရှေ့သို့