အထူးသတင်းကြေငြာချက်

လျှောက်ထားရန်

ဒေါ်လာရောင်း၊ဝယ် ဈေးနှုန်း

နိုင်ငံခြားငွေလဲလှယ်နှုန်း (၁၈.၁၀.၂၀၁၉)

အမေရိကန် တစ်ဒေါ်လာ ၁၅၃၃.၁
ဥရောပ တစ်ယူရို ၁၇၀၀.၃
တရုတ် တစ်ယွမ် ၂၁၆.၅၈
ထိုင်း တစ်ဘတ် ၅၀.၅၇၂
မလေးရှား တစ်ရင်းဂစ် ၃၆၆.၃၈
အိန္ဒိယ တစ်ရူပီ ၂၁.၅၂၀
ဂျပန် တစ်ရာယန်း ၁၄၀၈.၈
တောင်ကိုရီးယား တစ်ရာ၀မ် ၁၂၉.၉၇
သြစတြေးလျ တစ်ဒေါ်လာ ၁၀၄၃.၃
စင်ကာပူ တစ်ဒေါ်လာ ၁၁၂၁.၉
နေပြည်တော်ဘဏ်မှ ဝန်ဆောင်မှုပေးနေပါသည်။

နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း

၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလ၊ ၂၄ ရက်နေ့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအဖြစ် စတင်ဖွဲ့စည်းခဲ့ပါသည်။ ရုပ်ရှင်ဆင်ဆာဘုတ်အဖွဲ့၊ ဗဟိုရုပ်ရှင်ဌာနခွဲ၊ ရုပ်ရှင် လုပ်ငန်းမြှင့်တင်ရေးအဖွဲ့နှင့် နိုင်ငံခြားရုပ်ရှင်ကားတင်သွင်းရေး အေဂျင်စီတို့ကို ပေါင်း၍ ရုပ်ရှင် ကော်ပိုရေးရှင်း ဟုလည်းကောင်း၊ မြန်မာ့ရုပ်ရှင်လုပ်ငန်း ဟုလည်းကောင်း ဖွဲ့စည်းခဲ့ပါသည်။ နောင်တွင် ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန ဟုပြောင်းလဲဖွဲ့စည်းခဲ့ပြီး ၁၅-၁-၂၀၁၅ ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၂/၂၀၁၅) ၏သဘောတူညီချက်အရ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အောက်တွင် ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲအဖြစ် ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်များ ဖွဲ့စည်းပုံ

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဖွဲ့စည်းပုံအရ တိုင်း ဒေသကြီး / ပြည်နယ်များတွင် (၁၇) ရုံး၊ ခရိုင်များတွင် (၇၄) ရုံး၊ မြို့နယ်များတွင် (၂၅၆) ရုံး၊ မြို့နယ်ခွဲများ တွင် (၈၄) ရုံးဖြင့် ဖွဲ့စည်း ထားရှိပါသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

  • နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး /ပြည်နယ်အသီးသီး၏ အကျိုး စီးပွားနှင့်သက်ဆိုင်သည့် အကြောင်းအရာများနှင့်အရေးကြီးသည့် အသိ ပေး ကြေညာချက် များကို ပြန်ကြားပေးရေးနှင့် အသိပညာပေးရေး
  • လူတစ်ဦးချင်းအတွက်ဖြစ်စေ၊ အစုအဖွဲ့အတွက်ဖြစ်စေ၊ အားလပ်ချိန်နှင့် အပန်းဖြေမှုအပါအ၀င် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာ ရေးနှင့်သတင်းအချက်အလက်ဆိုင်ရာလိုအပ်ချက်များကို လူမှုအခြေပြု ဌာန (Community Centre)နှင့် လူမှုအခြေပြုစာကြည့်တိုက် (Community Library)များထူထောင်၍ ဖြည့်ဆည်းပေး ရေး
  • အသက်အရွယ်မရွေး၊ လူမျိုးဘာသာမရွေး၊ ကျား/မ မရွေး၊ ဘာသာစကား သို့မဟုတ် လူမှုအဆင့်အတန်း မရွေး၊ တူညီသောအခြေခံဖြင့် ပြည်သူ့ စာကြည့်တိုက် ၀န်ဆောင်မှုလုပ်ငန်းများကို ကျေးလက်နှင့် မြို့ပြဒေသ များရှိ လူထု၏ကွဲပြားခြားနားသော လိုအပ်ချက်များနှင့် လိုက်လျော ညီထွေ ဆောင်ရွက်ပေးရေး
  • ခရိုင်နှင့် မြို့နယ်ရုံးစာကြည့်တိုက်များကို ပြည်သူများအမှန်တကယ် အားကိုးအားထားပြုနိုင်သည့် လူမှုအခြေပြုဌာန (Community Centre)နှင့် လူမှုအခြေပြုစာကြည့်တိုက် (Community Library)များထူထောင် ဖွင့်လှစ်ရန်
  • ရုပ်ရှင်ဥပဒေပေါ်ပေါက်လာရေးနှင့် ရုပ်ရှင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အားပေးမြှင့်တင်ရန်
  • ပြည်သူများအား သတင်းအချက်အလက်နှင့် အသိပညာဗဟုသုတများ ဖြန့်ဖြူး ရာတွင် သမားရိုးကျနည်းများဖြင့်သာမက ခေတ်မီဒစ်ဂျစ်တယ်နည်းပညာ ရပ်များဖြင့်ပါ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် အခြေခံ အဆောက်အအုံများနှင့် နည်းပညာဆိုင်ရာဝန်ဆောင်မှုများကို ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဖွံ့ဖြိုးမှု အစီအစဉ်များ တိုးမြှင့် ဆောင်ရွက်ရန်
  • ဝန်ထမ်းများအား အသိပညာဖြန့်ဝေပေးသူ၊ သတင်းအချက်ဖြန့်ဝေပေးသူ အဖြစ် လေ့ကျင့်ပြုစုပျိုးထောင်ပေးရေးအတွက် လိုအပ်သည့်သင်တန်းများ ဖွင့်လှစ် သင်ကြား ပေးရန်
  • ကောင်းမွန်သည့်ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများဆောင်ရွက်၍ နိုင်ငံတော် အစိုးရနှင့် ဝန်ကြီးဌာနပုံရိပ်ကို မြှင့်တင်ရန်
  • ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းတာဝန် များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်
  • ပြည်သူကို ဗဟိုပြုသော ပြည်သူ့ဝန်ဆောင်မှု အသိပညာပေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း
  • မြန်မာ့ရုပ်ရှင်လောက၏အဆင့်အတန်း ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း
  • မီဒီယာဥပဒေ၊နည်းဥပဒေများအားကြီးကြပ်သည့်ဌာနအဖြစ် တာဝန်ယူ ဆောင်ရွက်ခြင်း
  • မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များ မှတ်တမ်းတင်ထိန်းသိမ်းခြင်းနှင့် ကြီးကြပ်ရေး ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်း
  • ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဒို့ကျေးရွာဂျာနယ်ကို တစ်လလျှင် (၂)ကြိမ် ထုတ်ဝေ ဖြန့်ချိ ဆောင်ရွက်ခြင်း
  • နိုင်ငံတော်အကြီးအကဲ၏ ပြည်တွင်း/ ပြည်ပ ခရီးစဉ်များတွင် သတင်း ဓာတ်ပုံရိုက်ကူးထုတ်ပြန်ပေးခြင်း၊ မှတ်တမ်းအယ်လ်ဘမ်များ ပြုလုပ် ပေးခြင်းနှင့် ပြည်ပ နိုင်ငံများမှ နိုင်ငံတော် အကြီးအကဲ များ၏ ခရီးစဉ်များ၊ နိုင်ငံတော်အခမ်းအနားများတွင် မှတ်တမ်းဓာတ်ပုံများ ရိုက်ကူး ဆောင်ရွက်ခြင်း။ ပြန်ကြားရေးဝန်ကြီးဌာန website ဖြစ်သည့် www.moi.gov.mm နှင့် MOI Web Portal Myanmar (Facebook Page)များတွင် သတင်းများကို အချိန်နှင့် တစ်ပြေးညီ လွှင့်တင် ဆောင်ရွက်ခြင်း
  • နိုင်ငံတကာမှ သတင်းထောက်များအား ပြည်ဝင်ဗီဇာ ထောက်ခံပေးခြင်း နှင့် ဗီဇာသက်တမ်းတိုးခြင်းများကို ထောက်ခံပေးခြင်း
  • အသစ်ပြဌာန်းခဲ့သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေနှင့် အညီ ပုံနှိပ်ခြင်းလုပ်ငန်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြု လက်မှတ် များကို စိစစ်ခွင့်ပြုထုတ်ပေးနိုင်ရေး ဆောင်ရွက်ခြင်း
  • ရုပ်ရှင်ဇာတ်ကားများ၊ ဗီဒီယိုဇာတ်ကားများ၊ ကာရာအိုကေ၊ လက်ဝှေ့၊ အငြိမ့်နှင့် ရုပ်သံလိုင်းများတွင်ပြသရန် နိုင်ငံခြားဇာတ်ကားများကို ဆင်ဆာ မူဝါဒ (၆)ချက် နှင့်အညီ စိစစ်ခွင့်ပြုပေးခြင်း
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဆောင်ပုဒ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ဆောင်ပုဒ်မှာအောက်ပါအတိုင်း ဖြစ် ပါ သည်

  • ရှင်သန်တက်ကြွ နိုးထ လှုပ်ရှား
  • စွမ်းအားထက်မြက် သွက်လက်ရွှင်လန်း
  • အပင်ပန်းခံ အားမာန်အပြည့်
  • သိမ်မွေ့ချိုသာ ပျုငှာယ ဉ်ကျေး
  • ပြည်သူ့ဆက်ဆံရေး။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်း ဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းနှင့် ညွှန်ကြားချက်များ

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်း ဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းနှင့် ညွှန်ကြားချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

  • ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက သက်ဆိုင်ရာ ပုံနှိပ် ၊ ထုတ်ဝေ လုပ်ငန်းရှင်များ နှင့် တိုင်းဒေသကြီး နှင့်ပြည်နယ် အသီးသီးမှ အဖွဲ့အစည်းများ၏ သဘော ထားရယူကာ ရေးဆွဲခဲ့ပြီး ၁၄-၃-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ်(၁၃)ဖြင့် ပြဋ္ဌာန်း ခဲ့ရာ ယင်းဥပဒေဖြင့် The Press (Emergency Powers) Act (India Act 23, 1931,Vol ,II) နှင့် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများမှတ်ပုံတင် ဥပဒေ (ဥပဒေအမှတ် ၂၆ / ၁၉၆၂) တို့ကို ရုပ်သိမ်းခဲ့ပါသည်။ ၁၀-၁၀-၂၀၁၄ရက်စွဲပါ အမိန့်ကြော်ငြာ စာ အမှတ် (၄၈/၂၀၁၄) ဖြင့် နည်းဥပဒေ ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
  • သတင်းမီဒီယာဥပဒေကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)တို့ ပူးပေါင်း၍ အသစ်ရေးဆွဲ ခဲ့ခြင်းဖြစ်ပါသည်။ ယင်းဥပဒေကို ၁၄-၃-၂၀၁၄ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ် ( ၁၂ ) ဖြင့် လည်းကောင်း၊ နည်း ဥပဒေကို ၁၇-၆-၂၀၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၄၅/၂၀၁၅) ဖြင့် လည်းကောင်း ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါသည်။
  • မြန်မာ့ရုပ်ရှင် ဥပဒေကို ပြဋ္ဌာန်းနိုင်ရန် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဥပဒေမူကြမ်းရေးဆွဲဆဲဖြစ်ပြီး ယင်းဥပဒေဖြင့် ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေ(ဥပဒေ အမှတ် ၈ / ၁၉၉၆) နှင့်ရုပ်ရှင်ဥပဒေ (ဥပဒေအမှတ် ၉/၁၉၉၆)တို့ကို ရုပ်သိမ်းသွားမည် ဖြစ်ပါ သည်။
  • ၁၉၆၄ခုနှစ်၊ စာကြည့်တိုက်ပြတိုက်နှင့်ပြပွဲများ ကြီးကြပ် အုပ်ချုပ်ရေး ဥပဒေကို တိုင်းဒေသကြီး / ပြည်နယ်များမှ စာကြည့်တိုက် ဥပဒေ ရေးဆွဲပြီးပါက ပယ်ဖျက်သွားမည် ဖြစ်ပါသည်။
နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်/မြို့နယ်ရုံးများ၏ ရုံး ဓာတ်ပုံ၊ လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်များ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒက္ခိဏခရိုင် ရုံးဓာတ်ပုံ

လိပ်စာ

မြေကွက်အမှတ်(၁၆)၊ နေပြည်တော်ကောင်စီ၀င်းအတွင်း/နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒက္ခိဏခရိုင်ရုံး

ဆက်သွယ်ရန်ဖုန်းနံပါတ်များ

နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန         ၀၆၇-၅၅၀၃၉၇

ဒက္ခိဏခရိုင်ရုံး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန        ၀၆၇-၅၅၀၃၁၂

ပျဉ်းမနားမြို့နယ်ရုံးဓာတ်ပုံ

လိပ်စာ

ရန်ကုန်-မန္တလေးလမ်းမကြီးဘေး၊ ရန်အောင် (၁)ရပ်ကွက်၊ မြင်းကျကန်ရပ်၊ ပျဉ်းမနားမြို့

ဆက်သွယ်ရန်ဖုန်းနံပါတ်များ

ပျဉ်းမနားမြို့နယ်ရုံး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန        ၀၆၇-၂၄၇၉၄

လယ်ဝေးမြို့နယ်ရုံးဓာတ်ပုံ

လိပ်စာ

ရန်အောင်လမ်း၊ သီရိမင်္ဂလာခန်းမအနီး၊ အမှတ် (၄)ရပ်ကွက်၊ လယ်ဝေးမြို့

ဆက်သွယ်ရန်ဖုန်းနံပါတ်များ

လယ်ဝေးမြို့နယ်ရုံး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန        ၀၆၇ ၃၀၃၆၀

ဇမ္ဗူသီရိမြို့နယ်ရုံးဓာတ်ပုံ

လိပ်စာ

ဇမ္ဗူသီရိမြို့နယ်ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ နေပြည်တော် ကောင်စီ၀င်း အတွင်း၊ဇမ္ဗူသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး

ဆက်သွယ်ရန်ဖုန်းနံပါတ်များ

ဇမ္ဗူသီရိမြို့နယ်ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန        ၀၆၇-၅၅၀၃၅၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဥတ္တရခရိုင်ရုံးဓာတ်ပုံ

လိပ်စာ

ဥတ္တရခရိုင်ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဥတ္တရခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး

ဆက်သွယ်ရန်ဖုန်းနံပါတ်များ

ဥတ္တရခရိုင်ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန        ၀၆၇-၅၁၀၂၀၀

တပ်ကုန်းမြို့နယ်ရုံးဓာတ်ပုံ၊ လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်များ

လိပ်စာ

၂၀၁ ခ၊ မြဝတီတိုးချဲ့ ( ၅) လမ်း၊ မြဝတီရပ်ကွက် တပ်ကုန်းမြို့နယ်ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့

ဆက်သွယ်ရန်ဖုန်းနံပါတ်များ

တပ်ကုန်းမြို့နယ်ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန        ၀၆၇-၈၀၇၀၆၂၄

ပုဗ္ဗသီရိမြို့နယ်ရုံးဓာတ်ပုံ

လိပ်စာ

ပုဗ္ဗသီရိမြို့နယ်ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး

ဆက်သွယ်ရန်ဖုန်းနံပါတ်များ

ပုဗ္ဗသီရိမြို့နယ်ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန        ၀၆၇ ၅၁၀၁၈၄

ဇေယျာသီရိမြို့နယ်ရုံးဓာတ်ပုံ၊လိပ်စာ

လိပ်စာ

ဇေယျာသီရိမြို့နယ်ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ဇေယျာသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး

ဆက်သွယ်ရန်ဖုန်းနံပါတ်များ

ဇေယျာသီရိမြို့နယ်ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန        -

ဖုန်းမတပ်ဆင်ရသေးပါ။


ရှေ့သို့