အထူးသတင်းကြေငြာချက်

လျှောက်ထားရန်

ဒေါ်လာရောင်း၊ဝယ် ဈေးနှုန်း

နိုင်ငံခြားငွေလဲလှယ်နှုန်း (၃.၆.၂၀၁၉)

အမေရိကန် တစ်ဒေါ်လာ ၁၅၂၉.၇
ဥရောပ တစ်ယူရို ၁၇၀၉.၇
တရုတ် တစ်ယွမ် ၂၂၁.၄၅
ထိုင်း တစ်ဘတ် ၄၈.၆၄၇
မလေးရှား တစ်ရင်းဂစ် ၃၆၅.၆၉
အိန္ဒိယ တစ်ရူပီ ၂၂.၀၄၈
ဂျပန် တစ်ရာယန်း ၁၄၁၂.၈
တောင်ကိုရီးယား တစ်ရာ၀မ် ၁၂၉.၄၀
သြစတြေးလျ တစ်ဒေါ်လာ ၁၀၆၃.၁
စင်ကာပူ တစ်ဒေါ်လာ ၁၁၁၅.၈
နေပြည်တော်ဘဏ်မှ ဝန်ဆောင်မှုပေးနေပါသည်။

နေပြည်တော်ဗဟိုစာရင်းအင်းအဖွဲ့

ဗဟိုစာရင်းအင်းအဖွဲ့၏နောက်ခံသမိုင်း

ဗဟိုစာရင်းစစ်တမ်းကောက်ယူရေး အာဏာပိုင်အက်ဥပဒေ (၁၉၅၂)ခုနှစ် ဥပဒေ အမှတ်(၃၄)ကို (၁၉၅၂) ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့တွင်စတင်ပြဌာန်းခဲ့ပြီး၊ ဗဟိုစာရင်း အင်းနှင့် စီးပွားရေးဌာနကို အဆိုပါနှစ် အောက်တိုဘာလတွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ဗဟိုစာရင်းအင်းနှင့်စီးပွားရေးဌာနကို ဗဟိုစာရင်းအင်းအဖွဲ့အဖြစ် (၁၉၇၄) ခုနှစ်တွင် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ (၁၉၈၈)ခုနှစ်၊ မတ်လ(၁၈) ရက်နေ့တွင် ဗဟိုစာရင်းအင်း အဖွဲ့၏ ဖွဲ့စည်းပုံကိုတိုးမြှင့်ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။

ဖွဲ့စည်းပုံပြင်ဆင်ခြင်း

ယခုအခါ နိုင်ငံတောင်၏လိုအပ်ချက်အရ ဗဟိုစာရင်းအင်းအဖွဲ့၏ လက်ရှိစုစည်း လျက်ရှိသော လူမှုစီးပွားကဏ္ဍများအလိုက် စာရင်းအင်းများကိုလည်းကောင်း၊ စစ်တမ်းများ ကိုလည်းကောင်း၊ စီးပွားရေးစိစစ်သုံးသပ်တင်ပြချက်များကိုလည်းကောင်း၊ ယခင်ကထက် ပိုမိုကျယ်ပြန့်စွာ ကောက်ယူစုစည်းနိုင်ရန်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ကုန်စည်ဒိုင် များမှ နေ့စဉ်ကုန်စျေးနှုန်း သတင်းအချက်အလက်များ စုစည်းတင်ပြနိုင်ရန်အတွက် တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။

ဗဟိုစာရင်းအင်းအဖွဲ့၏တိုင်းဒေသကြီး/ခရိုင်/မြို့နယ်များဝန်ထမ်းဖွဲ့စည်းပုံ
စဉ် တိုင်း/ခရိုင်/မြို့နယ် ခွင့်ပြု ခန့်ထား လစ်လပ်
နေပြည်တော်ကောင်စီ
ဒက္ခိဏခရိုင်
ဥတ္တရခရိုင်
ဇမ္ဗူသီရိမြို့နယ်
ပျဉ်းမနားမြို့နယ်
လယ်ဝေးမြို့နယ်
ဒက္ခိဏသီရိမြို့နယ်
ဥတ္တရသီရိမြို့နယ်
တပ်ကုန်းမြို့နယ်
၁၀ ပုဗ္ဗသီရိမြို့နယ်
၁၁ ဇေယျာသီရိမြို့နယ်
ဗဟိုစာရင်းအင်းအဖွဲ့၏ရည်မှန်းချက်

ဗဟိုစာရင်းအင်းအဖွဲ့၏ရည်မှန်းချက်မှာ စာရင်းအင်းအရည်အသွေး ပြည့်ဝစေရေးနှင့် စာရင်းအင်းစနစ် ပြည့်စုံတိကျမှန်ကန်စေရေးအတွက် လူမှု-စီးပွားဆိုင်ရာ အချက်အလက် များ၊ ညွှန်ကိန်းများကို ပြည့်စုံအောင် တွက်ချက်ဆောင်ရွက်နိုင်သည့် အမျိုးသားစာရင်းအင်း စနစ် ပေါ်ပေါက်လာစေရန် ဖြစ်ပါသည်။

မူဝါဒ

ဗဟိုစာရင်းအင်းအဖွဲ့၏မူဝါဒများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

    1. (က)စာရင်းအင်းအရည်အသွေးပြည့်ဝစေရေးနှင့် စာရင်းအင်းစနစ် ပြည့်စုံတိကျ မှန်ကန်စေရေးအတွက်လူမှု-စီးပွားဆိုင်ရာအချက်အလက်များ၊ ညွှန်ကိန်းများ ကို ပြည့်စုံအောင် တွက်ချက်ဆောင်ရွက်နိုင်သည့် မြန်မာနိုင်ငံအမျိုးသား စာရင်းအင်းစနစ် ပေါ်ပေါက်လာစေရန်။
    2. (ခ)အစိုးရဌာန၊သမဝါယမ၊ ပုဂ္ဂလိကအဖွဲ့အစည်းနှင့် ပုဂ္ဂလိကလုပ်ငန်း အားလုံးမှ တစ်မျိုးသားလုံး၏ စာရင်းအင်းအားခြုံငုံသည့် လိုအပ်သောစာရင်းအင်း များကိုပံ့ပိုးမှုရရှိနိုင်ရန်၊
    3. (ဂ)အကျိုးသက်ရောက်မှုရှိပြီး နိုင်ငံတော်အစိုးရနှင့်အများပြည်သူတို့ အသုံးပြုနိုင် ရန်အတွက် စာရင်းအင်းဆိုင်ရာလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လွယ်ကူ ချောမွေ့စေရန်၊
    4. (ဃ)စာရင်းအင်းနှင့်သက်ဆိုင်သောဌာနများ/ အဖွဲ့အစည်းများအကြား ထိရောက် မြန်ဆန်စွာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းစေရန်၊
    5. (င)အရည်အသွေးပြည့်ဝပြီး တိကျမှန်ကန်သည့် စာရင်းအင်းများကို ရရှိ အသုံးပြုနိုင်ခြင်းအားဖြင့် အစိုးရနှင့်ပြည်သူများအကြား နိုင်ငံတကာအသိုင်း အဝိုင်းများအကြား ယုံကြည်မှုတိုးမြှင့်စေရန်၊
    6. (စ)အသစ်ပြဌာန်းမည့် မြန်မာနိုင်ငံစာရင်းအင်းဥပေဒနှင့်အညီ အာဏာ သက်ရောက်မှု ကျယ်ပြန့်ထိရောက်လာစေရန်နှင့် အဆိုပါစာရင်းအင်းဥပဒေ အရယုံကြည်ကိုးစားနိုင်သော၊ ခိုင်မာ၍အရည်အသွေးရှိသော စာရင်းအင်းများ ကို အချိန်နှင့်တစ်ပြေးညီ စုစည်းကောက်ယူနိုင်ရန် အမျိုးသားစာရင်းအင်း ဖွံ့ဖြိုးမှုမဟာဗျူဟာ (National Strategy for Development of Statistics-NSDS) ဖော်ဆောင်၍ အကောင်အထည်ဖော်ဆောင်သွားမည့် လုပ်ငန်းများ ကျယ်ပြန့်စွာတိုးမြှင့်အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်တို့ ဖြစ်ပသည်။
လုပ်ငန်းစဉ်တာဝန်များ
    1. (က)တိုင်းဒေသကြီး၏ စီးပွားရေး၊ လူမှုရေးဆိုင်ရာ စာရင်းအင်း အချက်အလက် များကို ရနိုင်သမျှသော အရင်းအမြစ်များမှ ကောက်ယူစုစည်းခြင်း၊
    2. (ခ)ထိုသို့ကောက်ယူစုစည်းရာတွင် သက်ဆိုင်ရာများသို့ အမှာစာများပေးပို့ တောင်းခံသောနည်းလမ်းသာမက စစ်တမ်းကောက်ယူရေး နည်းလမ်းများကို လိုအပ်သလို အသုံးပြုခြင်း၊
    3. (ဂ)ဖွားသေစာရင်းအင်းစနစ် ပိုမိုကောင်းမွန်၍ တိကျခိုင်မာသော ဖွားသေစာရင်း အင်းများကို တိုင်းဒေသကြီးအလိုက် စုစည်းတွက်ချက်နိုင်ရန်အတွက် ဆောင်ရွက်ခြင်း၊
    4. (ဃ)လူမှု၊စီးပွားနယ်ပယ်အသီးသီးအတွက်မှန်ကန်သော စာရင်းအင်းနှင့် သတင်း အချက်အလက်များရရှိရန် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
    5. (င)အရည်အသွေးပြည့်ဝသော စာရင်းအင်းအချက်အလက်များကို အချိန်နှင့် တပြေးညီပေးပို့နိုင် ရေးဆောင်ရွက်ခြင်း၊
ဗဟိုစာရင်းအဖွဲ့၏ဆောင်ပုဒ်

Better Data Better Life

ဗဟိုစာရင်းစစ်တမ်းကောက်ယူရေးအာဏာပိုင်အက်ဥပဒေ

အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့ ၏ ၁၉၅၂ ဗဟိုစာရင်းစစ်တမ်းကောက်ယူရေးအာဏာပိုင်အက်ဥပဒေသည် ခေတ်နှင့် လိုက်လျောညီထွေမှုမရှိတော့သည့်အတွက် စာရင်းအင်းဥပဒေသစ်ပြဌာန်းနိုင်ရန် ဥပဒေ မူကြမ်းရေးဆွဲ၍ တင်ပြထားရာတွင် အမျိုးသားလွှတ်တော်မှ အတည်ပြုပြီး၍ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက် တင်ပြထားပါသည်။

ဗဟိုစာရင်းအဖွဲ့ရုံးများ၏လိပ်စာ
စဉ် တိုင်း/ခရိုင်/မြို့နယ် တည်နေရာ
နေပြည်တော်ဗဟိုစာရင်းအင်းအဖွဲ့ရုံး နေပြည်တော်ကောင်စီရုံး
ဒက္ခိဏခရိုင်ဗဟိုစာရင်းအင်းအဖွဲ့ရုံး နေပြည်တော်ကောင်စီရုံး
ဥတ္တရခရိုင်ဗဟိုစာရင်းအင်းအဖွဲ့ရုံး ဥတ္တရခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး
ဇမ္ဗူသီရိမြို့နယ်ဗဟိုစာရင်းအင်းအဖွဲ့ရုံး နေပြည်တော်ကောင်စီရုံး
ပျဉ်းမနားမြို့နယ်ဗဟိုစာရင်းအင်းအဖွဲ့ရုံး ပျဉ်းမနားမြို့နယ်စုပေါင်းရုံး
လယ်ဝေးမြို့နယ်ဗဟိုစာရင်းအင်းအဖွဲ့ရုံး လယ်ဝေးမြို့နယ်စီမံကိန်းရုံး
ဒက္ခိဏသီရိမြို့နယ်ဗဟိုစာရင်းအင်းအဖွဲ့ရုံး နေပြည်တော်ကောင်စီရုံး
ဥတ္တရသီရိမြို့နယ်ဗဟိုစာရင်းအင်းအဖွဲ့ရုံး ဥတ္တရသီရိအထွေထွေအုပ်ချုပ်ရေးရုံး
တပ်ကုန်းမြို့နယ်ဗဟိုစာရင်းအင်းအဖွဲ့ရုံး တပ်ကုန်းမြို့နယ်စုပေါင်းရုံး
၁၀ ပုဗ္ဗသီရိမြို့နယ်ဗဟိုစာရင်းအင်းအဖွဲ့ရုံး ဥတ္တရခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး
၁၁ ဇေယျာသီရိမြို့နယ်ဗဟိုစာရင်းအင်းအဖွဲ့ရုံး နေပြည်တော်ကောင်စီရုံး

ရှေ့သို့