အထူးသတင်းကြေငြာချက်
  • အထူးသတင်းကြေငြာချက်

လျှောက်ထားရန်

ဒေါ်လာရောင်း၊ဝယ် ဈေးနှုန်း

နိုင်ငံခြားငွေလဲလှယ်နှုန်း (၂၉.၁၁.၂၀၁၉)

အမေရိကန် တစ်ဒေါ်လာ ၁၅၁၁.၆
ဥရောပ တစ်ယူရို ၁၆၆၅.၀
တရုတ် တစ်ယွမ် ၂၁၄.၉၅
ထိုင်း တစ်ဘတ် ၄၉.၉၉၅
မလေးရှား တစ်ရင်းဂစ် ၃၆၂.၁၉
အိန္ဒိယ တစ်ရူပီ ၂၁.၁၄၀
ဂျပန် တစ်ရာယန်း ၁၃၈၁.၂
တောင်ကိုရီးယား တစ်ရာ၀မ် ၁၂၈.၂၀
သြစတြေးလျ တစ်ဒေါ်လာ ၁၀၂၂.၄
စင်ကာပူ တစ်ဒေါ်လာ ၁၁၀၆.၄
နေပြည်တော်ဘဏ်မှ ဝန်ဆောင်မှုပေးနေပါသည်။

နေပြည်တော်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ဦးစီးဌာနစတင်ပေါ်ပေါက်လာပုံနှင့်နောက်ခံသမိုင်း

ပြည်ထောင်စုနယ်မြေ၊နေပြည်တော်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(တိုင်းရုံး)၏ဖွဲ့စည်း ပုံအသစ်ကို(၂၀၁၃)ခုနှစ် မတ်လ(၁၂)ရက်နေ့တွင်ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအ မှတ်စဉ်(၉/၂၀၁၃)မှသဘောတူခွင့်ပြုပြီး ပြည်ထောင်စုနယ်မြေတွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန(တိုင်းရုံး)ကို ရန်အောင်(၂)ရပ်ကွက်၊လယ်ဝေးလမ်းဟောင်းရှိမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန(ခရိုင်ရုံး)တွင် အရာထမ်း(၂)ဦး၊အမှုထမ်း(၁၀)ဦး ဖြင့်စတင်ဖွင့်လှစ်ခဲ့ပြီး(၂၀၁၆)ခုနှစ်ဇွန်လ(၁)ရက်နေ့ မှစတင်၍ပြည်ထောင်စုနယ်မြေ၊နေပြည်တော်ကောင်စီဝင်း အကွက်အမှတ်(၄)တွင် နေပြည်တော်မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(တိုင်းရုံး)ကိုသီးသန့် ဖွင့်လှစ်ခဲ့ပါသည်။

ဦးစီးဌာန၏ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်များ ဝန်ထမ်းဖွဲ့စည်းပုံ

နေပြည်တော် မိုးလေ၀သနှင့်ဇလဗေဒဌာန(တိုင်းရုံး)

စဉ် ရာထူးအမည် ခွင့်ပြု ခန့်ထား လစ်လပ်
လက်ထောက်ညွှန်ကြားရေးမှူး -
ဒု-ဦးစီးမှူး -
တိုင်းထွာရေး-၃
တိုင်းထွာရေး-၄ -
အငယ်တန်းစာရေး -
ယာဉ်မောင်း -
စုစုပေါင်း

မိုးလေ၀သနှင့် ဇလဗေဒဌာန၊ ပျဉ်းမနား(ခရိုင်ရုံး)

စဉ် ရာထူးအမည် ခွင့်ပြု ခန့်ထား လစ်လပ်
ဦးစီးအရာရှိ
တိုင်းထွာရေး-၃
တိုင်းထွာရေး-၄
တိုင်းထွာရေး-၅
စုစုပေါင်း -

စိုက်ပျိုးရေးမိုးလေ၀စခန်း (ရေးဆင်း)

စဉ် ရာထူးအမည် ခွင့်ပြု ခန့်ထား လစ်လပ်
ဒု-ဦးစီးမှူး
တိုင်းထွာရေး-၄
စုစုပေါင်း

စိုက်ပျိုးရေးမိုးလေ၀စခန်း (တပ်ကုန်း)

စဉ် ရာထူးအမည် ခွင့်ပြု ခန့်ထား လစ်လပ်
တိုင်းထွာရေး-၃
တိုင်းထွာရေး-၄
စုစုပေါင်း
မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ မူဝါဒမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • ပြည်သူများ၏အသက်အိုးအိမ်၊ စည်းစိမ်၊ မဆုံးရှုံးစေရေးအတွက် သဘာ၀ဘေး ကြိုတင် ကာကွယ် ရေးတွင်၊ ထိရောက်သောကြိုတင်သတိပေးချက်များထုတ်ပြန်ရန်
  • ပြောင်းလဲလာသောရာသီဥတုအခြေနေများကို သုတေသနပြုလေ့လာရန်
  • မြေငလျင်ကြောကြီးများ၏ရွှေ့လျားမှုနှင့်မြေငလျင်လှုပ်ရှားမှုများကိုသတင်းထုတ်ပြန် နိုင်ရန်
  • မြန်မာနိုင်ငံအဓိကမြစ်ကြီးများ၏ မြစ်ရေကြီးခြင်းသတိပေးချက်များနှင့် မြစ်ရေအခြေ အနေ သတင်းများအချိန်နှင့်တပြေးညီ ထုတ်ပြန်နိုင်ရန်
ရည်မှန်းချက်

မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ရည်မှန်းချက်မှာအောက်ပါအတိုင်းဖြစ်ပါသည်။

  • သဘာ၀ဘေးကြိုတင်ကာကွယ်ရေး
  • ကုန်း၊ ရေ၊လေကြောင်းခရီးများလုံခြုံသက်သာချောမွေ့ရေး
  • စားနပ်ရိက္ခာနှင့် စိုက်ပျိုးမှုပိုမိုတိုးတက်ရေး
  • ပတ်၀န်းကျင်ထိန်းသိန်းရေးနှင့်သယံဇာတများ၊ ကာလရှည်ကြာစွာထုတ်ယူအသုံးပြုရေး
  • မိုးလေ၀သနှင့် ဇလဗေဒလုပ်ငန်းများတိုးတက်စေရေးအတွက်၊ သုတေသန ပညာပေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး
လုပ်ငန်းစဉ်

မိုးလေဝသနှင့်ဇလဗေဒကဏ္ဍဖွံ့ဖြိုး တိုးတက်ရန်အတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များမှာ

  • သဘာဝဘေးအန္တရယ်ကျရောက်ချိန်တွင် ထိရောက်သောကြိုတင်သတိပေးချက်ထုတ်ပြန်နိုင် ရေးအတွက်မိုးလေဝသနှင့်လုပ်ငန်း၊ ဇလဗေဒလုပ်ငန်းနှင့်မြေငလျင်ဆိုင်ရာလုပ်ငန်းများတွင် ခေတ်မှီအလိုလျောက် တိုင်းတာရေးကိရိယာများ တိုးချဲ့တပ်ဆင်ခြင်း၊မုန်တိုင်းပြ ရေဒါစခန်း များတည်ဆောက်ခြင်း၊ ခေတ်မှီတိုင်းထွာရေးစခန်းများတိုးချဲ့ဖွင့်လှစ်ခြင်း၊ ဝန်ထမ်းများ၏ အရည်အသွေးနှင့်စွမ်းဆောင်ရည်မြှင့်တင်ခြင်းများကိုနှစ်အလိုက်ဆောင်ရွက်သွားပါမည်။
  • အဝေးအာရုံခံစနစ်တွင် ပထဝီသတင်းအချက်အလက်များကို အသုံးပြု၍ Flood Hazard Map များကို ထုတ်ဖော်ခြင်း၊မြေငလျင်လှုပ်ရှားမှုတိုင်းတာရေးကွန်ယက်စနစ် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်းများကို နှစ်အလိုက်ဆောင်ရွက်သွားပါမည်။
  • ဤသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ ပံ့ပိုးကူညီမှုကို ရယူခြင်း၊ ကမ္ဘာ့မိုးလေ၀သ အဖွဲ့ချုပ်၊ ကုလသမဂ္ဂလက ်အောက်ခံအာရှပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေး နှင့် လူမှုရေး ကော်မရှင် အာစီယံအဖွဲ့၏ဖွံ့ဖြိုးမှု အစီအစဉ်များနှင့်ဖွံ့ဖြိုးမှုအစီအစဉ်များနှင့် နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်မှု အစီအစဉ်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သားပါမည်။
လုပ်ငန်းတာ၀န်များ

နေပြည်တော် မိုးလေ၀သနှင့် ဇလဗေဒဌာန (တိုင်းရုံး)သည် မိမိလက်အောက်ခံရုံးများ ဖြစ်သည့် မိုးလေ၀သနှင့် ဇလဗေဒဌာန (ခရိုင်ရုံး) ပျဉ်းမနားစိုက်ပျိုးရေးမိုးလေ၀သစခန်း(တပ်ကုန်း)၊ ရေဆင်းစခန်းရုံးများ၏တိုင်းထွာချက်များကိုနေ့စဉ်လက်ခံရယူပြီးရုံးချုပ်သို့နေ့စဉ်ပေးပို့ခြင်း၊ နေပြည်တော် ကောင်စီသို့ပေးပို့ခြင်းတို့ကိုFaxဖြင့်ပေးပို့ဆောင်ရွက်လျက်ရှိပါသည်။(၂၀၁၅-၂၀၁၆)နှစ်ချုပ်အစည်းအဝေး ၏ဆုံးဖြတ်ချက်အရရုံးချုပ်အပါအ၀င်စခန်းကြီး(၆)စခန်း၏အပူချိန်မိုးရေချိန်များနှင့် အချိန်ပိုင်းစခန်း(၈) စခန်း၏မိုးရေချိန်တို့ကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)စစ်ဆင်ရေးဌာနသို့ နေ့စဉ်ပေးပို့လျက်ရှိပါသည်။ ထို့အပြင် နေပြည်တော်(၈)မြို့နယ် မိုးရေချိန်နှင့် ရုံးချုပ်မှ ထုတ်ပြန်သော(၂)နာရီထုတ်ပြန်ချက်ကို စုစည်း၍ နေပြည်တော်ကောင်စီရုံးသို့ မွန်းလွဲ(၁၅:၀၀)နာရီတွင် Fax ဖြင့်နေ့စဉ်ပေးပို့အစီရင်ခံရပါသည်။

ထို့အပြင် ရုံးချုပ်မှ ထုတ်ပြန်သော (၁၀)ရက်ပတ်၊ လပတ် မိုးလေ၀သနှင့် ဇလဗေဒခန့်မှန်းချက် များ ကို ရယူပြီး စခန်းများ၏ တိုင်းထွာချက်များကို စုစည်း၍ အပတ်စဉ်အစည်းအဝေနှင့် လစဉ်ပြုလုပ် နေကြ၊ နေပြည်တော်ကောင်စီဥက္ကဌနှင့် ဌာနဆိုင်ရာများ အစည်းအဝေးတွင် ဆွေးနွေးတင်ပြရသည့် နည်းတူ လစဉ်အစီရင်ခံစာ(၃)အုပ်ကို နေပြည်တော်ကောင်စီသို့ ပေးပို့တင်ပြအစီရင်ခံရပါသည်။ ထို့အတူခရိုင်အဆင့် လုပ်ငန်းဆိုင်ရာအစည်းအဝေးကို ခရိုင်အရာရှိမှ ဆောင်ရွက်ပြီး မြို့နယ်အဆင့် အစည်းအဝေးများကို ဒုဦးစီးမှူးနှင့် စခန်းမှူးများမှ ဆောင်ရွက်ရပါသည်။

ထို့အတူ ရုံးချုပ်နေပြည်တော်မှ ထူးခြားဖြစ်စဉ်အဖြစ်အခါအားလျှော်စွာ ထုတ်ပြန်သော၊ အပူချိန် နှင့်ပတ်သက်သည့် သတိပေးချက်များ၊ မိုးထစ်ချုန်းပြီးလေပြင်းကျရောက်မည့် သတိပေး ထုတ် ပြန် ချက်များ၊ မိုးကြီးမည့် သတိပေးထုတ်ပြန်ချက်များ၊ လေပြင်းကျရောက်မည့် သတိပေးထုတ်ပြန်ချက် များ၊ လျက်တပျက်ရေကြီးမည့် သတိပေးထုတ်ပြန်ချက်များ၊ ပျံ့နှံ့ရေကြီးမည့် သတင်းထုတ်ပြန်ချက်များ မိုးကြီးခြင်းနှင့် အတူမြေပြိုမည့် သတိပေးချက်များ၊ မုန်တိုင်းနှင့် ပတ်သက်သည့် သတိပေးထုတ်ပြန် ချက်များ အပြင်နှစ်အတွင်း ပေါ်ပေါက်ခဲ့သည့် ငလျင်ဆိုင်ရာထုတ်ပြန်ချက်တို့ကိုလည်း နေပြည်တော် ကောင်စီသို့ အချိန်နှင့် တပြေးညီ ပေးပို့နိုင်ခဲ့ပါသည်။ အထူးသဖြင့်(၂၀၁၆-၂၀၁၇)ခုနှစ်သည် အစွန်းရောက် ရာသီဥတုဖြစ်စဉ်များဖြစ်သည့် လေပြင်း ကျရောက်ခြင်း၊ မိုးသီးမုန်တိုင်းကျရောက်ခြင်း၊ မိုးကြီးခြင်း၊ လျက်တပျက်နှင့် ပျံ့နှံ့ရေကြီးမှုများ ပေါ်ပေါက်ခြင်း၊ အင်အားပြင်းငလျင်များပေါ်ပေါက်ခဲ့သည့် နှစ်ဖြစ်သဖြင့် မိုးလေ၀သနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာနအနေဖြင့် အလုပ်အများဆုံး နှစ်တစ်နှစ်လည်းဖြစ်ပါသည်။ ခန့်မှန်းချက်များ၊ သတိပေး ချက်များ၊ ထုတ်ပြန်ချက်များလည်း အများဆုံးထုတ်ပြန်ရသည့် ထူးခြားသည့်နှစ်တစ်နှစ်ဖြစ်ပါသည်။

အဆိုပါခန့်မှန်းချက်ထုတ်ပြန်ချက်များ မှန်ကန်တိကျနိုင်ရေးအတွက် ပံ့ပိုးလျက်ရှိသည့် တိုင်းထွာ ချက်များ မှန်ကန်တိကျရေးကိုလည်း အစဉ်စိစစ်အလေးထား ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် နေပြည်တော်ကောင်စီမှ ညွှန်ကြားသည့် မူဝါဒရေးရာကိစ္စရပ်များကို လည်းကောင်း၊ ၀န်ထမ်းများ ပတ်သက်သည့် အထွေထွေစည်းကမ်းချက်များကို လည်းကောင်း၊ လူမူရေး၊ ဘာသာရေးဆိုင်ရာ ညွှန်ကြားချက်များကို လည်းကောင်း၊ အဆင်ပြေစွာဆောင်ရွက်နိုင်သလို ရုံးချုပ်မှ ညွှန်ကြားသော ညွှန်ကြားချက်များ အမိန့်စာများကိုလည်း လိုက်နာဆောင်ရွက်ပြီး လက်အောက်ခံ ရုံးစခန်းများသို့ ထပ်ဆင့်ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ခဲ့ပါသည်။ ရုံးချုပ်၏ ညွှန်ကြားချက်အရ လက်အောက်ခံ စခန်း များ၏ လချုပ်မှတ်တမ်းများကိုလည်း စိစစ်၍ ရန်ကုန်မြို့ရှိ မှတ်တမ်းဌာနသို့လည်း ပြန်လည်ပေးပို့နိုင်ခဲ့ ပါသည်။

ဦးစီးဌာန၏ဆောင်ပုဒ်များ

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ဆောင်ပုဒ်များမှာ၊ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်WMO မှနှစ်အလိုက်ထုတ်ပြန်သော ဆောင်ပုဒ်များသာဖြစ်ပြီး (၂၀၁၇)ခုနှစ် မတ်လ(၂၃)ရက်နေ့ ကမ္ဘာ့မိုးလေဝသနေ့ တွင်ထုတ်ပြန်သောဆောင်ပုဒ်မှာ(UNDERSTANDING CLOUDS) "သဘာဝဘေးဒဏ်လျော့နည်းဖို့ မိုးတိမ်များကိုအလေးထားစို့ " ဖြစ်ပါသည်။

ဦးစီးဌာနမှကျင့်သုံးလျက်ရှိသောဉပဒေ၊နည်းဉပဒေ၊လုပ်ထုံးလုပ်နည်းနှင့်ညွှန်ကြားချက်များ

ကမ္ဘာမိုးလေဝသအဖွဲ့ချုပ်နှင့်အပြည်ပြည်ဆိုင်ရာမိုးလေဝသနှင့်ဇလဗေဒ လုပ်ထုံးလုပ်နည်များအတိုင်း လုပ်ငန်းများဆောင်ရွက်ခြင်း ဖြစ်ပါသည်။

လိပ်မူပါဌာနနှင့်ကွပ်ကဲမှုအောက်ရှိ ခရိုင်/ မြို့နယ်ရုံးများ/ ရုံးဓာတ်ပုံ၊လိပ်စာ၊ဆက်သွယ်ရန်ဖုန်းနံ ပါတ်များ


မိုးလေဝသနှင့်ဇလဗေဒဌာန (တိုင်းရုံး)၊ပြည်ထောင်စုနယ်မြေ၊နေပြည်တော်ကောင်စီဝင်း၊ဖုန်းနံပါတ်−၀၆၇−၅၅၀၃၂၀





မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(ခရိုင်ရုံး)၊ရန်အောင်(၂)ရပ်ကွက်၊လယ်ဝေးလမ်းဟောင်း၊ပျဉ်းမနားမြို့။

ဖုန်းနံပါတ်−၀၆၇−၂၂၀၁၉





စိုက်ပျိုးရေးမိုးလေ၀သရုံး၊(တပ်ကုန်း)မြဝတီရပ်ကွက်၊တပ်ကုန်းမြို့၊ဥတ္တရခရိုင်၊၊

ဖုန်းနံပါတ်−၀၉−၇၇၉၇၀၄၈၆၈





စိုက်ပျိုးရေးမိုးလေ၀သရုံး၊(ရေဆင်း)စိုက်ပျိုးရေးသုတေသနဝန်း၊ဇေယျာသီရိမြို့နယ်၊၊

ဖုန်းနံပါတ်−၀၆၇−၄၁၆၅၁၀




ရှေ့သို့