အထူးသတင်းကြေငြာချက်
  • အထူးသတင်းကြေငြာချက်

လျှောက်ထားရန်

ဒေါ်လာရောင်း၊ဝယ် ဈေးနှုန်း

နိုင်ငံခြားငွေလဲလှယ်နှုန်း (၂၉.၁၁.၂၀၁၉)

အမေရိကန် တစ်ဒေါ်လာ ၁၅၁၁.၆
ဥရောပ တစ်ယူရို ၁၆၆၅.၀
တရုတ် တစ်ယွမ် ၂၁၄.၉၅
ထိုင်း တစ်ဘတ် ၄၉.၉၉၅
မလေးရှား တစ်ရင်းဂစ် ၃၆၂.၁၉
အိန္ဒိယ တစ်ရူပီ ၂၁.၁၄၀
ဂျပန် တစ်ရာယန်း ၁၃၈၁.၂
တောင်ကိုရီးယား တစ်ရာ၀မ် ၁၂၈.၂၀
သြစတြေးလျ တစ်ဒေါ်လာ ၁၀၂၂.၄
စင်ကာပူ တစ်ဒေါ်လာ ၁၁၀၆.၄
နေပြည်တော်ဘဏ်မှ ဝန်ဆောင်မှုပေးနေပါသည်။

နေပြည်တော်မီးသတ်ဦးစီးဌာန

(က) မီးသတ်ဦးစီးဌာနစတင်ပေါ်ပေါက်လာပုံနှင့်နောက်ခံသမိုင်း

သမိုင်းမှတ်တမ်းများအရ ပုဂံခေတ် အနော်ရထာမင်းစော(အေဒီ-၁၀၄၄-၁၀၇၇) လက်ထက်ကပင် မီးကပ်တပ်သား(၆၆၃)ဦး (သောသောညံပုဂံမီးဆော်မောင်း)ခန့်ထားပြီး ပုဂံနေပြည်တော်၏ မီးဘေးကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ရှေးခေတ်မြန်မာမင်း အဆက်ဆက် လက်ထက်တွင်လည်း မီးဘေးကာကွယ်ရေး အမိန့်ပြန်တမ်းများထုတ်ပြန်ပြီး နိုင်ငံတော် မီးဘေးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် အထောက်အထားများရှိပါသည်။ ပထမဦးဆုံးသော ရန်ကုန်မြူနီစပါယ်မီးသတ်ကို ၁၈၈၅ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၁၉၃၂ ခုနှစ်တွင် ရန်ကုန်မြူနီစပါယ်အက်ဥပဒေအရ စေတနာ့ဝန်ထမ်း မီးသတ်အဖွဲ့အစည်း ကို စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် ပညာရေးနှင့် ဒေသန္တရ အုပ်ချုပ်ရေးဌာန၏ အမိန့်အရ မီးဘေးတားဆီးရေးနှင့် မီးဘေးကာကွယ်ရေး ကိစ္စရပ်များကိုဆောင်ရွက်ရန် မီးသတ်ဌာနကို မီးသတ်ညွှန်ကြားရေးဝန်အပါအဝင် အရာထမ်း၊ အမှုထမ်း(၂၁)ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၂ခုနှစ်၊ မတ်လ(၂၈) ရက်နေ့ တွင် မီးသတ်ဝန်ထမ်းအက်ဥပဒေအမှတ် (၆) ပြဌာန်းပြီး ပြည်ထဲရေးဝန်ကြီးဌာနခွဲ ၊ နိုင်ငံတော်အစိုးရမီးသတ်ဌာနတွင် ဝန်ထမ်း(၆၃၆)ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ၁၉၆၃ ခုနှစ်၊ မီးသတ်တပ်ဖွဲ့ဥပဒေကို အသစ်ထုတ်ပြန်ပြဌာန်းခဲ့သည်။၁၉၇၂ခုနှစ်၊ စနစ်သစ်အုပ်ချုပ်ရေးဖော်ထုတ်မှုအစီအစဉ်အရ အခြားဌာနများနှင့် ဝန်ထမ်း (၄၄၈) ဦး၊ ပြောင်းရွှေရောက်ရှိလာရာ ဝန်ထမ်းအင်အား (၁၇၉၈)ဦးအထိ တိုးတက် လာခဲ့ပြီး (၂၄)နာရီ တာဝန်ထမ်းဆောင်သည့် မီးသတ်တပ်ဖွဲ့ဖြစ်လာခဲ့ပါသည်။ ၁၉၈၀ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှစတင်၍ ရိက္ခာငွေများခံစားရရှိခဲ့ပါသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက် ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ ဖွဲ့စည်းပုံကို (၂၅၈၁)ဦးအထိ အင်အားတိုးချဲ့ဖွဲ့စည်းခဲ့ပြီး ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀) ရက်နေ့တွင် မီးသတ်လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် နိုင်ရန် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခဲ့ပါသည်။ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၁၉၉၈ ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့တွင် အရာထမ်း၊ အမှုထမ်း(၈၂၂)ဦး ပါဝင်သော ဗဟိုမီးသတ်သင်တန်းကျောင်းကို ဖွင့်လှစ် ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်တွင် မီးသတ်စခန်းများကို ယူနစ်အဆင့်မြှင့်တင်ရန် (၇၁၆၇)ဦး ဖွဲ့စည်းပုံ တင်ပြခွင့်ပြုချက်ရရှိခဲ့ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရလက်ထက်တွင် မီးသတ်ဦးစီးဌာနသည် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှ (၆.၁၁.၂၀၁၂) ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မီးသတ်ဦးစီးဌာန၏ လုပ်ငန်း လိုအပ်ချက်အရ အရာထမ်း(၇၃၅)ဦး၊ အမှုထမ်း(၂၃၈၆၄)ဦး၊ စုစုပေါင်းဖွဲ့စည်းပုံ အင်အား (၂၄၅၉၉)ဦးဖြင့် မီးဘေးလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

( ခ) ဦးစီးဌာန၏ ဝန်ထမ်းဖွဲ့စည်းပုံ
စဉ် ဌာန ခွင့်ပြု ခန့်ထား လှစ်လပ် မှတ်ချက်
မီးသတ်ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊
နေပြည်တော်/ခရိုင်/မြို့နယ်များ၏ ဝန်ထမ်းဖွဲ့စည်းပုံ
၇၁၀ ၄၃၂ ၂၇၈
( ဂ) ဦးစီးဌာန၏ ရည်မှန်းချက်နှင့်လုပ်ငန်းတာဝန်များ
    1. (၁) မီးဘေးလုံခြုံရေး။
    2. (၂) သဘာဝဘေးအန္တရာယ်ကာကွယ်ရေး။
    3. (၃) ရှာဖွေကယ်ဆယ်ရေး။
    4. (၄) ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး။
    5. လုပ်ငန်းတာဝန်များ။ မီးသတ်ဦးစီးဌာနမှ အောက်ပါလုပ်ငန်းစဉ်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်-
    6. (၁) မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေးလုပ်ငန်းအတွက် အဓိကအားဖြင့် မီးလောင်မှုဖြစ်ပွားပါက
    7. မီးသတ်တပ်ဖွဲ့မှ “ မြန်မြန်သိ ” မီးလောင်ပြင်သို့ “မြန်မြန်သွား”မီးကို မြန်မြန်ငြှိမ်းသတ်နိုင်ရေးအတွက် အစီအမံများကို
    8. ပြုလုပ်ဆောင်ရွက်ခြင်း။
    9. (၂) မီးလောင်မှုကို “မြန်မြန်သိ”နိုင်ရေးအတွက် ဆက်သွယ်ရေးစနစ်များ ကောင်းမွန်ရေးဆောင်ရွက်ခြင်း။
    10. (၃) မီးလောင်ပြင်သို့ “မြန်မြန်သွား”နိုင်ရေးအတွက် သင့်(၄)သင့်ဖြစ်သော စက်/လူ/ရေ/ဆီ အမြဲအသင့်ရှိနေစေရေးဆောင်ရွက်ခြင်း။
    11. (၄) မီးကို “မြန်မြန်ငြှိမ်းသတ်”နိုင်ရေးအတွက် မီးသတ်ပညာရပ်များ၊ မီးသတ် စက်ယာဉ်/စက်နှင့် မီးသတ်ပစ္စည်းကိရိယာများအား
    12. အသုံးပြုရာတွင် ပိုမိုကျွမ်းကျင်စေရေးအတွက် အမြဲလေ့ကျင့်နေရန်၊ လေ့ကျင့်မှုများပြုလုပ်ရာတွင် အသားတကျဖြစ်အောင်
    13. အကြိမ်ကြိမ် အခါခါလေ့ကျင့်ရန်။
    14. (၅) မီးငြှိမ်းသတ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မီးသတ်တပ်ဖွဲ့ဝင်များ၏ ရဲဝံ့စွန့်စားသည့် စိတ်ဓါတ်ကို အမြဲထိန်းသိမ်းထားရှိခြင်း။
    15. (၆) မိမိဒေသအတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား အမြဲထိတွေ့၍ လိုအပ်ချက်များ ကူညီပံ့ပိုးခြင်း၊ လိုအပ်ချိန်တွင်
    16. အသင့်စုစည်းနိုင်ရေး ဆောင်ရွက်ထားရှိခြင်း။
    17. (၇) မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မီးလောင်မှုဖြစ်ပွားစေသည့် အဓိကအကြောင်းအရင်းနှင့်
    18. လောင်စာတို့ကို သတိပြု၍ ရှင်းလင်းလျော့ချနိုင်ရေးဆောင်ရွက်ခြင်း။
    19. (၈) မိမိတာဝန်ယူရသော နယ်မြေဒေသရှိ စက်ရုံ/အလုပ်ရုံများ၊ ကျောင်းများ၊စျေးများတွင် မီးသတိမူရေးမီးဘေး
    20. ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးခြင်း၊ အကြံပြုခြင်း၊ ဟောပြောသရုပ်ပြသခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများကို
    21. အရှိန်အဟုန်မပျက် တိုးမြှင့်ဆောင်ရွက်ခြင်း။
    22. (၉) မီးဘေးအန္တရာယ်လျော့ပါးစေရေး၊ မီးသတိမူရေး၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာများ ပြည်သူလူထုအတွင်း
    23. စိမ့်ဝင်ပျံ့နှံ့စေရေးအတွက် အဓိကကျသော ကျောင်းသား/ ကျောင်းသူများအား မီးဘေးလုံခြုံရေး အသိပညာပေး ပို့ချခြင်းစနစ်များ
    24. (School Based Fire Safety Education Program) ဆောင်ရွက်ခြင်း။
    25. (၁၀) နိုင်ငံတစ်ဝှမ်းလုံးရှိ မြို့ကြီးများတွင် အထပ်မြင့်တိုက်များ၊ စုပေါင်းအိမ်ရာများ၌နေထိုင်ကြသည့် လူထုပူးပေါင်းဆောင်ရွက်သည့်
    26. မီးဘေးအန္တရာယ်ကာကွယ်ရေး၊ လှုပ်ရှားမှုအဖြစ် အထပ်မြင့်တိုက်များ၊ စုပေါင်းအိမ်ရာများတွင် ဝါသနာ၊ စေတနာ ထက်သန်သူ
    27. (Volunteer)များစုဖွဲ့ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေးနှင့် ရှေးဦးသူနာပြုစုရေး၊ မီးသတ်တပ်ဖွဲ့သို့
    28. ဆက်သွယ်အကူအညီတောင်းခံရေးလုပ်ငန်း (Community Based Fire Safety Education Program)
    29. များအား ဟောပြောပို့ချ လေ့ကျင့်ဆောင်ရွက်ခြင်း။
    30. (၁၁) မီးလောင်မှုများ လျော့နည်းစေရေးအတွက် စက်မှုဇုန်များရှိ စက်ရုံ/အလုပ်ရုံများအား မီးဘေးလုံခြုံရေး စစ်ဆေးအကြံပြုခြင်း
    31. အတွက် စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်း ပြီး ဆောင်ရွက်ခြင်း။
    32. (၁၂) အစိုးရအဖွဲ့ရုံးနှင့်ဝန်ကြီးရုံးတို့၏ ညွှန်ကြားချက်များနှင့်အညီ မီးသတ်ဦးစီးဌာနသည် ပြည်နယ်/တိုင်းဒေသကြီးများရှိ စျေးများ
    33. မီးဘေးလုံခြုံရေးစစ်ဆေးရေး အဖွဲ့များဖွဲ့စည်းပြီး မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း။
    34. (၁၃) တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ်အသီးသီးတွင် စက်သုံးဆီအရောင်းဆိုင်များ၊ စနစ်တကျ တပ်ဆင်ဆောင်ရွက်ရေးအတွက်
    35. စစ်ဆေးအကြံပြုခြင်း။
    36. (၁၄) အများပြည်သူသုံးယာဉ်များ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပြုခြင်း။
    37. (၁၅) သုံးထပ်နှင့်အထက် အဆောက်အဦများ၊ စုပေါင်းပိုင်အိမ်ရာများ၊ ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာ(သို့) တည်းခိုခန်းများ
    38. မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပြုခြင်း။
    39. (၁၆)တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ စက်မှုဇုန်နှင့် စက်ရုံ/အလုပ်ရုံများတွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ
    40. ဖွဲ့စည်းလေ့ကျင့်ရေး ဆောင်ရွက်ခြင်း။
    41. (၁၇)တိုင်းဒေသကြီး/ပြည်နယ်အလိုက် အသက်ကယ်တပ်ဖွဲ့ဝင်များ စုဖွဲ့လေ့ကျင့်၍ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက
    42. လျင်အမြန်တုံ့ပြန်ကယ်ဆယ်ရေး ဆောင်ရွက်ခြင်း။
    43. (၁၈) မီးသတ်ပညာရပ်များအား တိုးတက်မြင့်မားစေရေးအတွက် ခေတ်မီမီးသတ် ပညာရပ်များအား လေ့လာပြုစု၍
    44. စာတမ်းဖတ်ပွဲများ ပြုလုပ်ခြင်း။
(ဃ) ဦးစီးဌာန၏ဆောင်ပုဒ်များ။ မီးသတ်ဦးစီးဌာန၏ ဆောင်ပုဒ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
    1. (၁) မြန်ပြည်တစ်ခွင် သာစေချင်၊ မီးတွင်မပေါ့နှင့်။
    2. (၂) မီးမရိုသေ သုံးစွဲလေက မွဲတေဆင်းရဲရပေမည်။
    3. (၃) မီးမလောင်ခင် သတိယှဉ် ကြိုတင်ကာကွယ်ပါ။
    4. (၄) နေ့ညမဟူ သတိမူ ရန်သူမီးကိုသာ။
    5. (၅) စားဝတ်နေရေး ပြည့်စုံရေး မီးဘေးမပေါ့နှင့်။
    6. (၆) ဒါသင့်နိုင်ငံ မီးဘေးရန် အမှန်ကင်းပါစေ။
    7. (၇) မီးကြွင်း၊ မီးကျန်မထားရန် ကျင့်ကြံသတိအမြဲရှိ။
    8. (၈) ကောက်လှိုင်းစပါး စုပုံနား မီးများမထားနှင့်။
    9. (၉) ခြင်ဆေးခွေသုံးလျှင် သတိယှဉ် အောက်တွင်ခံခွက်မမေ့နှင့်။
    10. (၁၀) ကြီးငယ်မဟူ သတိမူ ရန်သူမီးကိုသာ။
    11. (၁၁) စက်ရုံလုပ်ငန်း ပြည့်ဝန်ထမ်း မြဲတမ်းမီးသတိပြု။
    12. (၁၂) မီးအန္တရာယ် ကြောက်မက်ဖွယ် ကာကွယ် မနှေး တို့အရေး။
    13. (၁၃) ရန်သူမီးဘေးတားဆီးရေး မနှေးဆောင်ရွက်ကြ။
    14. (၁၄) ခြင်ဆေးမီးပွား သတိမထားက စီးပွား၊ ဥစ္စာကုန်လိမ့်မည်။
    15. (၁၅) ပြည်ထောင်စုဖွား သွေးချင်းများ တားဆီးကာကွယ် မီးရန်စွယ်။
    16. (၁၆) လုပ်သားပြည်သူဝိုင်းဝန်းကူ ရန်သူမီးဘေးအစဉ်ကင်းဝေး။
    17. (၁၇) ယနေ့မီးဘေးကြိုတင်ကာကွယ်ရေးသည် မနက်ဖြန်အတွက် မီးဘေးလုံခြုံရေးဖြစ်သည်။
    18. (၁၈) အမှိုက်ကစ ပြဿဒ်မီးလောင်။
    19. (၁၉) သင့်ကြောင့် မီးမလောင်ပါစေနှင့်။
    20. (၂၀) နေအိမ်တိုင်းမှာ မီးသုံးသာ မြဲစွာသတိရှိပါ။
(င) ရုံးလိပ်စာနှင့်ဆက်သွယ်ရန် ဖုန်းနံပါတ်များ
စဉ် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်/နယ်မြေစခန်း တည်နေရာ ရုံးဖုန်း /E-mail မှတ်ချက်
နေပြည်တော်မီးသတ်ဦးစီးမှူးရုံး ဇမ္ဗူ့ကျက်သရေလမ်းနှင့် အောင်နန်းမင်္ဂလာလမ်းထောင့်ဘောဂသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ် ၀၆၇−၄၂၀၀၁၇၊
ဥတ္တရခရိုင်မီးသတ်ဦးစီးမှူးရုံး ငုရွှေ၀ါလမ်းနှင့် ဇော်ဂျီလမ်းထောင့်၊ ဇ၀နဒီပရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ် ၀၆၇−၄၁၇၀၆၉၊
ဒက္ခိဏခရိုင်မီးသတ်ဦးစီးမှူးရုံး တော်၀င်ရတနာလမ်းမကြီးညာဘက်ခြမ်း၊ ထန်းတပင်တောရကျောင်းအနီး၊ ဇမ္ဗူသီရိမြို့နယ် ၀၆၇−၂၂၅၀၂၊
ဥတ္တရသီရိမြို့နယ်မီးသတ်စခန်း ချင်းရွာ၊ ဘုရားကုန်းရဲစခန်းအနီး၊ ဥတ္တရသီရိမြို့နယ် ၀၆၇−၄၁၇၀၆၉၊
နယ်မြေမီးသတ်စခန်း(ဥတ္တရ) ဇေယျာသိဒ္ဓိလမ်းဘေး၊ ဥတ္တရသီရိမြို့နယ် ၀၆၇−၄၀၈၀၆၉
ပုဗ္ဗသီရိမြို့နယ်မီးသတ်စခန်း ငုရွှေ၀ါလမ်းနှင့် ဇော်ဂျီလမ်းထောင့်၊ ဇ၀နဒီပရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ် ၀၆၇−၅၀၀၁၁၉၊
နယ်မြေမီးသတ်စခန်း(ပုဗ္ဗ) ရာဇဌာနီလမ်းဘေး၊ဇမ္ဗူဒီပရပ်ကွက်၊ပုဗ္ဗသီရိမြို့နယ် ၀၉-၄၃၀၇၉၂၉၅
ဒက္ခိဏသီရိမြို့နယ်မီးသတ်စခန်း လမ်းနှင့် လမ်းထောင့် ဒက္ခိဏသီရိရပ်ကွက်၊ ဒက္ခိဏသီရိမြို့ ၀၆၇-၄၁၉၀၉၈
ဇမ္ဗူသီရိမြို့နယ်မီးသတ်စခန်း ရာဇသင်္ဂဟလမ်း၊ မင်္ဂလာသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ် ၀၆၇-၄၁၄၀၄၀
၁၀ နယ်မြေမီးသတ်ခန်း(လွှတ်တော်) အိမ်တော်၀င်လမ်းမကြီးဘေး၊ ဇေယျသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ် ၀၆၇-၄၀၃၅၆၄
၁၁ နယ်မြေမီးသတ်ခန်း(ပညာသိဒ္ဓိ) မဟာဇေယျာလမ်း၊ပညာသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ် ၀၆၇-၄၁၃၁၀၂
၁၂ နယ်မြေမီးသတ်ခန်း(သုခသိဒ္ဓိ) အကွက်ကြီး(၄)၊ သုခသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ် ၀၆၇-၄၀၁၅၉၉
၁၃ နယ်မြေမီးသတ်ခန်း(ဗလသိဒ္ဓိ) ယူကလစ်(၂)ပင်လမ်းနှင့် ပြည်တော်အေးလမ်းကြား၊ ဗလသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ် ၀၆၇-၄၂၁၈၄၈
၁၄ နယ်မြေမီးသတ်ခန်း(ရွှေကြာပင်) တော်၀င်ရတနာလမ်း၊ ရွှေကြာပင်ရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ် ၀၉-၄၃၀၇၉၂၉၆
၁၅ ဇေယျာသီရိမြို့နယ်မီးသတ်စခန်း ရန်ကုန်-မန္တလေးလမ်းအရှေ့၊ ရွှေတွင်းကုန်းကျေးရွာ၊ ရေဆင်းအုပ်စု၊ ဇေယျာသီရိမြို့နယ် ၀၉-၄၃၀၇၉၂၉၄
၁၆ နယ်မြေမီးသတ်စခန်း(ရေဆင်း) ဇီးဖြူကုန်းကွင်း၊ မြေကွက်အမှတ်(၃၉)၊ ရေဆင်းကျေးရွာ၊ ဇေယျာသီရိမြို့နယ် -
၁၇ ပျဉ်းမနားမြို့နယ်မီးသတ်စခန်း ရန်ကုန်-မန္တလေးလမ်းဘေး၊ ရန်အောင်(၂)ရပ်ကွက်၊ ပျဉ်းမနားမြို့နယ် ၀၆၇-၂၂၅၀၂
၁၈ ပျဉ်းမနား(စခန်း−၂) မင်္၈လာလမ်း၊ မြို့ဦးရပ်ကွက်၊ ပျဉ်းမနားမြို့နယ် ၀၆၇-၂၂၀၂၇
၁၉ လယ်ဝေးမြို့နယ်မီးသတ်စခန်း ရန်အောင်မြင်ဘုရားလမ်း၊အမှတ်(၆)ရပ်ကွက်၊ လယ်ဝေးမြို့နယ် ၀၆၇-၃၀၃၇၄
၂၀ နယ်မြေမီးသတ်စခန်း(ဧလာ) ဧလာလေဆိပ်နှင့် မြို့ရှောင်လမ်းအနီး၊ လမ်းဝေးမြို့နယ် -
၂၁ နယ်မြေမီးသတ်စခန်း(သာ၀တ္ထိ) ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၂၂၁/၅) -
၂၂ တပ်ကုန်းမြို့နယ်မီးသတ်စခန်း အောင်သီဟလမ်းဘေး၊ အောင်ဇေယျရပ်ကွက်၊ တပ်ကုန်းမြို့နယ် ၀၆၇-၇၀၂၈၉
၂၃ အမြန်လမ်းနယ်မြေမီးသတ်စခန်း(ပန်းတင်) မိုင်တိုင်အမှတ်(၂၂၀/၂) ၀၉-၂၅၄၆၂၄၃၈၅
၂၄ အမြန်လမ်းနယ်မြေမီးသတ်စခန်း(ဘုရားတောင်) မိုင်တိုင်အမှတ်(၂၃၃/၅) ၀၉−၂၅၄၆၂၄၃၈၆
၂၅ အမြန်လမ်းနယ်မြေမီးသတ်စခန်း(ပလွေး) မိုင်တိုင်အမှတ်(၂၀၁/၆) ၀၉-၃၁၅၄၀၉၈၀
ဗဟိုမီးသတ်စခန်း


ဒက္ခိဏသီရိမြို့နယ်မီးသတ်စခန်း


ဇမ္ဗူသီရိမြို့နယ်မီးသတ်စခန်း


ဇေယျာသီရိမြို့နယ်မီးသတ်စခန်း


လယ်ဝေးမြို့နယ်မီးသတ်စခန်း


ပျဉ်းမနားမြို့နယ်မီးသတ်စခန်း


ပုဗ္ဗသီရိမြို့နယ်မီးသတ်စခန်း


ဥတ္တရသီရိမြို့နယ်မီးသတ်စခန်း


တပ်ကုန်းမြို့နယ်မီးသတ်စခန်း


ရှေ့သို့