အထူးသတင်းကြေငြာချက်

လျှောက်ထားရန်

ဒေါ်လာရောင်း၊ဝယ် ဈေးနှုန်း

နိုင်ငံခြားငွေလဲလှယ်နှုန်း (၁၈.၁၀.၂၀၁၉)

အမေရိကန် တစ်ဒေါ်လာ ၁၅၃၃.၁
ဥရောပ တစ်ယူရို ၁၇၀၀.၃
တရုတ် တစ်ယွမ် ၂၁၆.၅၈
ထိုင်း တစ်ဘတ် ၅၀.၅၇၂
မလေးရှား တစ်ရင်းဂစ် ၃၆၆.၃၈
အိန္ဒိယ တစ်ရူပီ ၂၁.၅၂၀
ဂျပန် တစ်ရာယန်း ၁၄၀၈.၈
တောင်ကိုရီးယား တစ်ရာ၀မ် ၁၂၉.၉၇
သြစတြေးလျ တစ်ဒေါ်လာ ၁၀၄၃.၃
စင်ကာပူ တစ်ဒေါ်လာ ၁၁၂၁.၉
နေပြည်တော်ဘဏ်မှ ဝန်ဆောင်မှုပေးနေပါသည်။

နေပြည်တော်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်စတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း

၁၉၄၇ ခုနှစ်တွင် ရန်ကုန်မြို့ ၊ ပြည်လမ်းရှိ ဆိုရန်တိုဗီလာ (ယခုစာပေဗိမာန်) ၌ ဗိုလ်ချုပ် အောင်ဆန်းကြီးမှူးကျင်းပခဲ့သော မြန်မာနိုင်ငံပြန်လည်ထူထောင်ရေး ကွန်ဖရင့်ကြီးတွင် လယ်ယာ လုပ်ကိုင်သူများ၏ငွေကြေးပြဿနာကို စိုက်ပျိုးရေးဘဏ်တည်ထောင်ဖြေရှင်းရန် ၁၉၄၈ ခုနှစ်တွင် စီမံကိန်းရေးဆွဲရေး အကြံပေးပုဂ္ဂိုလ် ဂျေအက်စ်မာနီဗယ်လ်ကြီးမှူးသော စိုက်ပျိုးရေးဘဏ် ကော်မတီကို ဖွဲ့စည်းခဲ့ပြီး အစီရင်ခံ တင်သွင်းခဲ့ပါသည်။၁၉၅၂ ခုနှစ်တွင် စိုက်ပျိုးရေးပဏာမ ကော်မတီကို ဖွဲ့စည်း၍ စိုက်ပျိုးရေးဘဏ် စီမံကိန်းရေးဆွဲခဲ့ပါသည်။၁၉၅၃ ခုနှစ်တွင် နိုင်ငံတော် စိုက်ပျိုးရေးဘဏ် အက်ဥပဒေကို ပြဌာန်း၍ နိုင်ငံတော်စိုက်ပျိုးရေးဘဏ်ကို ၁၉၅၃ ခုနှစ် ၊ ဇွန်လ (၁)ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပါသည်။

မြန်မာ့နိုင်ငံတော်သည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည့် အားလျော်စွာ လယ်ယာလုပ်ကိုင်သူတို့အား စိုက်ပျိုးရေးလုပ်ငန်းတိုးချဲ့နိုင်ရန်အတွက် ဘဏ်လုပ်ငန်းဆောင်ရွက် မှုဖြင့် အထောက်အကူပြုရန် ၊ ၁၉၅၃ ခု ၊ ဇွန်လ (၁)ရက်နေ့တွင် နိုင်ငံတော်စိုက်ပျိုးရေးဘဏ်ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။၁၉၆၇ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ ၊ ပြည်သူ့ဘဏ်၏စိုက်ပျိုး ရေးချေးငွေဌာနအဖြစ်လည်းကောင်း ၊ ၁၉၇၅ ခု ပြည်ထောင်စုမြန်မာနိုင်ငံတော် ဘဏ်ဥပဒေအရ (၁.၄.၇၆)မှစတင်၍ မြန်မာနိုင်ငံစိုက်ပျိုးရေးဘဏ်ဟုလည်းကောင်း ၊ ၁၉၉၀ ပြည့်နှစ်တွင် မြန်မာ့ စိုက်ပျိုးရေးနှင့်ကျေးလက်ဖွံ့ဖြိုးရေးဘဏ်ဟူ၍လည်းကောင်း ၊ အဆင့်ဆင့်ပြောင်းလဲဆောင်ရွက်ခဲ့ ပြီး ၁၉၉၆ ခု ၊ သြဂုတ်လ (၁၄)ရက်နေ့တွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ လယ်ယာစိုက်ပျိုး ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်သို့ လွှဲပြောင်းခဲ့ပါသည်။၁၉၉၇ ခု ၊ ဇန်နဝါရီလ (၃၀)ရက် နေ့စွဲပါ မြန်မာ့စိုက်ပျိုးရေးနှင့်ကျေးလက်ဖွံ့ဖြိုးရေးဘဏ်ဟု ပြင်ဆင်သည့် ဥပဒေအရ မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်ဟု အမည်ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါသည်။နိုင်ငံတော်စိုက်ပျိုးရေးဘဏ် ဘဝမှ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် ဘဝအထိ အဆင့်ဆင့်အမွေလွှဲပြောင်းခဲ့ရာ သက်တမ်းအားဖြင့် (၆၄)နှစ်ရှိပြီ ဖြစ်ပါသည်။

နေပြည်တော်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ဝန်ထမ်းဖွဲ့စည်းပုံ

နေပြည်တော်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ဝန်ထမ်းအင်အားစာရင်း


စဉ် ရာထူး ဖွဲ့စည်းပုံအင်အား မှတ်ချက်
ခွင့်ပြု ခန့်ထား လစ်လပ်
မန်နေဂျာ -
လက်ထောက်မန်နေဂျာ -
အရာထမ်းပေါင်း
ကြီးကြပ်ရေးမှူး -
ဒု - ကြီးကြပ်ရေးမှူး
အကြီးတန်းစာရေး
ငွေကိုင်(၃) - - -
အငယ်တန်းစာရေး
ငွေကိုင်(၄) - - -
လက်နှိပ်စက် -
၁၀ ရုံးအကူ -
၁၁ ရုံးစောင့် -
အမှုထမ်းပေါင်း ၁၃
စုစုပေါင်း ၁၅
နေပြည်တော်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ဝန်ထမ်းအင်အားစာရင်း

စဉ် ရာထူး ဖွဲ့စည်းပုံအင်အား မှတ်ချက်
ခွင့်ပြု ခန့်ထား လစ်လပ်
မန်နေဂျာ -
လက်ထောက်မန်နေဂျာ
အရာထမ်းပေါင်း
ကြီးကြပ်ရေးမှူး -
ဒု - ကြီးကြပ်ရေးမှူး -
အကြီးတန်းစာရေး ၁၄ ၁၄
ငွေကိုင်(၃)
အငယ်တန်းစာရေး ၁၉ ၁၄
ငွေကိုင်(၄)
လက်နှိပ်စက် -
၁၀ ရုံးအကူ -
၁၁ ရုံးစောင့်
အမှုထမ်းပေါင်း ၆၈ ၃၅ ၃၃
စုစုပေါင်း ၇၄ ၃၉ ၃၅
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ရည်မှန်းချက်နှင့်လုပ်ငန်းတာဝန်များ

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ အဓိကရည်မှန်းချက်မှာ နိုင်ငံတော်အတွင်းစိုက်ပျိုးရေး လုပ်ငန်းများ ၊ မွေးမြူးရေးလုပ်ငန်းများနှင့်ကျေးလက်ဒေသ လူမှုစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးမှုကို ဘဏ်လုပ်ငန်းဆောင်ရွက်မှုများဖြင့် ထိရောက်စွာ အထောက်အကူပြုစေရန် ဖြစ်ရမည်။

လုပ်ငန်းတာဝန်များ

ချေးငွေထုတ်ချေးခြင်းလုပ်ငန်း

ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်အတွင်းရှိ မြို့နယ်များမှ မိုးရာသီသီးနှံစိုက်ပျိုးထုတ် လုပ်သည့် တောင်သူများသို့ ၂၀၁၆ မိုး (၂၀၂၉၇၃.၇၀) သိန်း ၊ ဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများကိုလည်း ၂၀၁၆ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေ ကျပ် - ၆၇၄.၆၀ သိန်း ၊ မိုးကြိုသီးနှံ စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများသို့ ၂၀၁၇ ခုနှစ် မိုးကြို စိုက်ပျိုးစရိတ်ချေးငွေ ကျပ် - ၁၁၆၆.၀၀ သိန်း ထုတ်ချေးပေးထားပြီး ဖြစ်ပါသည်။၎င်းအပြင် ၂၀၁၇ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေကို (၂၃.၅.၂၀၁၇)ရက်နေ့မှစ၍ ထုတ်ချေးပေးခဲ့ရာ(၂၃.၆.၂၀၁၇)နေ့အထိ မြို့နယ်(၈)မြို့နယ်၊ ကျေးရွာအုပ်စု(၇၄)အုပ်စုမှ တောင်သူ ( ၉၈၄၉ ) ဦးသို့ မိုးစပါး (၃၅၈၃၉) ဧက ၊ ဝါ (၁၈၁၈) ဧက ၊ နှမ်း (၂၂၆) ဧက ၊ မြေပဲ (၄၃) ဧက အတွက် ချေးငွေကျပ် (၅၄၈၀.၂၀) သန်းကို ထုတ်ချေးပေးပြီး ဖြစ်ပါသည်။

ချေးငွေကောက်ခံခြင်းလုပ်ငန်း

နေပြည်တော်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် အချိန်စေ့ကျော်လွန်နေသည့် ၂၀၁၅ ခုနှစ် မိုးချေးငွေကျပ် - ၀.၁၃ သန်းနှင့် ၂၀၁၆ ခုနှစ် မိုးချေးငွေကျပ် - ၂၂၉၆.၁၈သန်း ပြေကျေစွာကောက်ခံ ရရှိရန် ကျန်ရှိနေပါသည်။ထို့အပြင် ၂၀၁၆ ဆောင်းချေးငွေကျပ်- ၃၅.၃၀ သန်း ပြေကျေစွာ ကောက်ခံ ရရှိရန် ကျန်ရှိနေပါသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ဆောင်ပုဒ်များ
  • “ စီးပွားတိုး၍ ဖွံ့ဖြိုးစေရန် လယ်ယာဘဏ် ”
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကျင့်သုံးလျှက်ရှိသော ၊ ဥပဒေ ၊ နည်းဥပဒေ ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များ
  • ညွှန်ကြားချက် စာအုပ် (၁)အုပ်


နေပြည်တော်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ကွပ်ကဲမှုအောက်ရှိ မြို့နယ်ရုံးများ၏ဆက် သွယ်ရန် ဖုန်းနံပါတ်နှင့်လိပ်စာ


စဉ် ဘဏ်ခွဲအမည် ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့်လိပ်စာ
နေပြည်တော် ပခ - ၃၅ ၊ညောင်ပင်ကြီးစုရပ်ကွက် ၊ ပုဗ္ဗသီရိမြို့ ၊ ၀၆၇ - ၅၅၀၃၄၆
ပျဉ်းမနား ၁၇ - ၁၈ လမ်းကြား ၊ သဇင်လမ်း ၊ ပေါင်းလောင်း(၂) ၊ ပျဉ်းမနားမြို့ ၊ ၀၆၇ - ၂၂၀၅၆
လယ်ဝေး အမှတ် (၄)ရပ်ကွက် ၊ လယ်ဝေးမြို့ ၊ ၀၆၇ - ၃၀၃၇၆
တပ်ကုန်း နယ်မြေ (၉) ၊ မြဝတီရပ်ကွက် ၊ စိုက်ဘဏ်လမ်း ၊ တပ်ကုန်းမြို့ ၊ ၀၆၇ - ၇၀၂၅၈
ပုဗ္ဗသီရိ မင်္ဂလာဒီပရပ်ကွက် ၊ ပုဗ္ဗသီရိမြို့ ၊ ၀၆၇ - ၅၁၀၁၈၁


နေပြည်တော်တိုင်းရုံး၊ပခ - ၃၅ ၊ညောင်ပင်ကြီးစုရပ်ကွက် ၊ ပုဗ္ဗသီရိမြို့ ၊

ဖုန်းနံပါတ်−၀၆၇ - ၅၅၀၃၄၆




ရှေ့သို့