အမေရိကန် | တစ်ဒေါ်လာ | ၁၃၇၃.၉ |
ဥရောပ | တစ်ယူရို | ၁၅၅၅.၈ |
တရုတ် | တစ်ယွမ် | ၁၉၇.၇၃ |
ထိုင်း | တစ်ဘတ် | ၄၃.၆၉၉ |
မလေးရှား | တစ်ရင်းဂစ် | ၃၂၄.၈၄ |
အိန္ဒိယ | တစ်ရူပီ | ၁၈.၆၃၀ |
ဂျပန် | တစ်ရာယန်း | ၁၃၀၆.၂ |
တောင်ကိုရီးယား | တစ်ရာ၀မ် | ၁၁၅.၃၂ |
သြစတြေးလျ | တစ်ဒေါ်လာ | ၈၉၆.၈၀ |
စင်ကာပူ | တစ်ဒေါ်လာ | ၉၈၈.၁၀ |
မြန်မာ့အာမခံလုပ်ငန်းအား ၁၉၅၂ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ပြီး နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတစ်ရပ်အနေဖြင့် ရပ်တည်ကာ အာမခံအကာအကွယ်များဖြင့် အများ ပြည်သူ အားအကျိုးပြုလျှက် နိုင်ငံဘဏ္ဍာ တိုးတက်ရရှိအောင် ကြိုးစားဆောင်ရွက် လျှက်ရှိပါ သည်။ ၂၀၁၃ ခုနှစ် ဇွန်လ (၃၀)ရက်နေ့တွင် ပြည်တွင်း ပုဂ္ဂလိက အာမခံကုမ္ပဏီ(၁၂)ခုအား အာမခံ လုပ်ငန်း များကိုလုပ်ကိုင် ဆောင်ရွက်ခွင့်ပြုခဲ့ပါသည်။ ယခုအခါ နိုင်ငံတော်၏ ပြောင်းလဲ လာသော စီးပွား ရေး နှင့်အညီ နိုင်ငံခြား တစ်ဆင့်အာမခံကုမ္ပဏီ (၂၃)ခု သည် မြန်မာနိုင်ငံ၌ ရုံးခွဲဖွင့်လှစ် ထားရှိပြီး သီလဝါဆိပ်ကမ်းတွင် နိုင်ငံခြားကုမ္ပဏီ(၃)ခုမှ တစ်ဆင့်အာမခံလုပ်ငန်း များကို အစပျိုး ဆောင်ရွက် နေပြီဖြစ်ပါသည်။
အာမခံလုပ်ငန်းများသည် AD (၁၀)ရာစုခေတ်မှ စတင်၍ ရောမအင်ပါယာကြီးမှ ကုန်သည်များ သည် ပင်လယ်ရေးကြောင်းခရီး စွန့်စားသွားလာ ကူးသန်းရောင်းဝယ်ကြရာတွင် ဆုံးရှုံးမှုကြောင့် ချွတ် ခြုံကျမသွားစေရန် ရေယာဉ်နှင့်ကုန်ပစ္စည်းများကို အာမခံငွေတစ်ရပ်ထားရှိ အကာအကွယ်ပြုခဲ့ကြ သည့် ဓလေ့မှစတင်ပေါ်ပေါက်လာခဲ့ပါသည်။
မြန်မာ့အာမခံလုပ်ငန်း ပြည်နယ်/တိုင်းဒေသကြီးနှင့် ခရိုင်းရုံးများ ၀န်ထမ်းဖွဲ့စည်းပုံမြန်မာ့အာမခံလုပ်ငန်းသည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင် စီးပွား ရေးလုပ်ငန်းဆောင်ရွက်နေသော လုပ်ငန်းဌာနတစ်ခုဖြစ်ပြီး ရုံးချုပ်ဌာနကြီးများနှင့် ပြည်နယ်/တိုင်းဒေသကြီး၊ ခရိုင်းရုံးခွဲ (၃၈)ရုံးတို့မှ အာမခံလုပ်ငန်းဖြင့် ပြည်သူများ၏ နစ်နာ ဆုံးရှုံးမှုကို အကာအကွယ်ရရှိစေရန်နှင့် နိုင်ငံ့ဝင်ငွေ တိုးတက်ရရှိအောင်ကြိုးစား ဆောင်ရွက် လျှက်ရှိပါသည်။
မြန်မာ့အာမခံလုပ်ငန်း ပြည်နယ်/တိုင်းဒေသကြီး၊ ခရိုင်ရုံးခွဲများသည် ရုံးချုပ်၏ ၀န်ထမ်း ဖွဲ့စည်းပုံအောက်တွင်ထားရှိပြီး ဝန်ထမ်းများကို လုပ်ငန်းပမာဏ အနည်းအများအပေါ် မူတည်၍ ခွဲဝေတာဝန်ချထားပေးလျှက်ရှိပါသည်။
နေပြည်တော် မြန်မာ့အာမခံလုပ်ငန်းတွင် ဌာနတာဝန်ခံအရာရှိ (၁)ဦး၊ ကြီးကြပ် ဝန်ထမ်း (၂)ဦး၊ အကြီးတန်းစာရေး(၃)ဦး၊ အငယ်တန်းစာရေး(၈)ဦး၊ စုစုပေါင်း (၁၄)ဦးဖြင့် ဌာန၏ လုပ်ငန်း များကို အောင်မြင်အောင်ကြိုးစားဆောင်ရွက်လျှက်ရှိပါသည်။
မြန်မာ့အာမခံလုပ်ငန်း၏ ရည်မှန်းချက်နှင့်လုပ်ငန်းတာဝန်များမြန်မာ့အာမခံလုပ်ငန်းသည် ၁၉၉၃ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့ နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ်(၁၀) မြန်မာ့အာမခံဥပဒေကိုပြဌာန်း၍ အောက်ဖော်ပြပါ ရည်မှန်းချက် များ ဖြင့်တည်ထောင်ခဲ့ပါသည်။
မြန်မာ့အာမခံလုပ်ငန်းမှ ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းတာ၀န်များကို ကဏ္ဍ(၄)ခု ခွဲခြား ၍ ပြုစုတင်ပြအပ်ပါသည်။
အသက်အာမခံလုပ်ငန်းလူ့အသက်အတွက်ထားရှိသော အာမခံစာချုပါအရ အာမခံငွေထုပ်ပေးရန် တာဝန်ယူ ခြင်းဖြစ်ပါသည်။ ပြည်သူ၊ ပြည်သားဝန်ထမ်း၊ အားကစားသမား၊ မြွေအန္တရာယ်၊ ပြည်သူ့ကျန်းမာရေး စသည်ဖြင့် အာမခံအမျိုးအစားအလိုက်ခွဲခြားလက်ခံဆောင်ရွက် ပြီးဝန်ထမ်းများ၊ တပ်မတော်တပ်ရင်းတပ်ဖွဲ့များ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဟို တယ်ဝန်ထမ်းများ၊ ဆေးရုံများနှင့်ကျေးရွာနေပြည်သူများ အသက်အာမခံ အကာ အကွယ်ရရှိစေရန် ဆောင်ရွက်ပေးလျှက်ရှိပါသည်။
သူတစ်ပါးထိခိုက်မှုအာမခံစက်တပ်ယာဉ်များ၊ မတော်တဆထိခိုက်ဒဏ်ရာရ၊ ပျက်စီးဆုံးရှုံးမှုများကို ပြန်လည် ကုစားနိုင်ရန် သူတစ်ပါးထိခိုက်မှုအာမခံနှင့် အလုံးစုံမော်တော်ယာဉ်အာမခံ ပရီမီယံ ကြေးများလက်ခံ၍ ဆုံးရှုံးမှုကိုလျော်ကြေးပေးချေဆောင်ရွက်ပေးလျှက်ရှိပါသည်။ (၁.၈.၂၀၁၆)ရက်နေ့မှ စတင်၍ ပရီမီယံနှုန်းထားများကို ပြင်ဆင်တိုးမြှင့်ခဲ့ပြီးလျော် ကြေးငွေများကိုလည်းတိုးမြှင့်ပေးလျော်လျှက်ရှိပါသည်။
မီးနှင့်အင်ဂျင်နီယာ၊ အမျိုးမျိုးအာမခံနိုင်ငံပိုင်၊ သမဝါယမပိုင်၊ ပုဂ္ဂလိကပိုင် အဆောက်အဦများနှင့် စက်ကိရိယာ၊ ကုန် ပစ္စည်းများ မီးဘေးကြောင့်ပျက်စီးဆုံးရှုံးပါက ပြန်လည်ထူထောင်ရာတွင် အထောက် အကူပြုနိုင်ရန် ဆောင်ရွက်ပေးလျှက်ရှိပါသည်။ လုပ်ငန်းများ တိုးတက်အောင်မြင်မှု ရရှိစေရန် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် အဆောက်အဦများ၊ ဟိုတယ်များ၊ စက်ရုံများ၊ နေအိမ်၊ စျေးအဆောက်အဦများသို့သွားရောက်လုပ်ငန်းရှာဖွေခြင်း၊ ကွင်းဆင်းစစ် ဆေးလုပ်ငန်းလက်ခံခြင်းတို့ကို ဆောင်ရွက်ပေးလျှက်ရှိပါသည်။
ရေ၊ လေ၊ ခရီးသွားအာမခံလုပ်ငန်းခရီးသွားပြည်သူများ ခရီးစဉ်တွင် ထိခိုက်ဒဏ်ရာရ၊ သေဆုံးခြင်းနှင့် ရင်ဆိုင်ကြုံတွေ့ ရသောအခါ ငွေကြေးအထောက်အပံ့ရရှိစေရန်နှင့် ခရီးသွားလာပို့ဆောင်ရာတွင် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ထူထောင်နိုင်ရန် ထားရှိသော အာမခံအကာအကွယ် ဖြစ်ပါသည်။ ပြည်တွင်းပြည်ပ ရေကြောင်း၊ လေကြောင်း၊ အထူးခရီးသွား၊ ဘုရားဖူး၊ ကုန်စည်ပို့ဆောင်ရေးခရီးသွားလာမှုအာမခံလုပ်ငန်းများကဏ္ဍအလိုက် တိုးတက်လာ စေရန်နှင့် အာမခံခြင်းအကာအကွယ်ပြုနိုင်ရန် အဝေးပြေးယာဉ်လိုင်းများ ပို့ဆောင် ရေးကုမ္ပဏီများ ဆက်သွယ်ဆောင်ရွက်လျှက်ရှိပါသည်။
မြန်မာ့အာမခံလုပ်ငန်း၏ဆောင်ပုဒ်များသူတစ်ပါးထိခိုက်မှုအာမခံ နည်းဥပဒေများ
သူတစ်ပါးထိခိုက်မှုအာမခံ နည်းဥပဒေများမှအဆက် - ၁
သူတစ်ပါးထိခိုက်မှုအာမခံ နည်းဥပဒေများမှအဆက် - ၂
နေပြည်တော်မြန်မာ့အာမခံလုပ်ငန်း၊ ပြည်ထောင်စုနယ်မြေရုံး အဆောက်အဦဓါတ်ပုံ ဆက်သွယ်ရန်လိပ်စာ ဖုန်းနံပါတ်အမှတ်(၉၆၄/၉၆၅)၊ (၂၂)လမ်းနှင့် မဉ္ဇူလမ်းထောင့်၊ အောင်သာယာရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်။
၀၆၇ - ၂၂၅၃၉ ၊ ၀၆၇ - ၂၅၈၅၈ / Fax ; ၀၆၇ - ၂၅၈၅၈ /Email; niniminpt@gmail.com