အမေရိကန် | တစ်ဒေါ်လာ | ၁၃၇၃.၉ |
ဥရောပ | တစ်ယူရို | ၁၅၅၅.၈ |
တရုတ် | တစ်ယွမ် | ၁၉၇.၇၃ |
ထိုင်း | တစ်ဘတ် | ၄၃.၆၉၉ |
မလေးရှား | တစ်ရင်းဂစ် | ၃၂၄.၈၄ |
အိန္ဒိယ | တစ်ရူပီ | ၁၈.၆၃၀ |
ဂျပန် | တစ်ရာယန်း | ၁၃၀၆.၂ |
တောင်ကိုရီးယား | တစ်ရာ၀မ် | ၁၁၅.၃၂ |
သြစတြေးလျ | တစ်ဒေါ်လာ | ၈၉၆.၈၀ |
စင်ကာပူ | တစ်ဒေါ်လာ | ၉၈၈.၁၀ |
၁။ ၁၈၇၄ခုနှစ်ခန့်က မြန်မာနိုင်ငံ၏ တိရစ္ဆာန်ဆေးကုသရေးလုပ်ငန်းကို အင်္ဂလိပ်စစ်တပ်မှ တာဝန်ယူခဲ့ပါသည်။ ၁၉၃၇ ခုနှစ်တွင် တိရစ္ဆာန်ဆေးကုဌာနခွဲအဖြစ် ဖွဲ့စည်းကာ ညွှန်ကြားရေးဝန် ခန့်ထားခဲ့ပါသည်။ (၁၅-၃-၁၉၇၂)ရက်တွင် တိရစ္ဆာန်ဆေးကုဌာနခွဲနှင့် မြေယာကျေးလက်ကြီးပွားတိုးတက်ရေးကော်ပိုရေးရှင်းမှ မွေးမြူရေးဌာနခွဲတို့ပူးပေါင်း၍ တိရစ္ဆာန်ဆေးကုသရေးနှင့် မွေးမြူရေးဦးစီးဌာနအဖြစ် ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
၂။ မွေးမြူရေးလုပ်ငန်းကို စီးပွားရေးဆန်ဆန်ဆောင်ရွက်နိုင်ရန်အတွက် ၁၉၇၆ခုနှစ်၊ ဧပြီလတွင် တိရစ္ဆာန်ဆေးကုသရေးနှင့် မွေးမြူရေးဦးစီးဌာနမှခွဲထွက်၍ မွေးမြူရေးလုပ်ငန်း ကော်ပိုရေးရှင်း (ယခုမွေးမြူရေး၊ အစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း) ကိုသီးခြားဖွဲ့စည်းခဲ့သည်။ (၁၅-၃-၁၉၈၃) ရက်တွင် လယ်ယာနှင့်သစ်တော ဝန်ကြီးဌာနမှခွဲထွက်၍ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနအဖြစ် သီးခြားဖွဲ့စည်းခဲ့သည့်ရက်မှ စတင်ပြီး ဤဦးစီးဌာနကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဟု အမည်ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။
၃။(၂၈-၆-၂၀၀၇)ရက်တွင် ကျင်းပသော နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၉/၂၀၀၇)မှ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနလက်အောက်တွင် ပျားလုပ်ငန်းဌာနကို သွတ်သွင်းဖွဲ့စည်းရန် သဘောတူခွင့်ပြုချက်အရ ပျားလုပ်ငန်းဌာနမှ အရာထမ်း(၈၂)ဦး၊ အမှုထမ်း(၃၄၁)ဦး စုစုပေါင်း(၄၂၃)ဦးနေရာသွတ်သွင်း၍ ဦးစီးဌာနအား အရာထမ်း (၄၉၀)ဦး၊ အမှုထမ်း (၃၂၂၅)ဦး စုစုပေါင်း (၃၇၁၅)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
၄။ မွေးမြူရေး၊ အစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း၏ ဖွဲ့စည်းပုံအား စာရင်းရှင်းလင်း ဖျက်သိမ်းပြီး မွေးမြူရေးဌာနခွဲအဖြစ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနလက်အောက်သို့ (၃-၄-၂၀၁၄) ရက်တွင်ကျင်းပ ပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၇/၂၀၁၄)မှ သဘောတူခွင့်ပြုပြီး မွေးမြူရေး၊ အစားအစာနှင့်နို့ထွက်ပစ္စည်းလုပ်ငန်းမှ အရာထမ်း(၅၆)ဦး၊ အမှုထမ်း(၁၀၀)ဦး စုစုပေါင်း (၁၅၆)ဦး အားသွတ်သွင်း၍ ဦးစီးဌာနအား အရာထမ်း(၆၅၄)ဦး၊ အမှုထမ်း(၃၄၄၉)ဦး စုစုပေါင်း (၄၁၀၃)ဦးဖြင့် ဖွဲ့စည်းပုံတိုးမြှင့်ခဲ့ပါသည်။
၅။ (၉-၆-၂၀၁၆) ရက်တွင်ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ် (၅/၂၀၁၆) သဘောတူခွင့်ပြုချက်အရ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအား အရာထမ်း (၉၇၈)ဦး၊ အမှုထမ်း (၃၇၈၉)ဦး စုစုပေါင်း (၄၇၆၇)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
ဝန်ထမ်းအင်အားဖွဲ့စည်းပုံစဉ် | ဌာန | ခွင့်ပြု | ခန့်ထား | လှစ်လပ် | မှတ်ချက် |
---|---|---|---|---|---|
၁ | မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်/ခရိုင်/မြို့နယ်များ ဝန်ထမ်းဖွဲ့စည်းပုံ | ၁၃၆ | ၇၅ | ၆၁ |
စဉ် | တိုင်း/ခရိုင်/မြို့နယ် | လိပ်စာ | ဖုန်းနံပါတ် |
---|---|---|---|
၁ | နေပြည်တော်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံး | ပခ-၃၇၊နေပြည်တော်ကောင်စီလမ်းညောင်ပင်ကြီးစုရပ်၊ပုဗ္ဗသီရိမြို့နယ် | ၀၆၇-၅၅၀၂၂၄၀၉-၄၃၀၃၈၀၇၀ |
၂ | ဥတ္တရခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံး | မင်္ဂလာဒီပရပ်ကွက်၊ပုဗ္ဗသီရိမြို့နယ် | ၀၉-၂၅၆၂၆၂၅၈၈ |
၃ | ပုဗ္ဗသီရိမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံး | မင်္ဂလာဒီပရပ်ကွက်၊ပုဗ္ဗသီရိမြို့နယ် | ၀၉-၄၂၀၇၀၃၄၇၈ |
၄ | ဥတ္တရသီရိမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံး | ဇဝနသိဒ္ဓိရပ်ကွက်၊ဥတ္တရသီရိမြို့နယ် | ၀၉-၄၃၀၄၇၁၃၉ |
၅ | ဇေယျာသီရိမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံး | ခရိုင်ချင်းဆက်လမ်းနံဘေး၊မရင်းကြီးရွာ၊ဇေယျာသီရိမြို့နယ် | ၀၉-၄၂၁၀၆၅၂၉ |
၆ | တပ်ကုန်းမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံး | ရန်ကုန်-မန္တလေးလမ်းဟောင်းနံဘေး၊ ဗိုလ်မင်းရောင်ရပ်ကွက်တပ်ကုန်းမြို့နယ် | ၀၆၇-၇၀၃၀၈၀၉-၄၃၁၂၉၃၆၃ |
၇ | ဒက္ခိဏခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံး | ညောင်ပင်ကြီးစုရပ်၊ပုဗ္ဗသီရိမြို့နယ် | ၀၉-၄၂၈၁၇၆၅၇၈ |
၈ | ပျဉ်းမနားမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံး | ရန်ကုန်-မန္တလေးကားလမ်းနံဘေးပေါင်းလောင်း(၂)ရပ်ကွက်၊ပျဉ်းမနားမြို့နယ် | ၀၆၇-၂၂၁၅၉၀၉-၄၅၀၉၂၇၂၇၇ |
၉ | ဇမ္ဗူသီရိမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံး | ပျဉ်းမနား-တောင်ညိုလမ်းမကြီးနံဘေးနေပြည်တော်ကောင်စီဝင်းအတွင်းဇမ္ဗူသီရိမြို့နယ် | ၀၉-၄၂၈၃၂၃၈၆၆ |
၁၀ | ဒက္ခိဏသီရိမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံး | ရာဇသင်္ဂဟလမ်းမကြီး(ကံ့ကော်ပန်းအဝိုင်းအနီး)ရုံးပေါင်းစုံနယ်မြေ ဒက္ခိဏသီရိမြို့နယ် | ၀၉-၄၄၈၅၃၉၈၀၀ |
၁၁ | လယ်ဝေးမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံး | ရန်အောင်မြင်လမ်း၊အမှတ်(၇)ရပ်ကွက်၊ လယ်ဝေးမြို့နယ် | ၀၆၇-၃၀၃၅၈၀၉-၇၈၈၅၂၂၁၈၄ |