အထူးသတင်းကြေငြာချက်
  • အထူးသတင်းကြေငြာချက်

လျှောက်ထားရန်

ဒေါ်လာရောင်း၊ဝယ် ဈေးနှုန်း

နိုင်ငံခြားငွေလဲလှယ်နှုန်း (၂၉.၁၁.၂၀၁၉)

အမေရိကန် တစ်ဒေါ်လာ ၁၅၁၁.၆
ဥရောပ တစ်ယူရို ၁၆၆၅.၀
တရုတ် တစ်ယွမ် ၂၁၄.၉၅
ထိုင်း တစ်ဘတ် ၄၉.၉၉၅
မလေးရှား တစ်ရင်းဂစ် ၃၆၂.၁၉
အိန္ဒိယ တစ်ရူပီ ၂၁.၁၄၀
ဂျပန် တစ်ရာယန်း ၁၃၈၁.၂
တောင်ကိုရီးယား တစ်ရာ၀မ် ၁၂၈.၂၀
သြစတြေးလျ တစ်ဒေါ်လာ ၁၀၂၂.၄
စင်ကာပူ တစ်ဒေါ်လာ ၁၁၀၆.၄
နေပြည်တော်ဘဏ်မှ ဝန်ဆောင်မှုပေးနေပါသည်။

နေပြည်တော်ယာဉ်ထိန်းရဲတပ်ဖွဲ့

ယာဉ်ထိန်းရဲတပ်ဖွဲ့သမိုင်း

မြန်မာနိုင်ငံတွင် ၁၉ဝ၅ ခုနှစ်မှစ၍ မော်တော်ယာဉ်အသုံးပြုခဲ့ပြီး ၁၉၁၄ ခုနှစ်မော်တော်ယာဉ်ဥပဒေ၊ ၁၉၁၅ ခုနှစ် မော်တော်ယာဉ် နည်းဥပဒေနှင့် ၁၉၃၅ ခုနှစ်မော်တော်ယာဉ်နည်းဥပဒေများပြဌာန်းခဲ့ပြီး ကိုလိုနီခေတ်တစ်လျှောက်လုံးအသုံးပြုခဲ့ပါသည်။

၁၉၃၅ ခုနှစ်တွင် မော်တော်ဗဟီကယ်ပုလိပ်(Motor Vehicle Police) အဖွဲ့ကို အင်အား(၃ဝ)ဦး ခန့်ဖြင့် ဒုတိယရဲမှူးတစ်ဦး အုပ်ချုပ်၍ စတင်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၄၆ ခုနှစ်တွင် ကုလားပုလိပ် အင်အား (၅ဝ)ဦးခန့်ဖြင့် လက်ပြပုလိပ်အဖွဲ့ကို သီးခြားဖွဲ့၍ ရန်ကုန်မြို့ ယာဉ်အသွားအလာများသည့်လမ်းဆုံ(၉)ခု၌ လက်ပြထိန်းသိမ်းခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ၁၉၄၇ ခုနှစ်တွင် လက်ပြရဲအင်အားမှာ (၁ဝဝ)ဦးခန့်ရှိလာ ခဲ့ပါသည်။

၎င်းတို့လက်ထက် ယာဉ်တိုက်မှုစစ်ဆေးရေးဌာနစိတ်ကို တိုးချဲ့ဖွဲ့ခဲ့ပြီး ယာဉ်တိုက်မှုစစ်ဆေးခြင်း လုပ်ငန်းများ နယ်မြေရဲစခန်းမှ လွှဲပြောင်းရယူခဲ့ပါသည်။ လက်ပြရဲစခန်း၌ Traffic Contol (ယာဉ်ထိန်းသိမ်းရေးအဖွဲ့)နှင့် Investigation (ယာဉ်တိုက်မှုစစ်ဆေးရေးအဖွဲ့)ဟူ၍ ဌာနစိတ်(၂)ခုဖြင့် ဆောင်ရွက်ခဲ့ရာမှ ၁၉၅ဝ ပြည့်နှစ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ချိုးဖောက်မှုစစ်ဆေးသည့် (အမှုစစ်) လုပ်ငန်းအား လွှဲပြောင်းပေးခဲ့သဖြင့် ဌာနစိတ်(၃)ခုဖြစ်လာခဲ့ပါသည်။

၁၉၅၁ ခုနှစ်တွင် နယ်မြေရဲစခန်းများမှ မော်တော်ဆိုင်ကယ်စီး ယာဉ်ထိန်းတာဝန်ဆောင်ရွက်လိုသူ (၁၁)ဦးအား ရွေးချယ်၍ မော်တော်ဆိုင်ကယ်စီး ယာဉ်ထိန်းရဲများအဖြစ် စတင်တာဝန်ထမ်းဆောင်စေပြီး မော်တော်ဆိုင်ကယ်စီးဌာနစိတ်ကိုပါ ဖွဲ့စည်းခဲ့ပါသည်။

၁-၁ဝ-၁၉၆၄ ရက်နေ့တွင် ယာဉ်ထိန်းရဲအင်အား(၃ဝဝ)ခန့်ရှိပြီး ရဲဝန်ထောက်တစ်ဦး အုပ်ချုပ်ခဲ့ပါ သည်။ ၁၉၆၂ ခုနှစ် ယာဉ်ထိန်းဌာနခွဲတွင် ယာဉ်ထိန်းသိမ်းရေးအဖွဲ့၊ ယာဉ်မှုစစ်ဌာနစုကို ဖွဲ့စည်းခဲ့ပြီး တော်လှန်ရေးကောင်စီဥက္ကဌကြီး၏ခရီးစဉ်တွင် ယာဉ်ရှင်းလင်း ထိန်းသိမ်းရေးကို ဆောင်ရွက်ခဲ့ပါသည်။ ၁၉၇၂ ခုနှစ်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အား(၆ဝဝ)ဦးသို့ တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ ၁၉၈ဝ ခုနှစ်တွင် အမျိုးသမီးတပ်ဖွဲ့ဝင်အင်အား(၁၂၅)ဦး တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ ၁၉၈၃ ခုနှစ်တွင် ဖွဲ့စည်းပုံအရ အင်အား (၁၃၅၆)ဦးဖြစ်သော်လည်း အင်အား (၆၆၃)ဦးဖြင့်သာ ဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်နည်းတူ မန္တလေးတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်သိမ်းရန်လိုအပ်သဖြင့် ၁၉၈၃ ခုနှစ်တွင် အင်အား(၁၁ဝ)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၄-၆-၁၉၉၇ ရက်နေ့တွင် ကျင်းပသော အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၂၁/၉၇)အရ ရဲမှူး ဦးစီး၍ တပ်ဖွဲ့ဝင် အင်အား(၃ဝဝ)ဦး တိုးမြှင့်တာဝန်ချထား ဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်နှင့် ကျန်တိုင်းဒေသကြီး/ပြည်နယ်များတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်ရန် ၂ဝဝ၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ သင့်လျော်သည့်တပ်ဖွဲ့ဝင်များစိစစ်ရွေးချယ်သင်တန်းပေး၍ တာဝန်ပေး အပ်ခဲ့ပါသည်။

နိုင်ငံတော်သမ္မတရုံး၏ (၂ဝ-၉-၂ဝ၁၂)ရက်စွဲဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ ပြင်ဆင်တိုးချဲ့ဖွဲ့စည်းရန် ခွင့်ပြုပြီး (၈-၁၁-၂ဝ၁၂) ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄ဝ/၂ဝ၁၂) အရ ယာဉ်ထိန်းရဲတပ်ဖွဲ့ အင်အားကို (၃၄၁၃)ဦးဖြင့် ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းခွင့်ပြုခဲ့ပါသည်။ ၄င်းဖွဲ့စည်းပုံအရ (၁-၁-၂ဝ၁၃) ရက်နေ့မှစ၍ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး၊ တပ်ဖွဲ့ခွဲမှူးရုံး (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး) တို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ဒုတပ်ဖွဲ့ခွဲရုံးများ တပြိုင်နက်ဖွင့်လှစ်ကာ တပ်ဖွဲ့စု(၆၅)စုဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းခြင်းကြပ်မတ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ရှိပါ သည်။

(၁၅-၁-၂ဝ၁၅)ရက်နေ့တွင်ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၂/၂ဝ၁၅)၏ ခွင့်ပြုချက်အရ (၆-၂-၂ဝ၁၅) ရက်နေ့မှစ၍ ယာဉ်ထိန်းရဲ တပ်ဖွဲ့ကိုအင်အား (၅၆၂ဝ)ဦးဖြင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး(၁)ရုံး၊ တပ်ဖွဲ့ခွဲမှူးရုံး(၃)ရုံး (နေပြည်တော်၊ ရန်ကုန်၊မန္တလေး)၊ ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(၁၅)ရုံး၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့စု(၁၂၆)စု တို့ဖြင့်တိုးချဲ့ ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။

(၁ဝ-၉-၂ဝ၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၈/၂ဝ၁၅)၏ ခွင့်ပြုချက်အရ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(၅)ရုံးကို ထပ်မံတိုးချဲ့ ဖွဲ့စည်းခဲ့ရာ အရာထမ်း(၁၉၇)ဦး၊ အမှုထမ်း(၅၆၉၃)ဦး၊ စုစုပေါင်း (၅၈၉ဝ)ဦး တို့ရှိလာပြီး ထပ်မံတိုးချဲ့ ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။

အမှတ်(၁)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(နေပြည်တော်)သည် ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်ကျေးရွာ၊ သပြေလမ်းတွင် တည်ရှိပါသည်။

အမှတ်(၁)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(နေပြည်တော်)၏ဖွဲ့စည်းပုံ

စဉ် အကြောင်းအရာ ရဲမှူး ဒုရဲမှူး ရဲအုပ် ဒုရဲအုပ် ပေါင်း ရဲအရာခံ ရဲတကက ရဲတက ရဲဒုတက ရဲတသ ပေါင်း စုစု ပေါင်း မှတ် ချက်
ဖွဲ့စည်းပုံ ၃၈ ၃၁ ၇၉ ၉၂ ၁၁၁ ၅၉ - ၂၆၃ ၃၄၂
ရှိရင်း ၂၃ ၁၄ ၄၅ ၇၃ ၃၇ ၂၅ ၆၃ ၁၉၉ ၂၄၄
အပို - - - - - - - - - ၆၃ ၆၃ ၆၃
အလို - ၁၅ ၁၇ ၃၄ - ၁၉ ၇၄ ၃၄ - ၁၂၇ ၁၆၁
အမှတ်(၁)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ၊ နေပြည်တော် ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့စုဖွဲ့စည်းပုံ(မြို့နယ်အဆင့်)

စဉ် အကြောင်းအရာ ဒုရဲမှူး ရဲအုပ် ဒုရဲအုပ် ပေါင်း ရဲအရာခံ ရဲတကက ရဲတက ရဲဒုတက ရဲတသ ပေါင်း စုစု ပေါင်း မှတ် ချက်
ဖွဲ့စည်းပုံ - ၁၀ ၁၂ - ၂၈ ၃၆
ရှိရင်း - ၂၁ ၂၆
အပို - - - - - - - - -
အလို - - - ၁၅ ၁၈
ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်(၅)ရပ်
  • ယာဉ်တိုက်မှု အန္တရာယ်မဖြစ်ပွားစေရန်နှင့် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရန်ထိန်းသိမ်းကြပ် မတ်ခြင်း
  • ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းပေးရန်
  • ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ပြည်သူလူထုသို့ အသိပညာပေးရန်နှင့် ကာကွယ်စောင့် ရှောက်ပေးရန်
  • ဖြစ်ပွားသည့်ယာဉ်တိုက်မှုများအား စုံစမ်းဖော်ထုတ်တရားစွဲတင်ပို့ရန်
  • အရေးကြီးပုဂ္ဂိုလ်ယာဉ်တန်း၊ ဧည့်သည်တော်ယာဉ်တန်းများနှင့် နိုင်ငံတော်အဆင့် အခမ်းအနား များတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်ပေးရန်
ယာဉ်ထိန်းရဲတပ်ဖွဲ့၏ လုပ်ငန်းတာ၀န်(၆)ရပ်
  • ယာဉ်မတော်တဆမှု လျော့နည်းကျဆင်းစေပြီး ပြည်သူကိုအကာအကွယ်ပေးရန်
  • ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို အများပြည်သူများလိုက်နာကြစေရန်နှင့် လိုက်နာမှုမရှိက ထိရောက်စွာအရေးယူရန်
  • လမ်းအသုံးပြုသူ ပြည်သူလူထု၊ ကျောင်းသား/သူများအကြား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဟောပြောရန်
  • အရေးကြီးပုဂ္ဂိုလ်များ၊ အထူးအခမ်းအနားများ၊ ဧည့်သည်တော်များအတွက် လုံခြုံချောမွေ့စွာ သွားလာနိုင်ရေး ဆောင်ရွက်ပေးရာတွင် ပြည်သူလူထုအား အဆင်မပြေမှုအနည်းဆုံးဖြစ်စေရန်။
  • ပြည်သူလူထု၏ လိုအပ်ချက်များကို လျှင်မြန်ထိရောက်စွာ တုံ့ပြန်သည့်စိတ်ဓါတ်မျိုးဖြင့် ဆောင်ရွက်ပေးသွားရန်
  • အခြေအနေအမျိုးမျိုးတွင် ရှိနေသည့် ဒုက္ခရောက်နေသော ပြည်သူများအား အကူအညီပေးရန်။ (ဥပမာ-ယာဉ်တိုက်မှုတွင် ထိခိုက်ဒဏ်ရာရရသူများအား ချက်ခြင်းရှေးဦးသူနာပြုစုပေးရန်နှင့် အနီးဆုံးဆေးရုံ၊ဆေးခန်းများသို့ အမြန်ဆုံးပို့ပေးရန်။)
ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များ ရာဇသတ်ကြီးပုဒ်မ ၂၇၉

မည်သူမဆို၊ လူ့အသက်ကို အန္တရာယ်ဖြစ်စေအောင်သော်လည်းကောင်း၊ သူတစ်ပါးအား နာကျင်စေ တန်လောက်အောင် သို့တည်းမဟုတ် နစ်နာစေတန်လောက်အောင်သော်လည်းကောင်း အရမ်းဖြစ်စေ၊ ပေါ့ လျော့စွာဖြစ်စေ အများပြည်သူဆိုင်ရာလမ်းပေါ်၌ ယာဉ်ကိုမောင်းလျှင် သို့တည်းမဟုတ် စီးလျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ တစ်သိန်းကျပ်ထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် ရမည်။

ရာဇသတ်ကြီးပုဒ်မ ၃၃၇

လူ့အသက်ကိုဖြစ်စေ၊ အခြားသူတို့၏လုံခြုံရေးကိုဖြစ်စေ ဘေးဖြစ်အောင် မည်သူမဆို အရမ်းသော် လည်းကောင်း၊ ပေါ့လျော့စွာသော်လည်းကောင်း ပြုလုပ်မှုတစ်ခုခုကို ပြုခြင်းဖြင့် တစ်ဦးတစ်ယောက်သော သူအား နာကျင်စေလျှင် ထိုသူကို နှစ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ တစ်သိန်းကျပ်ထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ရာဇသတ်ကြီးပုဒ်မ ၃၃၈

လူ့အသက်ကိုဖြစ်စေ၊ အခြားသူတို့၏လုံခြုံရေးကိုဖြစ်စေ ဘေးဖြစ်အောင် မည်သူမဆို အရမ်းသော် လည်းကောင်း၊ ပေါ့လျော့စွာသော်လည်းကောင်း ပြုလုပ်မှုတစ်ခုခုကို ပြုခြင်းဖြင့် တစ်ဦးတစ်ယောက်သော သူအား အပြင်းအထန် နာကျင်စေလျှင် ထိုသူကို ငါးနှစ်ထိထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ရာဇသတ်ကြီးပုဒ်မ ၃၀၄-က

မည်သူမဆို၊ ရာဇ၀တ်ပြစ်ဒဏ်ထိုက်သော လူသေမှုအဖြစ်ဖြင့်သော်လည်းကောင်း၊ လူသတ်မှုအဖြစ် ဖြင့်သော်လည်းကောင်း၊ ပြစ်ဒဏ်ချမှတ်ခြင်း မခံထိုက်သော အရမ်းပြုလုပ်မှုကို သို့တည်းမဟုတ် ပေါ့လျော့ သော ပြုလုပ်မှုကို ပြု၍ လူကိုသေစေလျှင် ထိုသူကို ခုနှစ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။ သို့ရာတွင် အဆိုပါပြုလုပ်မှုကို သေစေတန်ရာသည်ဟု သိလျက်နှင့် ပြုလျှင် ထောင်ဒဏ်ကိုတိုး၍ ဆယ်နှစ်အထိ ချမှတ်နိုင်သည်။

၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေ

၁၉၈၉ ခုနှစ် မော်တော်ယာဉ်နည်းဥပဒေများ

အပြည်ပြည်ဆိုင်ရာနည်းစနစ် (5E System) စနစ်ဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းခြင်း
  • ပညာပေးရေးနည်းစနစ် ( Education System)
  • အင်ဂျင်နီယာနည်းစနစ် (Engineering System)
  • အရေးယူဆောင်ရွက်ခြင်းနည်းစနစ် (Emforcement System)
  • အရေးပေါ်ဆောင်ရွက်ခြင်းနည်းစနစ် (Emergency System)
  • ပတ်ဝန်းကျင်အခြေအနေဆိုင်ရာထိမ်းသိမ်းခြင်းနည်းစနစ် (Enviroment System)
ပညာပေးရေးနည်းစနစ် ( Education System)
  • ခရီးသွားလုပ်သားပြည်သူများ ယာဉ်စည်းကမ်းလမ်းစည်းကမ်းပညာပေးဟောပြောခြင်း
  • ခရီးသည်တင်ယာဉ်လိုင်းများမှ ယာဉ်မောင်းသူများ၊ အနှေးယာဉ်စီးနင်းသူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးဟောပြောခြင်း
  • ကျောင်းသား/ကျောင်းသူများ ယာဉ်စည်းကမ်းလမ်းစည်းကမ်းပညာပေးဟောပြောခြင်း
  • ယာဉ်မောင်းသင်တန်းကျောင်းများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေး ဟောပြော ခြင်း
  • ဌာနဆိုင်ရာ၊ ကုမ္ပဏီ၊ အသင်းအဖွဲ့များမှ ယာဉ်မောင်းသူများ သင်တန်းများတွင် ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်း ပညာပေးဟောပြောခြင်း
  • ရေဒီယို၊ ရုပ်မြင်သံကြား၊ စာနယ်ဇင်း၊ လက်ကမ်းစာစောင်၊ အသံချဲ့စက်တို့ဖြင့် ပညာပေး ဟောပြောခြင်း
အင်ဂျင်နီယာနည်းစနစ် (Engineering System)
  • ယာဉ်သွားလမ်းပိုင်းဆိုင်ရာ စနစ်တကျတည်ဆောက်ပေးခြင်း
  • လမ်းပေါ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအန္တရာယ်သတိပေးလမ်းညွှန်၊ တားမြစ် ခြင်းနှင့် ကန့်သတ်ခြင်းလမ်းညွှန်၊ အမိန့်ပေးလမ်းညွှန်များနှင့် အချက်ပြမီးတိုင်များ စိုက်ထူ ပေးခြင်း
  • ယာဉ်အန္တရာယ်ကင်းရှင်းစေရန် လမ်းပေါ်ရှိ ဆေးရေးအမှတ်အသားများ၊ လမ်းလယ်ကျွန်း များ၊ လမ်းလယ်တုံးများ ပြုလုပ်ပေးခြင်း
  • ခြေလျင်ခရီးသွားများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် လူကူးကုန်းကျော် တံတားများ ဆောက်လုပ်ပေးခြင်း
  • ခုံးကျော်တံတားများ ဆောက်လုပ်ပေးခြင်း
  • အန္တရာယ်ကွေ့များတွင် Gyard-Rail များကာရံပေးခြင်း၊ ညကြည့်အမှတ် အသားများ၊ ညရောင်ပြန် ကပ်တုံးများ ပြုလုပ်ပေးခြင်း
  • အလင်းရောင်လိုအပ်သောလမ်း၊ နေရာများတွင် အလင်းရောင်ပြည့်စုံသော Road Way Decoration Mighting မီးတိုင်များ စိုက်ထူပေးခြင်း
  • အန္တရာယ်ကင်းရှင်းစေရေးအတွက် လမ်းကွေ့/လမ်းထောင့်နေရာများတွင် မော်တော်ယာဉ်များ မြင်တွေ့နိုင်စေရန်အတွက် Road Safety Mirror မှန်ခုံးများ တပ်ဆင်ပေးခြင်း
  • ယာဉ်ရပ်နားစခန်းများ တည်ဆောက်ပေးခြင်း။
အရေးယူဆောင်ရွက်ခြင်းနည်းစနစ် (Emforcement System)
  • လှည့်ကင်းများဖြင့် စစ်ဆေးအရေးယူခြင်း။
  • မော်တော်ဆိုင်ကယ်လှည့်ကင်းများဖြင့် စစ်ဆေးအရေးယူခြင်း။
  • စောင့်ကြည့်အရေးယူခြင်း၊စည်းကမ်းချိုးဖောက်မှုများအား ဓါတ်ပုံမှတ်တမ်းဖြင့်အရေးယူခြင်း
  • မှတ်သားအရေးယူခြင်း
  • ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးအရေးယူခြင်း
  • ခေတ်မီ Electronic ကိရိယာများအသုံးပြုစစ်ဆေးအရေးယူခြင်း
  • ထိရောက်သော ပြစ်ဒဏ်ရရှိရေးဆောင်ရွက်ခြင်း-
  • ယာဉ်မောင်းလိုင်စင်ပိတ်သိမ်းခြင်း
  • စီမံခန့်ခွဲနည်းလမ်းအရ ဒဏ်ငွေတပ်ရိုက်ခြင်း
  • တရားရုံးမှ ထိရောက်သော ပြစ်ဒဏ်များချမှတ်အရေးယူခြင်း
အရေးပေါ်ဆောင်ရွက်ခြင်းနည်းစနစ် (Emergency System)
  • ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအား သူနာပြုသင်တန်းတက်ရောက်စေခြင်း
  • ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ ယာဉ်မတော်တဆမှု ဖြစ်ပွားသည့်နေရာသို့ရောက်ရှိပြီး အရေးပေါ် ဆေးဝါးကုသပေးခြင်း။
  • လူနာများကိုအချိန်မှီ ဆေးရုံသို့ပို့ဆောင်နိုင်ရေးအတွက် Ambulance System ကျင့် သုံးခြင်း
ပတ်ဝန်းကျင်အခြေအနေဆိုင်ရာထိမ်းသိမ်းခြင်းနည်းစနစ် (Enviroment System)
  • လေထုညစ်ညမ်းစေသည့် မီးခိုးထွက်ယာဉ်များအား အရေးယူဆောင်ရွက်ခြင်း
  • ပတ်ဝန်းကျင်သန့်ရှင်းရေးကို ထိခိုက်စေသည့် ကွမ်းတံတွေးထွေးခြင်း၊ အမှိုက် ပြစ်ချ ခြင်း
  • ခရီးသည်တင်ယာဉ်များပေါ်တွင် အမှိုက်ပုံးများ ထားရှိခြင်း
  • မိုးရာသီယာဉ်မောင်းသူများလိုက်နာရန် စည်းကမ်းများထုတ်ပြန်ခြင်း
  • ဟွန်းသံကင်းမဲ့ဇုန်သတ်မှတ်ခြင်း၊ လိုက်နာခြင်းမရှိက အရေးယူခြင်း
  • လမ်းဘေးအလေးအပေါ့စွန့်ပစ်ခြင်းတို့အား အရေးယူခြင်း
  • ခရီးသည်များအတွက် သန့်စင်ခန်းများ တည်ဆောက်ပေးခြင်း







ရှေ့သို့