အမေရိကန် | တစ်ဒေါ်လာ | ၁၃၇၃.၉ |
ဥရောပ | တစ်ယူရို | ၁၅၅၅.၈ |
တရုတ် | တစ်ယွမ် | ၁၉၇.၇၃ |
ထိုင်း | တစ်ဘတ် | ၄၃.၆၉၉ |
မလေးရှား | တစ်ရင်းဂစ် | ၃၂၄.၈၄ |
အိန္ဒိယ | တစ်ရူပီ | ၁၈.၆၃၀ |
ဂျပန် | တစ်ရာယန်း | ၁၃၀၆.၂ |
တောင်ကိုရီးယား | တစ်ရာ၀မ် | ၁၁၅.၃၂ |
သြစတြေးလျ | တစ်ဒေါ်လာ | ၈၉၆.၈၀ |
စင်ကာပူ | တစ်ဒေါ်လာ | ၉၈၈.၁၀ |
၁။ နယ်ချဲ့အင်္ဂလိပ်တို့သည် ၁၈၅၅ ခုနှစ်၊ နို၀င်ဘာလ ၂၉ ရက်နေ့ ညနေ(၃)နာရီ (၃၀)မိနစ်တွင် မြန်မာနိုင်ငံတော်မှ သီပေါမင်းကို ဖမ်းဆီးခေါ်ဆောင်ပြီးနောက် ၁၈၆၆ ခုနှစ်၊ ဇန်န၀ါရီလ(၁)ရက်နေ့တွင် အထက်မြန်မာနိုင်ငံနှင့်တကွ သီပေါမင်းပိုင်နက်မြေအားလုံးကို အင်္ဂလိပ်ပိုင်ဖြစ်ကြောင်း အိန္ဒိယဘုရင်ခံ လော့ဒ်ဒပ်ဖရင့်က ကြေညာခဲ့ပါသည်။ မြန်မာတစ်နိုင်ငံလုံး နယ်ချဲ့လက်အောက်ကျရောက်ခဲ့ပြီးချိန်တွင် နယ်ချဲ့အစိုးရသည် မြန်မာနိုင်ငံတွင် ၎င်းတို့၏ အုပ်ချုပ်မှုစနစ် ပိုမိုခိုင်မာထိရောက်စေရေးအတွက် ၁၈၈၇ ခုနှစ်၊ အောက်တိုဘာလ(၂၈)ရက်နေ့တွင် ကျေးရွာအက်ဥပဒေကို အတည်ပြုပြဌာန်းခဲ့ပြီး ပုဒ်မ ၃ အရ ကျေးရွာပုလိပ်(စ်) ဖွဲ့စည်းခန့်အပ်ခွင့်ကို သတ်မှတ်ပြဌာန်းခဲ့ပါသည်။ မြို့ပြအုပ်ချုပ်ရေးတွင် ခရိုင်၀န်နှင့် ခရိုင်ရာဇ၀တ်၀န်တို့ကို ကျောရိုးပြု တည်ဆောက်ထားသကဲ့သို့ ကျေးရွာအုပ်ချုပ်ေဌာန်းခဲ့ပြီး ပုဒ်မ ၃ အရ ကျေးရွာပုလိပ်(စ်) ဖွဲ့စည်းခန့်အပ်ခွင့်ကို သတ်မှတ်ပြဌာန်းခဲ့ပါသည်။ မြို့ပြအုပ်ချုပ်ရေးတွင် ခရိုင်၀န်နှင့် ခရိုင်ရာဇ၀တ်တို့ကို ကျောရိုးပြု တည်ဆောက်ထားသကဲ့သို့ ကျေးရွာအုပ်ချုပ်ရေးတွင် ကျေးရွာသူကြီးနှင့် ကျေးရွာပုလိစ်(စ်)တို့ကို အခြေခံထား၍ ငြိမ်၀ပ်ပိပြားရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပါသည်။
၂။ ထိုအချိန်က အသုံးပြုခဲ့သော ပုလိစ်(စ်)အဖွဲ့၏ ဦးထုပ်တံဆိပ်အောက်တွင် နယ်ချဲ့အင်္ဂလိပ်အုပ်ချုပ်မှုအောက်တွင် ဖြစ်ပေါ်ခဲ့သော မြန်မာပုလိစ်(စ်)အဖွဲ့၏ ပြောင်းလဲမှုမှတ်တမ်းများအဖြစ် ဦးထုပ်တံဆိပ် အလယ်တွင် သရဖူတံဆိပ်ပါပြီး ပတ်ပတ်လည်တွင် BURMA POLICE ဟူသော စာတမ်းဖြင့် ၀န်းရံထားပါသည်။ တံဆိပ်၏ ထိပ်တွင် 1887 (စာဗာရီခေါ် စစ်ပုလိပ်များ စတင်ဖွဲ့စည်းခဲ့သောခုနှစ်)၊ ယာဘက်ဘေးတွင် 1885 (အင်္ဂလိပ် အထက်မြန်မာနိုင်ငံကို သိမ်းယူသောခုနှစ်)၊ ၀ဲဘက်ဘေးတွင် 1889 ( အထက်နှင့်အောက် မြန်မာပြည်ရှိ စစ်ပုလိပ်နှစ်ဖွဲ့ကို ပူပေါင်းသောခုနှစ်) အောက်တည့်တည့်တွင် ၁၈၉၁ (စစ်ပုလိပ်နှင့် မြို့ပုလိပ် သီးခြားဖွဲ့စည်းသောခုနှစ်)ဟူ၍ တွေ့ရှိရပါသည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်များ မြန်မာပြည်သို့ ရောက်ရှိလာသော ၁၉၄၂ ခုနှစ်တွင် မြန်မာပုလိစ်(စ်)အဖွဲ့ကို "မြန်မာပြည်ရဲအဖွဲ့"ဟုပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။ သို့ရာတွင် ထူးထူးခြားခြားပြုပြင်ပြောင်းလဲမှုများ မရှိဘဲ အင်္ဂလိပ်စနစ်၊ အင်္ဂလိပ်လက်ထက်မှ ဥပဒေ၊ လက်စွဲစာစောင်များနှင့်သာ ဆက်လက်ဆောင်ရွက်ခဲ့ကြပါသည်။ ၁၉၄၅ ခုနှစ်တွင် အင်္ဂလိပ်များ မြန်မာပြည်သို့ ပြန်လည်၀င်ရောက်လာသောအခါ ကက်(စ်)ဘီခေါ် စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခဲ့သည်။ ဂျပန်ခေတ်က ပြောင်းလဲခေါ်ဝေါ်ခဲ့သော ရဲအဖွဲ့ကို ပုလိစ်(စ်)ဟုပင် ပြန်လည်ခေါ်ဝေါ်၍ ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ပါသည်။
၃။ ၁၉၄၅ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံပုလိစ်(စ်)အက်ဥပဒေကို ပြဌာန်း၍ ၎င်းတို့အကျိုးအတွက် အသုံးချဆောင်ရွက်ခဲ့ပါသည်။ နယ်ချဲ့အင်္ဂလိပ်သည် မြန်မာပြည်သို့ နောက်တစ်ကြိပ်ပြန်လည်၀င်ရောက်လာချိန်တွင် ပုလိစ်(စ်)အဖွဲ့၀င်တို့သည် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ် တက်ကြွနေချိန်ဖြစ်ရာ မြန်မာပြည်ပုလိစ်(စ်)အဖွဲ့အား အင်္ဂလိပ်အရာရှိကြီးများဖြင့် ဦးစီးအုပ်ချုပ်ရန် မဖြစ်နိုင်တော့သည်ကို သိမြင်လာသဖြင့် ၁၉၄၇ ခုနှစ်တွင် မြန်မာလူမျိုးထဲမှ ပထမဦးဆုံး ရာဇ၀တ်မင်းကြီး(ယခုရဲချုပ်)အဖြစ် ဦးဘမောင်အား ခန့်အပ်တာ၀န်ပေးအပ်ခဲ့ပါသည်။ မြန်မာနိုင်ငံအား မဟာမိတ်များ ပြန်လည်သိမ်းပိုက်ပြီးနောက် ၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် အင်းစိန်၌ ဆပ်ကျောင်းအား ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့တွင် လွပ်လပ်ရေးရရှိခဲ့ပြီး လွတ်လပ်ရေးခေတ်ဦးတွင် ပုလိပ်ဟူသော ဝေါဟာရကို "ရဲ"ဟူသော အမည်ပြောင်းခဲ့ပါသည်။ ပခုံးဒေါက်တွင် တပ်ဆင်သည့် B.P(Burma Police)စာတမ်းအစား၊ "ရဲဗမာ"ဟူသော ပခုံးဒေါက်စာတမ်းကို ပြောင်းလဲအသုံးပြုခဲ့ပါသည်။ သို့ရာတွင် ရဲဗမာဟူသော အမည်သည် လူမျိုးရေး စိတ်ဓတ်ပြင်းထန်သော တိုင်းရင်းသားလူမျိုးအဖို့ စိတ်၀မ်းကွဲမှုဖြစ်ပေါ်စေနိုင်သဖြင့် ၎င်းအစား "ရဲတပ်" ဟူသော ပခုံးဒေါက်စာတမ်းကို ပြောင်းလဲအသုံးပြုစေခဲ့ပါသည်။
၄။ ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့မှ ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့အထိ ဖ.ဆ.ပ.လ အစိုးရခေတ်ဖြစ်ပြီး ဒီမိုကရေစီ ဒေသန္တရ အုပ်ချုပ်ရေးစနစ်ဖြစ်ပါသည်။ နယ်ချဲ့အင်္ဂလိပ်လက်ထပ်က ဖွဲ့စည်းတည်ရှိခဲ့သည့် ပုလိပ်အဖွဲ့များကဲ့သို့ မြန်မာနိုင်ငံရဲအဖွဲ့ကိုလည်း မြို့ပြရဲအဖွဲ့၊ ရန်ကုန်ရဲအဖွဲ့၊ ပြည်ထောင်စုရဲတပ်ရင်းများဟု သုံးမျိုးခွဲခြား၍ ဆက်လက်ဖွဲ့စည်းခဲ့ပါသည်။အရာရှိ ၄၀၉၀ ဦးနှင့် အခြားအဆင့် ၅၁၆၃၀ဦး(စာရေးမပါ)ဖြင့် ဖွဲ့စည်းထားရှိခဲ့ပါသည်။
၅။ ရဲတပ်ဖွဲ့ပြန်လည်ဖွဲ့စည်းရန်အတွက် ပထမဦးစွာ ပြည်သူ့လုံခြုံရေးအဖွဲ့ဟု အမည်ပေးရန် အဆိုပြုတင်ပြခဲ့ရာတွင် ရဲလုပ်ငန်းသက်သက်အတွက် ၄၃၉၂၃ ဦး၊ လုံခြုံရေ: တပ်ရင်း ၂၁ ရင်းအတွက် ၉၀၃၀ဦး၊ ပေါင်း ၅၂၆၉၂ ဦးဖြင့် ဖွဲ့စည်းရန် ၁၉၆၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် အစိုးရအဖွဲ့သို့ အဆိုပြုတင်ပြခဲ့ပါသည်။ အဆိုပြုတင်ပြချက်များအပေါ် တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီး နေ၀င်းမှ လုံခြုံရေးအား တပ်မတော်မှ တာ၀န်ယူမည်ဖြစ်ပြီး ရဲလုပ်ငန်းသက်သက်အတွက်နှင့် အမည်ကိုရွေးချယ်ရန် မိန့်ကြားခဲ့သဖြင့် အရာရှိ၊ အခြားအဆင့် စုစုပေါင်း ၄၅၅၇၃ ဦ:ဖြင့် ပြည်သူ့ရဲတပ်ဖွဲ့ (Peဟူသော အမည်သတ်မှတ်ကာ ရဲအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ထို့ကြောင့် ၁၉၄၆ ခုနှစ်၊ အောက်တိဘာလ ၁ ရက်နေ့မှစ၍ တစ်မျိုးတည်းသော 'ပြည်သူ့ရဲတပ်ဖွဲ့'သည် ပေါ်ပေါက်လာခဲ့ပါသည်။ ၁၉၄၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော ပြည်သူ့ရဲတပ်ဖွဲ့အား အောက်ပါအတိုင်း တည်ဆောက်ခဲ့ပါသည်-
၆။ နိုင်ငံတော်အကြီးအကဲများ မျှော်မှန်းထားသည့်အတိုင်း ရဲတပ်ဖွဲ့ကြီးအား အဖက်ဖက်က တိုးတက်လာစေရေးအတွက် ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အဖြစ်အမည်သစ်ဖြင့် ရှင်သန်နိုးကြားတက်ကြွစွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။။
၇။ ပြည်ထဲရေး၀န်ကြီးဌာနနှင့် ကွပ်ကဲမှုအောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးစီးဌာနကြီးများရှိ ဦးစီးအဖွဲ့၀င်များ၊ ရုံးဌာနများအနေဖြင့် ဦးစီးတာ၀န်နှင့် စပ်လျဉ်းသည့် နည်းနိဿရည်များကို စနစ်တကျမှီငြမ်းကိုးကားလေ့လာ မှတ်သားလျက် ရှင်းလင်းစွာနားလည်သဘောပေါက်ပြီး တစ်ပြေးညီလိုက်နာကျင့်သုံးနိုင်စေရန်ဖြစ်ပါသည်။ တပ်ဖွဲ့ဌာနများရှိ ဦးစီးအရာရှိများနှင့် ဦးစီးရုံးအဖွဲ့၀င်များက ယင်းတို့၏ ဌာနအကြီးအကဲများ အထက်ဦးစီးအရာရှိများနှင့် လက်အောက်ခံ တပ်ဖွဲ့/ဌာနများအတွက် တာ၀န်ယူဆောင်ရွက်ပေးရမည့် ရုံးလုပ်ငန်းကိစ္စအ၀၀ပင်ဖြစ်ပါသည်။ ၎င်းလုပ်ငန်းတာ၀န်များအား လက်တွေ့ထမ်းဆောင်ကြရာတွင် အထက်အဆင့် တပ်ဖွဲ့၊ ဌာနချုပ်၊ ဌာနများလက်အောက်ရှိ တပ်ဖွဲ့၊ ဌာနချုပ်၊ ဌာနများ၊ ဘေးနံတပ်ဖွဲ့၊ ဌာနချုပ်၊ ဌာနများ၊ ရုံးများနှင့် ဆက်သွယ်ဆက်ဆံလျက် ပေါင်းစပ်ညှိနှိုင်းကာ ဆောင်ရွက်နိုင်ကြခြင်းသည် ဦးစီးတာ၀န်၏ အနှစ်သာရပင်ဖြစ်သည်။ ဦးစီးအဖွဲ့၀င်များအားလုံးသည် ကြီးလေးသော တာ၀န်၀တ္တရားများ ထမ်းရွက်နေကြသူများအဖြစ် အချိန်တိုင်းတွင် ခံယူချက်ထားရှိ၍ ဆောင်ရွက်ရပါမည်။ ဦးစီးအဖွဲ့၀င်များသည် တပ်ဖွဲ့၊ ဌာနများ၏ အစေအပါးဖြစ်သည်ဆိုသည့် စကားရပ်ကို ခံယူကျင့်သုံးခြင်းဖြင့် လက်အောက်ခံ တပ်ဖွဲ့၊ ဌာနများအနေဖြင့် ၎င်းတို့အားပေးအပ်ထားသည့် ရည်မှန်းချက်တာ၀န်များ ဆောင်ရွက်ရာ၌ လွယ်ကူချောမွေ့အောင်မြင်စေရန် ဖြည့်ဆည်းပေးရမည်ဖြစ်ပါသည်။ ဤလုပ်ငန်းတာ၀န်သည် ဦးစီးအဖွဲ့၏ ဦးစားပေးတာ၀န် တစ်ရပ်ဖြစ်သည်ကိုလည်း မမေ့အပ်ပေ။ အရေးကြီးသောအချက်မှာ မိမိတို့သည် မိမိတို့၏ အထက်အကြီးအကဲ/ တပ်ဖွဲ့မှူး / ဌာနမှူးများ၊ အကြီးအကဲ ဦးစီးအရာရှိ၏ ကိုယ်စားတာ၀န်ယူဆောင်ရွက်နေကြသူများဖြစ်ပါသည်။
၈။ ဦးစီးအဖွဲ့တွင် အဓိကအားဖြင့် အဖွဲ့ကြီး(၃)ဖွဲ့ပါရှိပါသည်။(က) နေပြည်တော်ရဲတပ်ဖွဲ့၏ ဒေသသမိုင်းအနေဖြင့် မန္တလေးတိုင်းရဲတပ်ဖွဲ့အား ၁၉၉၄ ခုနှစ်အထိ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး(၃)ဦးဖြင့် ခွဲခြားအုပ်ချုပ်ခဲ့ရာတွင် ယခုနေပြည်တော်ရဲတပ်ဖွဲ့ဖြစ်လာမည့် ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်များသည် မိတ္ထိလာရုံးထိုင်၊ အမှတ်(၃)ဒုတိယတိုင်းရဲတပ်ဖွဲ့မှူးရုံး၏ အုပ်ချုပ်မှုအောက်တွင်ရှိခဲ့ရာ ၁၉၉၅ ခုနှစ်တွင် ခရိုင်များဖွဲ့စည်းရာ၌ ရမည်းသင်းအတွင်းပါ၀င်ခဲ့ပါသည်။
(ခ) ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုရအဖွဲ့နှင့် ၀န်ကြီးဌာနများသည် ၁၇−၂−၂၀၁၆ ရက်နေ့မှစတင်၍ နိုင်ငံတော်ရုံးစိုက်ရာဌာနချုပ်အဖြစ် ပြောင်းရွှေ့ဖွင့်လှစ်ပြီး ၂၃−၂−၂၀၀၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အစိုရ(ခ) ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုရအဖွဲ့နှင့် ၀န်ကြီးဌာနများသည် ၁၇−၂−၂၀၀၆ ရက်နေ့မှစတင်၍ နိုင်ငံတော်ရုံးစိုက်ရာဌာနချုပ်အဖြစ် ပြောင်းရွှေ့ဖွင့်လှစ်ပြီး ၂၃−၂−၂၀၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အစိုရ(ခ) ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုရအဖွဲ့နှင့် ၀န်ကြီးဌာနများသည် ၁၇−၂−၂၀၁၆ ရက်နေ့မှစတင်၍ နိုင်ငံတော်ရုံးစိုက်ရာဌာနချုပ်အဖြစ် ပြောင်းရွှေ့ဖွင့်လှစ်ပြီး ၂၃−၂−၂၀၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၆/၂၀၁၆)မှ တပ်ကုန်း−ပျဉ်းမနား−လယ်ဝေးမြို့နယ်များပါ၀င်သည့် ပျဉ်းမနားခရိုင်အဖြစ် စတင်ဖွဲ့စည်းခဲ့ပါသည်။ပျဉ်းမနားခရိုင်ကို နေပြည်တော်အဖြစ် သတ်မှတ်ခဲ့ပါသည်။
(ဂ) မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ ၁၈−၈−၂၀၀၆ ရက်စွဲပါစာ၊ ၁၁၀၁(၂)/၅၀၁/ဦး၅ အရ နေပြည်တော်အမှတ်(၁/၂)တို့အား (က)အဆင့်ရဲစခန်း၊ အမှတ်(၃/၄/၅()တို့အား (ဃ)အဆင့် ရဲစခန်းအဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။
(ဃ)၂−၈−၂၀၀၈ ရက်စွဲပါစာ၊ ၁၁၀၁(၅၁)/၅၀၁/ဦး ၅ အရ အမှတ်(၆/၇/၈/၉/၁၀)တို့အား (ခ)အဆင့် ရဲစခန်းများအဖြစ် ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။
(င) အစိုရအဖွဲ့၏ အတည်ပြုချက်အဖြစ် ပြည်ထဲရေး၀န်ကြီးဌာန၏ ၂၆−၁၁−၂၀၀၈ ရက်စွဲပါစာ၊ ၂၀၀/၂၃−၃၂၇/ဦး၁ အဖြစ် ပျဉ်းမနားခရိုင်ရှိ တပ်ကုန်း−ပျဉ်းမနား−လယ်ဝေးမြို့နယ်များမှ နယ်မြေအချို့ကို ခွဲထုတ်ပြီး ရပ်ကွက်(၁၆)ရက်ကွက်၊ ကျေးရွာအုပ်စု(၄၀)အုပ်စု၊ ကျေးရွာပေါင်း(၂၀၂)ရွာပါ၀င်သော နေပြည်တော်မြို့နယ်ကို တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။
(စ)ပြည်ထဲရေး၀န်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၈−၁−၂၀၀၉ ရက်စွဲပါစာ၊ ၁၀၀/ ၆−၂၉ (၁၂၁)/ ရေး ၁ ဖြင့် ပျဉ်းမနားခရိုင်အား နေပြည်တော်ခရိုင်အဖြစ် ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။
(ဆ) နေပြည်တော်မြို့နယ်အား ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇမ္ဇူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်များအဖြစ် (၅)မြို့နယ်ကို ပြည်ထဲရေး၀န်ကြီးဌာန၏ ၂၆−၃−၂၀၀၉ ရက်စွဲပါစာ၊ ၁၀၀ /၃၁−၁/ဦး ၁ ဖြင့် ထပ်မံပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
(ဇ) ၅−၈−၂၀၁၀ ရက်နေ့တွင် ကျင်ပသောအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၃၀/၂၀၁၀)အရ ဇေယျာသီရိမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး(၅)ရုံးအား ၁၅−၉−၂၀၁၀ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
(စျ) မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ ၂၈−၂−၂၀၁၂ ရက်စွဲပါစာအမှတ် ၁၀၀၁(၅၁)/၅၀၁/ဦး ၅ ဖြင့် ၂၆−၂−၂၀၁၂ ရက်နေ့မှစ၍ (က)အဆင့်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးဖွဲ့စည်းပုံအတိုင်း နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံး အသစ်အား တိုးချဲ့ဖွဲ့စည်းပြီး (က)အဆင့် နေပြည်တော်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးအား နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးအောက်သို့ သိမ်းသွင်းဖွဲ့စည်းခွင့်ပြုခဲ့ပါသည်။
၁၀။ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်များ ၀န်ထမ်းဖွဲ့စည်းပုံစဉ် | ဌာနအမည် | အရာထမ်းပေါင်း | အမှုထမ်းပေါင်း | စုစုပေါင်း | မှတ်ချက် | ||||||
---|---|---|---|---|---|---|---|---|---|---|---|
ခွင့်ပြု | ခန့်ထား | လှစ်လပ် | ခွင့်ပြု | ခန့်ထား | လှစ်လပ် | ခွင့်ပြု | ခန့်ထား | လှစ်လပ် | |||
၁ | နေပြည်တော်ရဲတပ်ဖွဲ့ | ၆၀ | ၄၇ | ၁၃ | ၂၇၅၇ | ၁၃၈၄ | ၁၃၇၃ | ၂၈၁၇ | ၁၄၃၁ | ၁၃၈၆ |
စဉ် | ရုံးအမည် | လိပ်စာ | ဖုန်းနံပါတ် |
၁ | နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံး | ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်ရပ်ကွက်၊ သပြေလမ်း | ၀၆၇−၅၅၀၂၀၀၊ ၅၅၀၂၀၂၊ ၅၅၀၁၉၀ |
၂ | ဥတ္တရခရိုင်ရဲတပ်ဖွဲ့မှူးရုံး | ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်၊ ချင်းတွင်းလမ်း | ၀၆၇−၅၁၀၂၀၈ |
၃ | ဥတ္တရသီရိမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး | ဥတ္တရသီရိမြို့နယ်၊ ရတနာသိဒ္ဓိရပ်ကွက်၊ ဇေယျဌာနီလမ်းနှင့် မန္တလေးလမ်းဒေါင့် | ၀၆၇−၄၁၇၆၄၂ |
၄ | ပုဗ္ဗသီရိမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး | ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်၊ ချင်းတွင်းလမ်း | ၀၆၇−၅၁၀၁၄၀ |
၅ | ဇေယျာသီရိမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး | ဇေယျာသီရိမြို့နယ်၊ ရန်ကုန်−မန္တလေး လမ်းဟောင်း၊ စုပေါင်းရုံး | ၀၆၇−၉၉၈၅၂၃၄ |
၆ | တပ်ကုန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး | တပ်ကုန်းမြို့နယ်၊ ဗိုလ်မင်းရောင်ရပ်ကွက်၊ ပိတောက်လမ်းနှင့် ရန်ကုန်−မန္တလေးကားလမ်းဘေး၊ | ၀၆၇−၈၀၇၀၀၀၂ |
၇ | ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့မှူးရုံး | ပုဗ္ဗသီရိမြို့နယ်၊ ကံသာကွက်သစ်ကျေးရွာ | ၀၆၇−၅၅၀၂၈၈ |
၈ | ဇမ္ဗူသီရိမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး | ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံး၊ နေပြည်တော်ကောင်စီ၀န်းအတွင်း၊ အောင်ဇမ္ဗူရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ် | ၀၆၇−၅၅၀၁၇၅ |
၉ | ဒက္ခိဏသီရိမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး | ဒက္ခိဏသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံး | ၀၆၇−၄၃၄၁၉၉ |
၁၀ | ပျဉ်းမနားမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး | ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၂)ရပ်ကွက်၊ စည်ပင်ရုံးလမ်း၊ မင်္ဂလာရှမ်းကန်တောင်ဘက်၊ | ၀၆၇−၂၂၆၃၀ |
၁၁ | လယ်ဝေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး | အမှတ်(၄)ရက်ကွက်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးရုံးမြောက်ဘက်၊ လယ်ဝေးမြို့၊ | ၀၆၇−၃၀၄၈၉ |