အထူးသတင်းကြေငြာချက်

လျှောက်ထားရန်

ဒေါ်လာရောင်း၊ဝယ် ဈေးနှုန်း

နိုင်ငံခြားငွေလဲလှယ်နှုန်း (၁၈.၁၀.၂၀၁၉)

အမေရိကန် တစ်ဒေါ်လာ ၁၅၃၃.၁
ဥရောပ တစ်ယူရို ၁၇၀၀.၃
တရုတ် တစ်ယွမ် ၂၁၆.၅၈
ထိုင်း တစ်ဘတ် ၅၀.၅၇၂
မလေးရှား တစ်ရင်းဂစ် ၃၆၆.၃၈
အိန္ဒိယ တစ်ရူပီ ၂၁.၅၂၀
ဂျပန် တစ်ရာယန်း ၁၄၀၈.၈
တောင်ကိုရီးယား တစ်ရာ၀မ် ၁၂၉.၉၇
သြစတြေးလျ တစ်ဒေါ်လာ ၁၀၄၃.၃
စင်ကာပူ တစ်ဒေါ်လာ ၁၁၂၁.၉
နေပြည်တော်ဘဏ်မှ ဝန်ဆောင်မှုပေးနေပါသည်။

နေပြည်တော်လမ်းဦးစီးဌာန

ပြည်ထောင်စုနယ်မြေ၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ)ရုံး၏ သမိုင်းကြောင်း နှင့် လမ်းဦးစီးဌာန စတင်ပေါ်ပေါက်လာပုံ

နေပြည်တော်ကို အုပ်ချုပ်ရေးရုံးစိုက်ရာမြို့တော်အဖြစ် ပြောင်းလဲဖွဲ့စည်းသည့်အချိန်တွင် ယခင်က ရမည်းသင်းခရိုင်လက်အောက်ရှိ မြို့နယ်များအနက် ပျဉ်းမနား၊ တပ်ကုန်း၊ လယ်ဝေး (၃)မြို့နယ်အား ခွဲထုတ် ၍ ပျဉ်းမနားခရိုင်အဖြစ် စတင်ဖွဲ့စည်းခဲ့ပါသည်။ဦးဆောင်ညွှန်ကြားရေးမှူး (အုပ်ချုပ်မှု)၏ (၁၉.၅.၂၀၁၆)ရက်စွဲပါစာအမှတ်၊ အခမ/ထွေ-၁၀/၀၉၉/ ရေး-၁(က)ဖြင့် ပျဉ်းမနားခရိုင်၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းကို ဖွဲ့စည်းပေးခဲ့ ပါသည်။ပျဉ်းမနားခရိုင်ကို ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ် (၃)မြို့နယ်ဖြင့် ဖွဲ့စည်းလျက် ပျဉ်းမနားခရိုင်အင်ဂျင်နီယာမှူးရုံးကို (၁၉.၅.၂၀၁၆)နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

ဦးဆောင်ညွှန်ကြားရေးမှူး (အုပ်ချုပ်မှု)၏ (၅.၇.၂၀၁၁)ရက်စွဲပါစာအမှတ်၊ အခမ/ထွေ-၁၀/၁၂၇/ ရေးချုပ် အရ နေပြည်တော်ခရိုင်၊ ခရိုင်အင်ဂျင်နီယာမှူးကို ဖွဲ့စည်းခဲ့ပါသည်။နေပြည်တော်ခရိုင်တွင်(က)အဆင့် ပျဉ်းမနားမြို့နယ်နှင့် (ခ)အဆင့်ဖြစ်သော တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်တို့ ပါဝင်သည့် နေပြည်တော်ခရိုင်အင်ဂျင်နီယာမှူးရုံးအဖြစ် ဖွဲ့စည်းခဲ့ပါသည်။ နေပြည်တော် ခရိုင်အင်ဂျင်နီယာမှူးရုံးကို (၅.၇.၂၀၁၁)နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ဦးဆောင်ညွှန်ကြားရေးမှူး (အုပ်ချုပ်မှု)၏ (၁၀.၅.၂၀၁၁)ရက်စွဲပါစာအမှတ်၊ အခမ/ထွေ-၁၀/၀၈၂/ ရေးချုပ်အရ နေပြည်တော်ခရိုင်ရုံးကို နေပြည်တော်အင်ဂျင်နီယာမှူးကြီးရုံးအဖြစ် ဖွဲ့စည်းခဲ့ပါသည်။ ထိုသို့ ပြောင်းလဲဖွဲ့စည်းရာတွင် တပ်ကုန်းမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့ကို (က)အဆင့် ပြောင်းလဲဖွဲ့စည်းပေးခဲ့ပါသည်။

ဒက္ခိဏခရိုင်နှင့် ဥတ္တရခရိုင်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အုပ်ချုပ်မှု၏ (၈.၄.၂၀၁၃)ရက်စွဲပါ စာအမှတ်၊ အခမ/ထွေ-၁၀/၀၉၆/ ရေးချုပ်အရ ဖွဲ့စည်းပါသည်။ ဥတ္တရခရိုင်တွင်ပါဝင်သည့် မြို့နယ်များမှာ တပ်ကုန်း၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိတို့ဖြစ်ပြီး ဒက္ခိဏခရိုင်တွင် ပါဝင်သည့် မြို့နယ်များမှာ ပျဉ်းမနား၊ လယ်ဝေး၊ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိတို့ဖြင့် ဖွဲ့စည်းလိုက်သည်။ဆောက်လုပ်ရေး၀န်ကြီးဌာန ၊ ၀န်ကြီးရုံး၏ ( ၃၁.၃.၂၀၁၅) ရက်စွဲပါအမိန့်ကြော်ငြာစာ အမှတ်၊ ၂၁/၂၀၁၅ အရ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းကို အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီး ဌာန ၊ တံတားဦးစီးဌာနအဖြစ် ပြုပြင်ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း အင်ဂျင်နီယာမှူးကြီးရုံး (နေပြည်တော်) အား ညွှန်ကြားရေးမှူး (မြို့ပြ)ရုံး ၊ လမ်းဦးစီးဌာန၊ နေပြည်တော်အဖြစ် အမည်ပြောင်းလဲဖွဲ့စည်းပေးခဲ့ ပါသည်။ လမ်းဦးစီးဌာန ၊ ညွှန်ကြားရေးမှူး (မြို့ပြ)ရုံး (နေပြည်တော်)အား ယခင်ရုံးစိုက်ရာ ပျဉ်းမနားမြို့နယ်မှ ရုံးအသစ်တည်ရှိရာ နေပြည်တော်ကောင်စီရုံး၀င်း၊ ဇမ္ဗူသီရိမြို့နယ်သို့ (၈.၃.၂၀၁၇) ရက်နေ့တွင် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။

နေပြည်တော်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ)ရုံး ရှိ အရာထမ်း/အမှုထမ်းအင်အားစာရင်း

စဉ် အရာထမ်း အမှုထမ်း စုစုပေါင်း
၁။ ၁၆ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လမ်းဦးစီးဌာန၊ ဥတ္တရခရိုင်ရှိ ဝန်ထမ်းအင်အားစာရင်း

စဉ် ဌာနဆိုင်ရာအမည် ခွင့်ပြု ခန့်ထား လစ်လပ်
အရာရှိအဆင့် အခြားအဆင့် ပေါင်း အရာရှိအဆင့် အခြားအဆင့် ပေါင်း အရာရှိအဆင့် အခြားအဆင့် ပေါင်း
ဥတ္တရခရိုင်ရုံး ၁၂ ၁၃ ၁၀ ၁၁ -
ဇေယျာသီရိမြို့နယ် ၁၀ ၁၁ -
ပုဗ္ဗသီရိမြို့နယ် ၁၀ ၁၁ - ၄ (၁ ပို) ၄ (၁ ပို)
ဥတ္တရသီရိမြို့နယ် ၁၀ ၁၁ - ၃(၁ပို) ၃(၁ပို)
တပ်ကုန်းမြို့နယ် ၁၀ ၁၁ ၁၀ -
စုစုပေါင်း ၅၂ ၅၇ ၄၂ ၄၇ - ၁၂(၂ ပို) ၁၂(၂ ပို)
ပြည်ထောင်စုနယ်မြေ၊ ‌နေပြည်တော်၊ လမ်းဦးစီးဌာန၊ ဒက္ခိဏခရိုင်ရှိ ဝန်ထမ်းအင်အားစာရင်း

စဉ် ဌာနဆိုင်ရာအမည် ခွင့်ပြု ခန့်ထား လစ်လပ်
အရာရှိအဆင့် အခြားအဆင့် ပေါင်း အရာရှိအဆင့် အခြားအဆင့် ပေါင်း အရာရှိအဆင့် အခြားအဆင့် ပေါင်း
ဒက္ခိဏခရိုင်ရုံး ၁၂ ၁၃ - (၆လို) (၆လို)
ပျဉ်းမနားမြို့နယ် ၁၀ ၁၁ ၁၂ ၁၃ - (၂ပို) (၂ပို)
လယ်ဝေးမြို့နယ် ၁၀ ၁၁ ၁၀ ၁၁ - ၂(၂ပို) ၂(၂ပို)
ဒက္ခိဏသီရိမြို့နယ် ၁၀ ၁၁ -
ဇမ္ဗူသီရိမြို့နယ် ၁၀ ၁၁ - ၅(၁ပို) ၅(၁ပို)
စုစုပေါင်း ၅၂ ၅၇ ၃၉ ၄၄ - ၁၈(၅ပို) ၁၈(၅ပို)
ဦးစီးဌာန၏ ရည်မှန်းချက်
  • လုပ်ငန်းဆောင်ရွက်မှုနှင့် ပစ္စည်းဝယ်ယူမှုများကို အိတ်ဖွင့်တင်ဒါစနစ် (Open Tender) ဖြင့် ဆောင်ရွက်ရန်နှင့် အဂတိလိုက်စားမှု ကင်းရှင်းစေရန် ပညာပေးမှု၊ အရေးယူမှုများကို အလေး ထားဆောင်ရွက်သွားရန်
  • ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ကြားရေး အစီအစဉ် များဖြင့် အရည်အသွေးမြှင့်တင်ရန်နှင့် သတင်းအချက်အလက်နှင့်နည်းပညာရပ်များ (IT) ဖြင့် ဆက်စပ်ဆောင် ရွက်နိုင်ရန်
  • ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် P.P.P (Public Private Partnership) အစီအစဉ်အရ နိုင်ငံသား လုပ်ငန်းရှင်များအား ဖိတ်ခေါ်၍ ဖောက်လုပ်ပြုပြင် အဆင့်မြှင့်တင်ခြင်း၊ လုပ်ငန်းလုပ်ကိုင်ခြင်းနှင့် လွှဲပြောင်းပေးခြင်း (B.O.T) (Build, Operate and Transfer) စနစ်ဖြင့် ပုဂ္ဂလိကပိုင်အခန်းကဏ္ဍကို မြှင့်တင်နိုင်ရန် နည်းပညာ ပိုင်းပံ့ပိုးခြင်း၊ အတတ်ပညာပိုင်း အကူအညီပေးခြင်း၊ ရပိုင်ခွင့် များနှင့် လုပ်ပိုင်ခွင့်များ ကာကွယ်စောင့်ရှောက်ပေးသွားရန်
  • အာရှဖွံ့ဖြိုးရေးဘဏ် A.D.B (Asia Development Bank)၊ ကမ္ဘာ့ဘဏ် (World Bank) ချေးငွေများဖြင့် လမ်းများအဆင့်မြှင့်တင် ဆောင်ရွက်ရန်၊ ပြည်ပနိုင်ငံများမှ အထောက်အပံ့ (Grant Aid)၊ ချေးငွေ (Loan)များ ရရှိအောင် ဆောင်ရွက်ရန်
  • ပို့ဆောင်ရေးဝန်ကြီးဌာနမှ ရေးဆွဲထားသော National Transport Master Plan နှင့် KOICA အဖွဲ့အကူအညီဖြင့် ရေးဆွဲထားသည့် Master Plan for Arterial Road Network Development in Myanmar တို့ကို အခြေခံ၍ လမ်းဦးစီးဌာနမှ ရေးဆွဲထားသော နှစ်ရှည်ပင်မ စီမံကိန်း (Master Plan)အရ အဓိက ပင် မ သွေးကြော လမ်းမကြီးကွန်ယက် (Main Arterial Road Network) နှင့် အမြန်လမ်းမကြီး ကွန်ယက် (Expressway Network) တို့တွင် ပါဝင်သောလမ်းများ၊ နိုင်ငံတကာ နှင့် ဆက်သွယ်သည့်ပြည်ထောင်စုလမ်းမကြီးများအား(၇)မီတာအကျယ်ကတ္တရာ ကွန်ကရစ် (Asphalt Concrete) လမ်းအဆင့်ရောက်ရှိရန်
  • ဆောင်ရွက်ဆဲ ကျန်ပြည်ထောင်စုလမ်းများအား (၇)မီတာအကျယ် ကတ္တရာလမ်း အဆင့် ရောက်ရှိရန်
ဦးစီးဌာန၏လုပ်ငန်းတာဝန်များ
  • နှစ်ရှည်ပင်မစီမံကိန်းတွင် ပါဝင်သော နိုင်ငံတကာနှင့် ဆက်သွယ်သည့်လမ်းများ၊ အဓိကပြည်ထောင်စု လမ်းများအား မြေလမ်း/ အမာခံလမ်း/ကျောက်လမ်း/(၃.၆၆)မီတာ၊ (၅.၅)မီတာအကျယ် ကတ္တရာ လမ်းမှ (၇)မီတာ အကျယ် ကတ္တရာကွန်ကရစ်လမ်းအဖြစ် ဘဏ္ဍာနှစ်အလိုက် ရရှိရန်ပုံငွေပေါ်မူ တည်၍ အဆင့်ဆင့်တိုးမြှင့်ဖောက်လုပ်ရန်
  • ဆောင်ရွက်ဆဲ ကျန်ပြည်ထောင်စုလမ်းများအား မြေလမ်း/ အမာခံလမ်း/ ကျောက်လမ်း/ (၃.၆၆) မီတာ၊ (၅.၅)မီတာ အကျယ် ကတ္တရာလမ်းမှ (၇) မီတာအကျယ် ကတ္တရာလမ်း အဖြစ် ဘဏ္ဍာနှစ် အလိုက် ရရှိရန်ပုံငွေပေါ် မူတည်၍ အဆင့်ဆင့် တိုးမြှင့်ဖောက်လုပ်ရန်
ဦးစီးဌာန၏ဆောင်ပုဒ်များ
  • မြန်၊ ကောင်း၊ သက်သာ
  • မြစ်ကိုမြင်လျှင် တံတားဆင်၊ ပြည်ခွင်သာဖို့လမ်းခင်းစို့
  • ဖွံ့ဖြိုးမှုရဲ့အခြေခံ လမ်း၊ တံတားတွေတည်ဆောက်ရန်
  • မွန်မြတ်သောစိတ်ထားမပျက်ခင်က ကြိုပြီးပြင်အစဉ်ကောင်းလျှက်ပင်
  • ညံ့ဖျင်းသောစိတ်ထားအပျက်ကြီးပျက်မှ တွက်ချက်ပြင်စိတ်ထားညံ့သူပင်
ဦးစီးဌာနမှ ကျင့်သုံးလျက်ရှိသော ဥပဒေ ၊ နည်းဥပဒေ ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များ
  • အမြန်လမ်းမကြီးများဥပဒေ
  • လမ်းမကြီးများဥပဒေ
  • လမ်းနှင့်တံတားအသုံးပြုခြင်းဆိုင်ရာ ဥပဒေ
  • နိုင်ငံ့ဝန်ထမ်းဥပဒေ
  • ပြည့်သူ့လုပ်ငန်းဌာနကိုဓဥပဒေ
  • ပြည်သူ့လုပ်ငန်းငွေရင်းကိုဓဥပဒေ
  • Myanmar National Building Code



နေပြည်တော်လမ်းဦးစီးဌာန၊ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး။

ဇမ္ဗူသီရိမြို့နယ်၊နေပြည်တော်ကောင်စီဝန်းအတွင်း။

၀၆၇-၅၅၀၀၆၂





ဒက္ခိခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး။

‌နေပြည်တော်ကောင်စီလမ်း၊ ပုဗ္ဗသီရိမြို့နယ်။

၀၆၇-၅၅၀၃၂၈





ဦးစီးအရာရှိ (မြို့ပြ) ရုံး၊ ပျဉ်းမနားမြို့နယ်။

ရန်အောင်(၂)ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်း ပျဉ်းမနားမြို့။

၀၆၇-၂၂၂၄၆





ဦးစီးအရာရှိ (မြို့ပြ) ရုံး၊လယ်ဝေးမြို့နယ်။

အမှတ်(၆)ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်း လယ်ဝေးမြို့။

၀၆၇-၃၀၃၇၉





ဦးစီးအရာရှိ (မြို့ပြ) ရုံး၊ဇမ္ဗူသီရိမြို့နယ်။

‌နေပြည်တော်ကောင်စီဝန်းအတွင်း၊ ဇမ္ဗူသီရိမြို့နယ်။





ဦးစီးအရာရှိ (မြို့ပြ) ရုံး၊ဒက္ခိဏသီရိမြို့နယ်။

စုပေါင်းရုံးလမ်း၊ ဒက္ခိဏရပ်ကွက်၊ ဒက္ခိဏသီရိမြို့နယ်။





ဥတ္တရခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး။

မင်္ဂလာဒီပရပ်ကွက်၊ပုဗ္ဗသီရိမြို့နယ်။

၀၆၇-၂၁၁၅၄





ဦးစီးအရာရှိ (မြို့ပြ) ရုံး၊ ဥတ္တရသီရိမြို့နယ်။

မြစ်ကြီးနားလမ်းနှင့်ကျိုင်းထုံလမ်း ထောင့်၊ဇဝနရပ်ကွပ်၊ ဥတ္တရ သီရိမြို့နယ်။

၀၆၇-၂၁၁၅၄





ဦးစီးအရာရှိ (မြို့ပြ) ရုံး၊ဇေယျာသီရိမြို့နယ်။

မရင်းကြီးကျေးရွာအနီး၊ခေတ်အေးကျေးရွာအုပ်စု၊ဇေယျာသီရိစုပေါင်းရုံး။

၀၆၇-၂၁၁၅၄





ဦးစီးအရာရှိ (မြို့ပြ) ရုံး၊ပုဗ္ဗသီရိမြို့နယ်။

မင်္ဂလာဒီပရပ်ကွက်၊ပုဗ္ဗသီရိမြို့နယ်။

၀၆၇-၂၁၁၅၄





ဦးစီးအရာရှိ (မြို့ပြ) ရုံး၊တပ်ကုန်းမြို့နယ်။

ရန်-မန်းလမ်းဟောင်း(မိုင်တိုင်)၂၇၆/၆၊နဝရတ်လမ်းနှင့်ဗိုလ်မင်းရောင်လမ်းကြား၊နယ်မြေ(၅)၊ဗိုလ်မင်းရောင်ရပ်ကွပ်၊တပ်ကုန်းမြို့နယ်။

၀၆၇-၇၀၁၂၆




ရှေ့သို့