အမေရိကန် | တစ်ဒေါ်လာ | ၁၃၇၃.၉ |
ဥရောပ | တစ်ယူရို | ၁၅၅၅.၈ |
တရုတ် | တစ်ယွမ် | ၁၉၇.၇၃ |
ထိုင်း | တစ်ဘတ် | ၄၃.၆၉၉ |
မလေးရှား | တစ်ရင်းဂစ် | ၃၂၄.၈၄ |
အိန္ဒိယ | တစ်ရူပီ | ၁၈.၆၃၀ |
ဂျပန် | တစ်ရာယန်း | ၁၃၀၆.၂ |
တောင်ကိုရီးယား | တစ်ရာ၀မ် | ၁၁၅.၃၂ |
သြစတြေးလျ | တစ်ဒေါ်လာ | ၈၉၆.၈၀ |
စင်ကာပူ | တစ်ဒေါ်လာ | ၉၈၈.၁၀ |
၁။ ၁၈၈၅ ခုနှစ်၊ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲဖြစ်ပွားပြီးနောက် အင်္ဂလိပ်အစိုးရတို့ မြန်မာနိုင်ငံ သို့ဝင်ရောက်လာစဉ်ကပင် နယ်မြေဒေသပိုင်းခြားတိုင်းတာခြင်း၊ မြေခွန်တော် သတ်မှတ်စည်းကြပ်ခြင်း၊ လယ်ယာမြေပိုင်ဆိုင်လုပ်ကိုင်မှုများ စာရင်းကောက်ယူခြင်းနှင့် သီးနှံမှန်းခြေစာရင်းများ ပြုစုထုတ် ပြန်ခြင်း စသည့်လုပ်ငန်းဖြင့် စတင်သန္ဓေတည်ပြီး ၁၈၈၇ ခုနှစ်တွင် မြေစာရင်းနှင့် စိုက်ပျိုးရေး ဦးစီးဌာန ပေါ်ပေါက်လာခဲ့ကာ ၁၉၀၅ ခုနှစ်သို့ ရောက်ရှိသောအခါ “ ကြေးတိုင်၊ မြေစာရင်းနှင့် စိုက်ပျိုးရေးဦးစီးဌာန” ဟူ၍ ပူးပေါင်းဖွဲ့စည်းခဲ့ပြီးနောက် ၁၉၀၆ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် စိုက်ပျိုးရေးဦးစီးဌာန ခွဲထွက်သွားသဖြင့် “ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ” ဟူ၍ သီးခြားပေါ်ပေါက်လာခဲ့ပါသည်။
၂။ ထို့သို့ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနအဖြစ် နှစ်ပေါင်း(၁၀၀)ကျော် ရပ်တည်လာပြီးနောက်လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ (၂၈-၄-၂၀၁၅) ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်- ၁၃/၂၀၁၅ အရ “ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ” ဟု အမည်ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။
လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ရုံးများနှင့် ဝန်ထမ်းဖွဲ့စည်းပုံ၃။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီအား (၂၀၁၀)ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ရာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန အနေဖြင့် (၂၀၀၇-၂၀၀၈)ခုနှစ်တွင် ပျဉ်းမနား၊ တပ်ကုန်း၊ လယ်ဝေးမြို့နယ်များဖြင့် ရမည်းသင်ခရိုင်မှ ခွဲထုတ်ဖွဲ့စည်းခဲ့ပြီးနောက် (၂၀၀၉-၂၀၁၀) ခုနှစ်တွင် နေပြည်တော်ခရိုင်မြေစာရင်းဦးစီးဌာနအဖြစ် လည်းကောင်း၊ (၂၀၁၀-၂၀၁၁)ခုနှစ်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီနယ်မြေအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သဖြင့် နေပြည်တော် ခရိုင်အဆင့်မှ နေပြည်တော်ကောင်စီနယ်မြေလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံး အဆင့်အဖြစ်လည်းကောင်း၊ တိုင်းရုံး(၁)ရုံး၊ ခရိုင်ရုံး(၂)ရုံး၊ မြို့နယ်ရုံး(၈)ရုံးနှင့် စာချုပ်စာတမ်း မှတ်ပုံတင်ရုံး(၁)ရုံးဖြင့် ဖွဲ့စည်းဆောင်ရွက်လျှက်ရှိပြီး ခွင့်ပြုအရာထမ်းအင်အား (၁၅)ဦး၊ ခွင့်ပြု အမှုထမ်းအင်အား (၃၀၄)ဦး၊ စုစုပေါင်းအင်အား (၃၁၉)ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်လျှက်ရှိပါသည်။
နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် ခရိုင်/ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးများ၏ ၀န်ထမ်းအင်အား ခွင့်ပြု၊ ခန့်ထား၊ လစ်လပ်မှုအခြေအနေစဉ် | ရာထူး | ခွင့်ပြု | ခန့်ထား | လစ်လပ် |
၁ | ဒုတိယညွှန်ကြားရေးမှူး | ၁ | ၁ | − |
၂ | လ/ထညွှန်ကြားရေးမှူး | ၄ | ၄ | - |
၃ | ဦးစီးအရာရှိ | ၁၀ | ၇ | ၃ |
၄ | ဒုဦးစီးမှူး | ၁၁ | ၁၁ | - |
၅ | စာရင်းကိုင်-၂ | ၁ | ၁ | - |
၆ | အကြီးတန်းစာရေး | ၁ | ၁ | - |
၇ | စာရင်းကိုင်-၃ | ၉ | ၄ | ၅ |
၈ | လ/ထဦးစီးမှူး(စစ်ဆေးရေး) | ၃၉ | ၃၃ | ၆ |
၉ | လ/ထဦးစီးမှူး(အမှုတွဲ) | ၁၂ | ၈ | ၄ |
၁၀ | အငယ်တန်းစာရေး | ၇ | ၁ | ၆ |
၁၁ | စာရင်းကိုင်-၄ | ၇ | ၂ | ၅ |
၁၂ | ဒု-လ/ထဦးစီးမှူး(စစ်ဆေးရေး) | ၃ | - | ၃ |
၁၃ | ဒု-လ/ထဦးစီးမှူး(အမှုတွဲ) | ၆ | ၂ | ၄ |
၁၄ | မြေတိုင်း-၄ | ၁၄၅ | ၅၅ | ၉၀ |
၁၅ | ငယ်/လက်နှိပ်စက် | ၁၂ | ၃ | ၉ |
၁၆ | မြေတိုင်း-၅ | ၁၆ | ၈၄ | ၆၈ |
၁၇ | ယာဉ်မောင်း-၅ | ၂ | - | ၂ |
၁၈ | ရုံးအကူ | ၂၁ | ၂ | ၁၉ |
၁၉ | ရုံးအစောင့် | ၁၂ | ၂ | ၁၀ |
စုစုပေါင်း | ၃၁၉ | ၂၂၁ | ၉၈ |
၄။ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန် များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က)မျှော်မှန်းချက် (Vision)
၅။ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ကျင့်သုံးလျှက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
၆။ နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန အပါအဝင်လက်အောက်ခံ ရုံးများ၏ အဆောက်အဦးဓါတ်ပုံများအား နောက်ဆက်တွဲ(က)မှ (ဋ)ထိဖြင့် ဖော်ပြထားပြီး၊ ရုံးဖွင့် လှစ်ထားသည်နေရာများ၏ ရုံးလိပ်စာများနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
စဉ် | ရုံးအမည် | ဖွင့်လှစ်ထားရှိမှုနှင့် ရုံးလိပ်စာများ | ဆက်သွယ်ရန်ဖုန်းနံပါတ် |
၁ | နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန | နေပြည်တော်ကောင်စီရုံးဝင်း၊ ပျဉ်းမနား-တောင်ညိုလမ်းနှင့် ကောင်စီလမ်းထောင့်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်။နေပြည်တော်ကောင်စီရုံး၌ ပူးတွဲဖွင့်လှစ်ထားပါသည်။ | ၀၆၇-၅၅၀၁၈၀ |
၂ | နေပြည်တော်စာချုပ် စာတမ်းမှတ်ပုံတင်ရုံး | နေပြည်တော်ကောင်စီရုံးဝင်း၊ ပျဉ်းမနား-တောင်ညိုလမ်းနှင့် ကောင်စီလမ်းထောင့်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်။ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပူးတွဲဖွင့်လှစ်ထားပါသည်။ | ၀၆၇-၅၅၀၀၅၇ |
၃ | ဥတ္တရခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန | ချင်းတွင်းလမ်းဘေး၊ ဥတ္တရခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစုပေါင်းရုံးတွင် ဖွင့်လှစ်ထားပါသည်။ | ၀၆၇-၅၅၀၁၈၀ |
၄ | ဒက္ခိဏခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန | နေပြည်တော်ကောင်စီရုံးဝင်း၊ ပျဉ်းမနား-တောင်ညိုလမ်းနှင့် ကောင်စီလမ်းထောင့်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်။ဒက္ခိဏခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပူးတွဲဖွင့်လှစ်ထားပါသည်။ | ၀၆၇-၅၅၀၁၈၀ |
၅ | တပ်ကုန်းမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန | စည်ပင်လမ်း၊ မြဝတီရပ်ကွက်၊ တပ်ကုန်းမြို့။ | ၀၆၇-၇၀၀၀၈၊၀၆၇-၇၀၁၄၈ |
၆ | ဇေယျာသီရိမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန | ရန်ကုန်-မန္တလေး ကားလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၂၅၇/၅)၊ ရွှေတွင်းကုန်း ကျေးရွာအနီး၊ ဇေယျာသီရိမြို့။ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပူးတွဲဖွင့်လှစ်ထားပါသည်။ | ၀၉-၄၉၁၀၂၆၄၂ |
၇ | ဥတ္တရသီရိမြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန | Ocean ရှေ့၊ ရွာတော်လမ်း၊ ဝနသိဒ္ဓိရပ်ကွက်၊ ဥတ္တရသီရိမြို့။ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပူးတွဲဖွင့်လှစ်ထားပါသည်။ | ၀၉-၄၉၁၀၂၆၃၉ |
၈ | ပုဗ္ဗသီရိမြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန | သီရိမဏ္ဏိုင်လမ်းနှင့် ချင်းတွင်းလမ်းထောင့်၊ မင်္ဂလာဒီပရပ်ကွက်၊ ပုဗ္ဗသီရိမြို့။ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပူးတွဲဖွင့်လှစ်ထားပါသည်။ | ၀၉-၄၉၅၈၅၉၆၆ |
၉ | ပျဉ်းမနားမြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန | ရုံးလမ်း၊ ဘိုကုန်းရပ်၊ ရန်အောင်(၁) ရပ်ကွက်၊ ပျဉ်းမနားမြို့။ | ၀၆၇-၂၂၁၁၉ |
၁၀ | လယ်ဝေးမြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန | အမှတ်(၇)ရပ်ကွက်၊ လယ်ဝေး - နေပြည်တော်လမ်း၊ လယ်ဝေးမြို့။ | ၀၆၇-၃၀၃၇၃ |
၁၁ | ဇမ္ဗူသီရိမြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန | နေပြည်တော်ကောင်စီရုံးဝင်း၊ ပျဉ်းမနား-တောင်ညိုလမ်းနှင့် ကောင်စီလမ်းထောင့်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်။ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး၌ ပူးတွဲဖွင့်လှစ်ထားပါသည်။ | ၀၉-၄၉၁၀၂၆၄၁ |
၁၂ | ဒက္ခိဏသီရိမြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန | ရုံးပေါင်းစုံပတ်လမ်း၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ ဒက္ခိဏသီရိမြို့နယ်။ ဒက္ခိဏသီရိမြို့နယ် ရုံးပေါင်းစုံပတ်လမ်း၌ သီးခြားဖွင့်လှစ်ထားပါသည်။ | ၀၉-၄၉၁၀၂၆၅၂ |