လျှောက်ထားရန်
Download ရယူရန်
ဒေါ်လာရောင်း၊ဝယ် ဈေးနှုန်း
နိုင်ငံခြားငွေလဲလှယ်နှုန်း
(၁၁-၃-၂၀၂၀)
အမေရိကန် |
တစ်ဒေါ်လာ |
၁၃၇၃.၉ |
ဥရောပ |
တစ်ယူရို |
၁၅၅၅.၈ |
တရုတ် |
တစ်ယွမ် |
၁၉၇.၇၃ |
ထိုင်း |
တစ်ဘတ် |
၄၃.၆၉၉ |
မလေးရှား |
တစ်ရင်းဂစ် |
၃၂၄.၈၄ |
အိန္ဒိယ |
တစ်ရူပီ |
၁၈.၆၃၀ |
ဂျပန် |
တစ်ရာယန်း |
၁၃၀၆.၂ |
တောင်ကိုရီးယား |
တစ်ရာ၀မ် |
၁၁၅.၃၂ |
သြစတြေးလျ |
တစ်ဒေါ်လာ |
၈၉၆.၈၀ |
စင်ကာပူ |
တစ်ဒေါ်လာ |
၉၈၈.၁၀ |
နေပြည်တော်ဘဏ်မှ ဝန်ဆောင်မှုပေးနေပါသည်။
နေပြည်တော်လူမှုဝန်ထမ်းရုံး
(က)လူမှူ၀န်ထမ်းဦးစီးဌာနပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း
လူမှု၀န်ထမ်းဦးစီးဌာနကို ၁၉၅၃ ခုနှစ်၊ နို၀င်ဘာလ(၂၅)ရက်နေ့တွင် စတင်တည်ထောင်သည်။ ပြည်သူများအား လူမှုရေးဆိုင်ရာအခွင့်အလမ်းများ တန်းတူညီမျှရရှိစေမှုကို အခြေခံသောမူ၀ါဒ၊ ရည်ရွယ်ချက်များနှင့်အညီ လုပ်ငန်းတာ၀န်များကို ဖော်ဆောင်လျက်ရှိပါသည်။
(ခ)နေပြည်တော် တိုင်းလူမှု၀န်ထမ်းဖွဲ့စည်းပုံ
ခွင့်ပြု(၃၁)ဦး၊ ခန့်ထားအရာထမ်း(၄)ဦး၊ အမှုထမ်း(၂၁)ဦး၊ လစ်လပ်(၆)ဦး ဖြစ်ပါသည်။
(၁)ရင်သွေးရတနာမူလတန်းကြိုကျောင်းဖွဲ့စည်းပုံ
ခွင့်ပြု(၁၅)ဦး၊ ခန့်ထားအမှုထမ်း(၁၂)ဦး၊ လစ်လပ်(၃)ဦးဖြစ်ပါသည်။
(၂)တော်၀င်ရတနာမူလတန်းကြိုကျောင်းဖွဲ့စည်းပုံ
ခွင့်ပြု(၁၅)ဦး၊ ခန့်ထားအမှုထမ်း(၁၁)ဦး၊ လစ်လပ်(၄)ဦးဖြစ်ပါသည်။
(၃)နန်းထိုက်ရတနာမူလတန်းကြိုကျောင်းဖွဲ့စည်းပုံ
ခွင့်ပြု(၁၅)ဦး၊ ခန့်ထားအမှုထမ်း(၁၂)ဦး၊ လစ်လပ်(၃)ဦးဖြစ်ပါသည်။
(ဂ)လူမှု၀န်ထမ်းဦးစီးဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာ၀န်များ
ရည်မှန်းချက်များ
- (၁)တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေ:နှင့် ပညာရည်မြင့်မားရေးဟူသည့် အမျိုးသားရေးဦးတည်ချက်ကို အထောက်အကူဖြစ်စေရန်၊
- (၂)လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်၊
- (၃)လူမှုရေးချို့တဲ့သူများအား လူမှု၀န်ထမ်းနည်းများဖြင့် အကူအညီပေးရန်၊
- (၄)မလိုလားအပ်သော လူမှုရေးပြဿနာများ မပေါ်ပေါက်စေရေးအတွက် ကြိုတင်ကာကွယ်ပေးရန်၊
- (၅)လူမှုရေးတာ၀န်များ ထမ်းဆောင်မည့်စေတနာ့၀န်ထမ်းလုပ်သားပြည်သူများအား စည်းရုံးဖော်ထုတ်ရန်၊
- (၆)လူမှုရေးဖွံ့ဖြိုးမှုလုပ်ငန်းများဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်၊
လုပ်ငန်းတာ၀န်များ
- (၁)ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း၊
- (၂)ကလေးနှင့်သူငယ်စောင့်ရှောက်ရေးလုပ်ငန်း၊
- (၃)အမျိုးသမီးစော့င်ရှောက်ရေးလုပ်ငန်း၊
- (၄)သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်း၊
- (၅)မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်း၊
- (၆)မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်း၊
- (၇)စေတနာ့၀န်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း၊
- (၈)လူမှုကရုဏာစောင့်ရှောက်ရေးလုပ်ငန်း၊
- (၉)လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်၀င်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း၊
- (၁၀)လူမှုကာကွယ်စောင့်ရှောက်ရေး။
(ဃ)လူမှု၀န်ထမ်းဦးစီးဌာနဆောင်ပုဒ်
လူမှု၀န်ထမ်းဦးစီးဌာန၏ ဆောင်ပုဒ်မှာ "လူမှုဖွံ့ဖြိုးပြည့်အကျိုး"ဖြစ်ပါသည်။
(င)လူမှု၀န်ထမ်းဦးစီးဌာမှ ကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များ
- (၁)မသန်စွမ်းသူများ၏ အခွ့င်အရေးဥပဒေကို (၅.၆.၂၀၁၅)ရက်နေ့တွင် ပြဌာန်းခဲ့ပါသည်။
- (၂)ကလေးသူငယ်ဥပဒေကို (၁၄.၇.၁၉၉၃)တွင် ပြဌာန်းခဲ့ပြီး နည်းဥပဒေကို (၂၁.၁၂.၂၀၀၁)တွင် ပြဌာန်းခဲ့ပါသည်၊
- (၃)သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကို(၃၀.၁၂.၂၀၁၆)ရက်နေ့တွင် ပြဌာန်းခဲ့ပါသည်။
- (၄)လူမှုကာကွယ်စောင့်ရှောက်ရေး အမျိူးသားအဆင့် မဟာဗျူဟာစီမံချက်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ(၃၀)ရက်နေ့တွင် ပြဌာန်းခဲ့ပြီးအကောင်အထည်ဖော်လျက်ရှိပါသည်၊
- (၅)အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(၂၀၁၃−၂၀၂၂)ကို ပြဌာန်းပြီးဧရိယာ(၁၂)ခုဖြစ်သည်ကို အကောက်အထည်ဖော်လျက်ရှိပါသည်။
(စ)နေပြည်တော်တိုင်း လူမှု၀န်ထမ်းရုံးနှင့် လက်အောက်ရှိမူလတန်းကြိုကျောင်း(၃)ကျောင်း၏ ဓာတ်ပုံနှင့်လိပ်စာများ
နေပြည်တော်တိုင်းလူမှု၀န်ထမ်းရုံး၊ အမှတ်−၅၊ နေပြည်တော်ကောင်စီရုံး၀န်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်
ရင်းသွေးရတနာမူလတန်းကြိုကျောင်း၊ မင်္ဂလာသိဒ္ဓိရပ်ကွက်၊ ပြည်ကြီးဥသျှောင်လမ်း၊ နေပြည်တော်
တော်၀င်ရတနာမူလတန်းကြိုကျောင်း၊ သီတာမြိုင်လမ်း၊ ဓနသိဒ္ဓိရပ်ကွက်၊ နေပြည်တော်
နန်းထိုက်ရတနာမူလတန်းကြိုကျောင်း၊ ၀ဏ္ဏသိဒ္ဓိရပ်ကွက်၊ အကွက်ကြီးအမှတ်(၅)၊ ချယ်ရီအိမ်ယာ၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်
ရှေ့သို့