အထူးသတင်းကြေငြာချက်

လျှောက်ထားရန်

ဒေါ်လာရောင်း၊ဝယ် ဈေးနှုန်း

နိုင်ငံခြားငွေလဲလှယ်နှုန်း (၁၈.၁၀.၂၀၁၉)

အမေရိကန် တစ်ဒေါ်လာ ၁၅၃၃.၁
ဥရောပ တစ်ယူရို ၁၇၀၀.၃
တရုတ် တစ်ယွမ် ၂၁၆.၅၈
ထိုင်း တစ်ဘတ် ၅၀.၅၇၂
မလေးရှား တစ်ရင်းဂစ် ၃၆၆.၃၈
အိန္ဒိယ တစ်ရူပီ ၂၁.၅၂၀
ဂျပန် တစ်ရာယန်း ၁၄၀၈.၈
တောင်ကိုရီးယား တစ်ရာ၀မ် ၁၂၉.၉၇
သြစတြေးလျ တစ်ဒေါ်လာ ၁၀၄၃.၃
စင်ကာပူ တစ်ဒေါ်လာ ၁၁၂၁.၉
နေပြည်တော်ဘဏ်မှ ဝန်ဆောင်မှုပေးနေပါသည်။

နေပြည်တော်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း

(က)ဦးစီးဌာနစတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ အင်ဂျင်နီယာချုပ်ရုံးအား (၁.၁.၂၀၀၇)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းလုပ်ငန်းများကို ကွပ်ကဲဆောင်ရွက်ခဲ့ပါသည်။ စတင်ဖွင့်လှစ်စဉ်က နေပြည်တော်တိုင်း၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး(၁)(၂)၊ မြို့နယ်ရုံး(၁)(၂)တို့ဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ရာမှ (၁.၃.၂၀၁၂)ရက်နေ့တွင် ယခုလက်ရှိရုံးသို့ ပြောင်းရွှေ့၍ နေပြည်တော်တိုင်း၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး(၂)ရုံးနှင့် မြို့နယ်(၈)ရုံး၊ မြို့ရုံး(၂)ရုံးတို့ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ယခင်က နေပြည်တော်တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံးအစား ယခုအခါ အင်ဂျင်နီယာချုပ်ရုံး၊ နေပြည်တော်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပြည်ထောင်စုနယ်မြေဟု တရား၀င် ခွင့်ပြုပြင်ဆင်ခေါ်ဝေါ်သုံးစွဲလျက်ရှိပါသည်။

(ခ)နေပြည်တော်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ ဖွဲ့စည်းပုံနှင့် ၀န်ထမ်းဖွဲ့စည်းပုံ
(၁)အင်ဂျင်နီယာချုပ်ရုံး (၁)ရုံး
(က)ဥတ္တရခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး

(၁)ရုံး
(ခ)ဒက္ခိဏခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး (၁)ရုံး
(၂)မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး
    1. (က)ပျဉ်းမနားမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး
    2. (ခ)တပ်ကုန်းမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး
    3. (ဂ)လယ်ဝေးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး
    4. (ဃ)ဒက္ခိဏသီရိမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး
    5. (င)ဇမ္ဗူသီရိမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး
    6. (စ)ဥတ္တရသီရိမြို့နယ်လျှပ်စစ်အင်ဂျင်နီယရုံး
    7. (ဆ)ပုဗ္ဗသီရိမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး
    8. (ဇ)ဇေယျာသီရိမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး
(၃)မြို့လျှပ်စစ်အင်ဂျင်နီယာရုံး
    1. (က)အေလာမြို့လျှပ်စစ်အင်ဂျင်နီယာရုံး
    2. (ခ)သာ၀တ္ထိမြို့လျှပ်စစ်အင်ဂျင်နီယာရုံး
(၄)အင်ဂျင်နီယာချုပ်ရုံးအတွင်း ခွင့်ပြု အရာထမ်း(၃၉)ဦး၊ အမှုထမ်း(၁၁၉၁)ဦး၊ စုစုပေါင်း(၁၂၃၀)ဦး ဖြစ်သော်လည်း လက်ရှိကာလ ခန့်အပ်မှာ အရာထမ်း(၃၇)ဦး၊ အမှုထမ်း(၃၇၀)ဦး၊ စုစုပေါင်း(၄၀၇)ဦးဖြင့် တာ၀န်ထမ်းဆောင်လျက်ရှိပါသည်။
(ဂ)ဦးစီးဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာ၀န်များ

နေပြည်တော်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ အင်ဂျင်နီယာချုပ်ရုံး၊ ပြည်ထောင်စုနယ်မြေ၏ ရည်မှန်းချက်မှာ ပြည်ထောင်စုနယ်မြေအတွင်း ဓာတ်အားစဉ်ဆက်မပြတ် ပြည့်၀ကောင်းမွန်စွာရရှိရေး၊ ဓာတ်အားလိုင်းများ/ဓာတ်အားခွဲရုံများ ကြံ့ခိုင်ကောင်းမွန်ရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး၊ ၀င်ငွေတိုးတက်ရရှိရေးစသည့်အချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

(ဃ)ဦးစီးဌာနမှ ကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များ

ဦးစီးဌာနမှ ကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များအား နောက်ဆက်တွဲနှင့်အတူ တင်ပြအပ်ပါသည်။

(င)လိပ်မူပါဌာနနှင့် ကွပ်ကဲမှုအောက်ရှိ ခရိုင်/မြို့နယ်ရုံးများ၏ ရုံးဓာတ်ပုံ၊ လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်များ
(၁)အင်ဂျင်နီယာချုပ်ရုံး ၀၆၇−၄၂၀၄၀၀၊၀၆၇−၄၂၀၆၆၆ ၊ဇမ္ဗူ့ကျက်သရေလမ်း၊ ဇမ္ဗူသီရိမြို့
(၂)ဥတ္တရခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး ၀၆၇−၅၁၀၁၇၂၊ မင်္ဂလာဒီပရပ်ကွက်၊ ဥတ္တရသီရိမြို့
(၃)ဒက္ခိဏခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး ၀၆၇−၅၅၀၃၄၀၊ ညောင်ပင်ကြီးစုကွက်သစ်၊ ပုဗ္ဗသီရိမြို့
(၄)ပျဉ်းမနားမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး ၀၆၇−၅၅၀၃၄၀၊ ညောင်ပင်ကြီးစုကွက်သစ်၊ ပုဗ္ဗသီရိမြို့
(၅)တပ်ကုန်းမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး ၀၆၇−၇၀၁၂၈၊ ဗိုလ်မင်းရောင်ရပ်ကွက်၊ တပ်ကုန်းမြို့
(၆)လယ်ဝေးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး ၀၆၇−၃၀၃၇၀၊ အမှတ်(၁)ရပ်ကွက်၊ လယ်ဝေးမြို့
(၇)ဒက္ခိဏသီရိမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး ၀၆၇−၈၁၀၀၀၀၉၊ ရွှေသပြေလမ်းနှင့် မိုးသောက်ပန်းလမ်းထောင့်၊ ဒက္ခိဏသီရိမြို့
(၈)ဇမ္ဗူသီရိမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး ၀၆၇−၄၁၄၂၃၅၊ ဇေယျာသိဒ္ဓိရပ်ကွက်၊ ပရဆေးဥယျာဉ်အနီး
(၉)ဥတ္တရသီရိမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး ၀၆၇−၄၁၇၀၇၂၊ ဇ၀နသိဒ္ဓိရပ်ကွက်၊ ဥတ္တရသီရိမြို့
(၁၀)ပုဗ္ဗသီရိမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး ၀၆၇−၅၀၀၁၀၉၊ ငုရွှေ၀ါ(၆)လမ်း၊ ဇ၀နဒီပရပ်ကွက်၊ ပုဗ္ဗသီရိမြို့
(၁၁)ဇေယျာသီရိမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး ၀၉−၉၇၇၇၈၃၇၁၃၊ ရွှေတွင်းကုန်းကျေးရွာ၊ ဇေယျာသီရိမြို့
(၁၂)အေလာမြို့လျှပ်စစ်အင်ဂျင်နီယာရုံး ၀၆၇−၆၀၂၉၉၊ မြို့သစ်ရပ်ကွက်၊ အေလာမြို့
(၁၃)သာ၀တ္ထိမြို့လျှပ်စစ်အင်ဂျင်နီယာရုံး ၀၆၇−၆၅၂၂၇၊ အင်းသာရပ်ကွက်၊ သာ၀တ္ထိမြို့

နေပြည်တော်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း

အင်ဂျင်နီယာချုပ်ရုံး၏ ခွင့်ပြု၊ ခန့်အပ်၊ လစ်လပ် စာရင်းချုပ်
စဉ် ဌာနအမည် ၀န်ထမ်းအင်အားစာရင်း မှတ်ချက်
ခွင့်ပြု ခန့်ထား လစ်လပ်
နေပြည်တော်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ၁၂၃၀ ၄၁၅ ၈၁၅
စုစုပေါင်း ၁၂၃၀ ၄၁၅ ၈၁၅
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ လုပ်ငန်းတာ၀န်များ

ပြည်ထောင်စု၀န်ကြီးဌာနက ချမှတ်ထားသော လျှပ်စစ်ဓာတ်အားဖြန်ဖြူးရေးမူ၀ါဒနှင့် ရည်မှန်းချက်များကို အောက်ဖော်ပြပါအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နေပါသည်−

    1. (က) လျှပ်စစ်စွမ်းအားဦးစီးဌာနက လျှပ်စစ်စွမ်းအားကဏ္ဍနှင့်စပ်လျဉ်း၍ ရေတိုရေရှည် အစီအမံများရေးဆွဲရာတွင် မိမိလုပ်ငန်းနှင့်သက်ဆိုင်သော သတင်းအချက်အလက်နှင့် စာရင်းအင်းများကို ပြုစုပေးခြင်း၊
    2. (ခ) ဓာတ်အားစနစ်ပြင်ပတွင်ရှိသည့် မိမိလုပ်ငန်းဌာနပိုင် အသေးစားရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ သဘာ၀ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများ၊ အခြားစွမ်းအားသုံးဓာတ်အားပေးစက်ရုံများနှင့် အနာဂတ်တွင် ဖြစ်ပေါ်လည်မည့် ဓာတ်အားစနစ်နှင့်ဆက်သွယ်ထားခြင်းမရှိသော မိမိဒေသအတွင်း သီးခြားဓာတ်အားဖြန့်ဖြူးပေးမည့် ဓာတ်အားပေးစက်ရုံများ၏ တည်ဆောက်ရေးလုပ်ငန်း၊ ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း
    3. (ဂ)လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် ပြည်တွင်းပြည်ပပုဂ္ဂလိက အဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများမှ လျှပ်စစ်ဓာတ်အား၀ယ်ယူခြင်း၊
    4. (ဃ)မိမိတာ၀န်ယူရသော ဒေသအသီးသီးတွင် ဓာတ်အားသုံးသူ ပြည်သူလူထုနှင့်နိုင်ငံပိုင် ပုဂ္ဂလိကပိုင်စက်ရုံများနှင့် လုပ်ငန်းများ၊ စက်မှုဇုန်များသို့ ဓာတ်အားဖြန့်ဖြူးရောင်းချရေး၊
    5. (င)၀န်ကြီးဌာနသတ်မှတ်ထားသော ဓာတ်အားထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းနှင့် စပ်လျဉ်းသည့် လျာထားချက်များပြည့်မီအောင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
    6. (စ)အထက်ပါလုပ်ငန်းသတ်မှတ်ချက်များ၌ အနာဂတ်တွင် အကျုံး၀င်လာမည့် လုပ်ငန်းတာ၀န်များကို ဆောင်ရွက်ခြင်း၊
    7. (ဆ) ဓာတ်အားဖြန့်ဖြူးရေးစီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ခြင်း၊
    8. (ဇ)နှစ်စဉ်ရသုံးခန့်မှန်းခြေ ငွေစာရင်းများပြုစုခြင်း၊
    9. (စျ) ဓာတ်အားသုံးစွဲသူများသို့ အရည်အသွေးပြည့်မီ တည်ငြိမ်သော ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် စီစဉ်ခြင်း။
မီတာနှင့် ထရန်စဖော်မာများ လျှင်မြန်ချောမွေ့စွာ တပ်ဆင်ပေးနိုင်ရန် အများပြည်သူသို့ အသိပေးကြေငြာခြင်း အိမ်သုံးမီတာ

အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီလျှင် နေ့ချင်းပြီး တပ်ဆင်ပေးမည်-

    1. (က)နေထိုင်သူကိုယ်တိုင် လျှောက်ထားရမည်။
    2. (ခ)အိမ်ထောင်စုစာရင်း/ပိုင်ဆိုင်မှုအထောက်အထား၊ တာ၀န်ခံသူ၏ ကတိ၀န်ခံချက်ပါရှိရမည်။
    3. (ဂ)ဓာတ်အားသုံးစွဲမည့် အဆောက်အဦသည် လျှပ်စစ်ကြောင့် အန္တရာယ်မဖြစ်စေရ၊
    4. (ဃ)ဓာတ်အားလိုင်းနှင့်ပေ(၃၀၀)အတွင်း ရှိရမည်။
    5. (င)ထရန်စဖော်မာနှင့် ဓာတ်အားလိုင်း ၀န်အားနိုင်နင်းရမည်။
    6. (စ)အိမ်းတွင်း၀ါယာကြိုးများ သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ တပ်ဆင်ပြီးဖြစ်ရမည်။
ယာယီမီတာ

အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီလျှင် (၅)ရက်အတွင်း တပ်ဆင်ပေးမည်-

    1. (က)စည်ပင် ဆောက်လုပ်ခွင့်ပြုမိန့် ပါရှိရမည်။
    2. (ခ)ပွဲလမ်းသဘင်၊ အခမ်းအနား ဖြစ်လျှင် ပွဲကျင်းပခွင့်ပြုမိန့် ပါရှိရမည်။
အိမ်သုံးပါ၀ါမီတာ

အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီလျှင် (၅)ရက်အတွင်း တပ်ဆင်ပေးမည်-

    1. (က)နေထိုင်သူကိုယ်တိုင် လျှေက်ထားရမည်။
    2. (ခ)အိမ်ထောင်စုစာရင်း၊ ပိုင်ဆိုင်မှု အထောက်အထား၊ တာ၀န်ခံသူ၏ ကတိ၀န်ခံချက် ပါရှိရမည်။
    3. (ဂ)ဓာတ်အားလိုင်းနှင့် ပေ(၃၀၀)အတွင်း ရှိရမည်။
    4. (ဃ)ထရန်စဖော်မာနှင့် ဓာတ်အားလိုင်း ၀န်အားနိုင်နင်းရမည်။
စက်မှုသုံးပါ၀ါမီတာ

အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီလျှင် (၅)ရက်အတွင်း တပ်ဆင်ပေးမည်-

    1. (က)စည်ပင်လုပ်ငန်းလိုင်စင်ရှိရမည်။
    2. (ခ)သက်ဆိုင်ရာ၀န်ကြီးဌာနများ၏ လုပ်ငန်းခွင့်ပြုမိန့် ပါရှိရမည်။
    3. (ဂ)ထရန်စဖော်မာနှင့် ဓာတ်အားလိုင်း၀န်အား နိုင်နင်းရမည်။
    4. (ဃ)ဓာတ်အားလိုင်းနှင့် ပေ(၃၀၀)အတွင်း ရှိရမည်။
ထရန်စဖော်မာ

သက်ဆိုင်ရာမြို့နယ်တွင် လျှောက်ထာ:ရန်ဖြစ်ပြီး အောက်ပါသတ်မှတ်ချက်များနှင့် ပြည့်စုံပါက မြို့နယ်ရုံးနှင့် ခရိုင်ရုံးတွင် (၁)ပတ်၊ တိုင်းဒေသကြီး/ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် (၁)ပတ်၊ ရုံးချုပ်တွင်(၂)ပတ်၊ စုစုပေါင်း (၁)လအတွင်း စိစစ်၍ ခွင့်ပြုမိန့်ထုတ်ပြန်ပေးမည်-

    1. (က)ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်း ၀န်အားနိုင်နင်းရမည်။
    2. (ခ)ဇုန်အတွင်းဖြစ်ပါက မြို့တော်စည်ပင်နှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ လုပ်ငန်းခွင့်ပြုချက် ပါရှိရမည်။
    3. (ဂ)ရပ်ကွက်အတွင်း ဖြစ်ပါက မြို့တော်စည်ပင်နှင့် သက်ဆိုင်ရာ၀န်ကြီးဌာနများ၏ လုပ်ငန်းခွင့်ပြုချက် ပါရှိရမည်။
    4. (ဃ)ကျေးရွာမီးလင်းရေးအတွက် ဖြစ်ပါက သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထောက်ခံချက်ပါရှိပြီး မီးလင်းရေးကော်မတီများ လိုက်နာရန်မူ (၁၂)ချက်အပေါ် ၀န်ခံကတိပြုရမည်။

ရှေ့သို့