အထူးသတင်းကြေငြာချက်

လျှောက်ထားရန်

ဒေါ်လာရောင်း၊ဝယ် ဈေးနှုန်း

နိုင်ငံခြားငွေလဲလှယ်နှုန်း (၁၈.၁၀.၂၀၁၉)

အမေရိကန် တစ်ဒေါ်လာ ၁၅၃၃.၁
ဥရောပ တစ်ယူရို ၁၇၀၀.၃
တရုတ် တစ်ယွမ် ၂၁၆.၅၈
ထိုင်း တစ်ဘတ် ၅၀.၅၇၂
မလေးရှား တစ်ရင်းဂစ် ၃၆၆.၃၈
အိန္ဒိယ တစ်ရူပီ ၂၁.၅၂၀
ဂျပန် တစ်ရာယန်း ၁၄၀၈.၈
တောင်ကိုရီးယား တစ်ရာ၀မ် ၁၂၉.၉၇
သြစတြေးလျ တစ်ဒေါ်လာ ၁၀၄၃.၃
စင်ကာပူ တစ်ဒေါ်လာ ၁၁၂၁.၉
နေပြည်တော်ဘဏ်မှ ဝန်ဆောင်မှုပေးနေပါသည်။

နေပြည်တော်သစ်တောဦးစီးဌာန

(က)နေပြည်တော်သစ်တောဦးစီးဌာန စတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း

နေပြည်တော်၊သစ်တောဦးစီးဌာနနောက်ခံသမိုင်းသည်ယခင်မန္တလေးတိုင်း၊သစ်တောဦးစီး ဌာနအောက်တွင် ပျဉ်းမနား သစ်တောခရိုင်နှင့် ရမည်းသင်း သစ်တောခရိုင်ဟူ၍ သီးခြားတည်ရှိ အုပ်ချုပ်ခဲ့ပါသည်။၁၉၈၉ ခုနှစ်တွင် သစ်တောဦးစီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်(၃၅၈)အရ၊ နယ်အုပ်ချုပ်ရေးနှင့် တစ်ထပ်တည်းကျစေရန် မြို့နယ်ရုံးများကို မြို့နယ်စုသစ်တောရုံးများအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ယခင်မြို့နယ်စု သစ်တောရုံးများအား ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ ခရိုင်သစ်တောဦးစီးဌာနများအဖြစ် ပြောင်းလဲခေါ်ဝေါ်သတ်မှတ်ခဲ့ပါသည်။

၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလ(၆)ရက်နေ့မှစ၍ ယခင် ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း ၊ ရမည်းသင်းနှင့် ပျော်ဘွယ်စသည့် မြို့နယ်(၅)ခုကို စုပေါင်းပြီး ရမည်းသင်းခရိုင်၊ သစ်တောဦးစီးဌာန အဖြစ် အုပ်ချုပ်နေရာမှ ရမည်းသင်း၊ ပျော်ဘွယ်မြို့နယ်(၂)ခုအား ရမည်းသင်းခရိုင်၊ သစ်တောဦးစီး ဌာန အဖြစ် အုပ်ချုပ်မှုအောက်မှ ခွဲထွက်သွားပြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ နေပြည်တော်ခရိုင်၊ သစ်တောဦးစီးဌာနအဖြစ် ခရိုင်အသစ်ဖွဲ့စည်းခဲ့ပါသည်။

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အမိန့်ကြော်ငြာစာအရ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိနေပြည်တော်ခရိုင်အား တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ် စုစုပေါင်း မြို့နယ်(၈)မြို့နယ်ဖြင့် ဖွဲ့စည်းခဲ့ရာမှ လယ်ဝေးမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်တို့ကို ဒက္ခိဏခရိုင်အဖြစ်လည်းကောင်း၊ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်တို့ကို ဥတ္တရခရိုင် အဖြစ် လည်းကောင်း၊ အုပ်ချုပ်ရေးခရိုင် (၂)ခရိုင်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ သစ်တောဦးစီးဌာန အနေဖြင့်လည်း အုပ်ချုပ်ရေးခရိုင် ပြောင်းလဲဖွဲ့စည်းမှုနှင့်လိုက်လျောညီထွေဖြစ်စေရန် ဒက္ခိဏသီရိ မြို့နယ်ကို လယ်ဝေးမြို့နယ်နှင့်တွဲ၍ လယ်ဝေးမြို့နယ်၊ သစ်တောဦးစီးဌာနအဖြစ် လည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ်ကို ပျဉ်းမနားမြို့နယ်နှင့်တွဲ၍ ပျဉ်းမနားမြို့နယ်၊ သစ်တောဦးစီးဌာန အဖြစ် လည်းကောင်း၊လယ်ဝေးမြို့နယ်၊သစ်တောဦးစီးဌာနနှင့် ပျဉ်းမနားမြို့နယ်၊သစ်တောဦးစီးဌာနတို့ကို စုစည်း၍ ဒက္ခိဏခရိုင်၊ သစ်တောဦးစီးဌာနအဖြစ် လည်းကောင်း၊ ဇေယျာသီရိမြို့နယ်ကို တပ်ကုန်း မြို့နယ်နှင့်တွဲ၍ တပ်ကုန်းမြို့နယ်၊ သစ်တောဦးစီးဌာနအဖြစ် လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်ကို ဥတ္တရသီရိမြို့နယ်နှင့်တွဲ၍ ဥတ္တရသီရိမြို့နယ်၊ သစ်တောဦးစီးဌာနအဖြစ် လည်းကောင်း၊ တပ်ကုန်း မြို့နယ်၊သစ်တောဦးစီးဌာနနှင့် ဥတ္တရသီရိမြို့နယ်၊သစ်တောဦးစီးဌာနတို့ကို စုစည်း၍ ဥတ္တရခရိုင်၊ သစ်တောဦးစီးဌာနအဖြစ် လည်းကောင်း၊ သစ်တောခရိုင်(၂)ခုအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး ၎င်းခရိုင် သစ်တောဦးစီးဌာန(၂)ခုကို စုစည်း၍ နေပြည်တော်၊ သစ်တောဦးစီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါ သည်။

(ခ)ဒက္ခိဏခရိုင်သစ်တောဦးစီးဌာန၏ ၀န်ထမ်းဖွဲ့စည်းပုံ
စဉ် ရာထူး ခွင့်ပြု ခန့်ထား ပို လို မှတ်ချက်
ညွှန်ကြားရေးမှူး - -
လက်ထောက်ညွှန်ကြားရေးမှူး -
ဦးစီးအရာရှိ - -
တိုင်းရုံးအုပ် - -
တောအုပ်ကြီး - -
စာရင်းကိုင်(၂) -
ဌာနခွဲစာရေး - -
တောအုပ် -
စာရင်းကိုင်(၃) - -
၁၀ အကြီးတန်းစာရေး -
၁၁ အကြီးတန်းလက်နှိပ်စက် - -
၁၂ အငယ်တန်းလက်နှိပ်စက်
၁၃ စာရင်းကိုင်(၄) - -
၁၄ အငယ်တန်းစာရေး -
၁၅ တောခေါင်း ၁၀ -
၁၆ ပုံဆွဲအဆင့်(၄) - -
၁၇ ပဲ့ချိတ်/ပဲ့ထောင်မောင်း - -
၁၈ စက်ခန်းအုပ် - -
၁၉ ယာဉ်မောင်း(၄) - -
၂၀ ထွန်စက်မောင်း - - - -
၂၁ အမှုတွဲထိန်း - -
၂၂ ဆင်ပဲ့ချိတ်/လှံကိုင် ၃၇ - ၃၇ -
၂၃ ယာဉ်မောင်း(၅) -
၂၄ တောကြပ် - -
၂၅ လုံခြုံရေး(၅) - -
၂၆ ရုံးအကူ -
၂၇ အစောင့် -
၂၈ သန့်ရှင်းရေးအကူ -
စုစုပေါင်း ၁၁၁ ၃၁ ၈၁
(ဂ)နေပြည်တော်သစ်တောဦးစီးဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ ရည်မှန်းချက်

သစ်တောမူဝါဒ(၆)ချက်နှင့်အညီ မြန်မာ့သစ်တောအား အစဉ်တည်တံ့ခိုင်မြဲစေပြီး ပြည်သူ လူထုလိုအပ်ချက်များဖြည့်ဆည်းပေးနိုင်စေရန်၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအားအလေးထား ဆောင်ရွက်ပြီး သဘာဝဘေးအန္တရာယ် လျော့ပါးစေရန်နှင့် အစဉ်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်သော သဘာဝတောများကို ထိန်းသိမ်းထားနိုင်ရန် ရည်မှန်းပါသည်။

နေပြည်တော်သစ်တောဦးစီးဌာန၏ လုပ်ငန်းတာ၀န်များ
    1. (၁) သစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများ၊သစ်တောထွက်ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်း များအပေါ် ကြီးကြပ်လမ်းညွှန်ခြင်း၊စစ်ဆေးခြင်း၊ ကွပ်ကဲခြင်း။
    2. (၂) သစ်တောဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းစီမံကိန်း လုပ်ငန်းများအား ကြီးကြပ်ကွပ်ကဲခြင်း၊ စစ်ဆေးလမ်းညွှန်ခြင်း။
    3. (၃) ခရိုင်သစ်တော အုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းအား (၁၀)နှစ်တစ်ကြိမ် သတ်မှတ်အချိန်မီ ရေးဆွဲနိုင်ရေး ကြီးကြပ်လမ်းညွှန်မှုပြုခြင်း။
    4. (၄) သစ်တောမူဝါဒနှင့်အညီ ထိရောက်ပီပြင်စွာ အကောင်အထည်ဖော်နိုင်ရန် လမ်းညွှန် ကြီးကြပ်ခြင်း၊ကြပ်မတ်ခြင်း။
    5. (၅) ရသုံးမှန်းခြေ ငွေစာရင်းအချိန်မီ ရေးဆွဲနိုင်ရေးနှင့် ခွင့်ပြုချက်ရရှိရေး ကြပ်မတ် ဆောင်ရွက်ခြင်း။
(ဃ)နေပြည်တော်သစ်တောဦးစီးဌာန၏ ဆောင်ပုဒ်များ
    1. ၁။ ကာကွယ်ခြင်း
    2. ၂။ ထာဝစဉ်တည်တံ့စေခြင်း
    3. ၃။ အခြေခံစားဝတ်နေရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း
    4. ၄။ စွမ်းဆောင်ရည် တိုးတက်မြင့်မားစေခြင်း
    5. ၅။ ပြည်သူတို့က ပူးပေါင်းဆောင်ရွက်လာစေခြင်း
    6. ၆။ ပြည်သူအတွင်း နိုးကြားထကြွသည့် အသိရှင်သန်စေခြင်း
(င)နေပြည်တော်သစ်တောဦးစီးဌာန၏ ကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များ

သစ်တောဦးစီးဌာနတွင် အောက်ဖော်ပြပါ ဥပဒေ၊ နည်းဥပဒေများကို ကျင့်သုံးဆောင်ရွက် လျှက်ရှိပြီး အခါအားလျော်စွာထုတ်ပြန်သည့်အမိန့်ကြော်ငြာစာများ၊ လုပ်ထုံးလုပ်နည်းများကိုလည်း ကျင့်သုံး၍ ဆောင်ရွက်လျှက်ရှိပါသည်။

    1. ၁။ ၁၉၉၅ ခုနှစ် သစ်တောဥပဒေ
    2. ၂။ ၂၀၀၃ ခုနှစ် သစ်တောနည်းဥပဒေ
    3. ၃။ ၁၉၉၄ ခုနှစ်၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝ နယ်မြေထိန်းသိမ်းရေးဥပဒေ
    4. ၄။ ၂၀၀၂ ခုနှစ်၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝ နယ်မြေထိန်းသိမ်းရေးနည်းဥပဒေ
(င)နေပြည်တော်သစ်တောဦးစီးဌာန၏ ပြည်သူ့အတွက်၀န်ဆောင်မှုပေးသော လုပ်ငန်းများ
    1. ၁။ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း တည်ထောင်ခြင်းလုပ်ငန်း၊
    2. ၂။ ပုဂ္ဂလိကစိုက်ခင်း၊ တည်ထောင်ခြင်းလုပ်ငန်း
    3. ၃။ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းလုပ်ငန်း
    4. ၄။ ကျေးရွာသုံးစိုက်ခင်း၊ တည်ထောင်ခြင်းလုပ်ငန်း
    5. ၅။ တစ်ရွာတစ်ဧကစိုက်ခင်း တည်ထောင်ခြင်းလုပ်ငန်း
(ဆ)နေပြည်တော်သစ်တောဦးစီးဌာန၏ လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းအမှတ်များနှင့် ရုံးဓါတ်ပုံ

လိပ်စာ-ငလိုက်ချောင်းတံတားအနီး ဘိုကုန်းရပ်ကွက်၊ ပျဉ်းမနားမြို့နယ်

ဆက်သွယ်ရန်ဖုန်း၊ ၀၆၇-၂၂၀၀၇

Email address-naypyitawforest11@gmail.com


ရှေ့သို့