အထူးသတင်းကြေငြာချက်

လျှောက်ထားရန်

ဒေါ်လာရောင်း၊ဝယ် ဈေးနှုန်း

နိုင်ငံခြားငွေလဲလှယ်နှုန်း (၁၈.၁၀.၂၀၁၉)

အမေရိကန် တစ်ဒေါ်လာ ၁၅၃၃.၁
ဥရောပ တစ်ယူရို ၁၇၀၀.၃
တရုတ် တစ်ယွမ် ၂၁၆.၅၈
ထိုင်း တစ်ဘတ် ၅၀.၅၇၂
မလေးရှား တစ်ရင်းဂစ် ၃၆၆.၃၈
အိန္ဒိယ တစ်ရူပီ ၂၁.၅၂၀
ဂျပန် တစ်ရာယန်း ၁၄၀၈.၈
တောင်ကိုရီးယား တစ်ရာ၀မ် ၁၂၉.၉၇
သြစတြေးလျ တစ်ဒေါ်လာ ၁၀၄၃.၃
စင်ကာပူ တစ်ဒေါ်လာ ၁၁၂၁.၉
နေပြည်တော်ဘဏ်မှ ဝန်ဆောင်မှုပေးနေပါသည်။

နေပြည်တော်သတင်းရဲတပ်ဖွဲ့

ဦးစီးဌာန စတင်ပေါ်ပေါက်လာသည့် နောက်ခံသမိုင်း

၁။ တပ်ဖွဲ့ခွဲမှူးရုံး(၁) တည်ရှိရာ နေပြည်တော်သည် ယခင်က သတင်းတပ်ဖွဲ့ မန္တလေးတိုင်း တာဝန်ခံရုံး၏ အုပ်ချုပ်မှုအောက်ရှိ ပျဉ်းမနားတပ်ဆွယ်အဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ပျဉ်းမနားတပ်ဆွယ် လက်အောက်တွင် ပျဉ်းမနား၊ လယ်ဝေးနယ်မြေ၊ တပ်ကုန်းနယ်မြေ၊ ရမည်းသင်းနယ်မြေနှင့် ပျော်ဘွယ်နယ်မြေတို့ ပါဝင်ဖွဲ့စည်းထားရှိပါသည်။ ၂၀၀၅ ခုနှစ်တွင် ပျဉ်းမနား (က)တပ်ဆွယ်အဖြစ် ပြောင်းလဲသက်မှတ်ခဲ့ပါသည်။ ၂၀၀၆ ခုနှစ်တွင် အထက်မြန်မာနိုင်ငံသတင်းတပ်ဖွဲ့ခွဲမှူးရုံး၏ လက်အောက် သတင်းတပ်ဖွဲ့ခွဲမှူးရုံး(ပျဉ်းမနား) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ယခင်ပျဉ်းမနား တပ်ဆွယ် နယ်မြေအတိုင်း ပျဉ်းမနား၊ နေပြည်တော်စီမံကိန်းနယ်မြေ၊ လယ်ဝေး၊ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်နယ်မြေတို့ ပါရှိပါသည်။ ၂၀၁၃ ခုနှစ်တွင် တပ်ဖွဲ့ခွဲမှူးရုံး(၁) အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ကာ ဒုတပ်ဖွဲ့ခွဲ(၁/၁) နေပြည်တော်၊ ဒုတပ်ဖွဲ့ခွဲ(၁/၂) ပျဉ်းမနား၊ ဒုတပ်ဖွဲ့ခွဲ(၁/၃)မကွေးနှင့် ဒုတပ်ဖွဲ့ခွဲ(၁/၄)စစ်တွေတို့ ပါဝင်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဒုတပ်ဖွဲ့ခွဲ(၁/၄) စစ်တွေအား အမှတ်(၉)တပ်ဖွဲ့ခွဲအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သဖြင့် တပ်ဖွဲ့ခွဲမှူးရုံး(၁) တွင် ဒုတပ်ဖွဲ့ခွဲ (၁/၁) နေပြည်တော်၊ ဒုတပ်ဖွဲ့ခွဲ(၁/၂)ပျဉ်းမနားနှင့် ဒုတပ်ဖွဲ့ခွဲ(၁/၃)မကွေးတို့ဖြင့် အဆင့်ဆင့်ပြောင်းလဲ ဖွဲ့စည်းခဲ့ကြောင်း စိစစ်သိရှိရပါသည်။

ဦးစီးဌာန၏ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်များ ၀န်ထမ်းဖွဲ့စည်းပုံ
၂။ တပ်ဖွဲ့ခွဲ(၁)၏ ဖွဲ့စည်းပုံ ခန့်အပ်/ အပို / အလို အင်အားစာရင်း
စဉ် ရာထူး ဖွဲ့စည်းပုံ ခန့်အပ် ပို လို မှတ်ချက်
ဒုရဲမှူးကြီး
ရဲမှူး
ဒုရဲမှူး ၁၇ ၁၄
ရဲအုပ် ၄၄ ၃၃ - ၁၁
ဒုရဲအုပ် ၇၄ ၁၂ - ၆၂
ရဲအရာခံ
ရဲတကက ၉၈ ၃၀ ၆၈
ရဲတက ၈၈ ၂၂ ၆၆
ရဲဒုတက ၃၀ ၂၄
၁၀ ရဲတသ ၃၄ ၂၈
စုစုပေါင်း ၃၉၃ ၁၄၆ - ၂၄၇

မှတ်ချက်။ တပ်ဖွဲ့ခွဲမှူးရုံး၊ ဒုတပ်ဖွဲ့ခွဲ(နေပြည်တော်၊ ပျဉ်းမနား၊ မကွေး )

(က) တပ်ဖွဲ့ခွဲမှူးရုံး(၁)၏ ဖွဲ့စည်းပုံ ခန့်အပ်/အပို / အလို အင်အားစာရင်း
စဉ် ရာထူး ဖွဲ့စည်းပုံ ခန့်အပ် ပို လို မှတ်ချက်
ဒုရဲမှူးကြီး
ရဲမှူး - -
ဒုရဲမှူး -
ရဲအုပ် -
ဒုရဲအုပ် -
ရဲအရာခံ -
ရဲတကက -
ရဲတက -
ရဲဒုတက
၁၀ ရဲတသ -
စုစုပေါင်း ၁၅ ၁၁
(ခ) ဒုတပ်ဖွဲ့ခွဲ(နေပြည်တော်)၏ ဖွဲ့စည်းပုံ ခန့်အပ်/အပို / အလို အင်အားစာရင်း
စဉ် ရာထူး ဖွဲ့စည်းပုံ ခန့်အပ် ပို လို မှတ်ချက်
ရဲမှူး
ဒုရဲမှူး
ရဲအုပ် ၁၀ ၁၁
ဒုရဲအုပ် ၁၇ ၁၅
ရဲအရာခံ -
ရဲတကက ၂၂ ၁၅
ရဲတက ၂၀ ၁၈
ရဲဒုတက -
ရဲတသ
စုစုပေါင်း ၉၀ ၃၃ ၅၈

မှတ်ချက်။ ဒုတပ်ဖွဲ့ခွဲမှူးရုံးနှင့် တပ်ဖွဲ့စု(၂)စု

(ဂ) ဒုတပ်ဖွဲ့ခွဲ(ပျဉ်းမနား)၏ ဖွဲ့စည်းပုံ ခန့်အပ်/အပို / အလို အင်အားစာရင်း
စဉ် ရာထူး ဖွဲ့စည်းပုံ ခန့်အပ် ပို လို မှတ်ချက်
ရဲမှူး
ဒုရဲမှူး
ရဲအုပ် ၁၄
ဒုရဲအုပ် ၂၄ ၂၂
ရဲအရာခံ -
ရဲတကက ၃၂ ၂၅
ရဲတက ၂၉ ၂၄
ရဲဒုတက ၁၁
ရဲတသ ၁၁ ၁၁
စုစုပေါင်း ၁၂၆ ၄၀ ၈၈

မှတ်ချက်။ ဒုတပ်ဖွဲ့ခွဲမှူးရုံးနှင့် တပ်ဖွဲ့စု(၃)စု

(ဃ) ဒုတပ်ဖွဲ့ခွဲ(မကွေး)၏ ဖွဲ့စည်းပုံ ခန့်အပ်/အပို / အလို အင်အားစာရင်း
စဉ် ရာထူး ဖွဲ့စည်းပုံ ခန့်အပ် ပို လို မှတ်ချက်
ရဲမှူး
ဒုရဲမှူး
ရဲအုပ် ၁၈ ၁၀
ဒုရဲအုပ် ၃၁ ၂၄
ရဲအရာခံ
ရဲတကက ၄၂ ၁၆ ၂၆
ရဲတက ၃၈ ၁၃ ၂၅
ရဲဒုတက ၁၈
ရဲတသ ၁၄ ၁၁
စုစုပေါင်း ၁၆၂ ၆၂ ၁၀၀

မှတ်ချက်။ ဒုတပ်ဖွဲ့ခွဲမှူးရုံးနှင့် တပ်ဖွဲ့စု(၄)စု

ရည်မှန်းချက်နှင့် လုပ်ငန်းတာ၀န်များ
(က) တပ်ဖွဲ့၏ ရည်မှန်းချက်တာ၀န်များ

တပ်ဖွဲ့၏ရည်မှန်းချက်တာဝန်များ။ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေသည့် နိုင်ငံရေး လှုပ်ရှားမှုသတင်းများ၊ နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများ၏သတင်းများ ရယူခြင်း၊ ကျောင်းသား၊ အလုပ်သမား၊ သံဃာနှင့် ဘာသာရေးအဖွဲ့အစည်းများ အပါအဝင် လူတန်းစားအလွှာအသီးသီး၏ လှုပ်ရှားမှုသတင်းများ ရယူတင်ပြခြင်း၊ တန်ပြန် ထောက်လှမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ငြိမ်းချမ်းရေးဆောင်ရွက်ဆဲ အဖွဲ့များ၏ လှုပ်ရှားမှုများ၊ မြေပေါ်မြေအောက် အဖျက်အမှောက်လှုပ်ရှားမှုများ၊ သောင်းကျန်းသူ လှုပ်ရှားမှုများ သတင်းရယူခြင်း၊ ကိုယ်ရေးနောက်ကြောင်းစိစစ်ခြင်း နှင့် အမည်မည်းစာရင်းများတွင် ပါဝင်ခြင်းရှိ/မရှိစိစစ်ခြင်း၊ ကုလသမဂ္ဂနှင့်ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများ (INGOs)၏ လှုပ်ရှားမှုသတင်းများ၊ အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာသတင်း အချက်အလက်များ စုံစမ်းထောက်လှမ်းခြင်း၊ အထက်အဖွဲ့အစည်းမှ တာဝန် ပေးအပ်သော စုံစမ်းစစ်ဆေးရန် လိုအပ်သည့်ကိစ္စရပ်များအား စုံစမ်းစစ်ဆေးခြင်း၊ ဥပဒေနှင့်အညီ တရားစွဲအရေးယူခြင်း၊နိုင်ငံကူးလက်မှတ် စိစစ်ထုတ်ပေးခြင်း၊ လွှတ်တော်လုံခြုံရေး၊ နိုင်ငံတော်အဆင့်အခမ်းအနားများ၊ အစည်းအဝေးများ၊ ပြပွဲပြိုင်ပွဲများ၊ ပြည်တွင်း/ ပြည်ပအဓိကပုဂ္ဂိုလ်၊ အရေးကြီးပုဂ္ဂိုလ်များ၏ လုံခြုံရေး ဆောင်ရွက်ခြင်းနှင့် သံရုံး/ သံတမန်များလုံခြုံရေး၊ နိုင်ငံခြားသားထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်သွားရန် ဖြစ်ပါသည်။

(ခ) တပ်ဖွဲ့၏ လုပ်ငန်းတာ၀န်များ

( ၁ ) မြန်မာနိုင်ငံတစ်ဝှမ်း နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေသည့် နိုင်ငံရေးလှုပ်ရှားမှု သတင်းများ၊ နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများ၏သတင်း၊ လူပုဂ္ဂိုလ်တို့၏ သတင်းများအား စုံစမ်းထောက်လှမ်းဖော်ထုတ်ခြင်း။

( ၂ ) ကျောင်းသား၊ အလုပ်သမား၊ ရဟန်းသံဃာနှင့် ဘာသာရေးအဖွဲ့အစည်းများ အပါ အဝင် လူတန်းစားအလွှာအသီးသီး၏ လှုပ်ရှားမှုများ၊ ငြိမ်းချမ်းရေးဆောင်ရွက်ဆဲ အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများ၊ မြေပေါ်မြေအောက် အဖျက်အမှောင့်လှုပ်ရှားမှု များ သတင်းရယူခြင်း၊ တန်ပြန်ထောက်လှမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကိုယ်ရေးနောက်ကြောင်း စိစစ်ခြင်းနှင့် အမည်မည်းစာရင်းများတွင် ပါဝင်ခြင်း ရှိ/မရှိ စိစစ်ခြင်း။

( ၃ ) မြန်မာနိုင်ငံတွင်ရှိသည့် နိုင်ငံခြားသံရုံးမှ နိုင်ငံခြားသံတမန်များ၊ ကမ္ဘာလှည့် ခရီးသည်များ အပါအဝင် ကုလသမဂ္ဂ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်း များနှင့် အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများ(INGOs)၊ အဖွဲ့အစည်းများ ၏ လှုပ်ရှားမှုသတင်းများ၊ အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာသတင်းအချက် အလက်များအား စုံစမ်းထောက်လှမ်းခြင်း။

( ၄ ) အခြားနိုင်ငံသို့ ထွက်ခွာမည့် နိုင်ငံသားများအား နိုင်ငံကူးလက်မှတ် စိစစ်ထုတ်ပေး ခြင်း။

( ၅ ) နိုင်ငံတော်အကြီးအကဲများ လုံခြုံရေး၊ လွှတ်တော်၊ နိုင်ငံတော်အဆင့် အခမ်းအနား များ၊ အစည်းအဝေးများ၊ ပြပွဲပြိုင်ပွဲများ၊ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတော်၏ ဧည့်သည်တော်များ၊ သံရုံး/သံတမန်များ လုံခြုံရေးနှင့် နိုင်ငံခြားသား ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများအား မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ထောက်လှမ်းရေး အကာအကွယ်ပေးခြင်း။

( ၆ ) နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး တို့ကိုပျက်ပြားစေရန် ကြံစည်လုပ်ဆောင်သော အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များ၊ သံဃာများ၊ နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ တရားစွဲအရေးယူခြင်း၊ အထက်အဖွဲ့အစည်းများမှ တာဝန် ပေးအပ်သော စုံစမ်းစစ်ဆေးရန်လိုအပ်သည့် ကိစ္စရပ်များအား စုံစမ်းစစ်ဆေးခြင်း။

ဦးစီးဌာန၏ ဆောင်ပုဒ်များ

၄။ သတင်းရဲတပ်ဖွဲ့အနေဖြင့် သီးခြားဆောင်ပုဒ်သတ်မှတ်ထားခြင်းမရှိပါ။

ဦးစီးဌာနမှ ကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များ

၅။ သတင်းရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ ကွပ်ကဲမှုအောက်တွင်တည်ရှိပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အသုံးပြုရန် နိုင်ငံတော်မှ ပြဌာန်းထားသည့် ရာဇသတ်ကြီး၊ ကျင့်ထုံး၊ သက်သေခံ၊ အထူးနှင့်အထွေထွေနှင့် ရဲလက်စွဲတို့ကို အသုံးပြုလျက်ရှိပါသည်။

တပ်ဖွဲ့ခွဲမှူးရုံး(၁) ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့စု၊ တပ်ဖွဲ့စိတ် ရုံးဓာတ်ပုံ၊ လိပ်စာ၊ ဆက်သွယ်ရန်ဖုန်း နံပါတ်များ

၆။ တပ်ဖွဲ့ခွဲမှူးရုံး(၁)ကွပ်ကဲမှုအောက်ရှိ ဒုတပ်ဖွဲ့ခွဲ(နေပြည်တော်)၊ ဒုတပ်ဖွဲ့ခွဲ (ပျဉ်းမနား)နှင့် ဒုတပ်ဖွဲ့ခွဲ(မကွေး)သတင်းရဲတပ်ဖွဲ့တို့ဖွဲ့စည်းထားရှိပါသည်။ ဒုတပ်ဖွဲ့ခွဲ(နေပြည်တော်)ရှိ တပ်ကုန်း တပ်ဖွဲ့စု၊ ဇေယျာသီရိ တပ်ဖွဲ့စိတ်၊ ဥတ္တရသီရိတပ်ဖွဲ့စု၊ ပုဗ္ဗသီရိတပ်ဖွဲ့စိတ်တို့ရှိပြီး မြေနေရာများသာ ရရှိထားပြီး တပ်ကုန်းတပ်ဖွဲ့စုရုံးအဆောက်အဦသာရှိပါသည်။ ကျန်တပ်ဖွဲ့စု/တပ်ဖွဲ့စိတ်များတွင် အဆောက်အဦ ဆောက်လုပ်နိုင်ခြင်းမရှိပါ။ ဒုတပ်ဖွဲ့ခွဲ(ပျဉ်းမနား)ရှိ ပျဉ်းမနားတပ်ဖွဲ့စု၊ ဇမ္ဗူသီရိ တပ်ဖွဲ့စု၊ လယ်ဝေးတပ်ဖွဲ့စုနှင့် ဒက္ခိဏသီရိတပ်ဖွဲ့စိတ်တို့ရှိပြီး မြေနေရာရရှိထားပြီး လယ်ဝေး တပ်ဖွဲ့စုရုံး အဆောက်အဦသာရှိပါသည်။ ကျန်တပ်ဖွဲ့စု/တပ်ဖွဲ့စိတ်များတွင် အဆောက်အဦ ဆောက်လုပ်နိုင်ခြင်းမရှိပါ။ တပ်ဖွဲ့ခွဲမှူးရုံး၌ ဒုတပ်ဖွဲ့ခွဲ(နေပြည်တော်၊ ပျဉ်းမနား)ရုံးတို့အား စုပေါင်းဖွင့်လှစ်ထားရှိပါသည်။

စဉ် တပ်ဖွဲ့ လိပ်စာ ဖုန်းနံပါတ် မှတ်ချက်
တပ်ဖွဲ့ခွဲမှူးရုံး နေပြည်တော်ကောင်စီလမ်း၊ အောင်သုခကျေးရွာ၊ ပုဗ္ဗသီရိမြို့နယ် ၀၆၇−၅၅၀၀၀၇၊၀၆၇−၂၂၁၆၃၊၀၆၇−၂၁၉၁၇
ဒုတပ်ဖွဲ့ခွဲ(နေပြည်တော်) နေပြည်တော်ကောင်စီလမ်း၊ အောင်သုခကျေးရွာ၊ ပုဗ္ဗသီရိမြို့နယ် ၀၆၇−၅၅၀၀၀၇၊၀၆၇−၂၂၁၆၃၊၀၆၇−၂၁၉၁၇
ဒုတပ်ဖွဲ့ခွဲ(ပျဉ်းမနား) နေပြည်တော်ကောင်စီလမ်း၊ အောင်သုခကျေးရွာ၊ ပုဗ္ဗသီရိမြို့နယ် ၀၆၇−၅၅၀၀၀၇၊၀၆၇−၂၂၁၆၃၊၀၆၇−၂၁၉၁၇
တပ်ဖွဲ့စုရုံး(တပ်ကုန်း) ဗိုလ်မင်းရောင်တိုးချဲ့ရပ်ကွက်၊ တပ်ကုန်းမြို့ ၀၆၇−၇၁၀၀၈
တပ်ဖွဲ့စုရုံး(လယ်ဝေး) ရပ်ကွက်(၁)၊ လယ်ဝေးမြို့ ၀၆၇−၃၀၄၃၄
ဒုတပ်ဖွဲ့ခွဲ(မကွေး) တိုင်းအရန်တပ်ဖွဲ့၀င်း၊ မကွေးမြို့ ၀၆၃−၂၃၆၉၁


တပ်ဖွဲ့ခွဲမှူးရုံး(၁)၊ နေပြည်တော်သတင်းရဲတပ်ဖွဲ့


တပ်ဖွဲ့စုရုံး(တပ်ကုန်း)


တပ်ဖွဲ့စုရုံး(လယ်ဝေး)


ဒုတပ်ဖွဲ့ခွဲမှူးရုံး(မကွေး)သတင်းရဲတပ်ဖွဲ့

ရှေ့သို့