အထူးသတင်းကြေငြာချက်

လျှောက်ထားရန်

ဒေါ်လာရောင်း၊ဝယ် ဈေးနှုန်း

နိုင်ငံခြားငွေလဲလှယ်နှုန်း (၁၈.၁၀.၂၀၁၉)

အမေရိကန် တစ်ဒေါ်လာ ၁၅၃၃.၁
ဥရောပ တစ်ယူရို ၁၇၀၀.၃
တရုတ် တစ်ယွမ် ၂၁၆.၅၈
ထိုင်း တစ်ဘတ် ၅၀.၅၇၂
မလေးရှား တစ်ရင်းဂစ် ၃၆၆.၃၈
အိန္ဒိယ တစ်ရူပီ ၂၁.၅၂၀
ဂျပန် တစ်ရာယန်း ၁၄၀၈.၈
တောင်ကိုရီးယား တစ်ရာ၀မ် ၁၂၉.၉၇
သြစတြေးလျ တစ်ဒေါ်လာ ၁၀၄၃.၃
စင်ကာပူ တစ်ဒေါ်လာ ၁၁၂၁.၉
နေပြည်တော်ဘဏ်မှ ဝန်ဆောင်မှုပေးနေပါသည်။

နေပြည်တော်သတ္တုတွင်းစီမံကိန်းရုံး

နေပြည်တော်သတ္တုတွင်းစီမံကိန်းရုံးသည် နေပြည်တော်ကောင်စီနယ်မြေ ရာဇဌာနီလမ်းနှင့် ပန်းခင်းလမ်းထောင့်၊ပန်းခင်းမီးပွိုင့်အနီးတွင် တည်ရှိပြီး မြေကွက်အမှတ်(၁၉/၁၆၄၈/သပြေတောင်) ဖြစ်ပြီး ဧရိယာစတုရန်းပေ(၆၂၅၇၈၃)ရှိပါသည်။စီမံကိန်းရုံး၏ အရှေ့ဘက်တွင် ဥသျှစ်ကုန်းကျေးရွာ တည်ရှိ၍ အနောက်ဘက်တွင် ဥပ္ပါတသန္တိစေတီတော်မြတ် တည်ရှိပြီး မြောက်ဘက်တွင် မြန်မာ့သစ် လုပ်ငန်း ပင်မအလုပ်ရုံနှင့် ကပ်လျှက်ရှိပြီး တောင်ဘက်တွင်ရာဇဌာနီလမ်းမကြီးရှိပါသည်။

စီမံကိန်းရုံးစတင်ပေါ်ပေါက်လာပုံနှင့်နောက်ခံသမိုင်း

၁၉၆၇ခုနှစ်တွင်သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းလက်အောက် အခြားသတ္တုတွင်းစီမံကိန်း (ပျဉ်းမနား/ရမည်းသင်း)ရုံးအား ပျဉ်းမနားမြို့တွင်ရုံးစိုက်၍ ပျဉ်းမနားဒေသ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် ခဲမဖြူ၊ အဖြိုက်နက် ရောရာသတ္တုထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အခြားသတ္တုတွင်းစီမံကိန်းများ အတွက်စခန်းထောက်ရုံးအဖြစ် ကြီးကြပ်ကွပ်ကဲနိုင်ရန် ဤရုံးကို တည်ဆောက်ဖွင့်လှစ်ခဲ့ ပါသည်။အခြားသတ္တုတွင်းစီမံကိန်း(ပျဉ်းမနား/ရမည်းသင်း)ရုံးအနေဖြင့် (၁၉၆၈ ခုနှစ်မှ ၁၉၉၁)ခုနှစ်အထိ နိုင်ငံတော်ပိုင်စီမံကိန်းအဖြစ် ပျဉ်းမနားဒေသတွင် ပဒပ်ချောင်း၊ ဂမုန်း တောင်၊ မဲကုန်းစသည့် ဧရိယာနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများရှိ မိုင်းဆတ်မြို့နယ်၊ ကလောမြို့နယ်များတွင်ရှိ လုပ်ကွက်များမှခဲမဖြူ၊ အဖြိုက်နက်ရောရာ သတ္တုများအား တူးဖေါ်ထုတ်လုပ်ခဲ့ပါသည်။

၁၉၉၁ခုနှစ် ပြည်တွင်းကုမ္ပဏီများနှင့် အကျိုးတူဖက်စပ်လုပ်ငန်း အသွင်ဖြင့် လုပ်ငန်း ဆောင်ရွက်ခဲ့ရာ (၁၉၉၁ခုနှစ်မှ ၂၀၀၃ခုနှစ်အထိ)စုစုပေါင်း လျာထားချက်(၅၁၀.၀၀) မက်ထရစ်တန်တွင် အမှန်ထုတ်လုပ်မှုမှာ(၆၂၂.၅၅) မက်ထရစ် တန်ရရှိခဲ့ပါသည်။ပျဉ်းမနားဒေသရှိ အဓိကကျသည့် ပဒပ်ချောင်း၊ ဂမုန်းတောင် ၊ မဲကုန်းဧရိယာရှိ စသည့်လုပ်ကွက်များမှ စွန့်ပစ်ရေနောက်များ ပေါင်းလောင်းချောင်းအတွင်း စီးဝင်နိုင်ဖွယ် အနေအထားများ တွေ့ရှိရသဖြင့် လုပ်ကွက်အားလုံးကို ၂၀၀၄ခု နှစ်၊ ဒီဇင်ဘာလ (၃၁)ရက် နေ့တွင် ပိတ်သိမ်းခဲ့ပါသည်။ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသရှိ မိုင်းဆတ်မြို့နယ်ရှိ လုပ်ကွက်(၄) ကွက်နှင့် ကလောမြို့နယ်ရှိ လုပ်ကွက်(၁)ကွက်အား အခြားသတ္တုတွင်းများ စီမံကိန်း (ပျဉ်းမနား/ရမည်းသင်း)ရုံးအနေဖြင့် အုပ်ချုပ်မှု အလှမ်းကွာဝေးသဖြင့် ကလောမြို့နယ် တာဝန်ခံရုံးလက်အောက်သို့ ၎င်းလုပ်ကွက်(၅)ကွက်အား (၂၆.၅.၂၀၁၁)ရက်နေ့တွင် လွှဲပြောင်းပေးခဲ့ပါသည်။

လွှဲပြောင်းပေးအပ်ပြီးနောက် အခြားသတ္တုတွင်းစီမံကိန်း(ပျဉ်းမနား/ရမည်းသင်း)ရုံး အနေဖြင့် ယခုအချိန်အထိ အကောက်ခွန်ဦးစီးဌာနမှ ဖမ်းဆီးရမိသည့် သတ္တုများအနက် အမှတ်(၂)သတ္တုတွင်းလုပ်ငန်းနှင့် သက်ဆိုင်သည့် ခဲမဖြူ၊ အဖြိုက်နက်ရောရာ ဖမ်းဆီး သတ္တုများအား လက်ခံခြင်းတို့ကို ဆက်လက် ဆောင်ရွက်ပါသည်။ယခုလက်ရှိတွင် အခြားသတ္တုတွင်းစီမံကိန်း(ပျဉ်းမနား/ရမည်းသင်း)ရုံးအား နေပြည်တော်သတ္တုတွင်းစီမံကိန်းရုံးဟု အမည်ပြောင်းလဲခဲ့ပြီး ရမည်းသင်းမြို့နယ် အရှေ့ ဘက်အခြမ်းရှိ ရွှေဖက်စပ်တူးဖေါ်ရေးလုပ်ငန်းများကို အမှတ်(၂) သတ္တုတွင်း လုပ်ငန်းနှင့် နိုင်ငံသားပိုင်ကုမ္ပဏီများဖြင့် အကျိုးတူပူးပေါင်း၍ (၂၀၀၃ခုနှစ်၊စက်တင်ဘာလ)မှစ၍ စတင် လုပ်ကိုင်ခဲ့ရာ (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်တွင်အကြီးစားကုမ္ပဏီ(၂)ခု လုပ်ကွက်ကြီး(၂) ကွက်၊အသေးစားကုမ္ပဏီ(၆)ခု လုပ်ကွက်(၁၆)ကွက်အား အနီးကပ်ကြီးကြပ်လျှက်ရှိပါသည်။

နေပြည်တော်သတ္တုတွင်းစီမံကိန်းရုံး၏ဖွဲ့စည်းပုံ

နေပြည်တော်သတ္တုတွင်းစီမံကိန်းရုံး၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-


ကျား ပေါင်း
အရာထမ်း
အမှုထမ်း ၂၅ ၂၈ ၅၃
စုစုပေါင်း ၃၀ ၃၀ ၆၀

မြို့နယ်ရုံးအနေဖြင့် ရမည်းသင်းမြို့နယ်တွင် အင်ဂျင်နီယာမှူး (သတ္တုတွင်း) အား မြို့နယ် တာဝန်ခံအဖြစ် ထားရှိဆောင်ရွက်လျှက်ရှိပါသည်။ လုပ်ငန်းလိုအပ်ချက်အရ အရာထမ်း / အမှုထမ်းများအား နေပြည်တော်သတ္တုတွင်းစီမံကိန်းရုံးမှ အလှည့်ကျတွဲဖက်စေ ၍ တာဝန်ထမ်းဆောင်စေပါသည်။

စီမံကိန်း၏ ရည်မှန်းချက် နှင့်လုပ်ငန်းတာဝန်များ

ရည်မှန်းချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

နေပြည်တော်စီမံကိန်းရုံးအနေဖြင့် (၂၀၁၇-၂၀၁၈)ဘဏ္ဍာနှစ်တွင် အကြီးစားဖက်စပ်ကုမ္ပဏီ များမှ ရွှေစင်(၁၄၆၇၉.၀၀)ထရိုင်အောင်စနှင့် အသေးစားဖက်စပ်ကုမ္ပဏီများမှ ရွှေစင်(၁၀၀၈.၀၀) ထရိုင်အောင်စ ထုတ်လုပ်ရန် ရည်မှန်းထားပါသည်။

လုပ်ငန်းတာဝန်များ

လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

  • ပြည်တွင်းပြည်ပမှ အတတ်ပညာနှင့် အရင်းအနှီးများ ဖိတ်ခေါ်၍ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ်ဖြင့် အကျိုးတူသတ္တုတွင်းများ တိုးချဲ့ဖွင့်လှစ်ရန်
  • အကျိုးတူ တူးဖေါ်လုပ်ကိုင်သော သတ္တုတွင်း၊ ဖက်စပ်လုပ်ကွက်များအား သတ္တုတွင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ရန်
  • ထုတ်လုပ်ခွင့်ပြုမိန့် ရရှိသော သတ္တုတွင်းဖက်စပ် လုပ်ကွက်များ တည်ရှိရာဒေသခံ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိစေရေး ဆောင်ရွက် ရန်
  • ထုတ်လုပ်ခွင့်ပြုမိန့် ရရှိသော ပုဂ္ဂလိကလုပ်ငန်းရှင်များက နိုင်ငံတော် သို့ ပေးသွင်းရ မည့်အခွန်အခများ၊ နိုင်ငံတော်အချိုးရရှိမည့်သတ္တုများ အပြည့်အဝရရှိရေး တွန်းအားပေး ဆောင်ရွက်ရန်
  • တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် သဘာဝသယံဇာတတူးဖေါ်မှုလုပ်ငန်း များ ဆောင်ရွက်ရာ၌ သတ္တုမတူးဖေါ်မီ တင်ပြထားသော မိုင်းပိတ်သိမ်းမှု အစီအစဉ် (Recelamation) အတိုင်း စနစ်တကျ ဆောင်ရွက်ရေးကြီးကြပ်သွားရန်
  • သတ္တုတူးဖေါ်မည့်ဒေသများရှိ သတ္တုတူးဖေါ်မှုလုပ်ငန်းများ ဆောင်ရွက်သည့် ကုမ္ပဏီ၊ အသင်းအဖွဲ့များသို့ သတ္တုတွင်း ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာ ပေးမှုလုပ်ငန်းများအား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်သတ္တုတွင်း စီမံကိန်းရုံး များမှတဆင့် သင်တန်းပို့ချခြင်းများ ဆောင်ရွက်သွားရန်
  • သတ္တုတွင်းတူးဖေါ်ထုတ်လုပ်သည့်ကုမ္ပဏီ၊ အသင်းအဖွဲ့များမှ သတ္တုမတူးဖေါ်မီ တင်ပြထားသော သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ချက်အစီရင်ခံစာ(Environmen- tal Impact Assessment Report)၊ လူမှုဝန်းကျင်ထိခိုက်ယိုယွင်းမှု ဆန်းစစ်ချက် အစီရင်ခံစာ (Social Impact Assessment Report)၊ ကျန်းမာရေး ထိခိုက်ယိုယွင်းမှု ဆန်းစစ်ချက်အစီရင်ခံစာ(Health Impact Assessment Report)များအတိုင်း အကောင် အထည်ဖေါ်ဆောင် ရွက် စေရေး ကြပ်မတ်ဆောင်ရွက်သွားရန်
စီမံကိန်း၏ ဆောင်ပုဒ်များ

စီမံကိန်း၏ ဆောင်ပုဒ်မှာ “သယံဇာတတူးဖေါ်မှု သားစဉ်မြေးဆက်အကျိုးပြု” ဖြစ်ပါသည်။

နေပြည်တော်သတ္တုတွင်းစီမံကိန်းရုံးမှ ကျင့်သုံးလျက်ရှိသော ဥပဒေ၊နည်းဥပဒေ လုပ်ထုံး လုပ်နည်း နှင့် ညွှန်ကြားချက်များ
  • မြန်မာ့သတ္တုတွင်းဥပဒေအား ၁၉၉၄ ခုနှစ်၊ စက်တင်ဘာလ(၆)ရက်နေ့တွင် ပြဌာန်း ခဲ့ပြီး မြန်မာ့သတ္တုတွင်းနည်းဥပဒေအား ၁၉၉၆ခုနှစ်၊ ဒီဇင်ဘာလ(၃၀) ရက်နေ့တွင် ပြဌာန်းခဲ့ ပါသည်။
  • ထပ်မံ၍ မြန်မာ့သတ္တုတွင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေအား ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာ လ(၂၄)ရက်နေ့တွင် ပြဌာန်းခဲ့ပါသည်။ဆက်လက်၍ မြန်မာ့သတ္တုတွင်း နည်းဥပဒေကို ပြင်ဆင်ရန်အတွက် ဆောင်ရွက်လျှက်ရှိရာ ယခုအခါ ရှေ့နေချုပ်ရုံးသို့ ပေးပို့တင်ပြထား လျှက်ရှိပါသည်။
  • နေပြည်တော်သတ္တုတွင်းစီမံကိန်းရုံးမှ ဖက်စပ်လုပ်ကွက်များအား ကြီးကြပ်ဆောင် ရွက်လျှက်ရှိရာတွင် တည်ဆဲသတ္တုတွင်းဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ငန်းသဘောတူ စာချုပ်ပါ အချက်များအား သက်ဆိုင်ရာ ကုမ္ပဏီများမှ လိုက်နာဆောင်ရွက်သွားရန် ကြီးကြပ် ဆောင်ရွက်လျှက်ရှိပါသည်။



မြို့နယ်တာဝန်ခံရုံး

သီလဝါကွက်သစ်၊ ရမည်းသင်းမြို့။

၀၆၄-၄၀၅၅၆




နေပြည်တော်သတ္တုတွင်းစီမံကိန်းရုံး

ရာဇဌာနီလမ်းနှင့် ပန်းခင်းလမ်းထောင့်၊ မီးပွိုင့်အနီး၊ အောင်သာယာရပ်၊ ပုဗ္ဗသီရိမြို့။

၀၆၇-၂၂၁၂၆



ရှေ့သို့