နေပြည်တော်သမဝါယမဦးစီးဌာန
(က) ဦးစီးဌာနစတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း
နေပြည်တော်သမဝါယမဦးစီးဌာနကို ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ(၆)ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့
အစည်းအဝေးအမှတ်စဉ် (၃၄/၂၀၁၂) မှ သဘောတူ ခွင့်ပြု ချက်အရ အရာထမ်းအင်အား(၅)ဦး၊ အမှုထမ်းအင်အား(၂၀)ဦးတို့ဖြင့် ဖွဲ့စည်းခွင့်ပြုခဲ့ပါသည်။ ရုံးစတင်ဖွဲ့စည်းခါစ အရာထမ်း(၃)ဦး၊ အမှုထမ်း(၆)ဦးဖြင့် ရုံး၏လုပ်ငန်းများကို စတင်ခဲ့ပြီး
ရုံးတည်နေရာမှာ ပျဉ်းမနားမြို့နယ်သမဝါယမဦးစီးဌာန အဆောက်အဦကို ခွဲဝေအသုံးပြုခဲ့ရပါသည်။ ၂၀၁၃ ခုနှစ်တွင် ရုံးသစ်အတွက် မြေနေရာကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုရပ်၊ ဦးပိုင်အမှတ်(ပခ-၂၆)တွင်
အကျယ်အဝန်း ပေ(၂၀၀)ပတ်လည်ဖြင့် ရုံးအဆောက်အဦးနှင့် ဝန်ထမ်းအိမ်ရာ(၄)ခန်းတွဲ၊ (၃)ထပ် ဆောက်လုပ်ခြင်းကို (၂၀၁၃-၂၀၁၄)ခုနှစ်တွင် စတင်ခဲ့ရာ (၂၀၁၅)ခုနှစ်တွင် ပြီးစီးခဲ့ပြီး (၂၇-၄-၂၀၁၅)ရက်နေ့တွင်
ရုံးပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါသည်။
(ခ) ဦးစီးဌာန၏ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်များ ဝန်ထမ်းဖွဲ့စည်းပုံ
နေပြည်တော်သမဝါယမဦးစီးဌာနနှင့် မြို့နယ်(၈)မြို့နယ် သမဝါယမဦးစီးဌာနများ၏ ဖွဲ့စည်းပုံအရ ဝန်ထမ်း အင်အားစာရင်းကို အောက်ပါဇယားအတိုင်း ဖော်ပြအပ်ပါသည် -
စဉ် |
ဌာနအမည် |
ဒုတိယ ညွှန်မှူး |
လ/ထ ညွှန်မှူး |
ဉီးစီး အရာရှိ |
ဉီးစီး မှူး |
ဌာနခွဲ စာရေး |
ကြီး ရေး |
ကြီး စက် |
ငယ် ရေး |
ငယ် စက် |
ယာဉ် မောင်း |
အ ကူ |
ည စောင့် |
စုစု ပေါင်း |
၁ |
နေပြည်တော် |
၁ |
၁ |
၃ |
၆ |
၃ |
၄ |
၁ |
၃ |
၁ |
− |
၁ |
၁ |
၂၅ |
၂ |
ပျဉ်းမနား |
− |
− |
၁ |
၄ |
၆ |
၁၈ |
၂ |
၁၆ |
၁ |
− |
၂ |
၁ |
၅၁ |
၃ |
လယ်ဝေး |
− |
− |
၁ |
၄ |
၆ |
၁၈ |
၂ |
၁၆ |
၁ |
− |
၂ |
၁ |
၅၁ |
၄ |
တပ်ကုန်း |
− |
− |
၁ |
၄ |
၆ |
၁၈ |
၂ |
၁၆ |
၁ |
− |
၂ |
၁ |
၅၁ |
၅ |
ဒက္ခိဏသီရိ |
− |
− |
၁ |
၂ |
၁ |
၈ |
၁ |
၄ |
၁ |
− |
၁ |
၁ |
၂၀ |
၆ |
ဇမ္ဗူသီရိ |
− |
− |
၁ |
၂ |
၁ |
၈ |
၁ |
၄ |
၁ |
− |
၁ |
၁ |
၂၀ |
၇ |
ဥတ္တရသီရိ |
− |
− |
၁ |
၂ |
၁ |
၈ |
၁ |
၄ |
၁ |
− |
၁ |
၁ |
၂၀ |
၈ |
ပုဗ္ဗသီရိ |
− |
− |
၁ |
၂ |
၁ |
၈ |
၁ |
၄ |
၁ |
− |
၁ |
၁ |
၂၀ |
၉ |
ဇေယျာသီရိ |
− |
− |
၁ |
၂ |
၁ |
၈ |
၁ |
၄ |
၁ |
− |
၁ |
၁ |
၂၀ |
စုစုပေါင်း |
၁ |
၁ |
၁၁ |
၂၈ |
၂၆ |
၉၈ |
၁၂ |
၇၁ |
၉ |
− |
၁၂ |
၉ |
၂၇၈ |
(ဂ) ဦးစီးဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ
(၁) သမဝါယမကဏ္ဍ ရည်မှန်းချက်များ
- (က) လုပ်ကွက်ငယ် တောင်သူလယ်သမားများ၊ တနိုင်တပိုင် မွေးမြူသူများနှင့် ရေလုပ်သားများကို အခြေခံ၍ အစုအဖွဲ့များ၊သမဝါယမအသင်းများဖွဲ့စည်းပြီး အတွေးသစ်၊ အမြင်သစ်များဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရန်၊
- (ခ) စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် သမဝါယမလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်သောနည်းပညာနှင့် ငွေကြေးအရင်းအနှီးများအတွက် ပြည်တွင်းပြည်ပမှ အကူအညီအထောက်ပံ့နှင့် ချေးငွေများရရှိရေးကူညီဆောင်ရွက်ပေးရန်၊
- (ဂ ) သမဝါယမလုပ်ငန်းများနှင့် သမဝါယမစနစ် ပိုမိုအောင်မြင်စေရေး ဆောင်ရွက် စေရန်၊
(၂) လုပ်ငန်းတာဝန်များ
- (က) မူလလုပ်ငန်းတာဝန်
- (၁) သမဝါယမအသင်း ဖွဲ့စည်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း(Organizing)
- (၂) သမဝါယမပညာပေးရေးလုပ်ငန်းဆောင်ရွက်ခြင်း (Educating)
- (၃) သမဝါယမအသင်းများအား ထိန်းကျောင်းတည့်မတ်ခြင်း(Regulating)
- (ခ) လုပ်ငန်းစဉ်များ
- (၁) သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးအတွက် သမဝါယမ သဘောတရား၊ ကျင့်ဝတ်၊အနှစ်သာရနှင့်သမဝါယမ အခြေခံမူများနှင့်အညီ ကူညီဆောင်ရွက်ပေးမည်။
- (၂) သမဝါယမအသင်းသစ်များအား သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများနှင့် အညီ၊ ဖွဲ့စည်းမှတ်ပုံတင်ပေးခြင်း၊ဖွဲ့စည်းထားရှိသည့် သမဝါယမအသင်းများအားလည်း ကျစ်လစ်ခိုင်မာစွာဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ပေးမည်။
- (၃) ကျေးလက်နေပြည်သူများနှင့် မြို့ပြနေအခြေခံလူတန်းစားများ၏ ဝင်ငွေရ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသေးစား အရင်းအနှီးချေးငွေ (Micro Capital Loan) အစီအစဉ် ဆောင်ရွက်ပေးမည်။
- (၄) တောင်သူလယ်သမားများသို့ လယ်ယာသုံး၊ ရေလုပ်ငန်းသုံး စသည့် စက်ကိရိယာများနှင့် သွင်းအားစုများအားအရစ်ကျစနစ်(Hire Purchase & Installment System)ဖြင့် ဝယ်ယူသုံးစွဲနိုင်အောင် ဆောင်ရွက်ပေးမည်။
- (၅) စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေးအတွက် မြေယာပြုပြင်ခြင်းလုပ်ငန်းများအား သက်ဆိုင်ရာဌာနနှင့် ဆက်သွယ်ပူးပေါင်း ဆောင်ရွက်၍ လိုအပ်သည်များကူညီပေးခြင်း၊ ငွေကြေးပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်ပေးမည်။
- (၆) သမဝါယမအသင်းများအား အဆင့်မြှင့်တင်ခြင်းဖြင့် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုတို့ကို ထိရောက်စွာဆောင်ရွက်ပေးမည်။
- (၇) သမဝါယမအသင်းများအား သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများဖြင့် ထိန်းကျောင်းတည့်မတ်ပေးခြင်း၊ သမဝါယမကျင့်ဝတ်၊ အနှစ်သာရနှင့် အခြေခံမူတို့ကို သိရှိနားလည်စေရန် ဦးစီးဌာနနှင့် သမဝါယမအသင်း အဆင့်ဆင့်ရှိ အမှုဆောင်များ၊ ဝန်ထမ်းများအတွက် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်မည်။
- (၈) သမဝါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော အရင်းအနှီး ငွေကြေးများအား နိုင်ငံတကာမှ အကူအညီ၊အထောက်အပံ့နှင့် ချေးငွေများ ရရှိအောင် ဆောင်ရွက်မည်။
- (၉) သမဝါယမအသင်းသားမိသားစုများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုအဆင့်မြှင့်တင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မည်။
- (၁၀) အသေးစားစက်မှုလက်မှုလုပ်ငန်းများ၊ ရက်ကန်းလုပ်ငန်းများနှင့် ပန်း(၁၀)မျိုး အပါအဝင် ရိုးရာလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေး၊ နည်းပညာနှင့် ဈေးကွက်ရရှိရေး ကူညီဆောင်ရွက်ပေးမည်။
(ဃ) ဦးစီဌာနမှ ကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များ
- (၁) ၁၉၉၂ ခုနှစ် သမဝါယမအသင်းဥပဒေ
- (၂) ၂၀၁၃ ခုနှစ် သမဝါယမအသင်း နည်းဥပဒေများ
- (၃) သမဝါယမအသေးစား ငွေကြေးဝန်ဆောင်မှုချေးငွေလုပ်ငန်း(Co-operative Microfinance Loan) ဒေါ်လာသန်း(၄၀၀)နှင့်ညီမျှသော မြန်မာကျပ်ငွေ ထုတ်ချေးမည့် လုပ်ငန်း အစီအစဉ်ညွှန်ကြားလွှာ
- (၄) ဒေါ်လာသန်း(၁၀၀) တန်ဖိုးရှိ ကိုရီးယားသမ္မတနိုင်ငံ၊ Daedong Industrial Co;Ltd ထုတ် လယ်ယာသုံး စက်ကိရိယာများ ( Hire Purchase) စနစ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်ညွှန်ကြားလွှာ
- (၅) သမဝါယမလယ်ယာမြေများအဆင်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်း အကောင်အထည် ဖော်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်မှုနှင့် လုပ်ငန်းစဉ်များ
- (၆)သမဝါယမအသင်းများ စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် စာရင်းရှင်းတာဝန်ခံက လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းအစီအစဉ် ညွှန်ကြားလွှာ
(င) နေပြည်တော်သမဝါယမဦးစီးဌာနနှင့် မြို့နယ်(၈)မြို့နယ်သမဝါယမဦးစီးဌာနရုံးများ၏ ဓါတ်ပုံ၊ လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်များ
(၁) နေပြည်တော်သမဝါယမဦးစီးဌာန
အမှတ်(ပခ-၂၆)၊နေပြည်တော်ကောင်စီလမ်း၊ အောင်သုခ ကျေးရွာ၊ ပုဗ္ဗသီရိမြို့နယ်၊
ဖုန်း - ၀၆၇ ၅၅၀၃၁၄/ ၅၅၀၃၁၅/ ၅၅၀၃၁၆
(၂) ပျဉ်းမနားမြို့နယ်သမဝါယမဦးစီးဌာန
အမှတ်(၃၂)၊ ပေါင်းလောင်း(၂)ရပ်ကွက်၊ ယုဇနလမ်း၊ ပျဉ်မနားမြို့၊ ဖုန်း - ၀၆၇ ၂၁၀၉၀
(၃) လယ်ဝေးမြို့နယ်သမဝါယမဦးစီးဌာန
အမှတ်(၅/ ၃၄၁)၊ ရန်ကုန်-မန္တလေးကားလမ်းဘေး၊ အမှတ်(၅)ရပ်ကွက်၊ လယ်ဝေးမြို့
ဖုန်း - ၀၆၇ ၃၀၃၇၁
(၄) တပ်ကုန်းမြို့နယ်သမဝါယမဦးစီးဌာန
အ.ထ.က(၁)လမ်းနှင့် အနော်ရထားလမ်းထောင့်၊ အောင်ဇေယျရပ်ကွက်၊ တပ်ကုန်းမြို့
ဖုန်း - ၀၆၇ ၇၀၁၂၉
(၅) ဇမ္ဗူသီရိမြို့နယ်သမဝါယမဦးစီးဌာန
(T-22)၊ နေပြည်တော်ကောင်စီဝင်း၊ ဇမ္ဗူသီရိ မြို့နယ်၊ ဖုန်း - ၀၆၇ ၅၅၀၃၈၁
(၆) ဒက္ခိဏသီရိမြို့နယ်သမဝါယမဦးစီးဌာန
(ဒမ-၀၁၆)၊ ဒက္ခိဏသီရိရပ်ကွက်၊ ဒက္ခိဏသီရိမြို့၊ ဖုန်း - ၀၆၇၈၁၀၆၃၂၄
(၇) ဇေယျာသီရိမြို့နယ်သမဝါယမဦးစီးဌာန
အမှတ်(ZaD-23)၊ ကျန်းမာရေးနှင့်ရောဂါနှိမ်နှင်းရေးတပ်ရှေ့၊ စုပေါင်းရုံးနယ်မြေ၊ ဇေယျာသီရိမြို့၊
ဖုန်း၊ ၀၉၇၉၈၃၂၅၃၅၃
(၈) ပုဗ္ဗသီရိမြို့နယ်သမဝါယမဦးစီးဌာန
(ပမ-၀၂၈)၊ ချင်းတွင်းလမ်း၊ မင်္ဂလာဒီပရပ်ကွက်၊ ပုဗ္ဗသီရိမြို့၊ ဖုန်း - ၀၆၇ ၅၁၀၂၅၅
(၉) ဥတ္တရသီရိမြို့နယ်သမဝါယမဦးစီးဌာန
အမှတ်(ဥမ-၀၂၁)၊သော်ကလမ်းနှင့်ကျိုင်းထုံး လမ်းထောင့်၊ ချင်းရွာ၊ ဥတ္တရသီရိမြို့
ဖုန်း - ၀၆၇ ၄၁၇၈၀၆