အထူးသတင်းကြေငြာချက်
  • အထူးသတင်းကြေငြာချက်

လျှောက်ထားရန်

ဒေါ်လာရောင်း၊ဝယ် ဈေးနှုန်း

နိုင်ငံခြားငွေလဲလှယ်နှုန်း (၂၉.၁၁.၂၀၁၉)

အမေရိကန် တစ်ဒေါ်လာ ၁၅၁၁.၆
ဥရောပ တစ်ယူရို ၁၆၆၅.၀
တရုတ် တစ်ယွမ် ၂၁၄.၉၅
ထိုင်း တစ်ဘတ် ၄၉.၉၉၅
မလေးရှား တစ်ရင်းဂစ် ၃၆၂.၁၉
အိန္ဒိယ တစ်ရူပီ ၂၁.၁၄၀
ဂျပန် တစ်ရာယန်း ၁၃၈၁.၂
တောင်ကိုရီးယား တစ်ရာ၀မ် ၁၂၈.၂၀
သြစတြေးလျ တစ်ဒေါ်လာ ၁၀၂၂.၄
စင်ကာပူ တစ်ဒေါ်လာ ၁၁၀၆.၄
နေပြည်တော်ဘဏ်မှ ဝန်ဆောင်မှုပေးနေပါသည်။

နေပြည်တော်သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ

သမိုင်းအကျဉ်း

ကိုလိုနီခေတ်အတွင်းနှင့် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသည်မှ ၁၉၆၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ရေနံထုတ်လုပ်ခြင်း၊ ချက်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းအားလုံးကို ဘီအိုစီကုမ္ပဏီမှ ပိုင်ဆိုင်ပြီးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ၁၉၆၃ ခုနှစ် ၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော် အစိုးရမှပြည်သူပိုင်သိမ်းယူခဲ့ပြီး သတ္တုတွင်းဝန်ကြီးဌာန၏ကြီးကြပ်မှုအောက်ရှိ အဖွဲ့အစည်းတစ်ခု အဖြစ်သိမ်းသွင်းခဲ့ပါသည်။

အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းမှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်

(က) ၁၉၆၃ ခုနှစ် သတ္တုတွင်းဝန်ကြီးဌာန - ပြည်သူ့ရေနံလုပ်ငန်း
(ခ) ၁၉၇၀ ခုနှစ် သတ္တုတွင်းဝန်ကြီးဌာန - မြန်မာ့ရေနံကော်ပိုရေးရှင်း
(ဂ) ၁၉၇၅ ခုနှစ် အမှတ်(၂)စက်မှုဝန်ကြီးဌာန၏ကြီးကြပ်မှုအောက်တွင် ၁-၄-၁၉၇၅ ၌ မြန်မာ့ရေနံကော်ပိုရေးရှင်း ၊ ရေနံဓါတုဗေဒလုပ်ငန်းကော်ပိုရေး ရှင်းနှင့်ရေနံထွက်ပစ္စည်းဖြန့်ဖြူးရောင်းချရေးကော်ပိုရေးရှင်း ဟူ၍အဖွဲ့အစည်း(၃)ခုအဖြစ် ပြုပြင်ဖွဲ့စည်းခဲ့ပါသည်။
(ဃ) ၁၉၈၅ ခုနှစ် အထက်ဖော်ပြပါ လုပ်ငန်းအဖွဲ့အစည်း (၃) ခုစလုံးကို စွမ်းအင် ဝန်ကြီးဌာနအဖြစ် သီးခြားဝန်ကြီးဌာန ဖွဲ့စည်းခဲ့ပါသည်။
(င) ၁၉၈၉ ခုနှစ် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း (Myanma Petroleum Products Enterprise) ဟု ၁-၄-၁၉၈၉ ၌ အမည် ပြောင်းခဲ့ပါသည်။
လုပ်ငန်း၏ရည်မှန်းချက်

ပုဂ္ဂလိကစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်သွားရန်

လက်ရှိစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို ဥပဒေနှင့်အညီ စီးပွားရေးဆန်ဆန်ဖြင့် နိုင်ငံတကာအဆင့်ဆောင်ရွက်သွားနိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုခိုင်မာပြီး လုပ်ငန်းအတွေ့အကြုံရင့်ကျက်သည့် ပြည်ပကုမ္ပဏီတစ်ခုနှင့် အကျိုးတူဖက်စပ်ဆောင်ရွက်သွား ရန်နှင့် သင့်တော်သည့်အချိန်ကာလတစ်ခုတွင် Public Private Partnarship(PPP)ကုမ္ပဏီအဖြစ် သို့ပြောင်းလဲဆောင်ရွက်သွားရန်

မူဝါဒ

နိုင်ငံတော်အတွင်း စက်သုံးဆီမပြတ်လပ်စေရေး စီမံကြီးကြပ်ဆောင်ရွက်ရန်

နိုင်ငံတော်အတွင်း စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းအား နိုင်ငံတကာ အဆင့်သို့ရောက်ရှိစေရေး ဆောင်ရွက်ရန်

ဖွဲ့စည်းပုံ

မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၏ဖွဲ့စည်းပုံမှာ-


အကြောင်းအရာ ခွင့်ပြု ခန့်အပ် လစ်လပ်
အရာထမ်း ၃၂၅ ၂၈၂ ၄၃
အမှုထမ်း ၄၄၀၃ ၁၅၄၇ ၂၈၅၆
စုစုပေါင်း ၄၇၂၈ ၁၈၂၉ ၂၈၉၉
ကျင့်သုံးလျက်ရှိသည့်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များ

မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ ကျင့်သုံးလျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

  • (က) THE PETROLEUM ACT, 1934
  • (ခ) THE PETROLEUM RULES, 1937
  • (ဂ) THE CARBIDE OF CALCIUM RULES, 1937
  • (ဃ) ယခင်စွမ်းအင်ဝန်ကြီးဌာန၏ ၂၈-၈-၂၀၁၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၀၀/၂၀၁၃)
ဆောင်ရွက်နေသည့်လုပ်ငန်းများ
  • နိုင်ငံပိုင်ရေနံချက်စက်ရုံများမှထွက်ရှိသည့် စက်သုံးဆီများကို စက်သုံးဆီသိုလှောင်ကန်စခန်း များမှတစ်ဆင့် နိုင်ငံပိုင်ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍသို့ ဖြန့်ဖြူးရောင်းချပေးခြင်း
  • ဖြန့်ဖြူးရန်လိုအပ်ချက်အရ ပြည်ပမှဝယ်ယူတင်သွင်းသည့်ဒီဇယ်ဆီများကို စက်သုံးဆီ သိုလှောင်ကန်စခန်းများမှတစ်ဆင့် နိုင်ငံပိုင်ကဏ္ဍသို့ဖြန့်ဖြူးရောင်းချပေးခြင်း
  • ပုဂ္ဂလိကစက်သုံးဆီဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းဆောင်ရွက်ရန် လိုင်စင်များကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ကိုယ်စား စိစစ်ခွင့်ပြုထုတ်ပေးခြင်း
  • လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏လမ်းညွှန်ချက်ဖြင့် စက်သုံးဆီအရည်အသွေးနှင့်အခြင်အတွယ် သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှန်ကန်မှုရှိစေရေးအတွက် လိုအပ်သလိုစစ်ဆေးကြပ်မတ် ဆောင်ရွက်ခြင်း
  • နိုင်ငံတော်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် ပုဂ္ဂလိကစက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းဆောင်ရွက်မှုအပေါ် မျက်ခြေမပြတ်စောင့်ကြည့်လေ့လာသုံးသပ် ဆောင်ရွက်ခြင်း
  • ပုဂ္ဂလိကအနေဖြင့် ပြည်ပမှစက်ဆီချောဆီ Brand Name အသစ် တင်သွင်းဖြန့်ဖြူးမည်ဆိုပါက မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းသို့ တင်ပြလျှောက်ထားရမည်ဖြစ်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ စိစစ်ခွင့်ပြုချက်ဖြင့် Brand Name အသစ်အား တင်သွင်းဖြန့်ဖြူးရောင်းချ ခွင့်ပြုခြင်း။ (၂၈-၂-၂၀၁၇ ရက်နေ့အထိ ကုမ္ပဏီ ၂၆၀ ခု၏ စက်ဆီချောဆီ Brand Name ၂၇၉ ခုကို ခွင့်ပြုခဲ့ပါသည်)
  • လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းသည် နိုင်ငံတော်အတွင်း နိုင်ငံပိုင်နှင့်ပုဂ္ဂလိကကဏ္ဍများသို့ စက်သုံးဆီဖြန့်ဖြူးရောင်းချ ခြင်းလုပ်ငန်းကို အောက်ပါပင်မဌာန/ဌာနခွဲ/စခန်း/တိုင်းရုံးတို့ဖြင့် ဆောင်ရွက်လျက်ရှိပါသည်-
ပင်မသိုလှောင်ဖြန့်ဖြူးရေးဌာနကြီး ၄ ခု
သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ ၁၉ ခု
သိုလှောင်ဖြန့်ဖြူးရေးစခန်း ၅ ခု
ပြည်နယ်/တိုင်းရောင်းဝယ်ရေးအရာရှိရုံး ၁၄ ရုံး
နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင် ၁၂ ဆိုင်
ပင်မရေနံသိုလှောင်ဖြန့်ဖြူးရေးဌာနကြီး(၄)ခု

စဉ် ပင်မဌာနကြီးအမည် အဆင့် တည်နေရာ
ဓနိတောပင်မ (က) သန်လျက်စွန်းလမ်း၊ ရန်ကုန်မြို့
မန္တလေးပင်မ (က) ကမ်းနားလမ်း၊ ဂေါဝိန်ဆိပ်အနီး၊ မန္တလေးမြို့
ပဌနဂိုရ်ပင်မ (ခ) မိချောင်းရဲကျေးရွာ၊ မကွေး
ချောက်ပင်မ (ဂ) ညောင်ဖြူပင်၊ ရွာဟောင်းရပ်၊ ချောက်မြို့
သိုလှောင်ဖြန့့််ဖြူးရေးဌာနခွဲ(၁၉)ခု

စဉ် ဌာနခွဲအမည် အဆင့် တည်နေရာ
စစ်တွေဌာနခွဲ (က) ကမ်းနားလမ်း၊ စစ်တွေမြို့
ထားဝယ်ဌာနခွဲ ဆင်ဖြူပြင်ရပ်၊ ထားဝယ်မြို့
ပုသိမ်ဌာနခွဲ မြို့မတောင်ရပ်ကွက်၊ ပုသိမ်အနောက်၊ ပုသိမ်မြို့
ပြည်ဌာနခွဲ နွားမယံ၊ ပြည်မြို့
မော်လမြိုင်ဌာနခွဲ ကမ်းနားလမ်း၊ မော်လမြိုင်မြို့
မြင်းမူဌာနခွဲ မြင်းမူ-ပုလဲတန်ရွာလမ်း၊ မြင်းမူမြို့
ပျဉ်းမနား ဂွကြားရပ်ကွက်၊ တောင်သာအုပ်စု၊ ပျဉ်မနားမြို့
ရွှေညောင် ရေွှညောင်မြို့မကွင်း၊ ရွှေညောင်မြို့
ကလေးဝဌာနခွဲ (ခ) မြို့မရပ်၊ ကလေးဝမြို့
၁၀ ကျိုင်းတုံဌာနခွဲ အမှတ်(၁)ရပ်ကွက်၊ ဝမ်ဟှေရွာ၊ ကျိုင်းတုံမြို့
၁၁ ပခုက္ကူဌာနခွဲ အနောက်ခြမ်း၊ ပခုက္ကူမြို့
၁၂ မြိတ်ဌာနခွဲ မြိတ်တောင်မြို့မ၊ မြို့သစ်ရပ်၊ မြိတ်မြို့
၁၃ ဗန်းမော်ဌာနခွဲ မိုးကောင်းလမ်းနှင့်လေယာဉ်ကွင်းသွားရာလမ်း၊ ဗန်းမော်မြို့
၁၄ မုံရွာဌာနခွဲ ပြည်ထောင်စုလမ်းနှင့်ကျောက္ကာလမ်းထောင့် ဆူးလေကုန်းရပ် ၊ မုံရွာမြို့
၁၅ မြစ်ကြီးနားဌာနခွဲ အောင်နန်းရပ်ကွက်၊ ခင်နက်ဖေလမ်း၊ဘူတာအနီး၊ မြစ်ကြီးနားမြို့
၁၆ လားရှိုးဌာနခွဲ အမှတ်(၉)ရပ်ကွက်၊ လားရှိုးမြို့
၁၇ သံတွဲဌာနခွဲ သဗြုချိုင်၊ သံတွဲမြို့
၁၈ သထုံဌာနခွဲ သထုံ-ဒူးရင်းဆိပ်ကားလမ်း၊ သထုံမြို့
၁၉ သာစည်ဌာနခွဲ ဘူတာရုံရှေ့၊ သာစည်မြို့
သိုလှောင်ဖြန့့််ဖြူးရေးစခန်း(၅)ခု

စဉ် စခန်းအမည် တည်နေရာ
သိုလှောင်ဖြန့်ဖြူးရေးစခန်း၊ ဟင်္သာတ နတ်မှော်အုပ်စု၊ ဟင်္သာတမြို့
သိုလှောင်ဖြန့်ဖြူးရေးစခန်း၊ သီပေါ အနောက်ရပ်၊ မီးရထားဘူတာရုံအနီး သီပေါမြို့
သိုလှောင်ဖြန့်ဖြူးရေးစခန်း၊ နမ့်စန် ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့
သိုလှောင်ဖြန့်ဖြူးရေးစခန်း၊ ကွမ်းလုံ လားရှိုး-ချင်းရွှေဟော်လမ်း၊ ကွမ်းလုံမြို့
သိုလှောင်ဖြန့်ဖြူးရေးစခန်း၊ မအူပင် မအူပင်မြို့
မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းပိုင် စက်သုံးဆီအရောင်းဆိုင်များ (၁၂ ဆိုင်)
စဉ် ပြည်နယ်/တိုင်းဒေသကြီး ဆိုင်အရေအတွက် ဆိုင်အမှတ်/တည်နေရာ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် (၀၃၅၄) နေပြည်တော် (ဟော်တယ်ဇုန်)
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နမိတ် (၀၂၄၇) တောင်ဥက္ကလာပ
(၀၂၅၄) ဗိုလ်တထောင်
(၀၂၇၅) ဘုရင့်နောင်လမ်း၊ချောင်းဝ
မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာနယ်နမိတ် (၀၆၁၁) ချမ်းအေးသာဇံ
(၀၆၁၄) မဟာအောင်မြေ
ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) (၀၁၉၂) ပဲခူး
(၀၁၆၀) တောင်ငူ(ဟင်းငုတ်ပင်)
ကယားပြည်နယ် (၀၇၄၃) လွိုင်ကော်
ကရင်ပြည်နယ် (၀၈၆၂) ဘားအံ
ချင်းပြည်နယ် (၀၆၉၂) ဟားခါး
ရှမ်းပြည်နယ်(တောင်ပိုင်း) (၀၇၄၂) လွိုင်လင်
စုစုပေါင်း ၁၂
ပြည်နယ်/တိုင်းရောင်းဝယ်ရေးအရာရှိရုံး (၁၄ ရုံး)
စဉ် ပြည်နယ်/တိုင်းရောင်းဝယ်ရေးအရာရှိရုံး တွဲဖက်သည့် ဌာနခွဲ တည်နေရာ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရောင်းဝယ်ရေးအရာရှိရုံး ပျဉ်းမနားဌာနခွဲ ဂွကြားရပ်ကွက်၊ တောင်သာအုပ်စု၊ ပျဉ်မနားမြို့
တိုင်းရောင်းဝယ်ရေးအရာရှိရုံး (ရန်ကုန်တိုင်းဒေသကြီး) အမှတ်၊၇(က)၊သံလျက် စွန်းလမ်း၊လင်းစဒေါင်းရုံး၊ ဗိုလ်တထောင်
တိုင်းရောင်းဝယ်ရေးအရာရှိရုံး (မန္တလေးတိုင်းဒေသကြီး) ဂေါဝိန်ဆိပ်၊ ကမ်းနားလမ်းအောက်လမ်း၊ မန္တလေးမြို့
တိုင်းရောင်းဝယ်ရေးအရာရှိရုံး (ဧရာဝတီတိုင်းဒေသကြီး) ပုသိမ်ဌာနခွဲ မြို့မတောင်ရပ်ကွက်၊ ပုသိမ်အနောက်၊ ပုသိမ်မြို့
တိုင်းရောင်းဝယ်ရေးအရာရှိရုံး (ပဲခူးတိုင်းဒေသကြီး) အောင်မြေသာရပ်၊ ပဲခူးမြို့
တိုင်းရောင်းဝယ်ရေးအရာရှိရုံး (မကွေးတိုင်းဒေသကြီး) သုခိတာလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဂေါက်ကွင်းအရှေ့၊ မကွေးမြို့
တိုင်းရောင်းဝယ်ရေးအရာရှိရုံး (စစ်ကိုင်းတိုင်းဒေသကြီး/ချင်းပြည်နယ်) မုံရွာဌာနခွဲ ပြည်ထောင်စုလမ်းနှင့် ကျောက္ကာလမ်းထောင့် ဆူးလေကုန်းရပ် ၊ မုံရွာမြို့
တိုင်းရောင်းဝယ်ရေးအရာရှိရုံး (တနင်္သာရီတိုင်းဒေသကြီး) ထားဝယ်ဌာနခွဲ ဆင်ဖြူပြင်ရပ်၊ ထားဝယ်မြို့
ပြည်နယ်ရောင်းဝယ်ရေးအရာရှိရုံး(ကချင်ပြည်နယ်) မြစ်ကြီးနား ဌာနခွဲ အောင်နန်းရပ်ကွက်၊ သခင်နက်ဖေလမ်း၊ ဘူတာအနီး မြစ်ကြီးနားမြို့
၁၀ ပြည်နယ်ရောင်းဝယ်ရေးအရာရှိရုံး(မွန်/ကရင်ပြည်နယ်) မော်လမြိုင် ဌာနခွဲ ကမ်းနားလမ်း၊ မော်လမြိုင်မြို့
၁၁ ပြည်နယ်ရောင်းဝယ်ရေးအရာရှိရုံး(ရခိုင်ပြည်နယ်) စစ်တွေ ဌာနခွဲ ကမ်းနားလမ်း၊ စစ်တွေမြို့
၁၂ ပြည်နယ်ရောင်းဝယ်ရေးအရာရှိရုံး(ရှမ်းအရှေ့) ကျိုင်းတုံ ဌာနခွဲ အမှတ်(၁)ရပ်ကွက်၊ ဝမ်ဟှေရွာ၊ ကျိုင်းတုံမြို့
၁၃ ပြည်နယ်ရောင်းဝယ်ရေးအရာရှိရုံး(ရှမ်းတောင်) ရွှေညောင် ဌာနခွဲ ရေွှညောင်မြို့မကွင်း၊ ရွှေညောင်မြို့
၁၄ ပြည်နယ်ရောင်းဝယ်ရေးအရာရှိရုံး(ရှမ်းမြောက်) လားရှိုး ဌာနခွဲ အမှတ်(၉)ရပ်ကွက်၊ လားရှိုးမြို့
စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင်ခွင့်ပြုထုတ်ပေးခြင်း

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ကိုယ်စား ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်လိုင်စင်၊ သိုလှောင်ကန်စခန်းလိုင်စင်၊ ရေယာဉ်များအားစက်သုံးဆီတိုက်ရိုက်ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်နှင့် လေယာဉ်ဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင်တို့ကို သတ်မှတ်လုပ်ထုံးလုပ်နည်းစည်းမျည်းစည်းကမ်း များနှင့်အညီစိစစ်ခွင့်ပြုထုတ်ပေးလျက်ရှိရာ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်(၂၀၉၃)ဆိုင်၊ သိုလှောင်ကန်စခန်း(၈)ခု၊ ရေယာဉ်(၁၄)စီးနှင့် လေဆိပ် (၁၃)ခုတို့သို့ ၂၁-၃-၂၀၁၇ ရက်နေ့အထိ စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင် ခွင့်ပြုထုတ်ပေးပြီးဖြစ်ပါသည်။


စဉ် ပြည်နယ်/တိုင်းဒေသကြီး အရောင်းဆိုင် သိုလှောင်ကန်စခန်း ရေယာဉ် လေဆိပ်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၇၂
ရန်ကုန်တိုင်းဒေသကြီး ၁၅၂
မန္တလေးတိုင်းဒေသကြီး ၅၃၅
ဧရာဝတီတိုင်းဒေသကြီး ၂၁၀
ပဲခူးတိုင်းဒေသကြီး ၂၂၅
စစ်ကိုင်းတိုင်းဒေသကြီး ၁၅၃
မကွေးတိုင်းဒေသကြီး ၁၃၈
တနင်္သာရီတိုင်းဒေသကြီး ၁၆
ကချင်ပြည်နယ် ၇၃
၁၀ ကယားပြည်နယ် ၁၃
၁၁ ကရင်ပြည်နယ် ၃၃
၁၂ ချင်းပြည်နယ်
၁၃ မွန်ပြည်နယ် ၁၀၂
၁၄ ရခိုင်ပြည်နယ် ၃၃
၁၅ ရှမ်းပြည်နယ် ၃၃၇
စုစုပေါင်း ၂၀၉၃ ၁၄ ၁၃
လေယာဉ်ဆီဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းအား ဖက်စပ်လုပ်ငန်းအဖြစ်ဆောင်ရွက်ခြင်း

မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၏ လေယာဉ်ဆီဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကို ငွေကြေးထည့်ဝင်ရင်းနှီးမြှုပ်နှံရန်မလိုဘဲ နိုင်ငံတကာအဆင့်သို့ ချက်ချင်းရောက်ရှိ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၄ ခုနှစ်က နိုင်ငံတကာတင်ဒါခေါ်ယူစိစစ်ရွေးချယ် ဆောင်ရွက်ခဲ့ ပါသည်။

အဆိုပါဖက်စပ်လုပ်ငန်းကို မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ In Kind ၅၁% ထည့်ဝင်၍ တင်ဒါအောင်မြင်ခဲ့သည့် စင်္ကာပူနိုင်ငံအခြေစိုက် Puma Energy Group Pte Ltd. မှ In Cash ၄၉% ထည့်ဝင်ကာ National Energy Puma Aviation Services Co., Ltd. (NEPAS) အမည်ဖြင့်ဖက်စပ်ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၁-၁၀-၂၀၁၅ ရက်နေ့မှစတင်၍ လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

နိုင်ငံတော်၏ဘဏ္ဍာငွေကို သုံးစွဲရန်မလိုအပ်တော့ခြင်း၊ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိခြင်း၊ လေယာဉ်ဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို နိုင်ငံတကာ အဆင့်ဆောင်ရွက်နိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများပိုမို ဖန်တီးပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိခဲ့ပါသည်။

စက်သုံးဆီအခြင်အတွယ်/အရည်အသွေးစံချိန်စံညွှန်းကိုက်ညီမှုရှိ/မရှိစစ်ဆေးကြပ်မတ်ဆောင်ရွက်ခြင်း

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏လမ်းညွှန်ချက်ဖြင့် နိုင်ငံတော်အတွင်းစက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် စက်သုံးဆီအရည်အသွေးအခြင်အတွယ် နှင့်ပတ်သက်၍ သတ်မှတ်စံချိန်စံညွှန်းများအတိုင်း ပြည့်မီမှန်ကန်မှုရှိစေရေး အတွက်ပုံမှန်/ ရှောင်တခင်ကွင်းဆင်းစစ်ဆေးထိန်းသိမ်းကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော စက်သုံးဆီများ၏အခြင်အတွယ် စံချိန်စံညွှန်းကိုက်ညီ မှန်ကန်မှု ရှိ/မရှိအား စစ်ဆေးနိုင်ရန် အရောင်းဆိုင်များတွင် ၄ ဂါလန်စံခွက် (သို့မဟုတ်)၂၀ လီတာ စံခွက်များထားရှိစေပြီး မည်သူမဆိုလိုအပ်သလိုစစ်ဆေးနိုင်ပါသည်။

တင်သွင်းမည့်စက်သုံးဆီများ၏အရည်အသွေးကို လျှပ်စစ်နှင်စွမ်းအင်ဝန်ကြီးဌာနမှ သတ်မှတ် ထားသည့် စံချိန်စံညွှန်းအရည်အသွေး(Specifications)များအတိုင်း တင်သွင်းမည့်ခံဝန် ချက်ဖြင့် ကုန်သွယ်ရေးဦးစီးဌာနမှ သွင်းကုန်ပါမစ်ခွင့်ပြုထုတ်ပေးပြီး တင်သွင်းသည့်စက်သုံးဆီများ လက်ခံ ချယူခြင်းမပြုမီ စက်သုံးဆီနမူနာများကို သတ်မှတ်ချက်များနှင့်အညီ စနစ်တကျရယူ၍ အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)သို့ ပေးပို့ဓာတ်ခွဲစမ်းသပ်စစ်ဆေး၍ မှန်ကန်ကြောင်း အဖြေရရှိမှသာဆီ လက်ခံချယူခွင့်ပြုပေးပါသည်။

စက်သုံးဆီဈေးနှုန်းထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ခြင်း

စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးမှုနှင့်ပတ်သက်၍ စနစ်တကျရှိစေရေး၊ ဖြစ်ပေါ်လျက် ရှိသော ကမ္ဘာ့ရေနံဈေးနှုန်းများနှင့်အညီ ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းဖြစ်စေရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းများတင်သွင်းသိုလှောင်သယ်ယူချက်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၏လမ်းညွှန်မှုဖြင့် ၂၇-၄-၂၀၁၅ ရက်နေ့တွင် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းဝင် လုပ်ငန်းရှင်ကုမ္ပဏီအဖွဲ့အစည်း များမှအဖွဲ့ဝင်(၁၁)ဦးနှင့် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ အဆင့်မြင့်အရာရှိတစ်ဦး Observer အဖြစ်ပါဝင်သော “စက်သုံးဆီဈေးနှုန်းထိန်းသိမ်းရေးအဖွဲ့” ကိုဖွဲ့စည်းခဲ့ပြီး စက်သုံးဆီ ရောင်းဈေးနှုန်းအား ထိန်းသိမ်းဆောင်ရွက်လျက်ရှိရာ ပြည်တွင်းတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသည့် စက်သုံးဆီဈေးနှုန်းများ ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းဖြစ်စေရေး၊ နိုင်ငံတကာဈေးနှုန်းများနှင့် လိုက်လျောညီထွေဖြစ်စေရေးတို့အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ MPTA နှင့် စက်သုံးဆီ ဈေးနှုန်းထိန်းသိမ်းရေးအဖွဲ့တို့ ပေါင်းစပ်ညှိနှိုင်းထိန်းညှိဆောင်ရွက်လျက်ရှိပါသည်။

အနာဂတ်တွင်ဆောင်ရွက်မည့်လုပ်ငန်းအစီအမံများ

မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းနှင့် MPTA တို့ အကျိုးတူပူးပေါင်းကာ ရေနံ နှင့် ရေနံထွက်ပစ္စည်းဓာတ်ခွဲခန်းဝန်ဆောင်မှုကုမ္ပဏီလီမိတက်(Petroleum Products Laboratory Services Co., Ltd. (PPCL)ကို ဖွဲ့စည်းတည်ထောင်ပြီး နိုင်ငံတကာအဆင့်မီ ISO လက်မှတ်ရ စက်သုံးဆီအရည်အသွေး စမ်းသပ်စစ်ဆေးသည့်ဓာတ်ခွဲခန်းတစ်ခုကို သီလဝါစက်မှုဇုန်တွင် ယခု ၂၀၁၇ ခုနှစ် အတွင်း စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

လေယာဉ်ဆီဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကဲ့သို့ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်း၏ ရေနံထွက်ပစ္စည်းများတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းအား ပြည်ပကုမ္ပဏီ တစ်ခုနှင့်အကျိုးတူပူးပေါင်း၍ ဖက်စပ်လုပ်ငန်းတည်ထောင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိ ပါသည်။

အကျိုးတူဖက်စပ်ကုမ္ပဏီများအား သင့်တော်သည့်အချိန်ကာလတစ်ခုတွင် Public Private Partnarship (PPP) ကုမ္ပဏီအဖြစ်သို့ ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။










ရှေ့သို့