အထူးသတင်းကြေငြာချက်

လျှောက်ထားရန်

ဒေါ်လာရောင်း၊ဝယ် ဈေးနှုန်း

နိုင်ငံခြားငွေလဲလှယ်နှုန်း (၁၈.၁၀.၂၀၁၉)

အမေရိကန် တစ်ဒေါ်လာ ၁၅၃၃.၁
ဥရောပ တစ်ယူရို ၁၇၀၀.၃
တရုတ် တစ်ယွမ် ၂၁၆.၅၈
ထိုင်း တစ်ဘတ် ၅၀.၅၇၂
မလေးရှား တစ်ရင်းဂစ် ၃၆၆.၃၈
အိန္ဒိယ တစ်ရူပီ ၂၁.၅၂၀
ဂျပန် တစ်ရာယန်း ၁၄၀၈.၈
တောင်ကိုရီးယား တစ်ရာ၀မ် ၁၂၉.၉၇
သြစတြေးလျ တစ်ဒေါ်လာ ၁၀၄၃.၃
စင်ကာပူ တစ်ဒေါ်လာ ၁၁၂၁.၉
နေပြည်တော်ဘဏ်မှ ဝန်ဆောင်မှုပေးနေပါသည်။

နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

(က)နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်းအကျဉ်း

၁။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့်၀န်ကြီးဌာနများသည် ၂၀၀၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှစတင်၍ နိုင်ငံတော်ရုံးစိုက်ရာဌာနချုပ်အဖြစ် နေပြည်တော်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ ပြည်ထဲရေး၀န်ကြီးဌာန၏ ၂၀၀၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အစည်း အဝေး အမှတ်စဉ်(၆/၂၀၀၆)အရ တပ်ကုန်း၊ ပျဉ်းမနား၊ လယ်ဝေးမြို့နယ်များပါ၀င်သည့် ပျဉ်းမနား ခရိုင်အဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး မန္တလေးတိုင်း၊ ပျဉ်းမနားခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးကို ပြည်ထဲရေးဝန်ကြီးဌာန၏ (၁၆-၃-၂၀၀၆)ရက်စွဲပါစာအမှတ်၊ ၂၀၀/၂၁-၆၈/ဦး၁ ဖြင့် (က)အဆင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဖြစ် သတ်မှတ်ဖွဲ့စည်းခဲ့ပါသည်။ အစိုးရအဖွဲ့၏ အတည် ပြုချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၆-၁၁-၂၀၀၈)ရက်စွဲပါစာအမှတ်၊ ၂၀၀/၂၃ -၃၂၇/ဦး၁ဖြင့် ပျဉ်းမနားခရိုင်ရှိ တပ်ကုန်း၊ ပျဉ်းမနား၊ လယ်ဝေးမြို့နယ်များမှ နယ်မြေအချို့ကိုခွဲထုတ်ပြီး ရပ်ကွက် (၁၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၀)အုပ်စု၊ ကျေးရွာ(၂၀၂)ရွာပါဝင်သော နေပြည်တော်မြို့နယ်ကို တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၂၈-၁-၂၀၀၉) ရက်စွဲပါစာအမှတ်၊၁၀၀/၆-၂၉(၁၂၁)/ရေး၁ဖြင့် ပျဉ်းမနားခရိုင်အား နေပြည်တော်ခရိုင်အဖြစ်ပြင်ဆင် သတ်မှတ်ခဲ့ပါသည်။ပြည်ထဲရေးဝန်ကြီးဌာန၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏(၂၉-၁၂၀၀၉)ရက်စွဲပါ စာအမှတ်၊၂၀၀/၂၁-၇၀/ဦး၁ဖြင့် ပျဉ်းမနားခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား နေပြည်တော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအဖြစ် ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၆-၃-၂၀၀၉) ရက်စွဲပါစာအမှတ်၊၂၀၀/၃၁-၁/ဦး၁ဖြင့် နေပြည်တော်မြို့နယ်အား ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်များဖြင့် ထပ်မံပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။

၂။ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၁၅-၁၀-၂၀၁၀)ရက်စွဲပါ စာအမှတ်၊ ၁၀၀/၆-၃၆(၁၄၀၆)/ရေး၁ဖြင့် နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို စတင် ဖွဲ့စည်းခွင့်ပြုခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ (၁၁-၁-၂၀၁၃)ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကို ဥတ္တရခရိုင်နှင့် ဒက္ခိဏခရိုင်ဟူ၍ (၂)ခရိုင်အဖြစ် ပြင်ဆင်ဖွဲ့ စည်းခဲ့ပြီး ဥတ္တရခရိုင်အတွင်း တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိ မြို့နယ် တို့ဖြင့်လည်းကောင်း၊ ဒက္ခိဏခရိုင်တွင် ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဒက္ခိဏသီရိ မြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်တို့ဖြင့်လည်းကောင်းဖွဲ့စည်းခဲ့ပါသည်။ နေပြည်တော်သည် (၂၀၀၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၀ အရ နိုင်ငံတော်၏မြို့တော်ဖြစ်လာခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၀ ပုဒ်မခွဲ (က)အရ နိုင်ငံတော်၏မြို့တော်ဖြစ်သည့် နေပြည်တော်ကို နိုင်ငံတော်သမ္မတ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ထားရှိသည့် ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ထားပါသည်။ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည့်သူ့အကျိုးပြုဆောင်ရွက်ရေး ရည်မှန်းချက်တာဝန်များကို ထမ်းဆောင်လျက် ရှိပြီး နိုင်ငံတော်က အားထားရသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။

(ခ)နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းအင်အားဖွဲ့စည်းပုံစာရင်း
စဉ် ရာထူး လစာနှုန်း ခွင့်ပြုအင်အား ခန့်ထားအင်အား လစ်လပ်အင်အား မှတ်ချက်
၁။ ဒုတိယညွှန်ကြားရေးမှူးချုပ် ၃၈၀၀၀၀−၄၀၀၀−၄၀၀၀၀၀
၂။ ညွှန်ကြားရေးမှူး ၃၄၀၀၀၀−၄၀၀၀−၃၆၀၀၀၀
၃။ ဒုတိယညွှန်ကြားရေးမှူး ၃၁၀၀၀၀−၄၀၀၀−၃၃၀၀၀၀
၄။ လက်ထောက်ညွှန်ကြားရေးမှူး ၂၈၀၀၀၀−၄၀၀၀−၃၀၀၀၀၀
၅။ ဦးစီးအရာရှိ ၂၅၀၀၀၀−၄၀၀၀−၂၇၀၀၀၀
၆။ စီမံ(၁) ၁၈၀၀၀၀−၂၀၀၀−၁၉၀၀၀၀ ၂၄ ၁၈
အရာထမ်းစီမံ(၁)အပါအ၀င် ၄၃ ၃၅
၇။ ဌာနခွဲစာရေး ၁၈၀၀၀၀−၂၀၀၀−၁၉၀၀၀၀ ၂၃ ၂၃
၈။ အကြီးတန်းစာရေး ၁၆၅၀၀၀−၂၀၀၀−၁၇၅၀၀၀ ၃၈ ၃၈
၉။ ယာဉ်မောင်း(၃) ၁၆၅၀၀၀−၂၀၀၀−၁၇၅၀၀၀
၁၀။ အငယ်တန်းစာရေး ၁၅၀၀၀၀−၂၀၀၀−၁၆၀၀၀၀ ၅၄ ၅၄ -
၁၁။ အငယ်တန်းစာရေး(အမှုတွဲခန်း) ၁၅၀၀၀၀−၂၀၀၀−၁၆၀၀၀၀ -
၁၂။ ယာဉ်မောင်း(၄) ၁၅၀၀၀၀−၂၀၀၀−၁၆၀၀၀၀ -
၁၃။ ယာဉ်မောင်း(၅) ၁၃၅၀၀၀−၂၀၀၀−၁၄၅၀၀၀ ၁၂ ၁၁
၁၄။ စာတွဲထိန်း ၁၃၅၀၀၀−၂၀၀၀−၁၄၅၀၀၀
၁၅။ ရုံးအကူ ၁၂၀၀၀၀−၂၀၀၀−၁၃၀၀၀၀ ၁၈ ၁၄
၁၆။ စာပို့ ၁၂၀၀၀၀−၂၀၀၀−၁၃၀၀၀၀
၁၇။ သန့်ရှင်းရေး ၁၂၀၀၀၀−၂၀၀၀−၁၃၀၀၀၀ ၁၀
၁၈။ ရုံးစောင့် ၁၂၀၀၀၀−၂၀၀၀−၁၃၀၀၀၀ -
အမှုထမ်းပေါင်း ၁၇၅ ၁၅၆ ၁၉
စုစုပေါင်း ၂၁၈ ၁၉၁ ၂၇
(ခ) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရည်မှန်းချက်
    1. ၁။ တရားဥပဒေစိုးမိုးရေး၊(Rule of Law)
    2. ၂။ ရပ်ရွာအေးချမ်းသာယာရေး၊ (community Peace and Tranquility)
    3. ၃။ ဒေသဖွံ့ဖြိုးရေး၊ (Regional Development)
    4. ၄။ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး၊(Serve the Public Interest
(ဂ) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လုပ်ငန်းတာ၀န်များ
    1. ၁။ နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအဖွဲ့က ချမှတ်ပေးသည့် လုပ်ငန်းတာ၀န်များ(Tasks assigned by the president Office and Union Government)
    2. ၂။ ပြည်ထဲရေး၀န်ကြီးဌာနက ပေးအပ်သော လုပ်ငန်းတာ၀န်များ(Functions entrusted by the ministry of Home Affairs)
    3. ၃။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပင်မလုပ်ငန်းတာ၀န်များ(Principal duties and function of General Administration Department)
    4. ၄။ အခြား၀န်ကြီးဌာနက ​ပေးအပ်သော လုပ်ငန်းတာ၀န်များ (Tasks delegated by other Ministries)
(ဃ)အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပင်မလုပ်ငန်းတာ၀န်များ
    1. ၁။ မြေယာစီမံခန့်ခွဲရေးလုပ်ငန်း၊(Land Administration)
    2. ၂။ ယစ်မျိုးစီမံခန့်ခွဲရေးလုပ်ငန်း(Excise Administration)
    3. ၃။ အခွန်(၄)မျိုးကောက်ခံခြင်းလုပ်ငန်း(Collection of four Kinds of tax)
    4. ၄။ မြို့နှင့်ကျေးရွာများ စနစ်တကျဖွဲ့စည်းခြင်းလုပ်ငန်း(Structural settlement of villages and towns)
    5. ၅။ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း(Rural development)
    6. ၆။ အသင်းအဖွဲ့များ ဥပဒေနှင့်အညီ ဖွဲ့စည်းရေးလုပ်ငန်း(Formation and Registration of Organizations and associations)
    7. ၇။ ဂုဏ်ထူးဆောင် ဘွဲ့/တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းလုပ်ငန်း(Conferring honorable titles and medals)
    8. ၈။ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ လွှဲပြောင်းခြင်းဆိုင်ရာ လုပ်ငန်းများ(Function on retriction of transferring the immovable properties)
(င) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဆောင်ပုဒ်
    1. ၁။ နိုင်ငံတော်မူ၀ါဒလိုက်နာရေး(Be in Line with the State Policy)
    2. ၂။ အခြေခံသဘောတရားနှင့်ကိုက်ညီရေး(Be in accord with the Basic Principles)
    3. ၃။ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြစ်ရေး(Be in accord with the Procedures)
(စ) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျင့်သုံးလက်ရှိသော ဥပေဒ
    1. ၁။ ၁၈၇၆ခုနှစ်၊ အောက်မြန်မာနိုင်ငံမြေနှင့်အခွန်အက်ဥပဒေ
    2. The Lower Burma Land and Revenue Act, 1876
    3. ၂။ ၁၈၈၀ ခုနှစ်၊ ခရိုင်ခိုင်ကြေးအက်ဥပဒေ
    4. ၃။ ၁၈၈၉ခုနှစ်၊ အထက်မြန်မာနိုင်ငံမြေနှင့်အခွန်စည်းမျဉ်းဥပဒေ
    5. The Upper Burma Land and Revenue Act, 1889
    6. ၄။ ၁၈၉၀ခုနှစ်၊ အခွန်တော်အရကောက်ခံမှုအက်ဥပဒေ
    7. The Revenue Recovery Act,1890
    8. ၅။ ၁၈၉၄ခုနှစ်၊ မြေသိမ်းအက်ဥပဒေ
    9. The Land Acquisition Act, 1894
    10. ၆။ ၁၈၉၅ခုနှစ်၊ အစိုးရမြေယာချထားရေးအက်ဥပဒေ
    11. The Land Grants Act,1895
    12. ၇။ ၁၈၉၈ခုနှစ်၊ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများအက်ဥပဒေ
    13. The Lower Burma Town and Village Lands Act,1898
    14. ၈။ ၁၉၁၇ခုနှစ်၊ မြန်မာနိုင်ငံယစ်မျိုးဥပဒေ
    15. The Burma Excise Act, 1917
    16. ၉။ ၁၉၅၁ ခုနှစ်၊ ရာဇ၀တ်ဥပဒေ ပြင်ဆင်ချက် ဥပဒေ
    17. ၁၀။ ၁၉၅၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်များ(ဆင်ယင်ပြသမှုကန့်သတ်ရေးအက်ဥပဒေ)
    18. The State Synbols (The Restriction of Celebration Act),1954
    19. ၁၁။ ၁၉၆၀ခုနှစ်၊ မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေ
    20. Urban Rent Control Act,1960
    21. ၁၂။ ၁၉၆၁ခုနှစ်၊ ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံ၀န်အက်ဥပဒေ
    22. ၁၃။ ၁၉၈၅ခုနှစ်၊ ကျွဲ၊ နွား တိရစ္ဆာန်ကျော်နင်းမှု ဥပဒေ
    23. ၁၄။ ၁၉၈၇ခုနှစ်၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေ
    24. The Restriction of Transferring the Immoveable Proverty Law,1987
    25. ၁၅။ ၂၀၁၀ခုနှစ်၊ နိုင်ငံတော်အလံဥပဒေ
    26. The State Flag Law,2010
    27. ၁၆။ ၂၀၁၀ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
    28. The State Emblem Law,2010
    29. ၁၇။ ၂၀၁၀ခုနှစ်၊ နိုင်ငံတော်သီချင်း ဥပဒေ
    30. ၁၈။ ၂၀၁၂ခုနှစ်၊ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ
    31. The Ward or Village Tract Administration Law,2012
    32. ၁၃။ ၂၀၁၄ခုနှစ်၊ အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ
    33. The Law Relating to Registration of Association,2014

(ဆ) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျင့်သုံးလက်ရှိသော နည်းဥပဒေများ
    1. ၁။ ၁၈၉၂ ခုနှစ်၊ အထက်မြန်မာနိုင်ငံ မြေနှင့်အခွန် စည်းမျဉ်းဥပဒေအရ ပြုလုပ်သော နည်းဥပဒေများ
    2. The Lower Burma Land and Revenue Act, 1876
    3. ၂။ ၁၈၉၇ ခုနှစ်၊ မြေနှင့် အခွန်နည်းဥပဒေများ
    4. ၃။ ၁၉၀၇ ခုနှစ်၊ အောက်မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများ နည်းဥပဒေများ
    5. ၄။ ၁၉၂၈ ခုနှစ်၊ မြန်မာနိုင်ငံယစ်မျိုးနည်းဥပဒေများ
    6. ၅။ ၁၉၃၂ ခုနှစ်၊ မြေသိမ်းနည်းဥပဒေများ
    7. ၆။ ၂၀၁၂ ခုနှစ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများ
    8. The Ward or Village Tract Administration Rules, 2012
    9. ၇။ ၂၀၁၃ ခုနှစ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ပြင်ဆင်သည် နည်းဥပဒေများ
    10. ၈။ ၂၀၁၅ ခုနှစ်၊ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေများ
    11. ၉။ ၂၀၁၆ ခုနှစ်၊ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ



(ဇ)ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဖွင့်လှစ်ထားသော ပြည်သူ့ဝန်ဆောင်မှုရုံးတွင်ဌာနအလိုက် ဝန်ဆောင်မှုပေးပြီးသည့် လုပ်ငန်းအရေအတွက်စာရင်း
စဉ် ခရိုင် မြို့နယ် ဝန်ဆောင်မှုပေးသည့် ဌာနလုပ်ငန်းအရေအတွက် ပေါင်း
ထွေ/အုပ် ရဲ လ၀က လယ်စီ အခွန် စည်ပင် ကျန်းမာရေး လျှပ်စစ် မီးသတ် ကျေးလက်
ဥတ္တရ တပ်ကုန်း ၈၆ ၂၇၇၉ ၁၅၅ ၁၆ ၅၄ ၈၃ ၉၅၅ ၁၀ ၁၆ ၄၁၆၁
ဇေယျာသီရိ ၉၀ ၂၁၉ ၂၀၆ ၄၄ ၁၀၀ ၁၀၈ ၂၉၉ ၃၁၁ ၇၉ ၁၄၅၆
ပုဗ္ဗသီရိ ၇၀ ၂၆ ၁၂၇ ၅၈ ၂၄၃ ၂၅၃ ၃၄၀ ၄၉၆ ၂၅ ၁၆၃၈
ဥတ္တရသီရိ ၁၃၃၃ ၁၇၃ ၂၁၄ ၇၁ ၆၁ ၄၆၁ ၁၅၄ ၂၈၇ ၅၅ ၂၈၀၉
ဥတ္တရခရိုင်အချုပ် ၁၅၇၉ ၃၁၉၇ ၇၀၂ ၁၈၉ ၄၅၈ ၉၀၅ ၁၇၄၈ ၁၁၀၄ ၁၇၅ ၁၀၀၆၄
ဒက္ခိဏ ပျဉ်းမနား ၁၁၂ ၄၁၄ ၁၇၈ ၂၁ ၁၆၉ ၅၀၅ ၂၃၄ ၁၀၇ ၁၂၂ ၂၇ ၁၈၈၉
လယ်ဝေး ၁၈ ၂၂ ၁၈ - ၁၅ - - - ၈၄
ဇမ္ဗူသီရိ ၂၉ ၈၃ ၁၄၂ ၁၁ ၂၃ ၁၅၉ ၃၀ ၁၆ ၅၀၁
ဒက္ခိဏသီရိ ၅၀ ၅၀ ၁၆၂ ၁၆ ၈၇ ၅၉ ၁၁၁ ၃၈ ၂၂ ၁၄ ၆၀၉
ဒက္ခိဏခရိုင်အချုပ် ၂၀၉ ၅၉၆ ၅၀၀ ၄၈ ၂၉၄ ၇၂၈ ၃၈၁ ၁၆၁ ၁၅၁ ၄၂ ၃၀၈၃
နေပြည်တော်အချုပ် ၁၇၈၈ ၃၇၆၆ ၁၂၀၂ ၂၃၇ ၇၅၂ ၁၆၃၃ ၂၁၂၉ ၁၂၆၅ ၃၂၆ ၄၉ ၁၃၁၄၇

နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအား နေပြည်တော်ကောင်စီရုံးတွင် ဖွင့်လှစ်ထားရှိပါသည်။



ရုံးတည်နေရာ အောင်ဇမ္ဗူရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်
ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၆၇−၅၅၀၂၁၅၊ ၅၅၀၀၁၆၊ ၅၅၀၁၃၄

ရှေ့သို့