အမေရိကန် | တစ်ဒေါ်လာ | ၁၃၇၃.၉ |
ဥရောပ | တစ်ယူရို | ၁၅၅၅.၈ |
တရုတ် | တစ်ယွမ် | ၁၉၇.၇၃ |
ထိုင်း | တစ်ဘတ် | ၄၃.၆၉၉ |
မလေးရှား | တစ်ရင်းဂစ် | ၃၂၄.၈၄ |
အိန္ဒိယ | တစ်ရူပီ | ၁၈.၆၃၀ |
ဂျပန် | တစ်ရာယန်း | ၁၃၀၆.၂ |
တောင်ကိုရီးယား | တစ်ရာ၀မ် | ၁၁၅.၃၂ |
သြစတြေးလျ | တစ်ဒေါ်လာ | ၈၉၆.၈၀ |
စင်ကာပူ | တစ်ဒေါ်လာ | ၉၈၈.၁၀ |
အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ရမည်းသင်း(ခရိုင်ရုံး)အဖြစ် အမှတ်(၆၉)၊ (၁၀)လမ်း၊ချမ်းအေးရပ်၊ပျဉ်းမနားမြို့နယ်တွင် ၁၉၅၅ ခုနှစ်၊ မတ်လ (၁) ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ ပါသည်။ ယခုလက်ရှိ ရုံးတည်နေရာဖြစ်သည့် နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပေါင်းလောင်း (၂)ရပ်ကွက်၊ ၁၆လမ်း၊ အကွက်အမှတ်(၁၂၀၁အေ)တွင် (၂၀.၁၂.၁၉၉၆)ရက်နေ့မှစတင်ပန္နက်ရိုက်ဆောက်လုပ်ခဲ့ပြီး (၃၁.၃.၁၉၉၇) ရက်နေ့တွင်ပြီးစီးခဲ့ပါသဖြင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ရမည်းသင်းခရိုင်ရုံးကို ၂၀၀၂ ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့၌ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ နေပြည်တော် ခရိုင်ရုံး အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ထိုမှတဆင့် ဤဦးစီးဌာန ရုံးချုပ်၏ ၁.၁၀.၂၀၁၂ ရက်စွဲပါ စာအမှတ်၊ ၀၁၁၁ /၂/ အလရ - စီမံ ၂/ ၂၀၁၂ (၂၂၅၇)အရ နေပြည်တော်ကောင်စီ နယ်မြေရုံး အဖြစ် ပြင်ဆင်တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ ရုံး၏အကျယ်အဝန်းမှာ (၂၇ပေx၃၂ပေ) ဖြစ်ပါသည်။ မြေကွက်အကျယ် အဝန်းမှာ(ပေ ၆၀ x ပေ ၄၀) ၊ ဧရိယာမှာ ၀.၀၅၅ဧက ဖြစ်ပါသည်။
ဒက္ခိဏခရိုင်ရုံးဤဦးစီးဌာန၊ရုံးချုပ်၏ ၂၇.၂.၂၀၁၄ ရက်စွဲပါ စာအမှတ်၊၀၁၁၁/၂/အလရ-စီမံ ၂/၂၀၁၄(၈၈၆)အရ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံးအဖြစ် နေပြည်တော်ကောင်စီနယ်မြေ ရုံးအတွင်းရှိ ဒက္ခိဏခရိုင်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းတွင် ၃.၃.၂၀၁၄ ရက်နေ့မှစ၍ တိုးချဲ့ ဖွင့်လှစ်ခဲ့ပါသည်။မြေကွက်အမှတ် (ပခ-၅၂) ဇမ္ဗူသီရိမြို့နယ်ရှိ ဒက္ခိဏခရိုင်ရုံးသစ် အဆောက်အဦးသို့ (၂၇.၃.၂၀၁၅ )ရက်နေ့တွင် ပြောင်းရွှေ့ ဖွင့်လှစ်ပြီးဖြစ်ပါသည်။
ဥတ္တရခရိုင်ရုံးဤဦးစီးဌာန၊ရုံးချုပ်၏ ၂၉.၈.၂၀၁၄ ရက်စွဲပါ စာအမှတ်၊၀၁၁၁/၂/အလရ-စီမံ ၂/၂၀၁၄(၄၃၇၇)အရ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ဥတ္တရခရိုင်ရုံးအဖြစ် ဥတ္တရခရိုင်၊အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးခန်းတွင် ၉.၉.၂၀၁၄ ရက်နေ့မှစ၍ တိုးချဲ့ဖွင့်လှစ်ခဲ့ပါသည်။ မြေကွက်အမှတ် (ပခ-၀၁၃) ပုပ္ဗသီရိမြို့နယ်ရှိ ဥတ္တရခရိုင်ရုံးသစ် အဆောက်အဦးသို့ (၁.၄.၂၀၁၅ )ရက်နေ့တွင် ပြောင်းရွှေ့ဖွင့်လှစ်ပြီး ဖြစ်ပါသည်။
(ခ) ဦးစီးဌာန၏ နေပြည်တော်ကောင်စီနယ်မြေ/ ခရိုင်ရုံးများ ဝန်ထမ်းဖွဲ့စည်းပုံနေပြည်တော်အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ နေပြည်တော်ကောင်စီ နယ်မြေရုံးနှင့် ခရိုင်ရုံး(၂)ရုံး၏ ဝန်ထမ်းအင်အားဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
စဉ် | ဦးစီးဌာနအမည် | လ/ထညွှန်မှူး | ဦးစီးအရာရှိ | အကြီးတန်းစာရေး | အငယ်တန်းစာရေး | ရုံးအကူ | စုစုပေါင်း | မှတ်ချက် | ||||||||||||
ခွင့်ပြု | ခန့်အပ် | လို | ခွင့်ပြု | ခန့်အပ် | လို | ခွင့်ပြု | ခန့်အပ် | လို | ခွင့်ပြု | ခန့်အပ် | လို | ခွင့်ပြု | ခန့်အပ် | လို | ခွင့်ပြု | ခန့်အပ် | လို | |||
၁ | နေပြည်တော်ကောင်စီနယ်မြေရုံး | ၁ | ၁ | - | ၂ | ၂ | - | ၂ | ၂ | - | ၂ | ၂ | - | ၁ | - | ၁ | ၈ | ၇ | ၁ | - |
၂ | ဒက္ခိဏခရိုင် ရုံး | ၁ | ၁ | - | ၂ | ၂ | - | ၂ | ၂ | - | ၂ | ၂ | - | ၁ | - | ၁ | ၈ | ၇ | ၁ | - |
၃ | ဥတ္တရခရိုင် ရုံး | ၁ | ၁ | - | ၂ | ၁ | ၁ | ၂ | ၁ | ၁ | ၂ | ၂ | - | ၁ | - | ၁ | ၈ | ၅ | ၃ | - |
စုစုပေါင်း | ၃ | ၃ | - | ၆ | ၅ | ၁ | ၆ | ၅ | ၁ | ၆ | ၆ | - | ၃ | - | ၃ | ၂၄ | ၁၉ | ၅ | - |
အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ဆက်ဆံရေး ကောင်းမွန်ခြင်းဖြင့် တည်ငြိမ် အေးချမ်းသည့်လုပ်ငန်းခွင်များ ဖြစ်ပေါ်စေရန်၊ အလုပ်သမားများ ဥပဒေပါရပိုင်ခွင်များကို မှန်မှန်နှင့် အပြည့် အဝ ရရှိခံစားစေရန်၊ လုပ်ငန်းခွင် မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါရရှိခံစားရမှု လျော့နည်း ကျဆင်းစေရန်၊ အပြည်ပြည်ဆိုင်ရာနှင့်ဒေသဆိုင်ရာ အလုပ်သမားရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရန် ရည်မှန်းချက် ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။
လုပ်ငန်းတာဝန်များနေပြည်တော်အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊နေပြည်တော်ကောင်စီနယ်မြေရုံး၊ဒက္ခိဏခရိုင်ရုံးနှင့် ဥတ္တရခရိုင်ရုံးတို့သည် အောက်ပါလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်-
ဤဦးစီးဌာနမှ အောက်ဖော်ပြပါ ဥပဒေ၊နည်းဥပဒေ၊အမိန့်နှင့်ညွှန်ကြားချက်များကို တာဝန်ယူ စစ်ဆေးစည်းကြပ်ရပါသည်-
• တည်နေရာ | - | အောင်သုခကျေးရွာ ၊ ပုဗ္ဗသီရိမြို့နယ် |
• အကျယ်အဝန်း | - | အလျား(၂၀၀)ပေ၊ အနံ(၂၀၀)ပေ |
• မြေနှင့်အဆောက်အဦအမျိုးအစား | - | RC နှစ်ထပ်တိုက် |
• ဖွင့်လှစ်သည့်ရက်စွဲ | - | ၇.၃.၂၀၁၅ ရက်နေ့ |
• ဂရမ်ရရှိမှု | - | မြေငှားဂရမ် ရရှိပြီး |
• ဖုန်းနံပါတ် | - | ၀၆၇-၅၅၀၃၅၇ |
• တည်နေရာ | - | မင်္ဂလာဒီပရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ် |
• အကျယ်အဝန်း | - | အလျား(၂၀၀)ပေ၊ အနံ(၂၀၀)ပေ |
• မြေနှင့်အဆောက်အဦအမျိုးအစား | - | RC နှစ်ထပ်တိုက် |
• ဖွင့်လှစ်သည့်ရက်စွဲ | - | ၁၁.၉.၂၀၁၄ ရက်နေ့ |
• ဂရမ်ရရှိမှု | - | မြေငှားဂရမ် ရရှိပြီး |
• ဖုန်းနံပါတ် | - | - ၀၆၇-၅၁၀၁၇၁ |