အထူးသတင်းကြေငြာချက်

လျှောက်ထားရန်

ဒေါ်လာရောင်း၊ဝယ် ဈေးနှုန်း

နိုင်ငံခြားငွေလဲလှယ်နှုန်း (၃.၆.၂၀၁၉)

အမေရိကန် တစ်ဒေါ်လာ ၁၅၂၉.၇
ဥရောပ တစ်ယူရို ၁၇၀၉.၇
တရုတ် တစ်ယွမ် ၂၂၁.၄၅
ထိုင်း တစ်ဘတ် ၄၈.၆၄၇
မလေးရှား တစ်ရင်းဂစ် ၃၆၅.၆၉
အိန္ဒိယ တစ်ရူပီ ၂၂.၀၄၈
ဂျပန် တစ်ရာယန်း ၁၄၁၂.၈
တောင်ကိုရီးယား တစ်ရာ၀မ် ၁၂၉.၄၀
သြစတြေးလျ တစ်ဒေါ်လာ ၁၀၆၃.၁
စင်ကာပူ တစ်ဒေါ်လာ ၁၁၁၅.၈
နေပြည်တော်ဘဏ်မှ ဝန်ဆောင်မှုပေးနေပါသည်။

နေပြည်တော်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန

နေပြည်တော်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနစတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း

၁။ နေပြည်တော်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသည် မူလက မန္တလေးတိုင်း လက်အောက် ရှိ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန(မြို့နယ်ရုံး) ပျဉ်းမနားမြို့အဖြစ် ၁၀-၇-၁၉၈၂ခုနှစ်တွင် ရုံးစတင်ဖွင့်လှစ်ခဲ့ပြီး ၈-၁၁-၂၀၁၂ရက်နေ့တွင် တိုင်းအဆင့်ရုံးအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်။

၂။ နေပြည်တော်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသည် ချယ်ရီလမ်း၊ပေါင်းလောင်းတိုးချဲ့(၂)၊ ရွာကောက်ရပ်ကွက် ၊ ပျဉ်းမနားမြို့တွင် ရုံးဖွင့်လှစ်ခဲ့ရာမှ ၁-၁၁-၂၀၁၆ ရက်နေ့တွင် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန(ခရိုင်ရုံး) ဒက္ခိဏခရိုင်အားစတင်ဖွင့်လှစ်ခဲ့သဖြင့် နေပြည်တော်အလုပ်သ မားညွှန်ကြားရေးဦးစီးဌာနသည် ဒက္ခိဏခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် အဆောက်အဦသို့ ၁-၁၁-၂၀၁၆ရက်နေ့မှစ၍ ရုံးပြောင်းရွေ့ဖွင့်လှစ်ခဲ့ပါသည်။ ပြည်ထောင်စုနယ်မြေတွင် နေပြည်တော်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(၁)ရုံးနှင့် ခရိုင်ရုံး(၁)ရုံးသာရှိပါသည်။

နေပြည်တော်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ဝန်ထမ်းဖွဲ့စည်းပုံ

၃။ နေပြည်တော်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ဝန်ထမ်းဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ် ရာထူး ခွင့်ပြု ခန့်ထား လစ်လပ် မှတ်ချက်
ညွှန်ကြားရေးမှူး
ဒုတိယညွှန်ကြားရေးမှူး
လက်ထောက်ညွှန်ကြားရေးမှူး
ဦးစီးအရာရှိ
ဒုတိယဦးစီးဌာနမှူး -
အကြီးတန်းစာရေး
အငယ်တန်းစာရေး ဥတ္တရခရိုင်ရုံးမှ ငယ်ရေး(၁)ဦး တွဲဖက် ရောက်ရှိ
ရုံးအကူ ရုံးအကူ(၁)ဦးနှင့်ရုံးစောင့်(၁)ဦးအား
ဒက္ခိဏခရိုင်ရုံးတွင်တွဲဖက်ထားပါသည်
ရုံးစောင့်
စုစုပေါင်း ၁၄

၄။ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(ခရိုင်ရုံး)ဒက္ခိဏခရိုင်၏ ဝန်ထမ်းဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ် ရာထူး ခွင့်ပြု ခန့်ထား လစ်လပ် မှတ်ချက်
ဦးစီးအရာရှိ
ဒုတိယဦးစီးဌာနမှူး ဥတ္တရခရိုင်ရုံးမှဒုဦးစီး(၁)ဦးတွဲဖက်
အကြီးတန်းစာရေး
အငယ်တန်းစာရေး
ရုံးအကူ ရုံးအကူ(၁)ဦးနှင့်ရုံးစောင့်(၁)ဦးနေပြည်တော်
အလုပ်သမားညွှန်ကြားရေးမှတွဲဖက်ရောက်ရှိ
ရုံးစောင့်
စုစုပေါင်း ၁၆ ၁၃
နေပြည်တော်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ

၅။ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ရည်မှန်းချက်တာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

    1. (က) လုပ်ငန်းခွင်ဆက်ဆံမှု အေးချမ်းသာယာရေး၊
    2. (ခ) အလုပ်အကိုင်နေရာချထားရေး၊
    3. (ဂ) လုပ်သားများလုပ်ငန်းခွင်ကျွမ်းကျင်မှုလေ့ကျင့်ရေး၊
    4. (ဃ) အလုပ်သမားဥပဒေပါခံစားခွင့်များအတွက် ဆောင်ရွက်ပေးရေး၊
    5. (င) အနည်းဆုံးအခကြေးငွေ သတ်မှတ်ပေးရေး၊
    6. (စ) အလုပ်သမားရေးရာသုတေသနနှင့် စာရင်းဇယားများ စုဆောင်းပြုစုရေး၊
    7. (ဆ) အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာအလုပ်သမားရေးရာကိစ္စများ ပူးပေါင်းဆောင်ရွက်ရေး၊
နေပြည်တော်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ဆောင်ပုဒ်များ

၆။ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ဆောင်ပုဒ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

    1. (၁) ပေါင်းစည်းဟန်ချက် စွမ်းအားတက်
      (Synchronizing Manpower)
    2. (၂) မျက်နှာမလိုက် ဆောင်ရွက်ပေးသင့်အလုပ်ရရှိရေး
      (၁) Free( ၂ ) Voluntary ( ၃ )Impartial
နေပြည်တော်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊လုပ်ထုံးလုပ်နည်း နှင့် ညွန်ကြားချက်များ

၇။ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွန်ကြားချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

    1. (က) ၁၉၂၃ ခုနှစ်၊ အလုပ်သမားလျော်ကြေးဥပဒေ
    2. (ခ) ၁၉၄၈ ခုနှစ်၊ အလုပ်အကိုင်ဆိုင်ရာစစ်တမ်းကောက်ယူခြင်းဥပဒေ
    3. (ဂ) ၁၉၅၉ ခုနှစ်၊ အလုပ်ခန့်ထားမှုကန့်သတ်ရေးအက်ဥပဒေ
    4. (ဃ) ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ
    5. (င) ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေ နှင့် နည်းဥပဒေ
    6. (စ) ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေ
    7. (ဆ) ၂၀၁၃ ခုနှစ်၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ
နေပြည်တော်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းအမှတ်များနှင့် ရုံးဓါတ်ပုံ

၈။ နေပြည်တော်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ရုံးလိပ်စာနှင့် ဆက်သွယ်ရန် တယ်လီဖုန်းအမှတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

လက်ထောက်ညွှန်ကြားရေးမှူး

နေပြည်တော်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန

ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အဆောက်အဦး

ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်

ဖုန်းအမှတ်၊ ၀၆၇- ၅၅၀၀၁၇



၉။ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(ခရိုင်ရုံး)ဒက္ခိဏခရိုင်၏ ရုံးလိပ်စာနှင့် ဆက်သွယ်ရန် တယ်လီဖုန်းအမှတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ဦးစီးအရာရှိ

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(ခရိုင်ရုံး) ဒက္ခိဏခရိုင်

ချယ်ရီလမ်း၊ပေါင်းလောင်းတိုးချဲ့(၂)၊ ရွာကောက်ရပ်ကွက်၊ပျဉ်းမနားမြို့

ဖုန်းအမှတ်၊ ၀၆၇ - ၂၂၁၂၅



ရှေ့သို့