အထူးသတင်းကြေငြာချက်
  • နေပြည်တော်အတွင်းအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19)ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက်နေပြည်တော်ကောင်စီမှ(၁၈-၃-၂၀၂၀)ရက်စွဲပါအမိန့်အမှတ်(၂၅/၂၀၂၀)ဖြင့်အမိန့်ကြေညာစာထုတ်ပြန်

လျှောက်ထားရန်

ဒေါ်လာရောင်း၊ဝယ် ဈေးနှုန်း

နိုင်ငံခြားငွေလဲလှယ်နှုန်း (၁၁-၃-၂၀၂၀)

အမေရိကန် တစ်ဒေါ်လာ ၁၃၇၃.၉
ဥရောပ တစ်ယူရို ၁၅၅၅.၈
တရုတ် တစ်ယွမ် ၁၉၇.၇၃
ထိုင်း တစ်ဘတ် ၄၃.၆၉၉
မလေးရှား တစ်ရင်းဂစ် ၃၂၄.၈၄
အိန္ဒိယ တစ်ရူပီ ၁၈.၆၃၀
ဂျပန် တစ်ရာယန်း ၁၃၀၆.၂
တောင်ကိုရီးယား တစ်ရာ၀မ် ၁၁၅.၃၂
သြစတြေးလျ တစ်ဒေါ်လာ ၈၉၆.၈၀
စင်ကာပူ တစ်ဒေါ်လာ ၉၈၈.၁၀
နေပြည်တော်ဘဏ်မှ ဝန်ဆောင်မှုပေးနေပါသည်။

နေပြည်တော်အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန

အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနပေါ်ပေါက်လာပုံ

ဗဟိုဝါဏိဇ္ဇပဋိပက္ခကော်မတီရုံးမှ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနအဖြစ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၁၂-၃-၂၀၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ( ၁၈/၂၀၁၂ ) ဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ(၂၀၁၂)အားအတည်ပြုပြဌာန်းခဲ့ပြီးဥပဒေပါအတိုင်း အကောင်အထည်ဖော်လျှက်အလုပ်ရှင် ၊ အလုပ်သမားအငြင်းပွားမှုများကိုဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေး ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊နေပြည်တော်ရုံးကို ၅.၁၂.၂၀၁၄ ရက်နေ့တွင်အမှတ်-(၃၁၉၂၁)၊ ချင်းတွင်းလမ်း၊ ဝဏ္ဏဒီပ ရပ်ကွက်၊ ပုဗ္ဗသီရိမြို့တွင်စတင်ဖွင့်လှစ်ခဲ့ပြီးယခုအခါ အမှတ်၊ပခ-၀၂၀၊ချင်းတွင်းလမ်း၊ မင်္ဂလာဒီပရပ်ကွက် ၊ ပုဗ္ဗသီရိမြို့တွင် ပြောင်းရွှေ့ဖွင့်လှစ်ပြီးဖြစ်ပါသည်။

ဝန်ထမ်းအင်အား နှင့် ဖွဲ့စည်းပုံ

အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန ၊ ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်ရုံးတွင် ဖွဲ့စည်းပုံအရ ဝန်ထမ်းအင်အား(၁၁) ဦးရှိသော်လည်း ၊ လက်ရှိ အင်အား မှာ(၅)ဦးဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။ ဝန်ထမ်းအင်အားစာရင်းမှာအောက်ပါအတိုင်းဖြစ်ပါ သည်-


စဉ် ရာထူး လစာနှုန်း ခွင့်ပြု ခန့်ထား လစ်လပ် မှတ်ချက်
ဒုတိယညွှန်ကြားရေးမှူး ၃၁၀၀၀၀-၄၀၀၀-၃၃၀၀၀၀ -
လက်ထောက်ညွှန်ကြားရေးမှူး ၂၈၀၀၀၀-၄၀၀၀-၃၀၀၀၀၀ -
ဦးစီးအရာရှိ(စီမံ-၂) ၂၅၀၀၀၀-၄၀၀၀-၂၇၀၀၀၀ -
ဒုတိယဦးစီးဌာနမှူး(စီမံ-၁) ၁၈၀၀၀၀- ၂၀၀၀-၁၉၀၀၀၀ -
အကြီးတန်းစာရေး ၁၆၅၀၀၀-၂၀၀၀-၁၇၅၀၀၀ -
အငယ်တန်းစာရေး ၁၅၀၀၀၀-၂၀၀၀-၁၆၀၀၀၀ -
ယာဉ်မောင်း ၁၃၅၀၀၀-၂၀၀၀-၁၄၅၀၀၀ -
ရုံးအကူ ၁၂၀၀၀၀-၂၀၀၀-၁၃၀၀၀၀ -
သန့်ရှင်းရေးအကူ/အစောင့် ၁၂၀၀၀၀-၂၀၀၀-၁၃၀၀၀၀
စုစုပေါင်း ၁၁
အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၏ရည်မှန်းချက်နှင့်လုပ်ငန်းတာဝန်များ

ရည်မှန်းချက်များနှင့်တာဝန်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

  • အစိုးရ ၊ အလုပ်ရှင် အလုပ်သမား သုံးပွင့်ဆိုင်ဆက်ဆံရေးကောင်းမွန်ခြင်းဖြင့် တည်ငြိမ်အေးချမ်း သည့် လုပ်ငန်းများဖြစ်ပေါ်စေရေး
  • အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များရရှိစေရန်စည်းကြပ်ဆောင်ရွက်ရေး
  • အလုပ်သမားရေးရာအငြင်းပွားမှုများကို သက်ဆိုင်ရာဥပဒေနှင့်အညီ ညှိနှိုင်းဖျန်ဖြေဆောင်ရွက်ပေး ရေး
  • အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ အလုပ်သမားရေးရာကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်ရေး
  • အလုပ်ရှင်နှင့် အလုပ်သမားတို့၏ သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား ဆက်ဆံရေး ကောင်းမွန်ပြီး ၊ လုပ်ငန်းခွင်အေးချမ်းသာယာစေရန်
  • အလုပ်သမားများ၏ ရပိုင်ခွင့်များကို မျှတမှန်ကန်စွာနှင့်မြန်ဆန်စွာ ရရှိခံစားနိုင်စေရန်
  • ဖြစ်ပေါ်လာသည့် အငြင်းပွားမှုများကို ဖြေရှင်းရာတွင် အမြန်ဆုံးနှင့် အထိရောက်ဆုံး ဖြေရှင်း ဆောင်ရွက်သွားရန်။
အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၏ ဆောင်ပုဒ်
  • " လူမှုတရားမျှတရေး ညှိနှိုင်းဖျန်ဖြေ ဆုံးဖြတ်ပေး"
ဦးစီးဌာနမှကျင့်သုံးလျှက်ရှိသောဥပဒေ၊နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များ
  • အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ(၂၀၁၂) ၊ ၃-၇-၂၀၁၅ ရက်စွဲ ပါ အမိန့်ကြော်ငြာစာ အမှတ်(၈၄/၂၀၁၅)



အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊( ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံး )

အမှတ်၊ပခ-၀၂၀၊ချင်းတွင်းလမ်း၊ မင်္ဂလာဒီပရပ်ကွက် ၊ ပုဗ္ဗသီရိမြို့ ။

၀၆၇-၅၁၀၁၅၃


ရှေ့သို့