အထူးသတင်းကြေငြာချက်
  • အထူးသတင်းကြေငြာချက်

လျှောက်ထားရန်

ဒေါ်လာရောင်း၊ဝယ် ဈေးနှုန်း

နိုင်ငံခြားငွေလဲလှယ်နှုန်း (၂၉.၁၁.၂၀၁၉)

အမေရိကန် တစ်ဒေါ်လာ ၁၅၁၁.၆
ဥရောပ တစ်ယူရို ၁၆၆၅.၀
တရုတ် တစ်ယွမ် ၂၁၄.၉၅
ထိုင်း တစ်ဘတ် ၄၉.၉၉၅
မလေးရှား တစ်ရင်းဂစ် ၃၆၂.၁၉
အိန္ဒိယ တစ်ရူပီ ၂၁.၁၄၀
ဂျပန် တစ်ရာယန်း ၁၃၈၁.၂
တောင်ကိုရီးယား တစ်ရာ၀မ် ၁၂၈.၂၀
သြစတြေးလျ တစ်ဒေါ်လာ ၁၀၂၂.၄
စင်ကာပူ တစ်ဒေါ်လာ ၁၁၀၆.၄
နေပြည်တော်ဘဏ်မှ ဝန်ဆောင်မှုပေးနေပါသည်။

နေပြည်တော်အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

ဦးစီးဌာနဖြစ်ပေါ်လာပုံနှင့် နောက်ခံသမိုင်းအကျဉ်း

၁။ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ရှေးပဝေဏီနှစ်ပေါင်းများစွာ ကာလကပင် တိုင်းရင်းသားမျိုးနွယ်စုကြီးများဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းလူမျိုးများသည် အေးအတူပူအမျှ အတူတကွ လက်တွဲနေထိုင်ခဲ့ကြသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် အရှေ့တောင်အာရှတွင် ပထ၀ီအနေအထားအရ စီးပွားရေးအခွင့်အလမ်းအရ မြေပေါ်မြေအောက်အဖိုးတန်သယံဇာတများ ပေါကြွယ်၀ခြင်းနှင့် ၀င်လမ်း/ထွက်လမ်းကောင်းများကြောင့် ကိုလိုနီနယ်ချဲ့ လက်၀ါးကြီးအုပ်လိုသူများ မျက်စိကျ(နှစ်လို)ခဲ့ကြသည်။ ကုန်းဘောင်မင်းဆက် ဘကြီးတော်ဘုရားလက်ထက် ၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲ၊ ပုဂံမင်းလက်ထက် ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲ၊ သီပေါမင်းလက်ထက် ၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်မြန်မာ တတိယစစ်ပွဲ ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီလက်အောက်သို့ ကျရောက်ခဲ့ရသည်။ အိန္ဒိယနိုင်ငံမှ ချစ်တီးနှင့် အကြမ်းအလုပ်သမားများ မြန်မာနိုင်ငံအတွင်းသို အတားအဆီးမရှိ ၀င်ရောက်လာပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို နည်းမျိုးစုံဖြင့် စိုးမိုးချယ်လှယ်လာခဲ့ရာ မြန်မာတိုင်းရင်းသားလူမျိုးများမှ လယ်မဲ့ယာမဲ့၊ အလုပ်လက်မဲ့ဘ၀သို့ ရောက်ခဲ့ရသည်။ ထို့အပြင် တရုတ်လူမျိုးများသည်လည်း မြန်မာနိုင်ငံအတွင်းသို့ ကုန်းကြောင်း၊ ရေကြောင်းများမှ တံခါးမရှိ၊ ဓားမရှိ ၀င်ရောက်ခဲ့ကြသည်။

၂။ ကိုလိုနီနယ်ချဲ့ အစိုးရ၏ သွေးခွဲဖိနှိပ်မှုများကြောင့် အိန္ဒိယလူမျိုးများနှင့် ၁၉၃၀ ခုနှစ်နှင့် ၁၉၃၈ ခုနှစ်များတွင် ကုလားမြန်မာ အဓိကရုဏ်းဖြစ်ပွားခဲ့သည်။ ယင်းဖြစ်ရပ်များကို အခြေခံ၍ နိုင်ငံခြားသားများ ၀င်ထွက်သွားလာမှုကို ထိန်းချုပ်နိုင်ရန် ၁၉၃၅ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရဥပဒေတွင် လူ၀င်မှုကြီးကြပ်ရေးဆိုင်ရာ ပြဌာန်းချက်များကို ဖော်ပြခဲ့သည်။ မြန်မာအိန္ဒိယညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီ:နောက် အိန္ဒိယလူမျိုးများ မြန်မာနိုင်ငံသို့ ၀င်ရောက်သွားလာမှုကို ကြပ်မတ်ဆောင်ရွက်ရန် သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့သည်။ မြန်မာလူမျိုး ဦးတင်ထွဋ်ဦးစီးပြီး မြန်မာကိုယ်စားလှယ်၊ အိန္ဒိယကိုယ်စားလှယ်နှင့် ဥရောပနွယ်ကိုယ်စားလှယ်တို့ ပါ၀င်သောလူ၀င်မှုကြီးကြပ်ရေးဗျူရို(ဘုတ်အဖွဲ့)ကို ၁၉၄၁ ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့၌ အလုပ်သမားဌာနအောက်တွင် ဖွဲ့စည်းပေးခဲ့ပါသည်။

၃။ တရုတ်လူမျိုးများနှင့် ပတ်သက်၍သော်လည်းကောင်း၊ လူ၀င်/လူထွက် ပြဿနာကြီးထွာလာသဖြင့် တရုတ်အစိုးရနှင့် မြန်မာအစိုးရတို့ ၁၉၄၁ ခုနှစ်၊ စက်တင်ဘာလတွင် လူ၀င်/လူထွက်ထိန်းသိမ်းရေးကိစ္စကို ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ ထိုသို့ နိုင်ငံခြားများ ၀င်/ထွက်သွာလာမှုကို စိစစ်ဆောင်ရွက်ရန် စီစဉ်နေစဉ် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့သဖြင့် ယင်းလုပ်သားများ ရပ်ဆိုင်သွားခဲ့ပါသည်။

၄။ ဒုတိယကမ္ဘာစစ်ကြီးပြီး ၁၉၄၅ ခုနှစ်၊ သြဂုတ်လ(၁၀)ရက်နေ့တွင် လူ၀င်မှုကြီးကြပ်ရေးဌာနခွဲအား နိုင်ငံခြားရေးဌာန လက်အောက်တွင် ဖွဲ့စည်းခဲ့ပါသည်။

၅။ (၄.၁.၁၉၄၈)ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၉၅၀ ခုနှစ်၊ ဖေဖော်၀ါရီလ(၂၄)ရက်နေ့တွင် အမျိုးသားစီမံကိန်း၀န်ကြီးဌာန လက်အောက်၌ ဗဟိုစာရင်းအင်းနှင့် ပူးပေါင်း၍ သန်းခေါင်စာရင်းမင်းကြီးရုံးကို ဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၁ ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအရာရှိချုပ်ရုံးကို ပြည်ထဲရေး၀န်ကြီးလက်အောက်တွင် ဖွဲ့စည်းခဲ့ပါသည်။

၆။ လူ၀င်မှုကြီးကြပ်ရေးဌာနနှင့် မှတ်ပုံတင်ရေးအရာရှိချုပ်ရုံးတို့ကို ပူးပေါင်း၍ ၁၉၅၇ ခုနှစ် ဇွန်လ(၆)ရက်နေ့တွင် လူ၀င်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး၀န်ကြီးဌာနအဖြစ် ဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၈ ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်နေ့တွင် သန်းခေါင်စာရင်းမင်းကြီးရုံးကိုလည်း လူ၀င်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန လက်အောက်သို့ ပြောင်းလဲဖွဲ့စည်းခဲ့သည်။၁၉၇၂ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် လူ၀င်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနကို ဖျက်သိမ်း၍ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအောက်တွင် ထားရှိခဲ့ပါသည်။

၇။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက်တွင် ၁၉၉၂ ခုနှစ်၊ မတ်လ (၂၀) ရက်စွဲပါစာအမှတ်၂၃/၉၂ ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန နှင့် သာသနာရေးဝန်ကြီးဌာနအဖြင့် ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်တွင် ထားရှိခဲ့ပါသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် စီမံခန့်ခွဲရေး လုပ်ငန်းများကိုပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ၁၉၉၅ ခုနှစ်၊ ဇွန်လ (၁၅) ရက် အမိန့်ကြေငြာစာအမှတ် ၃၁/၉၅ ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန(Ministry of Immigration and Population) အဖြစ် ဖွဲ့စည်းခဲ့ပါသည်။

၈။ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ၁၉၉၈ ခုနှစ် ၊ ဇန်နဝါရီ( ၁၂ ) ရက်စွဲဖြင့် ၁၉၉၇ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်တွင်ကျင်းပခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ၏ အစည်းအဝေး အမှတ်စဉ်(၃၇/၉၇)၌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီးမှ သဘောတူခွင့်ပြုချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန (Population Department ) ဟူ၍ ဖြစ်ပေါ်လာခဲ့ပါသည်။

၉။ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများကို စနစ်တကျစည်းကမ်းကြပ်မတ် ဆောင်ရွက်နိုင်ရန် အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအား ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးမှ တွဲဖက်တာဝန်ယူဆောင်ရွက်နေစဉ် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ(၁) ရက်နေ့မှ စ၍ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနအဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန လက်အောက်တွင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသား ဦးစီးဌာန၊ ပြည်သူ့အင်အား ဦးစီးဌာန ဟူ၍ ဦးစီးဌာန( ၃ )ခုဖြင့် ဖွဲ့စည်းခဲ့ပါသည်။

၁၀။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ်၊(၃/၂၀၁၆)အရာ ၂၀၁၆ ခုနှစ် မတ်လ ၃၀ရက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဟု ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေမှ ဝန်ကြီးဌာနအား တာဝန်ယူ ဆောင်ရွက်လျှက်ရှိပါသည်။

၀န်ကြီးဌာန၏ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်များ ၀န်ထမ်းဖွဲ့စည်းပုံ
၁၁။ တိုင်းဒေသကြီး ၀န်ထမ်းဖွဲ့စည်းပုံ
စဉ် ရာထူး အရေအတွက်
ညွှန်ကြားရေးမှူး
ဒုတိယညွှန်ကြားရေးမှူး
လက်ထောက်ညွှန်ကြားရေးမှူး
ရုံးအုပ်
လူ၀င်မှုကြီးကြပ်ရေးမှူး
ဒုတိယလူ၀င်မှုကြီးကြပ်ရေးမှူး
လက်ထောက်ကွန်ပျူတာမှူး
လက်ထောက်လူ၀င်မှုကြီးကြပ်ရေးမှူး
ယာဉ်မောင်း(၄)
၁၀ အမှုတွဲထိန်း
၁၁ ရုံးအကူ
၁၂ ရုံးစောင့်
စုစုပေါင်း ၂၂
၁၂။ ခရိုင်ဦးစီးမှုးရုံးဖွဲ့စည်းပုံ
စဉ် ရာထူး အရေအတွက်
ဒုတိယညွှန်ကြားရေးမှူး
လက်ထောက်ညွှန်ကြားရေးမှူး
ဦးစီးအရာရှိ
လူ၀င်မှုကြီးကြပ်ရေးမှူး
ဌာနခွဲစာရေး
ဒုတိယလူ၀င်မှုကြီးကြပ်ရေးမှူး
အကြီးတန်းစာရေး
လက်ထောက်ကွန်ပျူတာမှူး
လက်ထောက်လူ၀င်မှုကြီးကြပ်ရေးမှူး
၁၀ ယာဉ်မောင်း(၅)
၁၁ အမှုတွဲထိန်း
၁၂ ရုံးစောင့်
စုစုပေါင်း ၁၆
၁၃။ မြို့နယ်ဦးစီးမှုးရုံးဖွဲ့စည်းပုံ
စဉ် ရာထူး အရေအတွက်
ဦးစီးအရာရှိ
လူ၀င်မှုကြီးကြပ်ရေးမှူး
ဒုတိယလူ၀င်မှုကြီးကြပ်ရေးမှူး
လက်ထောက်လူ၀င်မှုကြီးကြပ်ရေးမှူး
အငယ်တန်းစာရေး
ဒုတိယလက်ထောက်ကွန်ပျူတာမှူး
အမှုတွဲထိန်း
ရုံးစောင့်
စုစုပေါင်း ၂၅
လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန(၃)ခု၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာ၀န်များ ၁၄။ ရည်မှန်းချက်
    1. (က)နိုင်ငံသား၊ နိုင်ငံခြားသားများ ပြည်တွင်းပြည်ပ၀င်ထွက်မှုကို ဥပဒေပြဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်ခြင်း
    2. (ခ)ဥပဒေမဲ့၀င်ရောက်လာသူများအား ဖော်ထုတ်၍ ဥပဒေပြဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်ခြင်း
    3. (ဂ)နိုင်ငံခြားသားများ ပြည်တွင်း၌ နေထိုင်သွားလာလှုပ်ရှားမှုများကို ဥပဒေပြဌာန်းချက်များနှင့်အညီ ကြပ်မတ်ထိန်းသိမ်းခြင်း
    4. (ဃ)ဥပဒေပြဌာန်းချက်များနှင့်အညီ မှတ်ပုံတင်ပြခြင်း၊ စစ်ဆေးခြင်းနှင့် ပြောင်းလဲမှုများအား မှတ်တမ်းတင်ခြင်း
    5. (င)၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း
    6. (စ)တစ်မျိုးသားလုံးလူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်လူဦးရေမူ၀ါဒကို ချမှတ်နိုင်ရန် လူဦးရေဆိုင်ရာ ပြည်တွင်း/ပြည်ပ အချက်အလက်များကို ဆန်းစစ်လေ့လာ၍ နိုင်ငံတော်သို့ တင်ပြခြင်း
    7. (ဆ)နိုင်ငံတော်မူ၀ါဒအရ လိုအပ်သောအချိန်ကာလအတွက် တိကျမှန်ကန်သော လူဦးရေစာရင်းရရှိရန် လူဦးရေသန်းခေါင်စာရင်းကောက်ယူခြင်း
    8. (ဇ)နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေးစီမံကိန်းများနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက် အထောက်အကူဖြစ်စေမည့်လူဦးရေ ကိန်းဂဏန်းများရရှိစေရန် စာတမ်းများကောက်ယူခြင်းနှင့် နိုင်ငံတော်၏ ဒေသအသီးသီးအလိုက် လူဦးရေခန့်မှန်းပေးခြင်း
    9. (စျ)ပြည်တွင်း/ပြည်ပ လူဦးရေလှုပ်ရှားမှုများ၊ လူသားခြင်းစာနာ ထောက်ထားမှုဖြင့် အထောက်အပံ့ပေးသည့် လုပ်ငန်းများအတွက် ကမ္ဘာ့လူဦးရေရန်ပုံငွေအဖွဲ့နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့နှင့် အဓိက​ဆက်သွယ်ဆောင်ရွက်ပေးသော (Focal Point)အဖြစ် ဆောင်ရွက်ခြင်း
၁၅။ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန(၃)ခု၏ အဓိကလုပ်ငန်းတာ၀န်ကြီး(၃)ရပ်
    1. (က)လူ၀င်မှုကြီးကြပ်ရေးလုပ်ငန်း
    2. (ခ)အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားလုပ်ငန်း
    3. (ဂ)ပြည်သူ့အင်အားစာရင်းကောက်ယူထိန်းသိမ်းရေးလုပ်ငန်း
၁၆။ ဦးစီးဌာန၏ ဆောင်ပုဒ်
    1. "မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည်"
ဦးစီးဌာနမှ ကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်ညွှန်ကြားချက်များ
၁၇။ ဦးစီးဌာနမှ ကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ဥပဒေများ
    1. (၁)၁၈၆၄ ခုနှစ်၊ နိုင်ငံခြားသားများ အက်ဥပဒေ
    2. (၂)၁၉၄၀ ပြည့်နှစ်၊ နိုင်ငံခြားသားများ မှတ်ပုံတင်ရေးအက်ဥပဒေ
    3. (၃)ကင်းလွတ်ခွ့င်အမိန့်အမှတ်(၄)
    4. (၄)၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံလူ၀င်မှုကြီးကြပ်ရေး(လက်တလောပြဌာန်းချက်များ)အက်ဥပဒေ
    5. (၅)၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားအဖြစ်(ရွေးချယ်ရေး)အက်ဥပဒေ
    6. (၆)၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှုအက်ဥပဒေ
    7. (၇)၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများမှတ်ပုံတင်ရေးအက်ဥပဒေ
    8. (၈)၁၉၈၂ ခုနစ်၊ မြန်မာနိုင်ငံသားဥပဒေ
    9. (၉)၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းဥပဒေ
(ခ) နည်းဥပဒေများ
    1. (၁)၁၉၄၈ ခုနှစ်၊ နိုင်ငံခြားသားများ မှတ်ပုံတင်ရေးနည်းဥပဒေ
    2. (၂)၁၉၅၁ ခုနှစ်၊ မြန်မာနိုင်ငံလူ၀င်မှုကြီးကြပ်ရေး(ချုပ်နှောင်ခြင်း)နည်ဥပဒေ
    3. (၃)၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများမှတ်ပုံတင်ရေးနည်းဥပဒေ
    4. (၄)မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ(နိုင်ငံသား/ဧည့်နိုင်ငံသား/နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ လုပ်ထုံးလုပ်နည်းများ
    5. (၅)နိုင်ငံခြားသားများ အမြဲနေထိုင်ခွင့်ဆိုင်ရာ နည်းဥပဒေများ(၁၈.၁၁.၂၀၁၄)
    6. (၆)နိုင်ငံတော်သမ္မတရုံး၏ (၁၁.၂.၂၀၁၅)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၁၉/၂၀၁၅)
လိပ်မူပါဌာနနှင့် ကွပ်ကဲမှုအောက်ရှိ ခရိုင်/မြို့နယ်ရုံးများ၏ ရုံးဓာတ်ပုံ၊ လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်များ
၁၈။ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး

ပြည်ထောင်စုနယ်ဦးစီးရုံးတည်နေရာ - ဇမ္ဗူသီရိမြို့နယ်၊နေပြည်တော်ကောင်စီရုံး၀င်း
ဆက်သွယ်ရန်ဖုံးနံပါတ်များ ၀၆၇−၅၅၀၂၈၇
ဆက်သွယ်ရန်ဖုံးနံပါတ်များ - ၀၆၇−၅၅၀၁၉၈
ဆက်သွယ်ရန်ဖုံးနံပါတ်များ - ၀၆၇−၅၅၀၂၈၆
၁၉။ ဒက္ခိဏခရိုင်ဦးစီးမှူးရုံး

ဒက္ခိဏခရိုင်ဦးစီးမှူးရုံးတည်နေရာ - ကံလှရွာတောင်ဘက်၊အမှတ်(ပခ−၃၄)ပုဗ္ဗသီရိမြို့နယ်
ဆက်သွယ်ရန်ဖုံးနံပါတ်များ ၀၆၇−၅၅၀၂၈၃
ဆက်သွယ်ရန်ဖုံးနံပါတ်များ - ၀၆၇−၅၅၀၂၂၃
၂၀။ ပျဉ်းမနားမြို့နယ်ဦးစီးမှူးရုံး

ပျဉ်းမနားမြို့နယ်ဦးစီးမှူးရုံးတည်နေရာ - ချယ်ရီလမ်း၊ပေါင်းလောင်း(၂)၊ရွာကောက်ရပ်ကွက်
ဆက်သွယ်ရန်ဖုံးနံပါတ်များ ၀၆၇−၂၂၁၇၆
၂၁။ လယ်ဝေးမြို့နယ်ဦးစီးမှူးရုံး

လယ်ဝေးမြို့နယ်ဦးစီးမှူးရုံးတည်နေရာ - အင်ဘု(၆)လမ်း၊ အမှတ်(၇)ရက်ကွက်
ဆက်သွယ်ရန်ဖုံးနံပါတ်များ ၀၆၇−၃၀၃၆၃
၂၂။ ဇမ္ဗူသီရိမြို့နယ်ဦးစီးမှူးရုံး

ဇမ္ဗူသီရိမြို့နယ်ဦးစီးမှူးရုံးတည်နေရာ - ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်ကောင်စီရုံး၀င်း
ဆက်သွယ်ရန်ဖုံးနံပါတ်များ ၀၆၇−၅၅၀၂၇၆
၂၃။ ဒက္ခိဏသီရိမြို့နယ်ဦးစီးမှူးရုံး

ဒက္ခိဏသီရိမြို့နယ်ဦးစီးမှူးရုံးတည်နေရာ - ကံကော်ပန်းအ၀ိုင်းအနီး၊အဝေးပြေးလမ်းမကြီးဘေး၊ဒက္ခိဏသီရိရက်ကွက်
ဆက်သွယ်ရန်ဖုံးနံပါတ်များ ၀၆၇−၄၃၄၀၃၄
၂၄။ ဥတ္တရခရိုင်ဦးစီးမှူးရုံး

ဥတ္တရခရိုင်ဦးစီးမှူးရုံးတည်နေရာ - မင်္ဂလာဒီပရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်
ဆက်သွယ်ရန်ဖုံးနံပါတ်များ ၀၆၇−၅၁၀၁၇၄
ဆက်သွယ်ရန်ဖုံးနံပါတ်များ ၀၆၇−၅၁၀၁၄၈
၂၅။ တပ်ကုန်းမြို့နယ်ဦးစီးမှူးရုံး

တပ်ကုန်းမြို့နယ်ဦးစီးမှူးရုံးတည်နေရာ - မြ၀တီရပ်ကွက်
ဆက်သွယ်ရန်ဖုံးနံပါတ်များ ၀၆၇−၇၀၀၀၃
၂၆။ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံး

ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးတည်နေရာ - ရွှေတွင်းကုန်းကျေးရွာအနီး၊ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေး
ဆက်သွယ်ရန်ဖုံးနံပါတ်များ
၂၇။ ပုဗ္ဗသီရိမြို့နယ်ဦးစီးမှူးရုံး

ပုဗ္ဗသီရိမြို့နယ်ဦးစီးမှူးရုံးတည်နေရာ - မင်္ဂလာဒီပရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်
ဆက်သွယ်ရန်ဖုံးနံပါတ်များ ၀၆၇−၅၁၀၁၃၂
၂၈။ ဥတ္တရသီရိမြို့နယ်ဦးစီးမှူးရုံး

ဥတ္တရသီရိမြို့နယ်ဦးစီးမှူးရုံးတည်နေရာ - အိုးရှင်းစင်တာအနီး၊ ဥတ္တရသီရိရပ်ကွက်
ဆက်သွယ်ရန်ဖုံးနံပါတ်များ ၀၆၇−၄၁၇၆၁၉

ရှေ့သို့