အမေရိကန် | တစ်ဒေါ်လာ | ၁၃၇၃.၉ |
ဥရောပ | တစ်ယူရို | ၁၅၅၅.၈ |
တရုတ် | တစ်ယွမ် | ၁၉၇.၇၃ |
ထိုင်း | တစ်ဘတ် | ၄၃.၆၉၉ |
မလေးရှား | တစ်ရင်းဂစ် | ၃၂၄.၈၄ |
အိန္ဒိယ | တစ်ရူပီ | ၁၈.၆၃၀ |
ဂျပန် | တစ်ရာယန်း | ၁၃၀၆.၂ |
တောင်ကိုရီးယား | တစ်ရာ၀မ် | ၁၁၅.၃၂ |
သြစတြေးလျ | တစ်ဒေါ်လာ | ၈၉၆.၈၀ |
စင်ကာပူ | တစ်ဒေါ်လာ | ၉၈၈.၁၀ |
၁။ အိမ်တွင်းစက်မှုလက်မှုဌာနအဖြစ်ဒုတိယကမ္ဘာစစ် မတိုင်မီကပင် တည်ထောင်ခဲ့သည်။၁၉၄၇ ခုနှစ်တွင် စက်မှုလက်မှုညွှန်ကြားရေးဌာနအဖြစ်သို့ တိုးချဲ့ဖွဲ့စည်းသည်။၁၉၅၂ ခုနှစ်တွင် စက်မှုလက်မှုညွှန်ကြားရေးဌာနသည် ပုဂ္ဂလိကစက်မှုလက်မှုလုပ်ငန်း တိုးတက်ဖွံ့ဖြိုးရေးအတွက် လွှဲပြောင်းတာ၀န်ယူခဲ့သည်။၁၉၇၂ ခုနှစ်တွင် စက်မှု၀န်ကြီးဌာနလက်အောက်မှ သမဝါယမ၀န်ကြီးဌာနအောက်သို့ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းသည်။၁၉၇၆ ခုနှစ်တွင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းသည်။၁၉၈၂ ခုနှစ်တွင် ရက်ကန်းကျောင်း(၁၄)ကျောင်းကို ပညာရေး၀န်ကြီးဌာန၊ စက်မှုစိုက်ပျိုး နှင့်သက်မွေးပညာဦးစီးဌာနလက်အောက်မှ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသို့ လွှဲပြောင်းသည်။ ၁၉၉၇ ခုနှစ်၊ ဇွန်လ၊(၂၅)ရက်နေ့ နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစည်းအဝေး(၂၄/၉၇)၏သဘောတူညီချက်အရ အိမ်တွင်းစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနကို ဦးစီးဌာနအဆင့်(၁)သို့ တိုးမြှင့် ဖွဲ့စည်းခွင့် ပြုခဲ့ပါသည်။၂၀၁၁ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအဖြစ် အမည်ပြောင်းလဲခဲ့ပါသည်။
၂။ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအား ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၉/၂၀၁၄)အရ ၂၂.၅.၂၀၁၄ ရက်စွဲပါစာအမှတ်၊ ၁၄/၂၅၇/အဖရ (၉/၂၀၁၄)ဖြင့်တိုးချဲ့ဖွဲ့စည်း ဖွင့်လှစ်ခွင့်ရရှိခဲ့ပါသည်။ သမဝါယမဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၂၃.၆.၂၀၁၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၃၁/၂၀၁၄အရ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနကို ၁.၁.၂၀၁၅ရက်နေ့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)တွင် တွဲဘက်ဖွင့်လှစ်ခဲ့ပြီး ၉.၃.၂၀၁၅ ရက်နေ့မှစ၍ နေပြည်တော်ကောင်စီရုံးအဆောက်အဦတွင် ရုံးစတင်ဖွင့်လှစ်ခဲ့ပါသည်။ ယခုအခါဝန်ထမ်းအင်အား(၉)ဦးဖြင့် နေပြည်တော်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ နေပြည်တော်ကောင်စီရုံး ယာယီရုံးခန်းတွင် ရုံးလုပ်ငန်းများပုံမှန် ဆောင်ရွက်လျက်ရှိပါသည်။
နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ဝန်ထမ်းဖွဲ့စည်းပုံစဉ် | ဌာန | ခွင့်ပြု | ခန့်ထား | လစ်လပ် | မှတ်ချက် |
---|---|---|---|---|---|
၁ | အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန | ၂၅ | ၉ | ၁၆ |
အသေးစားစက်မှုလက်မှုလုပ်ငန်းများ၊ ရက်ကန်းလုပ်ငန်းများ၊ ပန်း(၁၀)မျိုးအပါအဝင် ရိုးရာလက်မှုလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအားပေး ဆောင်ရွက်ရန်။
နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းတာဝန်များ (Mission)အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းတာဝန်များအနက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အောက်ပါလုပ်ငန်းတာဝန်(၈)ရပ်ကို ဆောင်ရွက်လျက်ရှိပါသည်-
ရုံးတည်နေရာ | − | နေပြည်တော်ကောင်စီဝန်း၊ ပင်မနှစ်ထပ်ရုံးအောက်ထပ် |
ဆက်သွယ်ရန်ဖုန်း | − | ၀၆၇- ၅၅၀၃၆၃ (Fax) ၊ ၀၉- ၇၉၉၂၂၂၇၇၉၊၀၉- ၄၃၀၃၄၅၉၈၊ ၀၉- ၇၉၂၁၄၇၁၈၈ |