အထူးသတင်းကြေငြာချက်

လျှောက်ထားရန်

ဒေါ်လာရောင်း၊ဝယ် ဈေးနှုန်း

နိုင်ငံခြားငွေလဲလှယ်နှုန်း (၁၈.၁၀.၂၀၁၉)

အမေရိကန် တစ်ဒေါ်လာ ၁၅၃၃.၁
ဥရောပ တစ်ယူရို ၁၇၀၀.၃
တရုတ် တစ်ယွမ် ၂၁၆.၅၈
ထိုင်း တစ်ဘတ် ၅၀.၅၇၂
မလေးရှား တစ်ရင်းဂစ် ၃၆၆.၃၈
အိန္ဒိယ တစ်ရူပီ ၂၁.၅၂၀
ဂျပန် တစ်ရာယန်း ၁၄၀၈.၈
တောင်ကိုရီးယား တစ်ရာ၀မ် ၁၂၉.၉၇
သြစတြေးလျ တစ်ဒေါ်လာ ၁၀၄၃.၃
စင်ကာပူ တစ်ဒေါ်လာ ၁၁၂၁.၉
နေပြည်တော်ဘဏ်မှ ဝန်ဆောင်မှုပေးနေပါသည်။

နေပြည်တော်အားကစားနှင့်ကာယပညာဦးစီးဌာန

ဦးစီးဌာန စတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း

မြန်မာနိုင်ငံ၏ အားကစားသမိုင်းကို လေ့လာကြည့်လျှင် ယခင်ကရိုးရာအားကစားနည်းများ ထွန်းကားခဲ့ရာမှ အားကစားလှုပ်ရှားမှုများ အဆင့်ဆင့်ပေါ်ပေါက်လာသောကာလကို အောက်ပါအတိုင်း တွေ့နိုင်မည်ဖြစ်ပါသည်။

  • BURMA ATHLETIC ASSOCIATION (B.A.A)ကာလ
  • အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေးကောင်စီ (National Fitness council) မပေါ်မီကာလ (သို့မဟုတ်) BURMA OLYMPIC ASSOCIATION) ကာလ
  • အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေးကောင်စီ (National Fitness council) ကာလ
  • မြန်မာနိုင်ငံအားကစားနှင့်ကာယပညာကော်မတီကာလ
  • အာကစားနှင့်ကာယပညာဦးစီးဌာန
  • အားကစား၀န်ကြီးဌာန
BURMA ATHLETIC ASSOCIATION (B.A.A)ကာလ

(၂၀)ရာစုအ၀င်မှ ၁၉၄၁ ခုနှစ်အထိ ကာလဖြစ်ပြီး ရန်ကုန်မြို့ကို ဗဟိုပြုလျှက် (BURMA ATHLETIC ASSOCIATION) နှင့် မန္တလေးမြို့ကိုဗဟိုပြုလျှက် (Upper Burma Athletic Asso citation)တို့က တာ၀န်ယူဦးဆောင်၍ အားကစားလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

၁၉၃၆ ခုနှစ်၊ ဂျာမဏီနိုင်ငံ၊ ဘာလင်မြို့တွင်ကျင်းပသည့် (၁၁)ကြိမ်မြောက် အိုလံပစ်ပြိုင်ပွဲတွင် အလေးမအားကစားသမား ဦးဇော်ဝိတ်နှင့် နည်းပြ ဦးရှိန်တို့က ထိုစဉ်က မြန်မာနိုင်ငံလွတ်လပ်ရေး မရသေးသဖြင့် အိန္ဒိယနိုင်ငံ ကိုယ်စားပြု ပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။

အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေးကောင်စီ (National Fitness council) မပေါ်မီကာလ (သို့မဟုတ်) BURMA OLYMPIC ASSOCIATION) ကာလ

ဒုတိယကမ္ဘာစစ်ပြီးချိန်မှ ၁၉၅၀ပြည့်နှစ် အစပိုင်းအထိဖြစ်ပြီး၊ ၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ(၂၆)ရက် နေ့တွင် Burma Olympic Association (B.O.A)ကို စတင်ဖွဲ့စည်းခဲ့ပါသည်။ နာယကအဖြစ် အမျိုးသားခေါင်းဆောင်းကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်ဘုရင်ခံ (Sir Wubert Rance)တို့က ဆောင်ရွက် ခဲ့ကြသည်။

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ(၉)ရက်နေ့တွင် B.O.A သည် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ International Olympic Committee (I.O.C)နှင့် တရား၀င်ဆက်သွယ်ခဲ့ပြီး ၁၉၄၈ခုနှစ်၊ (၁၄)ကြိမ် မြောက် လန်ဒန်အိုလံပစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် စတင်ပါ၀င်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါသည်။

အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေးကောင်စီ (National Fitness council) ကာလ

၁၉၅၀ ခုနှစ်မှ ၁၉၆၄ ခုနှစ်အထိ ကာလဖြစ်ပါသည်။ ၁၉၅၀၊ အောက်တိုဘာလ(၉)ရက်နေ့တွင် အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေးကောင်စီကို ဥပဒေနှင့်အညီ ဖွဲ့စည်းခဲ့ပြီး ဥက္ကဌ ကျန်းမာရေး၀န်ကြီးနှင့် အဖွဲ့၀င်(၁၅)ဦး ပါ၀င်သည်။ အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေးကောင်စီ၏ ရည်ရွယ်ချက်မှာ တစ်မျိုးသား လုံး၏ ကျန်းမာရေးနှင့်လူငယ်တို့၏ ကိုယ်လက်ကြံ့ခိုင်ရေးကို အထူးဂရုပြုဆောင်ရွက်ရန်ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် ခရိုင်စည်ရုံးရေးမှူးများ ခန့်အပ်တာ၀န်ပေးပြီး အားကစားလုပ်ငန်းများ ဆောင်ရွက်ခဲ့ သည်။

၁၉၅၂ ခုနှစ်မှစတင်၍ ပြည်နယ်နှင့်တိုင်းဘောလုံးပြိုင်ပွဲကို ကျင်းပပေးခဲ့သည်။ အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေးကောင်စီကာလအတွင်း ၁၉၅၇ ခုနှစ်တွင် အရှေ့တောင်အာရှ လက်ဝှေ့ပြိုင်ပွဲနှင့် ၁၉၆၁ ခုနှစ်တွင် ဒုတိယအကြိမ် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲတို့ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးနိုင်ခဲ့သည်။

မြန်မာနိုင်ငံအားကစားနှင့်ကာယပညာကော်မတီကာလ

၁၉၆၄ ခုနှစ်မှ ၁၉၇၂ ခုနှစ်အတွင်းဖြစ်ပြီး ဥက္ကဌအဖြစ် ကျန်းမာရေး၀န်ကြီးဌာန၀န်ကြီး အတွင်းရေးမှူးအဖြစ် အားကစားနှင့်ကာယပညာကော်မတီရုံး ညွှန်ကြားရေးမှူးချုပ်တို့ဖြင့် ၁၉၆၄ ခုနှစ်၊ မေလ(၂၇)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ တစ်နိုင်ငံလုံးတွင် တိုင်း/ခရိုင်နှင့် မြို့နယ် အားကစားနှင့် ကာယပညာကော်မတီများ ဖွဲ့စည်း၍ အားကစားမှူးများ ခန့်အပ်တာ၀န်ပေးဆောင်ရွက်ခဲ့သည်။

အားကစား၀န်ကြီးဌာနသမိုင်းအကျဉ်းနှင့် လက်ရှိဖွဲ့စည်းပုံအကျဉ်း

အားကစားနှင့်ကာယပညာဦးစီးဌာန ဖွဲ့စည်းဆောင်ရွက်ခြင်း

၁၉၇၂ ခုနှစ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနကို ကျန်းမာရေး၀န်ကြီးဌာနလက်အောက် တွင် စတင်ဖွဲ့စည်းတာ၀န်ပေးအပ်ခဲ့ပြီး ၁၉၉၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှစ၍ ၀န်ကြီးချုပ်ရုံး၊ ၀န်ကြီး ဌာန လက်အောက်သို့ ပြောင်းရွှေ့ဖွဲ့စည်းတာ၀န်ပေးအပ်ခဲ့သည်။

အားကစား၀န်ကြီးဌာန ဖွဲ့စည်းခြင်း

နိုင်ငံတော်၏ အားကစားအဆင့်အတန်းမြင့်မားရေးကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက် နိုင်စေရန်အတွက် နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာလ(၁၈) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၀/၉၆)ဖြင့် အားကစား၀န်ကြီးဌာနကို ဖွဲ့စည်းပေးခဲ့ပြီး အားကစား နှင့်ကာယပညာဦးစီးဌာနကို အားကစား၀န်ကြီးဌာနအောက်သို့ ပြောင်းရွှေ့ခဲ့သည်။

(ကက)ပြည်ထောင်စုနယ်မြေ အား/ကာဦးစီးဌာနရုံးဖွဲ့စည်းပုံ


စဉ် ရာထူးအမည် ခွင့် ခန့်ထား လစ်လပ် မှတ်ချက်
ဒုတိယညွှန်ကြားရေးမှူး
လက်ထောက်ညွှန်ကြားရေးမှူး အားကစားကွင်း/အားကစားရုံတွဲ
ဦးစီးအရာရှိ
လက်ထောက်အင်ဂျင်နီယာ
ရုံးအုပ်
ဌာနခွဲစာရေး
စာရင်းကိုင်(၂)
ဒု−ကြီးကြပ်ရေးမှူး
အကြီးတန်းစာရေး
၁၀ အငယ်တန်းစာရေး -
၁၁ ဒု−လ/ထကွန်ပျူတာလုပ်ဆောင်ရေးမှူး -
၁၂ ယာဉ်မောင်း(၅) -
၁၃ ရုံးအကူ -
၁၄ ဒုတိယညွှန်ကြားရေးမှူး -
၁၅ အစောင့်
စုစုပေါင်း ၁၈ ၁၁
ဦးစီးဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာ၀န်များ

ရည်မှန်းချက်

  • မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်
  • နိုင်ငံတကာအားကစားတွင် အဆင့်မီအရည်အသွေးရှိသော ထူးချွန်အောင်မြင်သည့် အားကစား သမားများ ပေါ်ထွက်လာစေရန်
  • နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် မြန်မာ့အားကစားသမားများ အောင်မြင်မှုများရရှိစေရန်
  • လုပ်ငန်းတာ၀န်ကြီး(၄)ရပ်
    • တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး
    • မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေး
    • အရှေ့တောင်အာရှအဆင့်တွင် အောင်မြင်မှုရရှိရေး
    • အရှေ့တောင်အာရှမှ အာရှ၊ အာရှမှ ကမ္ဘာအဆင့်အထိ တက်လှမ်းနိုင်အောင် ကြိုးပမ်းရေး
    ဦးစီးဌာန၏ ဆောင်ပုဒ်များ
    • တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး
    • မြန်မာ့အားကစားမှ ကမ္ဘာ့အားကစားသို့
    • လူထုအားကစားလှုပ်ရှားမှုနှင့် အားကစားပညာပေးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရေး (Mass Sport)
    ဦးစီးဌာနမှကျင့်သုံးလျှက်ရှိသော နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များ

    ပြည်ထောင်စုနယ်မြေ အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ရုံးလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ပြည်ထောင်စုရာထူး၀န်အဖွဲ့မှ ထုတ်ပြန်ထားသော နိုင်ငံ့၀န်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ဘဏ္ဍာရေးစည်းမျဉ်း/စည်းကမ်းများနှင့်အညီ ဆောင်ရွက်လျှက်ရှိပါသည်။

    လိပ်မူပါဌာနှင့်ကွပ်ကဲမှုအောက်ရှိ ခရိုင်/မြို့နယ်ရုံးများ၏ ရုံးဓာတ်ပုံ၊ လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်များ
    စဉ် တိုင်း/ခရိုင်/မြို့နယ် ရပ်ကွက် ဖုန်းနံပါတ်များ မှတ်ချက်
    ၁။ ပြည်ထောင်စုနယ်မြေအား/ကာ ရွာကောက်ရပ်ကွက် ရန်ကုန်-မန္တလေး လမ်းဘေး၊ ပေါင်းလောင်း ၀၆၇-၂၂၀၈၂
    ၂။ ဒက္ခိဏခရိုင်အား/ကာ ရွာကောက်ရပ်ကွက် ရန်ကုန်-မန္တလေး ၀၆၇-၂၂၀၈၀
    ၃။ လယ်ဝေးမြို့နယ်အား/ကာ အမှတ်(၇)ရပ်ကွက် ၀၆၇-၃၀၄၂၇
    ၄။ တပ်ကုန်းမြို့နယ်အား/ကာ မြ၀တီရပ်ကွက် ၀၆၇-၈၀၇၀၂၆၄


    ပြည်ထောင်စုနယ်မြေရုံး




    လယ်ဝေးရုံး




    ဒက္ခိဏခရိုင်ရုံး




    တပ်ကုန်းရုံး


ရှေ့သို့