အထူးသတင်းကြေငြာချက်

လျှောက်ထားရန်

ဒေါ်လာရောင်း၊ဝယ် ဈေးနှုန်း

နိုင်ငံခြားငွေလဲလှယ်နှုန်း (၁၈.၁၀.၂၀၁၉)

အမေရိကန် တစ်ဒေါ်လာ ၁၅၃၃.၁
ဥရောပ တစ်ယူရို ၁၇၀၀.၃
တရုတ် တစ်ယွမ် ၂၁၆.၅၈
ထိုင်း တစ်ဘတ် ၅၀.၅၇၂
မလေးရှား တစ်ရင်းဂစ် ၃၆၆.၃၈
အိန္ဒိယ တစ်ရူပီ ၂၁.၅၂၀
ဂျပန် တစ်ရာယန်း ၁၄၀၈.၈
တောင်ကိုရီးယား တစ်ရာ၀မ် ၁၂၉.၉၇
သြစတြေးလျ တစ်ဒေါ်လာ ၁၀၄၃.၃
စင်ကာပူ တစ်ဒေါ်လာ ၁၁၂၁.၉
နေပြည်တော်ဘဏ်မှ ဝန်ဆောင်မှုပေးနေပါသည်။

ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး

စတင်ပေါ်ပေါက်လာပုံ

ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအား ယခင်နေပြည်တော်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးအဖြစ်ဖွဲ့စည်းခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့၏အစည်းအဝေးအမှတ်စဉ် (၁၈/၂၀၁၄) မှ သဘောတူခွင့်ပြုချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က (၂၄.၁၀.၂၀၁၄) ရက်စွဲပါ အမိန့် ကြော်ညာစာအမှတ်၊၅၈/၂၀၁၄ဖြင့် နေပြည်တော်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအား တိုင်းဒေသကြီး/ ပြည်နယ်အဆင့်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး(၁၄)ရုံးတွင် ထည့်သွင်း၍(၁၅)ရုံး အဖြစ် တိုးချဲ့ဖွဲ့စည်း ခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်သမ္မတက (၁၇.၆.၂၀၁၅)ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ သည့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥပဒေအား ဒုတိယအကြိမ်ပြင်ဆင်ခဲ့သည့်ဥပဒေတွင် ပြည်ထောင်စု နယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖြစ်ပြောင်းလဲပြင်ဆင်သတ်မှတ်ခဲ့ပါသည်။ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးလက်အောက်တွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး(၂)ရုံးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး(၈)ရုံးတို့ဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား စဉ်ဆက် မပြတ်ဆောင်ရွက်လျက် ရှိပါသည်။

စဉ် ရာထူး ဖွဲ့စည်း ခန့်အပ် လစ်လပ်
ဒုတိယညွန်ကြားရေးမှူး -
လက်ထောက်ညွှန်ကြားရေးမှူး -
ဦးစီးအရာရှိ -
ဒုတိယဦးစီးမှူး -
ဒုတိယဦးစီးမှူး -
ဒုတိယဦးစီးမှူး -
ဒုတိယဦးစီးမှူး -
အကြီးတန်းစာရေး -
အငယ်တန်းစာရေး -
ယာဉ်မောင်း -
ရုံးအကူ -
စုစုပေါင်း
ရည်မှန်းချက်

စစ်မှန်ခိုင်မာသောဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် အများယုံကြည်လက်ခံသော လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲများကို တူညီသောအခွင့်အရေးဖြင့် ဘက်လိုက်ခြင်းမရှိဘဲ ပွင့်လင်းမြင်သာစွာ ကျင်းပပေးရန်ဖြစ်ပါသည်။

လုပ်ငန်းတာဝန်များ
  • လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပခြင်း
  • လွှတ်တော်ရွေးကောက်ပွဲများကို ကြီးကြပ်ခြင်း
  • သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ကြီးကြပ်ခြင်း
  • မဲစာရင်းများကိုပြုစုခြင်း၊ ပြင်ဆင်ခြင်းနှင့် ကြေညာခြင်း
  • ရရှိသည့်ရန်ပုံငွေများကို စနစ်တကျသုံးစွဲခြင်း၊ သုံးစွဲစေခြင်း
  • နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီများကိုကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း
  • ရွေးကောက်ပွဲနှင့်သက်ဆိုင်သော စာရင်းဇယားများနှင့် မှတ်တမ်းများကို တိကျစွာပြုစု ထိန်းသိမ်းခြင်း
  • လျှို့ဝှက်ဆန္ဒမဲပေးခြင်းကို စာရင်းဇယားများနှင့် မှတ်တမ်းများကို တိကျစွာပြုစု ထိန်းသိမ်းခြင်း
  • ကော်မရှင်ကထုတ်ပြန်ထားသော စာရင်းအချက်အလက်များမှတစ်ပါး အခြားကိစ္စများနှင့် စပ်လျဉ်း၍ ပေါက်ကြားခြင်းမပြုစေရန် စောင့်ထိန်းခြင်း
  • ရွေးကောက်ပွဲတွင်လွှတ်တော်ကိုယ်စာလှယ်လောင်းတစ်ဦးဦးအတွက် မှန်မှန်ကန်ကန် ဆောင်ရွက်ခြင်း၊မည်သည့်လွှတ်တော် ကိုယ်စားလှယ်လောင်းများအတွက်မျှ မဲမဆွယ် ရခြင်း၊ ဘက်မလိုက်ရခြင်း
  • ကော်မရှင်ကပေးအပ်သောတာဝန်များကို ထမ်းဆောင်ခြင်း
ဆောင်ပုဒ်များ
  • အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီနိုင်ငံသို့
ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းလမ်းညွှန်များ
  • ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ
  • အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ
  • တိုင်းဒေသကြီး/ ပြည်နယ်ရွေးကောက်ပွဲဥပဒေများ၊ နည်းဥပဒေများ
  • နိုင်ငံရေးပါတီများမှမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများ
  • ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်လုပ်ငန်းလမ်းညွှန်များ
  • မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းလမ်းညွှန်များ













































ရှေ့သို့