အထူးသတင်းကြေငြာချက်

လျှောက်ထားရန်

ဒေါ်လာရောင်း၊ဝယ် ဈေးနှုန်း

နိုင်ငံခြားငွေလဲလှယ်နှုန်း (၁၈.၁၀.၂၀၁၉)

အမေရိကန် တစ်ဒေါ်လာ ၁၅၃၃.၁
ဥရောပ တစ်ယူရို ၁၇၀၀.၃
တရုတ် တစ်ယွမ် ၂၁၆.၅၈
ထိုင်း တစ်ဘတ် ၅၀.၅၇၂
မလေးရှား တစ်ရင်းဂစ် ၃၆၆.၃၈
အိန္ဒိယ တစ်ရူပီ ၂၁.၅၂၀
ဂျပန် တစ်ရာယန်း ၁၄၀၈.၈
တောင်ကိုရီးယား တစ်ရာ၀မ် ၁၂၉.၉၇
သြစတြေးလျ တစ်ဒေါ်လာ ၁၀၄၃.၃
စင်ကာပူ တစ်ဒေါ်လာ ၁၁၂၁.၉
နေပြည်တော်ဘဏ်မှ ဝန်ဆောင်မှုပေးနေပါသည်။

ပြည်ထောင်စုနယ်မြေလူမှုဖူလုံရေးရုံး

ပြည်ထောင်စုနယ်မြေလူမှုဖူလုံရေးရုံး စတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း

လူမှုဖူလုံရေးဥပဒေကို ၁၉၅၄ ခုနှစ်တွင်ရေးဆွဲခဲ့ပြီး ၁၉၅၆ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ၁၉၅၄ ခုနှစ် ဥပဒေ ကို ၂၀၁၂ ခုနှစ်သြဂုတ်လ(၃၁)ရက်နေ့ တွင်ပြန်လည်ပြင်ဆင်ရေးဆွဲခဲ့ပြီး ၂၀၁၂ခုနှစ် ဥပဒေသစ်ကြီးကို ၂၀၁၄ခုနှစ် ဧပြီလ ၁ရက်နေ့မှ စ၍ကျင့်သုံးခဲ့ပါသည်။ ပျဉ်းမနားမြို့နယ် လူမှုဖူလုံရေး ရုံးခွဲနှင့်ဆေးခန်းကို (၁-၆-၁၉၇၂)ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပျဉ်းမနားမြို့နယ် နှင့်တပ်ကုန်း မြို့နယ်များအတွင်းရှိပြည်သူပိုင်+သမဝါယမပိုင်+ ပုဂ္ဂလိကပိုင်အလုပ်ဌာနများနှင့်အလုပ်သမားများအား လူမှုဖူလုံရေး ဥပဒေနှင့် အညီအကျုံးဝင် မှတ်ပုံတင် ဆောင်ရွက်ခဲ့ပါသည်။ နေပြည်တော်ရုံးခွဲနှင့်ဆေးခန်းကို(၁-၄-၂၀၀၈)ခုနှစ် တွင်စတင်ဖွင့်လှစ်ခဲ့ပြီး အကျုံးဝင်မြို့နယ် များမှာဇဗ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ ပုပ္ဗသီရိ၊ ဥတ္တရသီရိ၊ ဇေယျာသီရိနှင့် လယ်ဝေးမြို့နယ်များ ဖြစ်ပါသည်။ ပျဉ်းမနားမြို့နယ်ရုံး+ ဆေးခန်းနှင့် နေပြည်တော်ရုံး+ဆေးခန်းများသည် ယခင်က မန္တလေးတိုင်းဒေသကြီး ကွပ်ကဲမှုအောက်ရှိမြို့နယ်ရုံးများ ဖြစ်ခဲ့သော်လည်း(၁-၉-၂၀၁၅) ရက် နေ့တွင်ပြည်ထောင်စုနယ်မြေလူမှုဖူလုံရေးရုံး စတင်ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသဖြင့် အဆိုပါမြို့နယ် ရုံး(၂)ရုံးနှင့် ဆေးခန်း(၂)ခန်းသည် ပြည်ထောင်စုနယ်မြေ ရုံးကွပ်ကဲမှု အောက်ရှိရုံးများဖြစ်ပါကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။

ပြည်ထောင်စုနယ်မြေလူမှုဖူလုံရေးရုံး ၀န်ထမ်းဖွဲ့စည်းပုံ

ပြည်ထောင်စုနယ်မြေလူမှုဖူလုံရေးရုံး ကွပ်ကဲမှုအောက်တွင် ပြည်ထောင်စုနယ်မြေရုံး၊ ခရိုင်ရုံး(၂)ရုံး၊မြို့နယ်ရုံး(၂)ရုံးနှင့်ဆေးခန်း(၂)ခန်းရှိပါသည်။ ဖွဲ့စည်းပုံကိုအောက်ပါ ဇယားဖြင့်ဖော်ပြအပ်ပါသည်။

စဉ် ရာထူး လစာနှုန်း(ကျပ်) ဝန်ထမ်းအင်အား မှတ်ချက်
ခွင့်ပြု ခန့်ထား လစ်လပ်
၁။ ဒုတိယညွှန်ကြားရေးမှူး ၃၁၀၀၀၀−၄၀၀၀−၃၃၀၀၀၀ -
၂။ လက်ထောက်ညွှန်ကြားရေးမှူး ၂၈၀၀၀၀−၄၀၀၀−၃၀၀၀၀၀
၃။ ဦးစီးအရာရှိ ၂၅၀၀၀၀−၄၀၀၀−၂၇၀၀၀၀
၄။ တာဝန်ခံဆရာဝန် ၂၅၀၀၀၀−၄၀၀၀−၂၇၀၀၀၀
၅။ ဒုတိယဦးစီးမှူး ၁၈၀၀၀၀−၂၀၀၀−၁၉၀၀၀၀
၆။ ဌာနခွဲစာရေး ၁၈၀၀၀၀−၂၀၀၀−၁၉၀၀၀၀
၇။ ငွေကိုင်-၃ ၁၆၅၀၀၀−၂၀၀၀−၁၇၅၀၀၀
၈။ အကြီးတန်းစာရေး ၁၆၅၀၀၀−၂၀၀၀−၁၇၅၀၀၀ ၁၆
၉။ အထက်တန်းသူနာပြု ၁၆၅၀၀၀−၂၀၀၀−၁၇၅၀၀၀
၁၀။ အငယ်တန်းစာရေး ၁၅၀၀၀၀−၂၀၀၀−၁၆၀၀၀၀ ၂၃ ၁၇
၁၁။ ဆေးစပ် ၁၅၀၀၀၀−၂၀၀၀−၁၆၀၀၀၀ -
၁၂။ သူနာပြု(၅) ၁၃၅၀၀၀−၂၀၀၀−၁၄၅၀၀၀ -
၁၃။ ယာဉ်မောင်း ၁၃၅၀၀၀−၂၀၀၀−၁၄၅၀၀၀
၁၄။ ရုံးအကူ ၁၂၀၀၀၀−၂၀၀၀−၁၃၀၀၀၀
၁၅။ သန့်ရှင်းရေး ၁၂၀၀၀၀−၂၀၀၀−၁၃၀၀၀၀
၁၆။ အစောင့် ၁၂၀၀၀၀−၂၀၀၀−၁၃၀၀၀၀
စုစုပေါင်း ၉၇ ၄၅ ၅၂
ပြည်ထောင်စုနယ်မြေလူမှုဖူလုံရေးရုံး ရည်မှန်းချက်

လူမှုဖူလုံရေးစီမံကိန်း၏ ရည်ရွယ်ချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

    1. (၁) နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သော အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးနှင့် ကျန်းမာရေးစောင့် ရှောက်မှုများကိုပိုမို ခံစားရရှိစေခြင်းဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်ပြီး နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူဖြစ်စေရန်၊
    2. (၂) အများပြည်သူတို့က မိမိတို့၏ဆန္ဒအလျောက် အာမခံထားရှိနိုင်ပြီးလူမှုဘဝလုံခြုံရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကိုပိုမိုရရှိခံစားနိုင်စေရန်၊
    3. (၃) လက်တွေ့ပကတိအခြေအနေနှင့်ကိုက်ညီသော အကျိုးခံစားခွင့်များပေးခြင်းဖြင့် လူမှုဖူလုံရေးစနစ်အပေါ်အများ ပြည်သူယုံကြည်ကိုးစားမှုများ ပိုမိုတိုးပွားလာစေရန်
    4. (၄) အလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် မကျန်းမာမှု၊ မီးဖွားမှု၊ သေဆုံးမှုနှင့်အလုပ်တွင်ထိခိုက်မှုအတွက်ငွေကြေးအကျိုးခံစားခွင့်တို့အပြင်ဥပဒေပါအခြားအကျိုးခံစားခွင့်များကိုပါ ရရှိစေရန်။
ပြည်ထောင်စုနယ်မြေလူမှုဖူလုံရေးရုံး လုပ်ငန်းတာဝန်များ

လူမှုဖူလုံရေးအဖွဲ့ရုံးများ၏ အဓိကလုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

    1. (၁) ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်ဌာနနှင့် အလုပ်သမားများ အကျုံးဝင်မှတ်ပုံတင်ခြင်း၊
    2. (၂) အကျုံးဝင်မှတ်ပုံတင်ပြီးသော အလုပ်ဌာနများမှ အလုပ်ရှင်၊ အလုပ်သမား ထည့်ဝင်ကြေးများကောက်ခံခြင်း၊
    3. (၃) အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ဆေးဝါးကုသပေးခြင်း၊
    4. (၄) ငွေကြေးအကျိုးခံစားခွင့်များထုတ်ပေးခြင်း၊
    5. (၅) ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ ပြဋ္ဌာန်းချက်များ ပိုမိုသိရှိလာနိုင်စေရန် အသိပညာပေးဟောပြောဆွေးနွေးခြင်းနှင့်ကွင်းဆင်းဆေးကုသမှုပေးခြင်း။
ပြည်ထောင်စုနယ်မြေလူမှုဖူလုံရေးရုံး ဦးစီးဌာန၏ဆောင်ပုဒ်

“စုပေါင်းခြင်းဖြင့်ဖူလုံအံ့”“ONE FOR ALL-ALL FOR ONE”

ပြည်ထောင်စုနယ်မြေလူမှုဖူလုံရေးရုံး ဦးစီးဌာနမှကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်

ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဌာန်းထားသော ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၁၅) ၂၀၁၂ခုနှစ် လူမှုဖူလုံရေ:ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း နှင့် ညွှန်ကြားချက်များကို လိုက်နာကျင့်သုံးလျက်ရှိပါသည်။

ပြည်ထောင်စုနယ်မြေလူမှုဖူလုံရေးရုံး ရုံး၊ဆေးခန်းတည်နေရာများနှင့်ဓါတ်ပုံများ
စဉ် လူမှုဖူလုံရေးရုံးနှင့်ဆေး
ခန်းအမည်
တည်နေရာ ဖုန်းနံပါတ် မှတ်ချက်
ပြည်ထောင်စုနယ်မြေရုံး ၃၂/ပေါင်းလောင်း(၂)ရပ်၊
ချယ်ရီ(၁၆)လမ်း
ရွာကောက်၊ပျဉ်းမနား
067-22096
ပျဉ်းမနားရုံး ၃၂/ပေါင်းလောင်း(၂)ရပ်၊
ချယ်ရီ(၁၆)လမ်း
ရွာကောက်၊ပျဉ်းမနား
067-22096
ပျဉ်းမနားဆေးခန်း အမှတ်(၁၃/၈၇)
ဦးအုန်းလမ်း၊
ပျဉ်းမနားမြို့
067-22097 စဉ်
နေပြည်တော်ရုံး ကံ့ကော်အိမ်ရာ၊
မင်္ဂလာသိဒ္ဓိရပ်ကွက်
နေပြည်တော်
067-414389
နေပြည်တော်ဆေးခန်း ကံ့ကော်အိမ်ရာ၊
မင်္ဂလာသိဒ္ဓိရပ်ကွက်
နေပြည်တော်
067-414808

ပြည်ထောင်စုနယ်မြေလူမှုဖူလုံရေးရုံးနှင့်ပျဉ်းမနားရုံး



မြို့နယ်လူမှုဖူလုံးရေးဆေးခန်း၊ပျဉ်းမနားမြို့



မြို့နယ်လူမှုဖူလုံရေးရုံး+ဆေးခန်း(နေပြည်တော်)

ရှေ့သို့