အမေရိကန် | တစ်ဒေါ်လာ | ၁၃၇၃.၉ |
ဥရောပ | တစ်ယူရို | ၁၅၅၅.၈ |
တရုတ် | တစ်ယွမ် | ၁၉၇.၇၃ |
ထိုင်း | တစ်ဘတ် | ၄၃.၆၉၉ |
မလေးရှား | တစ်ရင်းဂစ် | ၃၂၄.၈၄ |
အိန္ဒိယ | တစ်ရူပီ | ၁၈.၆၃၀ |
ဂျပန် | တစ်ရာယန်း | ၁၃၀၆.၂ |
တောင်ကိုရီးယား | တစ်ရာ၀မ် | ၁၁၅.၃၂ |
သြစတြေးလျ | တစ်ဒေါ်လာ | ၈၉၆.၈၀ |
စင်ကာပူ | တစ်ဒေါ်လာ | ၉၈၈.၁၀ |
မြန်မာနိုင်ငံ၏ မြန်မာ့မီးရထားကို ၁၈၇၇ခုနှစ် မေလ(၁)ရက်နေ့ တွင် ရန်ကုန်-ပြည် ရထား လမ်းနှင့်ဖွင့်ပွဲနှင့်အတူ ကိုလိုနီခေတ်တွင် စတင်ပြေးဆွဲခဲ့ပါသည်။ခေတ်အလိုက်ဖောက်လုပ်ခဲ့သည့် ရထားလမ်းအရှည်ကို တွက်ချက်ကြည့်လျှင်အောက်ပါအ တိုင်းတွေ့မြင်ရမည်ဖြစ်ပါသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးသို့ ရထားလမ်း ရောက်ရှိစေရေးအတွက် လက်ရှိဖောက်လုပ်ဆဲ ရထားလမ်းစီမံကိန်း(၁၃)ခုတွင် ရထားလမ်းမိုင် (၂၂၅၅) မိုင်ရှိသည့်အ နက်မှ (၄၄၅) မိုင်ကို ဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်ရာ ကျန်ရှိသည်များကိုလည်း အမြန်ဆုံးပြီးစီးစေရန်ဆောင်ရွက် လျှက်ရှိသည်။ ထိုသို့ပေါ်ပေါက်လာမည့် အမျိုးသားရထားလမ်းကွန်ရက်သည် ‘From Transpottation Corridor to Economic Corridor’ ဆိုသော ဆောင် ပုဒ်အတိုင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသည့် စင်္ကြံအဆင့်သို့ ဆက်လက်ရောက်ရှိလာမည် ဖြစ်ပါသည်။
မြန်မာ့မီးရထားအနေဖြင့် ရထားလမ်းအသစ်များဖောက်လုပ်နေသည့် တစ်ချိန်တည်း တွင် ယ္ခင်ရှိနေသည့် ရထားလမ်းဟောင်းများ အဆင့်မြှင့်တင်ခြင်း၊ စက်ခေါင်းနှင့်တွဲများကို ပြည်တွင်း၌ ထုတ်လုပ်ခြင်း၊ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်မှု အရည်အသွေးမြှင့်တင်ခြင်းစသည်တို့ကိုဆက်လက် ဆောင်ရွက်လျှက် တိုင်းပြည်နှင့် မိဘပြည်သူများ၏ ကဏ္ဍစုံဘဝကို ပိုမိုအကျိုးပြုနိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ပါသည်။
မြန်မာ့မီးရထားဝန်ထမ်းများအနေဖြင့် လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းစစ်ကာလ စစ်မီးလျှံကြားတွင် မိဘပြည်သူ၏ အကျိုးကိုဦးထိပ်ထားကာ အသက်သွေးစွန့်လွှတ်၍ သက်စွန့် ကြိုးပမ်း ထမ်းရွက်ခဲ့ကြသည့် အစဉ်အလာကောင်းများကို နှလုံးမူကြလျှက် မျက်မှောက်ကာလ တွင်လည်း ဝန်ထမ်းအပေါင်းတို့က မိဘပြည်သူများ၏ အကျိုးအတွက် အစွမ်းကုန် ကြိုးပမ်းထမ်းဆောင်ကာ မြန်မာ့မီးရထားဂုဏ်၊ တိုင်းပြည်ဂုဏ်ကို မြှင်တင်ကြမည်ဟု လေးနက်စွာ ယုံကြည်ပါကြောင်း နိဒါန်းပြုပါသည်။
မြန်မာ့မီးရထားဖွဲ့စည်းခြင်းနှင့်နောက်ခံသမိုင်းမြန်မာနိုင်ငံ လွတ်လပ်ရရှိသည့်အချိန်တွင် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး လုပ်ငန်းများကို ရေကြောင်းနှင့် မြို့ပြလေကြောင်း ဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန နှစ်ဌာန ခွဲ၍ ဖွဲ့စည်းခဲ့ပါသည်။ မီးရထားအုပ်ချုပ်ရေးအဖွဲ့သည် သယ်ယူပို့ဆောင်ရေးစာတိုက်နှင့် ကြေးနန်း ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်တွင် ဖွဲ့စည်းပါဝင်ခဲ့ပါသည်။
၁၉၆၁ ခုနှစ်တွင် အထက်ပါ ဝန်ကြီးဌာန နှစ်ခုကို သယ်ယူပို့ဆောင်ရေးနှင့် လမ်းပမ်းဆက်သွယ်ရေးဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ၁၉၇၂ ခုနှစ် မတ်လတွင် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီးဌာနဟု အမည်ပြောင်းခဲ့ရာ ရထားပို့ဆောင်ရေးကော်ပိုရေးရှင်းသည် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်တွင် ပါဝင်ခဲ့ပါသည်။၁၉၈၉ ခုနှစ်ဧပြီလတွင် နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများဖြစ်သော ကော်ပိုရေးရှင်းများ၏ အမည်များကို ပြောင်းလဲခဲ့ရာ ရထားပို့ဆောင်ရေးကော်ပိုရေးရှင်း၏ အမည်ကိုလည်း မြန်မာ့မီးရထားဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။
၁၉၉၂ ခုနှစ် ဇန္နဝါရီလ ၂၉ ရက်နေ့တွင် နိုင်ငံတော်၏ လိုအပ်ချက်အရ ပို့ဆောင်ရေးလုပ် ငန်းနှင့်ဆက်သွယ်ရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ပို့ဆောင်ဆက်သွယ် ရေးဝန်ကြီးဌာန အား ပို့ဆောင်ရေးဝန်ကြီးဌာန ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဆက်သွယ် ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန (၃)ခုခွဲ၍ ပြင်ဆင်ဖွဲ့စည်း ခဲ့ပါသည်။ ၂၀၁၅-၁၆ တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အုပ်ချုပ်မှုအောက်တွင် အောက်ပါဌာန (၅)ခုအ ပါအဝင် ဖွဲ့စည်းခဲ့ပါသည်။
ခေတ်အလိုက် ဖွဲ့စည်းမှုအမျိုးမျိုးနှင့် ဝန်ထမ်းအင်အား(၁၁.၂.၂၀၁၆)ရက်နေ့တွင် ကျင်း ပပြုလုပ်သောပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး(၆/၂၀၁၆)မှ သဘောတူခွင့်ပြုချက်ဖြင့် ခေတ်အလိုက်ဖွဲ့စည်းမှု အမျိုးမျိုးနှင့် ဝန်ထမ်းအင်အား အပြောင်း အလဲများ ရှိခဲ့ပါ သည်။လက်ရှိဖွဲ့စည်းပုံတွင်ဦးဆောင်ညွှန်ကြားရေးမှုးလက်အောက်တွင် အထွေထွေမန်နေဂျာ (၁၃)ဦးဖြင့် ဖွဲ့စည်းထားရှိပါသည်။ ခွင့်ပြုဝန်ထမ်းအင်အားတွင် အရာထမ်း(၄၅၇)ဦးနှင့် အခြားအဆင့် (၃၂၅၅၀)ဦး စုစုပေါင်း (၃၃၀၀၇)ဦး ရှိပြီး ၂၀၁၇ ခုနှစ် မတ်လ(၃၁)ရက်နေ့ရှိ လက်ရှိအင်အားမှာ အရာထမ်း(၂၉၈)ဦး အခြား အဆင့်ဝန်ထမ်း (၁၉၈၅၈) စုစုပေါင်း (၂၀၁၅၆)ဦး ရှိပါသည်။
မြန်မာ့မီးရထား တိုင်းတာဝန်ခံ တိုင်းအမှတ်(၅) ဝန်ထမ်းအင်အား အရာထမ်း(၉)ဦး၊ အခြားအဆင့်(၉၄၁)ဦး၊ စုစုပေါင်း (၉၅၀)ဦးရှိပါသည်။
မြန်မာ့မီးရထားသည် လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်း(၁၁) တိုင်းအဖြစ် ဆောင်ရွက်လျှက်ရှိရာ တိုင်းအလိုက် ရုံးစိုက်ရာမြို့နှင့် အကျုံးဝင်သည့်ပြည်နယ် နှင့်တိုင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
တိုင်းအမှတ် | ရုံးစိုက်ရာမြို့ | အကျုံးဝင်သည့်ပြည်နယ်/တိုင်း |
---|---|---|
၁ | မြစ်ကြီးနား/မိုးညှင်း | ကချင်ပြည်နယ်/စစ်ကိုင်းတိုင်း |
၂ | ကောလင်း/ရွာထောင် | စစ်ကိုင်းတိုင်း |
၃ | မန္တလေး | မန္တလေး/ရှမ်းပြည်နယ်(မြောက်ပိုင်း/တောင်ပိုင်း) |
၄ | ကလော/အောင်ပန်း | ရှမ်းပြည်နယ်/ကယားပြည်နယ်/မန္တလေးတိုင်း |
၅ | တောင်ငူ | မကွေးတိုင်း/ပဲခူးတိုင်း/မန္တလေးတိုင်း |
၆ | အင်းစိန် | ပဲခူးတိုင်း |
၇ | ရန်ကုန် | ရန်ကုန်တိုင်း |
၈ | မော်လမြိုင် | မွန်ပြည်နယ်/တနင်္သာရီတိုင်း |
၉ | ဟင်္သာတ | ဧရာဝတီတိုင်း |
၁၀ | ပခုက္ကူ | မကွေးတိုင်း |
၁၁ | ပုဂံ | မန္တလေးတိုင်း |
၁၉၄၄ခုနှစ်ဒီဇင်ဘာလ(၂၉)ရက်နေ့တွင်ကျင်း ပသောနိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေးအဖွဲ့အစည်းအဝေး အမှတ်စဉ်(၄၉/၄၉) ၏ ခွင့်ပြုချက်အရ၊ (၂၉-၁၂- ၉၄)ရက်နေ့မှစ၍ မြန်မာ့မီး ရထား၏ ဖွဲ့စည်းပုံကို ဦးဆောင်ညွှန်ကြားရေးမှူး၏ လက် အောက်တွင် အထွေထွေမန်နေဂျာများ တစ်ဦးစီကွပ်ကဲသောအောက်ပါဌာနကြီး(၁၁)ခုနှင့်စက်ရုံကြီး(၃)ရုံတို့ဖြင့် ပြန်လည်ဖွဲ့စည်းထားပါသည်။
ဦးဆောင်ညွှန်ကြားရေးမှူး၏တာဝန်ပေးအပ်ချက်အပေါ် မူတည် ၍ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်မူဝါဒ၊ ဝန်ကြီးဌာနမူဝါဒ ၊မြန်မာ့မီးရထားမူဝါဒနှင့်ကိုက်ညီမှုရှိ/မရှိ ငွေကြေးပစ္စည်း ဝယ်ယူသုံးစွဲထားသို ဖြန့်ဖြူးရာတွင် စနစ်တကျရှိ/မရှိ ဝန်ထမ်းများ၏ စိတ်ဓါတ်လေ့ကျင့်ရေးနှင့် စည်းကမ်းလိုက်နာမှု တိုးတက်ကောင်းမွန်ရေးကိစ္စရပ်များစစ်ဆေးခြင်း၊ ဌာနကြီးများအားညှိနှိုင်းပေါင်းစပ် ပေးခြင်းများကိုအဓိကထားတာဝန်ယူဆောင်ရွက်ရပါမည်။ရထားများ အန္တရာယ်ကင်းရှင်း စေရေးအတွက်စက်ခေါင်း၊တွဲ၊ သံလမ်း၊ အချက်ပြ ဆက်သွယ်ရေးဆိုင်ရာများအား လိုအပ်သလို စစ်ဆေး၍ ဦးဆောင်ညွှန် ကြားရေးမှူးထံတင်ပြခြင်း၊ မြန်မာ့မီးရထား စွမ်းအားစုများကိုထိရောက်စွာအသုံးချနိုင်ရေးဆိုင်ရာအတွက်အကြံပြုတင်ပြခြင်း၊ ရထား မတော်တဆ မှုကြီးများနှင့် ဦးဆောင်ညွှန်ကြားရေးမှူးကတာဝန်ပေးအပ်သည့် ကိစ္စရပ်များ အား စစ်ဆေးအကြံပြုခြင်းများကို တာဝန်ယူရပါသည်။
အထက်မြန်မာပြည်အထွေထွေမန်နေဂျာရုံးအထွေထွေမန်နေဂျာ(အထက်မြန်မာပြည်) တစ်ဦးထားရှိ၍ တိုင်းအမှတ်(၁) (၂) (၃) (၄) (၁၀) နှင့် (၁၁) တို့ကိုတာဝန်ယူ ကွပ်ကဲစေလျှက် မိမိကွပ်ကဲမှုအောက်ရှိ တိုင်းနှင့်စက်ရုံများ၏ မူလတာဝန်များ၊ လျာထားချက်များနှင် မူဝါဒဆိုင်ရာ လုပ်ငန်းတာဝန်များကို ပီပီပြင်ပြင် စနစ်တကျအကောင်အထည်ဖော်ရေး ကြီးကြပ်ကွပ်ကဲ ဆောင်ရွက် ရပါသည်။
အောက်မြန်မာပြည်အထွေထွေမန်နေဂျာရုံးအထွေထွေမန်နေဂျာ(အောက်မြန်မာပြည်) တစ်ဦးထားရှိ၍တိုင်းအမှတ်(၅)(၆) (၇) (၈) (၉) တို့ကို တာဝန်ယူ ကွပ်ကဲဆောင်ရွက်ရပါသည်။
စီမံကိန်းနှင့်အုပ်ချုပ်ရေးဌာနမြန်မာ့မီးရထားအုပ်ချုပ်မှုနှင့် စီမံကိန်း လုပ်ငန်းများကို ဦးဆောင်ညွှန်ကြားရေးမှူး၏ လုပ်ငန်းလမ်းညွှန်ချက်နှင့် အညီ အကောင်ထည် ဖော်ဆောင်နိုင်ရန် အထွေထွေမန်နေဂျာ(၁) ဦး ဒုတိယအထွေထွေ မန်နေဂျာ(၂)ဦး တို့ဖြင့် ဖွဲ့စည်းထားပါသည်။ အုပ်ချုပ်မှုဌာနခွဲသည် မြန်မာ့မီးရထား၏ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လုပ်ငန်းစီမံကိန်း ကန်ထရိုက် စာချုပ်ကိစ္စရပ်များ ၊ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ဆိုင်ရာကိစ္စရပ်များ ၊လူထုဆက်သွယ် ပြန်ကြားရေးနှင့် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးဆိုင်ရာ ကိစ္စရပ်များကိုဆောင်ရွက်ရပါသည်။ စီမံကိန်းဌာနခွဲသည် မြန်မာ့မီးရထား၏ နှစ်တို နှစ်ရှည် စီမံကိန်းများ ရေးဆွဲခြင်း ၊ ရင်းနှီးမြှုပ်နှံမှု၊ စီမံကိန်းများရေးဆွဲခြင်း၊Co-Operate Plan များရေး ဆွဲခြင်း ၊ စသည့် စီမံကိန်းရေးဆွဲခြင်းတာဝန်များကို ဆောင်ရွက်ရပါသည်။
သွားလာပို့ဆောင်ရေးဌာနခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး လိုအပ်ချက် ကိုမိမိလက်ဝယ်ရှိ စွမ်းအားစုများအား ထိရောက်ဆုံး အသုံးချ၍ စီမံပို့ဆောင်ပေးရန် တာဝန်ယူရသည့်ဌာန ဖြစ်ပါသည်။ ၎င်းဌာနလက်အောက်တွင်စက်ခေါင်၊တွဲစီစဉ်ရန်နှင့် စက်ခေါင်းမောင်း၊ တွဲစစ်များစီစဉ်ရန်၊ စက်မှုသွားလာရေးဌာနခွဲ ၊အချက်ပြနှင့် ဆက်သွယ် ရေးဌာနခွဲ၊ရထားကြီးကြပ်ရေးအုပ်များ၊ ဘူတာဝန်ထမ်းများပါဝင်သောပို့ဆောင်ရေးဆိုင်ရာဌာန ခွဲတို့ပါဝင်ပြီး၊ရထားများဖွဲ့စည်းခြင်း၊ပြေးဆွဲခြင်းတို့ကိုအနီးကပ်ကြီးကြပ်ရသည့် ဌာန ဖြစ်ပါ သည်။
စီးပွားရေးဌာနစျေးကွက်စီးပွားရေးစနစ်နှင့်အညီ ခရီးသည်နှင့်ကုန်စည်များကို ထိရောက်ထက်မြက်စွာဆွဲဆောင်သယ်ယူပို့ဆောင်နိုင်ရေးအတွက်နည်း လမ်းကြံဆလျှက် လက်တွေ့အကောင်အထည်ဖော်ခြင်း၊ ကား၊ သင်္ဘောတို့နှင့် ဆက်စပ်သယ်ဆောင်နိုင်ရန်စီမံခြင်း စသည့်လုပ်ငန်းအရပ်ရပ်တို့ကိုတာဝန်ယူရပါသည်။ ထို့အပြင်စီးပွားရေးဌာနသည်ဝင်ငွေတိုး တက်ရရှိရေးအတွက် အဓိကဆောင်ရွက်ရသည့် ဌာနတစ်ခုဖြစ်၍ လက်ဝယ်ရှိ မြေ၊ အဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေးယာဉ်များကို အသုံးချလျှက် အခြားအဖွဲ့အစည်:၊ ပုဂ္ဂလိကကုမ္ပဏီတို့နှင့်အကျိုးတူပူးပေါင်းကာဟိုတယ်လုပ်ငန်း၊လူစီးရထားနှင့် ကုန်အမြန် ရထား များပြေးဆွဲခြင်းလုပ်ငန်း၊ အမြန်ပါ ဆယ် ပို့လုပ်ငန်း၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် ကြော်ငြာလုပ်ငန်းစသည့် ဝင်ငွေရှာဖွေခြင်း၊ လုပ်ငန်းရပ်များနှင့် စီးပွားရေးဆိုင်ရာအထွေထွေ လုပ်ငန်းရပ်များကိုတာဝန်ယူဆောင်ရွက်ရပါသည်။
စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာနစက်ခေါင်းတွဲများ ပြုပြင်မွမ်းမံထိန်း သိမ်းခြင်းနှင့် တည်ဆောက်ခြင်းလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရပါသည်။ စက်ခေါင်းများကို အကြီးတန်းနှင့်အလတ်တန်းပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် စက်ခေါင်းပြင်စက်ရုံအင်းစိန် နှင့် ဒီဇယ်စက်ခေါင်းပြင်စက်ရုံရွာထောင်တို့ရှိပြီး၊ လူစီးတွဲ၊ ကုန်တွဲများ ပြင်ဆင်ခြင်း၊ တည်ဆောက်ခြင်းလုပ်ငန်း များအတွက် တွဲပြင်စက်ရုံ မြစ်ငယ်ရှိပါသည်။ ထို့အပြင် လျှပ်စစ်ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် လျှပ်စစ်ဌာနခွဲ တစ်ခုကိုလည်း ဖွဲ့စည်းထားရာ ၎င်းဌာနခွဲက စက်ရုံ ၊ အလုပ်ရုံ၊ ရုံးနှင့် ဝန်ထမ်းနေအိမ်များ လျှပ်စစ်မီးရရှိရေးနှင့် စက်ခေါင်းနှင့်တွဲများအတွက် လျှပ်စစ် ဆိုင်ရာ ကိစ္စရပ်များကိုဆောင်ရွက်ရပါသည်။
မြို့ပြအင်ဂျင်နီယာဌာနရထားလမ်း၊ တံတားနှင့် အဆောက်အအုံများ ထိန်းသိမ်းပြုပြင်ခြင်းနှင့်အသစ်ဆောက်လုပ်ခြင်းတို့အတွက် အဓိကတာဝန် ယူရသည့် ဌာနဖြစ်ပါသည်။ဤဌာနလက်အောက်တွင်ကွန်ကရိဇလီဖားနှင့်တံတားဘောင်များထုတ်လုပ် သည့်တံတားဘောင် အလုပ်ရုံတို့ရှိပါသည်။ မြန်မာ့မီးရထားသည် မိမိဖောက်လုပ်ရမည့် ရထားလမ်းပိုင်းများအတွက် လိုအပ်သည့် ရထားလမ်းကြောင်းရှာဖွေခြင်း၊ ဖောက်လုပ်ခြင်း၊ လိုအပ်သည့်တံတားများ၊ ဘူတာများအတွက်ပုံစံထုတ်လုပ်ခြင်း၊ တည်ဆောက်ခြင်း လုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်ရ သည်ဖြစ်ရာ အဆိုပါလုပ်ငန်းများကို မြို့ပြ အင်ဂျင်နီယာဌာနက တာဝန်ယူဆောင်ရွက်ရပါသည်။
ဘဏ္ဍာရေးဌာနဘဏ္ဍာရေးကိစ္စများကို ဦးဆောင်ညွှန်ကြားရေးမှူး၏ လုပ်ငန်းလမ်းညွှန်ချက်၊ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများနှင့်အညီစီမံရန် တာဝန်ယူရသောဌာန ဖြစ်ပါသည်။ ဝင်ငွေများကိုလက်ခံခြင်း၊ အသုံးစရိတ်များကိုစီစစ် ထုတ်ပေးခြင်း၊ နှစ်စဉ် အရှုံးအမြတ်စာရင်းပြုစုခြင်း၊လက်ကျန်ရှင်းတမ်းရေးဆွဲခြင်း၊ဘဏ္ဍာရေးဆိုင်ရာအကြံပြုချက် များတင်ပြခြင်း၊ မြန်မာ့မီးရထား၏ ဘတ်ဂျက်စာရင်းရေးဆွဲခြင်း၊ဝန်ထမ်းလစာနှင့်စရိတ်များ၊ အငြိမ်းစားများ အတွက်ပင်စင်လစာများထုတ်ပေးခြင်း၊တင်ဒါများစီစစ်ရာတွင် ဘဏ္ဍာရေး ဆိုင်ရာကိစ္စများတွက်ချက်တင်ပြခြင်းလုပ်ငန်းများကိုဆောင်ရွက်ရပါသည်။ စာရင်းစစ်ဆေး မှုအပိုင်းတွင်ဌာနတွင်းစာရင်းစစ်ဆေးခြင်း၊လုပ်ငန်းစီမံကိန်းများတွင် အသုံးပြုသည့်ပစ္စည်း နှင့်စာရင်းများစစ်ဆေးခြင်း၊စက်ရုံအလုပ်ရုံများနှင့်လုပ်ငန်းနယ် မြေအသီးသီးတို့တွင်ရှိသော ပစ္စည်းစာရင်းများကို ပစ္စည်းစာရင်း စစ်များနှင့်စစ် ဆေးခြင်းများပြုလုပ်ရပါသည်။
ထောက်ပံ့နှင့်ဆေးဌာနမြန်မာ့မီးရထား၏ ထောက်ပံ့ဌာနခွဲနှင့် ဆေးဌာန တို့ကိုစုဖွဲ့ထားခြင်းဖြစ်ပါသည်။ထောက်ပံ့ဌာနခွဲသည်ဌာနအသီးသီးတွင် အသုံးပြုရန်လို အပ်သောပစ္စည်း များကို ပြည်တွင်းပြည်ပမှ ဝယ်ယူခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်းနှင့် ဖြန့်ဖြူးရသည့် လုပ်ငန်းများကိုဆောင်ရွက်ရပါသည်။ ထို့အပြင် ဌာန အသီးသီးမှအသုံးမလို တော့သည့်ပစ္စည်းအဟောင်းများကိုစုစည်း၍ လေလံတင်ထုခွဲရောင်းချခြင်း လုပ်ငန်းများ ကိုလည်းဆောင်ရွက်ရပါသည်။ ရထားပြေးဆွဲခြင်းလုပ်ငန်းတွင်ပါဝင်သောဘူတာရုံပိုင်နှင့် အခြားဘူတာရုံဝန်ထမ်းများကွန်ထရိုးများ၊ လက်မှတ်စစ်၊လက်မှတ်စစ်အုပ်၊ စက်ခေါင်းမောင်း၊ ရထားထိန်းများစသည့်ရထားလိုက်ဝန်ထမ်းများတို့၏လုပ်ငန်းများသည်(၂၄)နာရီပတ်လုံးအဆိုင်းလိုက်တာဝန်ထမ်းဆောင်ရပြီး၊ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်လျှက်ရှိသည့် အတွက် ထိုဝန်ထမ်းများ၏ ကာယ ၊ဉာဏ စွမ်းအားများ အပြည့်အဝရရှိရေးနှင့် သံလမ်းလုပ်ငန်း၊ စက်ရုံလုပ်ငန်း၊ တံတားလုပ်ငန်းစသည့် လုပ်ငန်းများသည် စက်ကိရိယာများ နှင့်ဆောင်ရွက်ရသော လုပ်ငန်းများ ပါဝင်သဖြင့် အန္တရာယ်ရှိသည် ဖြစ်ရာ ဆေးအကာအကွယ်ရရှိရေးလိုအပ်သဖြင့် မြန်မာ့မီးရထားတွင် ဆေးဌာနကို ဖွဲ့စည်းထားရှိပါသည်။
မြန်မာ့မီးရထားအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် မြန်မာ့မီးရထားဦးဆောင်ညွှန်ကြားရေးမှူးတာဝန်ထမ်း ဆောင်ခဲ့သည့် အရာထမ်းများစာရင်းစဉ် | အမည် | တာဝန်ထမ်းဆောင်သည့်ကာလ | ||
---|---|---|---|---|
မှ | ထိ | |||
၁ | ဗိုလ်မှူးကြီးစည်သူခင်ညို | ၂၈-၅-၆၂ | ၁၆-၉-၆၃ | |
၂ | ဇေယျာကျော်ထင်ဒုတိယဗိုလ်မှူးကြီးသန်းညွန့် | ၁၇-၉-၆၃ | ၁၉-၆-၉၉ | |
၃ | ဦးသာကျော် | ၂၀-၆-၆၆ | ၃၀-၉-၇၁ | |
၄ | ဦးထွန်းရှိန် | ၁-၁၀-၇၁ | ၁၅-၆-၇၅ | |
၅ | ဗိုလ်မှူးချုပ်ခင်အုန်း(ဒုတိယဝန်ကြီးပူးတွဲတာဝန်) | ၁၆-၆-၇၅ | ၁၈-၃-၇၆ | |
၆ | ဗိုလ်မှူးကြီးစိန်ရ | ၁၉-၃-၇၆ | ၃၀-၄-၇၉ | |
၇ | ဗိုလ်မှူးကြီးတင်ထွန်း | ၁၅-၅-၇၉ | ၁၄-၇-၈၆ | |
၈ | ဗိုလ်မှူးကြီးဝင်းစိန် | ၁၅-၇-၈၆ | ၂-၂-၉၂ | |
၉ | ဦးကျော်မြင့် | ၃-၂-၉၂ | ၈-၄-၉၃ | |
၁၀ | ဗိုလ်မှူးကြီးအောင်သိန်း | ၉-၄-၉၃ | ၄-၅-၉၄ | |
၁၁ | သူရဦးသောင်းလွင်(ဒုတိယဝန်ကြီးပူးတွဲတာဝန်) | ၅-၅-၉၄ | ၁၅-၁၂-၉၇ | |
၁၂ | ဦးကျော်ဆန်း | ၁၆-၁၂-၉၇ | ၉-၁၂-၉၉ | |
၁၃ | ဦးအေးမူ | ၁၀-၁၂-၉၉ | ၂၂-၄-၂၀၀၀ | |
၁၄ | ဗိုလ်မှူးမင်းဆွေ | ၂၃-၄-၂၀၀၀ | ၆-၈-၂၀၀၉ | |
၁၅ | ဗိုလ်မှူးကြီးသိန်းဆွေ | ၇-၈-၂၀၀၉ | ၆-၂-၂၀၁၃ | |
၁၆ | ဦးသူရိန်ဝင်း | ၆-၂-၂၀၁၃ | ၂၆-၁၂-၂၀၁၃ | ယာယီ |
၁၇ | ဦးသူရိန်ဝင်း | ၂၇-၁၂-၂၀၁၃ | ယနေ့ထိ |
စဉ် | ပြည်နယ်/တိုင်း | ခရီးမိုင် | သံလမ်းမိုင် | ဘူတာ | ဘူတာပေါင်း | တံတား ကြီး/ငယ် ပေါင်း | မှတ်ချက် | |
---|---|---|---|---|---|---|---|---|
၁၉၈၈ထိ | ယနေ့ထိ | |||||||
၁ | ကချင်ပြည်နယ် | ၁၃၃.၄၃ | ၁၄၃.၂၆ | ၂၁ | ၁၃ | ၃၄ | ၄၂၅ | |
၂ | ကယားပြည်နယ် | ၈.၅၉ | ၁၀.၉၀ | - | ၃ | ၃ | ၄၁ | |
၃ | ကရင်ပြည်နယ် | ၁၆.၀၀ | ၁၆.၇၅ | ၆ | - | ၆ | ၃၂ | |
၄ | ချင်းပြည်နယ် | - | - | - | - | - | - | |
၅ | စစ်ကိုင်းတိုင်း | ၄၅၁.၅၁ | ၄၉၄.၇၅ | ၆၂ | ၂၉ | ၉၀ | ၁၀၈၉ | |
၆ | တနင်္သာရီတိုင်း | ၁၀၆.၇၈ | ၁၁၆.၈၂ | - | ၂၅ | ၂၅ | ၄၁၄ | |
၇ | ပဲခူးတိုင်း | |||||||
ပဲခူးအရှေ့ | ၂၅၀.၇၈ | ၆၄၃.၈၈၉ | ၅၇ | ၆ | ၆၃ | ၅၅၅ | ||
ပဲခူးအနောက် | ၂၁၀.၃၁ | ၂၂၉.၉၂ | ၃၇ | ၁၆ | ၅၃ | ၇၉၈ | ||
၈ | မကွေးတိုင်း | ၇၅၄.၃၆ | ၈၁၂.၃၁ | ၂၁ | ၁၅၉ | ၁၈၀ | ၂၇၆၂ | |
၉ | မန္တလေးတိုင်း | ၅၇.၄၃ | ၈၁၈.၆၂ | ၁၀၁ | ၅၈ | ၁၅၉ | ၂၃၆၉ | |
၁၀ | မွန်ပြည်နယ် | ၂၂၀.၇၀ | ၂၈၈.၉၀ | ၄၇ | ၁၂ | ၅၉ | ၄၅၀ | |
၁၁ | ရခိုင်ပြည်နယ် | ၅၄.၀၀ | ၅၆.၆၇ | - | ၂၀ | ၂၀ | ၁၅၄ | |
၁၂ | ရန်ကုန်တိုင်း | ၁၇၂.၁၇ | ၂၇၂.၆၃၀ | ၄၅ | ၃၁ | ၇၆ | ၅၁၂ | |
၁၃ | ရှမ်းပြည်နယ် | |||||||
(က) | ရှမ်းမြောက် | ၁၂၇.၂၅ | ၁၄၀.၀၀ | ၂၀ | - | ၂၀ | ၅၅၃ | |
(ခ) | ရှမ်းတောင် | ၃၆၉.၀၁ | ၃၈၉.၈၈ | ၅ | ၇၆ | ၈၁ | ၁၀၁၅ | |
(ဂ) | ရှမ်းရှေ့ | ၅.၆၀ | ၆.၆၀ | - | ၂ | ၂ | ၁၇ | |
၁၄ | ဧရာဝတီတိုင်း | ၂၆၀ .၀၀ ၃၁၁.၀၄ ၄၁ ၂၄ ၆၅ ၄၉၉ | ၃၁၁.၀၄ | ၄၁ | ၂၄ | ၆၅ | ၄၉၉ | |
၁၅ | နေပြည်တော် | ၈၇.၀၀ | ၁၈၆.၆၁ | ၂၄ | - | ၄၁၈ | ||
စုစုပေါင်း | ၃၇၉၇.၉၂ | ၄၉၃၉.၅၄၉ | ၄၈၇ | ၄၇၃ | ၉၆၀ | ၁၂၁၀၃ |
စဉ် | ရထားလမ်းပိုင်း | ခရီးမိုင် | သံလမ်းမိုင် | စတင်သည့် နေ့ | ဖွင့်လှစ်သည့် နေ့ | တည်နေရာ |
---|---|---|---|---|---|---|
၁ | ဒါးပိန်-လှေလော်အင်း | ၂၁.၅၀ | ၂၂.၆၃ | ၃၀.၄.၈၁ | ၂၇.၃.၈၉ | ရန်ကုန်တိုင်း |
၂ | မန္တလေးမြို့ပတ်(အနောက်) | ၅.၀၀ | ၅.၃၀ | ၁၉.၁၁.၈၉ | ၄.၁.၉၀ | မန္တလေးတိုင်း |
၃ | မန္တလေးမြို့ပတ်(အရှေ့) | ၈.၅၀ | ၉.၁၅ | ၈.၁.၉၀ | ၁.၅.၉၀ | မန္တလေးတိုင်း |
၄ | တံတားဦး-မြို့သာ | ၁၉.၄၃ | ၂၀.၄၅ | ၁၁.၁.၉၀ | ၂၇.၃.၉၁ | မန္တလေးတိုင်း |
၅ | ရွှေညောင်-ရပ်စောက် | ၃၇.၅၀ | ၃၀.၅၉ | ၅.၈.၉၀ | ၂၇.၃.၉၁ | ရှမ်းပြည်နယ် |
၆ | မန္တလေးမြို့ပတ်(တောင်ပတ်) | ၃.၅၁ | ၃.၆၆ | ၂၄.၁.၉၁ | ၂.၆.၉၁ | မန္တလေးတိုင်း |
၇ | မြို့သာ-ဝက်လူး | ၁၃.၀၀ | ၁၄.၀၁ | ၁၈.၄.၉၀ | ၂၁.၂.၉၂ | မန္တလေးတိုင်း |
၈ | ဝက်လူး-နွားထိုးကြီး | ၁၂.၀၀ | ၁၃.၀၁ | ၁၈.၄.၉၀ | ၉.၅.၉၂ | မန္တလေးတိုင်း |
၉ | နွားထိုးကြီး-မြင်းခြံ | ၁၈.၈၄ | ၁၉.၁၈ | ၁၈.၄.၉၀ | ၉.၅.၉၂ | မန္တလေးတိုင်း |
၁၀ | အောင်ပန်း-ပင်လောင်း | ၄၈.၅၈ | ၅၀.၇၂ | ၁.၉.၉၁ | ၇.၁.၉၃ | ရှမ်းပြည်နယ် |
၁၁ | ပင်လောင်း-လွိုင်ကော် | ၅၃.၃၄ | ၅၅.၉၈ | ၁.၉.၉၈ | ၂၇.၃.၉၃ | ရှမ်း/ကယား |
၁၂ | တိုးကြောင်လေး-အုတ်ဖိုစု | ၈.၄၃ | ၈.၈၁ | ၁.၇.၈၂ | ၃၁.၇.၉၃ | ရန်ကုန်တိုင်း |
၁၃ | ချောင်းဦး-တောကြောင်းကြီး | ၁၄.၅၃ | ၁၅.၂၅ | ၅.၄.၉၃ | ၃၀.၁၀.၉၃ | စစ်ကိုင်းတိုင်း |
၁၄ | ပခုက္ကူ-မင်းရွာ | ၃၃.၆၀ | ၃၅.၂၇ | ၁၉.၄.၉၃ | ၁၂.၁၂.၉၃ | မကွေးတိုင်း |
၁၅ | တံတားဦး-မန္တလေး အပြည်ပြည်ဆိုင်ရာလေ ယာဉ်ကွင်း | ၇.၃၁ | ၇.၃၈ | ၂.၁၁.၉၃ | ၂၁.၃.၉၄ | မန္တလေးတိုင်း |
၁၆ | ပခုက္ကူ-မြိုင်-မြို့စိုး | ၃၄.၆၂ | ၃၆.၇၄ | ၁၀.၁၀.၉၃ | ၁၃.၁၁.၉၄ | မကွေးတိုင်း |
၁၇ | မြို့စိုး-ဇီးပြား | ၂၇.၄၆ | ၂၂.၂၃ | ၂၇.၄.၉၄ | ၁၈.၃.၉၅ | မကွေးတိုင်း |
၁၈ | ကလေး-နတ်ချောင်း | ၁၄.၁၂ | ၁၄.၈၃ | ၂၃.၁.၉၄ | ၂၃.၄.၉၅ | မကွေးတိုင်း |
၁၉ | နမ်းစန်-မိုးနဲ | ၂၇.၅၆ | ၂၈.၉၄ | ၅.၁၁.၉၃ | ၁.၅.၉၅ | စစ်ကိုင်းတိုင်း |
၂၀ | ထားဝယ်-ရေဖြူ | ၁၀.၂၇ | ၁၁.၁၆ | ၁.၁.၉၄ | ၃၀.၅.၉၅ | တနင်္သာရီတိုင်း |
၂၁ | မြို့ဟောင်း-မြစ်ငယ်(ဒွေးလမ်း) | - | ၆.၂၀ | ၉.၆.၉၄ | ၅.၁.၉၆ | မန္တလေးတိုင်း |
၂၂ | နတ်ချောင်း-ဂန့်ဂေါ | ၆၈.၈၇ | ၇၂.၃၁ | ၁.၁.၉၄ | ၅.၂.၉၆ | စစ်ကိုင်း/မကွေး |
၂၃ | နန့်ကွေ့-နန့်ပေါင် လေယာဉ်ကွင်းလမ်းမြောင် | ၇.၁၅ | ၇.၃၂ | ၁၁.၈.၉၅ | ၂၆.၃.၉၆ | ကချင်ပြည်နယ် |
၂၄ | ဘန်းယဉ်-ဖာမွန်း | ၂၇.၄၂ | ၃၀.၁၆ | ၅.၁၁.၉၃ | ၄.၆.၉၆ | ရှမ်းပြည်နယ် |
၂၅ | ပျဉ်းမနား-ကျည်တောင်ကန် | - | ၁၀.၀၄ | ၁.၄.၉၅ | ၁၆.၇.၉၆ | မန္တလေးတိုင်း |
၂၆ | တောင်ကြီး-ဖာမွန်း | ၆.၂၀ | ၆.၈၂ | ၂၇.၆.၉၆ | ၂၇.၇.၉၆ | ရှမ်းပြည်နယ် |
၂၇ | ပုဂံ-ဆားခါး | ၃၄.၈၉ | ၃၈.၃၈ | ၃.၁.၉၆ | ၁၈.၉.၉၆ | မန္တလေးတိုင်း |
၂၈ | ရေး(ချောင်းတောင်)- ကလော့ကြီး | ၂.၇၆ | ၃.၀၄ | ၁၄.၁.၉၄ | ၂၄.၉.၉၆ | မွန်ပြည်နယ် |
၂၉ | ပုဂံ-ကျောက်ပန်းတောင်း | ၂၉.၉၂ | ၃၂.၉၁ | ၂၈.၅.၉၆ | ၁၁.၂.၉၇ | မန္တလေးတိုင်း |
၃၀ | ဇီးပြား-ကျော | ၃၁.၄၆ | ၃၃.၄၅ | ၂၇.၄.၉၄ | ၉.၄.၉၇ | မကွေးတိုင်း |
၃၁ | အောင်လံ-ဆတ်သွား | ၄၉.၉၇ | ၅၄.၉၆ | ၂၀.၅.၉၆ | ၂၂.၅.၉၇ | မကွေးတိုင်း |
၃၂ | ဂန့်ဂေါ-ရေမျက်နီ | ၂၂.၃၅ | ၂၄.၅၉ | ၂၅.၅.၉၆ | ၁၇.၇.၉၇ | မကွေးတိုင်း |
၃၃ | ပြည်-အောင်လံ | ၄၀.၃၈ | ၄၄.၅၀ | ၂၀.၅.၉၆ | ၁၄.၉.၉၇ | မကွေး/ပဲခူး |
၃၄ | ပခုက္ကူ-ရွေတန့်တစ်ဆိုဒ်ဒင် | ၃.၆၆ | ၄.၁၂ | ၁၇.၂.၉၇ | ၂၇.၇.၉၇ | မကွေးတိုင်း |
၃၅ | ရွှေညောင်-တောင်ကြီး | ၁၀.၈၁ | ၂၂.၈၉ | ၂၂.၈.၉၆ | ၂၄.၁၂.၉၇ | ရှမ်းပြည်နယ် |
၃၆ | ရေဖြူ-ကလော့ကြီး | ၈၇.၉၉ | ၉၆.၇၈ | ၂.၆.၉၅ | ၂၆.၃.၉၈ | တနင်္သာရီတိုင်း |
၃၇ | ဒညင်းကုန်း-လှော်ကားဒွေးလမ်း | - | ၅.၂၂ | ၁.၁၂.၉၇ | ၁၅.၈.၉၈ | ရန်ကုန်တိုင်း |
၃၈ | ပျော်ဘွယ်-ရန်အောင် | ၄.၇၅ | ၄.၉၉ | ၁၀.၁၁.၉၇ | ၉.၄.၉၉ | မန္တလေးတိုင်း |
၃၉ | မကွေး-တောင်တွင်းကြီး | ၅၂.၁၀ | ၅၄.၀၀ | ၁၁.၁၁.၉၇ | ၁၇.၄.၉၉ | မကွေးတိုင်း |
၄၀ | မန္တလေးအပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းတိုးချဲ့လမ်း မြှောင် | ၃.၀၀ | ၄.၀၂ | ၂.၁.၉၉ | ၃၀.၈.၉၉ | မန္တလေးတိုင်း |
၄၁ | ဆင်ဖြူရှင်တံတားချဉ်းကပ် လမ်း | ၄.၃၃ | ၄.၇၆ | ၇.၃.၉၆ | ၁၈.၉.၉၉ | စစ်ကိုင်း/မကွေး |
၄၂ | ဘုတလင်-ရေဦး-ခင်ဦး | ၅၁.၃၈ | ၅၄.၃၅ | ၁၅.၇.၉၉ | ၉.၄.၀၀ | စစ်ကိုင်းတိုင်း |
၄၃ | ဘန်းယဉ်-ဆိုက်ခေါင် | ၇.၆၃ | ၇.၇၆ | ၈.၅.၉၂ | ၃၀.၄.၀၁ | ရှမ်းပြည်နယ် |
၄၄ | နမ့်စန်-မိုင်းစစ် | ၁၉.၁၉ | ၂၀.၅၅ | ၂.၅.၀၁ | ၂၁.၇.၀၁ | ရှမ်းပြည်နယ် |
၄၅ | ဆိုက်ခေါင်-ပြင်သာယာ | ၁၆.၁၀ | ၁၇.၀၉ | ၄.၄.၀၁ | ၂၇.၃.၀၃ | ရှမ်းပြည်နယ် |
၄၆ | အုတ်ဖိုစု-သီလဝါ | ၈.၃၃ | ၉.၀၅ | ၁.၁.၀၃ | ၁၅.၁၁.၀၃ | ရန်ကုန်တိုင်း |
၄၇ | ရေးမြစ်ကူးတံတားချဉ်းကပ် ရထားလမ်း | ၀.၉၁ | ၀.၉၁ | ၁၂.၁၀.၀၃ | ၂၅.၁၁.၀၃ | မွန်ပြည်နယ် |
၄၈ | မိုင်းစိတ်-ကောင်ဆိုင်း | ၁၀.၂၃ | ၁၀.၄၅ | ၄.၇.၀၁ | ၂၀.၃.၀၄ | ရှမ်းပြည်နယ် |
၄၉ | ပြင်သာယာ-ထီရိ | ၄.၇၅ | ၁၄.၂.၀၁ | ၂၁.၃.၀၄ | ရှမ်းပြည်နယ် | |
၅၀ | ထီရိ-ပွန်ချောင်း | ၂၉.၅၀ | ၃၀.၄၅ | ၁.၁၀.၀၃ | ၂၇.၁၀.၀၄ | ရှမ်းပြည်နယ် |
၅၁ | ပွန်ချောင်း-ကောင်ဆိုင်း | ၂၇.၅၄ | ၂၈.၂၅ | ၁.၈.၀၁ | ၁.၁.၀၆ | ရှမ်းပြည်နယ် |
၅၂ | တိုးကြောင်လေး-ဒဂုံတက္ကသိုလ် | ၄.၉၆ | ၅.၂၈ | ၂၄.၃.၀၄ | ၄.၃.၀၆ | ရန်ကုန်တိုင်း |
၅၃ | သံလွင်တံတား(မော်လမြိုင်) ချဉ်းကပ်ရထားလမ်း | ၁၈.၂၈ | ၂၈.၂၉ | ၂၇.၄.၀၃ | ၁၇.၄.၀၆ | မွန်ပြည်နယ် |
၅၄ | အုတ်ဖိုစု-ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် | ၃.၃၃ | ၃.၉၀ | ၂၇.၃.၀၆ | ၁.၆.၀၆ | ရန်ကုန်တိုင်း |
၅၅ | မြစ်ငယ်-ကျောက်ဆည် ဒွေးလမ်း | - | ၁၉.၉၆ | ၂၄.၄.၀၄ | ၂၅.၆.၀၆ | မန္တလေးတိုင်း |
၅၆ | သာစည်-ကွမ်းခြံရိုး | ၃.၂၃ | ၃.၅၁ | ၁၅.၉.၀၅ | ၁၆.၇.၀၆ | မန္တလေးတိုင်း |
၅၇ | ကျော-ရေမျက်နီ | ၂၇.၀၆ | ၂၈.၀၆ | ၃၀.၄.၀၀ | ၂၇.၁၂.၀၇ | မကွေးတိုင်း |
၅၈ | ဒိုက်ဦး-စစ်တောင်း | ၂၄.၀၀ | ၂၈.၉၂ | ၁၂.၁၂.၀၅ | ၂၁.၄.၀၇ | ပဲခူးတိုင်း |
၅၉ | လှော်ကား-ကွန်ပျူတာ တက္ကသိုလ် | ၁.၇၇ | ၂.၂၂ | ၂၃.၇.၀၆ | ၁၇.၅.၀၈ | ရန်ကုန်တိုင်း |
၆၀ | ကြီးနီ-ချောက် | ၄.၃၀ | ၅.၃၀ | ၃၀.၃.၀၁ | ၂.၉.၀၇ | မကွေးတိုင်း |
၆၁ | ကျည်တောင်ကန်-ကျောက် ဆည်ဒွေးလမ်း | - | ၁၃၁.၀၁ | ၁၈.၉.၀၄ | ၂၄.၁၀.၀၇ | မန္တလေးတိုင်း |
၆၂ | ကြံခင်း-ဥသျှစ်ပင် | ၃၈.၀၀ | ၄၁.၅၀ | ၁.၈.၀၆ | ၁.၃.၀၈ | ဧရာဝတီတိုင်း |
၆၃ | ပျော်ဘွယ်-ဘုရားငါးဆူ | ၁၆.၁၉ | ၁၇.၀၀/td> | ၁၅.၁.၀၇ | ၂၂.၃.၀၉ | ပဲခူး/မကွေး |
၆၄ | စစ်တွေ-ရေချမ်းပြင် | ၁၁.၄၆ | ၁၂.၀၀ | ၁၅.၂.၀၉ | ၁၉.၅.၀၉ | ရခိုင်ပြည်နယ် |
၆၅ | ကံမ-သရက် | ၂၉.၁၄ | ၃၄.၈၇ | ၃.၁.၀၉ | ၁၇.၇.၀၉ | မကွေးတိုင်း |
၆၆ | ပခုက္ကူ-ကျွန်းချောင်း | ၂၇.၀၀ | ၃၀.၄၅ | ၁.၄.၀၇ | ၂၀.၁၁.၀၉ | မန္တလေးတိုင်း |
၆၇ | မကွေး-ကံပြား | ၇.၆၈ | ၉.၁၈ | ၁.၅.၀၉ | ၁၉.၁၂.၀၉ | မကွေးတိုင်း |
၆၈ | မုံရွာပတ်လမ်း(ဗောဓိတစ် ထောင်) | ၅.၂၅ | ၅.၇၀ | ၂၃.၆.၀၉ | ၂.၁.၁၀ | စစ်ကိုင်းတိုင်း |
၆၉ | ပျော်ဘွယ်(ရန်အောင်)-ရွာ တော် | ၂၂.၁၂ | ၂၄.၁၂ | ၁၀.၁၁.၀၈ | ၁၆.၁.၁၀ | မန္တလေး/မကွေး |
၇၀ | ကသာ-မိုးတားကြီး | ၁၆.၆၈ | ၁၈.၈၂ | ၁၆.၅.၀၇ | ၂၈.၂.၁၀ | စစ်ကိုင်းတိုင်း |
၇၁ | သရက်-မင်းလှ | ၅၂.၇၀ | ၅၆.၀၀ | ၁.၄.၀၇ | ၁၄.၃.၁၀ | မကွေးတိုင်း |
၇၂ | ကွမ်းတောင်-ပုဏ္ဏားကျွန်း- ယိုးတရုတ် | ၂၂.၇၂/td> | ၂၄.၀၅ | ၁.၁၀.၀၉ | ၁၅.၅.၁၀ | ရခိုင်ပြည်နယ် |
၇၃ | ယောချောင်း-ဆိပ်ဖြူ | ၂၂.၀၀ | ၂၃.၅၀ | ၁၉.၅.၀၇ | ၁၂.၆.၁၀ | မကွေးတိုင်း |
၇၄ | ဟင်္သာတ-ဇလွန် | ၁၆.၂၅ | ၁၇.၈၅ | ၂၀.၂.၁၀ | ၂၁.၇.၁၀ | ဧရာဝတီတိုင်း |
၇၅ | ပြည်(ရွှေတံခါး)-ပေါက်ခေါင်း | ၂၀.၀၀ | ၂၂.၀၀ | ၁၂.၉.၀၀ | ၂၂.၈.၁၀ | ပဲခူးတိုင်း |
၇၆ | မင်းလှ-မင်းဘူး | ၂၅.၄၀ | ၂၇.၂၀ | ၁.၄.၀၇ | ၁၈.၉.၁၀ | မကွေးတိုင်း |
၇၇ | ဆိပ်ဖြူ-ဆင်ဖြူကျွန်း | ၂၃.၀၈ | ၂၅.၁၈ | ၂၈.၈.၀၈ | ၉.၁၀.၁၀ | မကွေးတိုင်း |
၇၈ | ကျိုင်းတုံ-ဝမ်းကောင်း | ၅.၆၀ | ၆.၆၀ | ၄.၄.၀၉ | ၁၉.၁၂.၁၀ | ရှမ်းပြည်နယ် |
၇၉ | မင်းဘူး-ပွင့်ဖြူ | ၂၀.၀၁ | ၂၁.၅၄ | ၁.၄.၀၈ | ၂၂.၁.၁၀ | မကွေးတိုင်း |
၈၀ | ကျွန်းချောင်း-ဒေါင်းသာ | ၁၉.၅၉ | ၂၂.၂၅ | ၁၆.၁၁.၀၇ | ၂၆.၂.၁၁ | မကွေးတိုင်း |
၈၁ | ပုသိမ်(ဘဲဂရက်)-အိမ်မဲ | ၂၀.၇၅ | ၂၂.၂၅ | ၁.၁၂.၀၉ | ၂၀.၃.၁၁ | ဧရာဝတီတိုင်း |
၈၂ | ယိုးတရုတ်-ကျောက်တော် | ၂၉.၈၂ | ၂၀.၆၂ | ၁၆.၅.၁၀ | ၁၀.၄.၁၁ | ရခိုင်ပြည်နယ် |
၈၃ | ထားဝယ်-သရက်ချောင်း | ၁၉.၃၁ | ၂၁.၁၄ | ၁၂.၁၂.၀၈ | ၄.၆.၁၁ | တနင်္သာရီတိုင်း |
၈၄ | ဧရာဝတီတံတား(ပခုက္ကူ)ချဉ်း ကပ်ရထားလမ်း | ၇.၉၁ | ၉.၂၈ | ၁.၂.၁၀ | ၃၁.၁၂.၁၁ | မန္တလေး/.မကွေး |
၈၅ | နတ်မောက်-ရွာတော် | ၃၅.၄၂ | ၃၇.၄၂ | ၁၇.၁.၁၀ | ၁၃.၃.၁၃ | မကွေးတိုင်း |
၈၆ | ဧရာဝတီတံတား(မလွန်)ချဉ်းကပ် ရထားလမ်း | ၁၃.၅၀ | ၁၅.၀၂ | ၁.၇.၁၀ | ၁၁.၅.၁၃ | မကွေးတိုင်း |
၈၇ | ရန်ကုန်(လှိုင်သာယာ)-ညောင်တုန်း-စက္ကော့-ဇလွန် | ၇၃.၅၁ | ၇၈.၅၇ | ၁.၁၁.၀၉ | ၂၄.၅.၁၄ | ရန်ကုန်/ဧရာဝတီတိုင်း |
၈၈ | ခပေါင်းတံတားချဉ်းကပ်ရထားလမ်း | - | ၀.၇၁၉ | ၁.၇.၁၄ | ၇.၈.၁၅ | ပဲခူးတိုင်း |
၈၉ | မြစ်ငယ်တံတားချဉ်းကပ်ရထားလမ်း | - | ၀.၅၀၀ | ၂.၂.၁၅ | ၁၉.၈.၁၆ | မန္တလေးတိုင်း |
စုစုပေါင်း | ၁၈၁၈.၉၈ | ၂၁၄၀.၅၀ |
၁ | (က) နဝတနှင့်နယကလက်ထက် မတိုင်မီရှိသည့် ရထားလမ်းခရီးမိုင်ပေါင်း | ၁၉၇၆.၃၅ မိုင် | ၂၇၉၃.၈၆ မိုင် |
(ခ) နဝတနှင့် နယကလက်ထက် ဖောက်လုပ်ဖွင့် လှစ်ခဲ့သည့် ရထားလမ်းခရီးမိုင်ပေါင်းယနေ့ထိ | ၁၆၆၈.၂၆မိုင် | ၁၉၇၇.၃၆မိုင် | |
စုစုပေါင်း | ၃၆၄၄.၆၁ | ၄၇၇၁.၂၂ | |
၂ | (က) နဝတနှင့် နယကလက်ထက်မတိုင်မီတံတားကြီး/ငယ် စုစုပေါင်း | ၅၆၅၀ လုံး | |
(၂၇.၃.၈၉) မှ ယနေ့ထိစုစုပေါင်း | ၁၁၆၅၀ လုံး | ||
၃ | (က) နဝတနှင့် နယကလက်ထက်မတိုင်မီ ဘူတာ စုစုပေါင်း | ၄၈၇ ဘူတာ | |
(ခ) နဝတနှင့် နယကလက်ထက် တည်ဆောက်ပြီး ဘူတာစုစုပေါင်း | ၄၃၉ ဘူတာ | ||
စုစုပေါင်း | ၉၂၆ ဘူတာ |
စဉ် | တံတားအမည် | တံတားအရှည် ပေ၊လက်မ | တံတားအကျယ် ပေ၊လက်မ | တည်နေရာ | ဖွင့်လှစ်သည့် နေ့ |
---|---|---|---|---|---|
၁ | ဆူးလေခုံးကျော်တံတား | ၁၅၈ ပေ | ၅၀ပေ | ရန်ကုန်တိုင်း | ၁၀.၁၂.၈၉ |
၂ | အင်းစိန်ခုံးကျော်တံတား | ၁၂၄၅ ပေ၊ ၉လက်မ | ၃၄ ပေ | ရန်ကုန်တိုင်း | ၂၀.၁.၉၀ |
၃ | ရန်ကြီးအောင်ခုံးကျော်တံတား | ၄၀၀ ပေ ၊၂လက်မ | ၃၄ ပေ | မန္တလေးတိုင်း | ၁၂.၂.၉၀ |
၄ | မင်းရဲကျော်စွာခုံးကျော်တံတား | ၂၈၇ပေ၊၄၁ပေ | ၄၁ ပေ | ရန်ကုန်တိုင်း | ၃.၁.၉၁ |
၅ | ဟံသာဝတီခုံးကျော်တံတား | ၅၆ပေ | ၅၆ ပေ | ရန်ကုန်တိုင်း | ၂၄.၂.၉၁ |
၆ | ဥဿာခုံးကျော်တံတား | ၁၅၉ ပေ | ၅၂ ပေ | ပဲခူးတိုင်း | ၂၄.၃.၉၁ |
၇ | ဘောက်ထော်ချောင်းတံတား | ၅၃ပေ၊၃လက်မ | ၇၆ပေ၊၉လက်မ | ရန်ကုန်တိုင်း | ၃၀.၆.၉၁ |
၈ | နတ်ချောင်းတံတား | ၁၃၁ပေ၊၇လက်မ | ၇၇ပေ၊၆လက်မ | ရန်ကုန်တိုင်း | ၃၀.၆.၉၁ |
၉ | ပန်းလှိုင်ခုံးကျော်တံတား | ၁၀၀ပေ | ၃၁ပေ | ရန်ကုန်တိုင်း | ၁၁.၁၁.၉၁ |
၁၀ | ကျိုက္ကလဲ့ခုံးကျော်တံတား | ၁၆၇ပေ | ၄၁ပေ | ရန်ကုန်တိုင်း | ၄.၁.၉၂ |
၁၁ | လဂွန်းအိမ်ခုံးကျော်တံတား | ၈၁ပေ၊၆လက်မ | ၇၂ပေ | ရန်ကုန်တိုင်း | ၁၈.၁.၉၂ |
၁၂ | ချမ်းမြမာလာခုံးကျော်တံတား | ၄၈ပေ၊၅လက်မ | ၃၅ပေ | မန္တလေးတိုင်း | ၆.၂.၉၂ |
၁၃ | မဟာဗန္ဓုလခုံးကျော်တံတား | ၇၄၉ပေ | ၇၉ပေ၊၆လက်မ | ရန်ကုန်တိုင်း | ၂၆.၄.၉၂ |
၁၄ | ပြည်ထောင်စုခုံးကျော်တံတား | ၅၃၄ပေ | ၇၉ပေ၊၆လက်မ | ရန်ကုန်တိုင်း | ၉.၂.၉၃ |
၁၅ | ချမ်းမြဝတီခုံးကျော်တံတား | ၆၄၄ပေ၊၁၀လက်မ | ၃၇ပေ | မန္တလေးတိုင်း | ၆.၃.၉၃ |
၁၆ | ပန်းဆိုးတန်းခုံးကျော်တံတား | ၁၉၂ပေ၊၆လက်မ | ၆၈ပေ | ရန်ကုန်တိုင်း | ၆.၇.၉၆ |
၁၇ | သမိုင်းခုံးကျော်တံတား | ၁၀၈၆ပေ၊၂လက်မ | ၅၆ပေ | ရန်ကုန်တိုင်း | ၂၂.၃.၉၇ |
၁၈ | လွတ်လပ်ရေးကျွန်းတံတား | ၅၄ပေ | ၁၄ပေ | ရန်ကုန်တိုင်း | ၁၂.၁.၉၀ |
၁၉ | သိမ်ကြီးစျေးစတုဂံလူကူးခုံးကျော်တံတား | ၉ပေ | ရန်ကုန်တိုင်း | ၈.၄.၉၀ | |
၂၀ | ဗားကရာခုံးကျော်တံတား | ၅၀ပေ | ၅၃ပေ | ရန်ကုန်တိုင်း | ၈.၄.၉၀ |
၂၁ | ရှမ်းလမ်းခုံးကျော်တံတား | ၇၀ပေ | ၃၅ပေ၊၉လက်မ | ရန်ကုန်တိုင်း | |
၂၂ | ပါရမီခုံးကျော်တံတား | ၁၁၇၆ပေ | ၅၆ပေ | ရန်ကုန်တိုင်း | ၁၆.၉.၀၄ |
၂၃ | နာနတ်တော်ခုံးကျော်တံတား | ၁၀၇၇ပေ | ၅၆ပေ | ရန်ကုန်တိုင်း | ၁၀.၂.၀၅ |
၂၄ | ကျောက်ရေတွင်းခုံးကျော်တံတား | ၂၈၂၈ပေ | ၃၆ပေ | ရန်ကုန်တိုင်း | ၂၄.၇.၀၅ |
ရထား/ကားလမ်းခုံးကျော်တံ တားစုစုပေါင်း | ၂၄ စင်း |
ရထားလမ်းများ ပိုမိုတောင့်တင်းခိုင်မာစေရေးနှင့် ရထားဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာ နိုင်ရေးအတွက် သစ်သားဇလီဖားတုံးများအစား ကွန်ကရစ်ဇလီဖားတုံးများကို အစားထိုးလဲလှယ်အ သုံးပြုလျှက်ရှိပြီး ကွန်ကရစ်ဇလီဖားကတော့ ပျမ်းမျှ နှစ်(၆၀) အနည်းဆုံးခံနိုင်ရည်ရှိပါသည်။ သစ်သား ဇလီဖားတုံးများဟာ ရထားဖြတ်သန်းချိန်တွင် 800lbs / square / inch ခံနိုင်ရည်ရှိပြီး ကွန် ကရစ်ဇလီဖားတုံးများမှာ 7000lbs /spuare/inch ခံနိုင်ရည်ရှိပါသည်။ ကွန်ကရစ်ဇလီဖားတုံးဟာ သစ်သားဇလီဖားတုံးထက် နှစ်သက်တမ်းအားဖြင့် (၁၂) ဆ ခံနိုင်ရည်အားဖြင့် (၉)ဆ ခန့်ရှိ၍ သစ်သား ဇလီဖားတုံးများအစား ကွန်ကရစ်ဇလီဖားတုံးများအား အစားထိုး သုံးစွဲနိုင်ရေးအတွက် အောက်ဖော်ပြ ပါကွန်ကရစ်ဇလီဖားစက်ရုံများကို တည်ဆောက်ဖွင့်လှစ်လျှက်ရှိပါသည်။
စဉ် | စက်ရုံအမည် | အသုံးပြုမည့်လမ်းပိုင်း | မှတ်ချက် |
---|---|---|---|
၁ | မြစ်ငယ်စက်ရုံ | ရန်ကုန်-မန္တလေးဒွေးလမ်း | ဖွင့်လှစ်ပြီး |
၂ | ပြွန်တန်ဆာစက်ရုံ | အဆင့်မြှင့်တင်ခြင်း | ။ |
၃ | မုတ္တမစက်ရုံ | ထားဝယ်-မြိတ်ရထားလမ်း | ။ |
၄ | ပခုက္ကူစက်ရုံ | ကြံခင်း-ပခုက္ကူရထားလမ်း | ။ |
၅ | ဥသျှစ်ပင်စက်ရုံ | ပုသိမ်-ရန်ကုန်(လှိုင်သာယာ)နှင့် ဟင်္သာတညောင်တုန်းရထားလမ်း | ။ |
၆ | ခင်ဦးစက်ရုံ | ကသာ-ဗန်းမောရထားလမ်း | ။ |
၇ | မင်းဘူးစက်ရုံ | မင်းဘူး-အမ်း-စစ်တွေရထားလမ်း | ။ |
၈ | ရွှေညောင်စက်ရုံ | မိုးနဲ-ကျိုင်းတုံရထားလမ်း | ။ |
၉ | ဗန်းမော်စက်ရုံ | မြစ်ကြီးနား-ဗန်းမော်-မိုးမိတ်-ကျောက် မဲ-သီပေါလဲချား-နမ့်စန် | ။ |
၁၀ | သီပေါစက်ရုံ | မြစ်ကြီးနား-ဗန်းမော်-မိုးမိတ်-ကျောက် မဲ-သီပေါလဲချား-နမ့်စန် | ။ |
၁၁ | နမ်စန်စက်ရုံ | မြစ်ကြီးနား-ဗန်းမော်-မိုးမိတ်-ကျောက် မဲ-သီပေါလဲချား-နမ့်စန် | ။ |
(က) | တိုင်းတာဝန်ခံ | ဦးသောင်းထိုက်ဝင်း(လက်ထောက်ထွေထွေမန်နေဂျာ) | ၀၉၅၁၈၀၆၄၁ |
(ခ) | မြို့ပြဌာန | ဦးလွမ်းသူ(လက်ထောက်အထွေထွေမန်နေဂျာ) | ၀၉၄၄၄၆၆၃၀၄၂ |
(ဂ) | သွားလာရေး ဌာန | ဦးသန့်ဇင်ထွန်း(မန်နေဂျာ) | ၀၉၂၅၄၆၂၆၇၉၇ |
(ဃ) | စီးပွားရေးဌာန | ဦးရင်စိုး(မန်နေဂျာ) | ၀၉၇၈၂၂၁၄၁၄၉ |
(င) | စက်မှူ/လျှပ်စစ်ဌာန | ဦးကျော်ရွှေ (အင်ဂျင်နီယာမှူး) | ၀၉၂၅၆၁၅၇၀၁၉ |
(စ) | ဆက်သွယ်ရေးဌာန | ဦးစိုးသိန်းဇော် (အင်ဂျင်နီယာမှူး) | ၀၉၂၅၁၁၇၉၉၂၁ |
(ဆ) | ပျဉ်းမနားဘူတာ | ရုံပိုင်ချုပ် | ၀၆၇၂၂၅၀၈ |
(ဇ) | နေပြည်တော်ဘူတာ | ရုံပိုင်ကြီး(အထူးတန်း) | ၀၆၇၇၇၁၃၃ |
စဉ် | ရထား | ခရီးစဉ် | အချိန်စာရင်းများ | ||
---|---|---|---|---|---|
မှ | ထိ | ထွက်ချိန် | ရောက်ချိန် | ||
၇ အစုန် | ရန်ကုန် | နေပြည်တော် | ၂၁:၃၀ | ၁၆:၀၀ | |
၈အစုန် | နေပြည်တော် | ရန်ကုန် | ၂၁:၀၀ | ၁၅:၃၅ | |
၃၁အဆန် | ရန်ကုန် | နေပြည်တော် | ၀၈:၀၀ | ၁၇:၀၀ | |
၃၂အစုန် | နေပြည်တော် | ရန်ကုန် | ၀၈:၀၀ | ၁၇:၀၀ | |
နေပြည်တော် မန္တလေး | မန္တလေး | ||||
မန္တလေး | နေပြည်တော် | ||||
မန္တလေး | နေပြည်တော် | ||||
အဆန် | နေပြည်တော် | မြင်းခြံ | |||
အစုန် | မြင်းခြံ | နေပြည်တော် | |||
၁၅/၁၆အစုန် | နေပြည်တော် | မော်လမြိုင် | ၀၆:၀၀ | ၂၁:၂၁ | |
၁၈/၁၇အဆန် | မော်လမြိုင် | နေပြည်တော် | ၀၆:၁၅ | ၂၂:၀၀ | |
၁၀၇အဆန် | နေပြည်တော် | ပခုက္ကူ | ၀၈:၃၀ | ၂၀:၁၅ | |
၁၀၈အစုန် | ပခုက္ကူ | နေပြည်တော် | ၀၆:၁၅ | ၁၇:၄၀ | |
၁၀၉အဆန် | နေပြည်တော် | ပြည် | ၀၇:၀၀ | ၁၇:၂၅ | |
၁၁၀အစုန် | ပြည် | နေပြည်တော် | ၀၆:၃၀ | ၁၆:၄၅ | |
၁၀၁အဆန် | နေပြည်တော် | ချောက် | ၀၅:၀၀ | ၁၉:၁၅ | |
၁၀၂အစုန် | ချောက် | နေပြည်တော် | ၀၆:၃၀ | ၂၁:၃၀ |
မြန်မာ့မီးရထားတိုင်းရုံးများ
တိုင်းအမှတ်(၅) တောင်ငူ