အထူးသတင်းကြေငြာချက်

လျှောက်ထားရန်

ဒေါ်လာရောင်း၊ဝယ် ဈေးနှုန်း

နိုင်ငံခြားငွေလဲလှယ်နှုန်း (၃.၆.၂၀၁၉)

အမေရိကန် တစ်ဒေါ်လာ ၁၅၂၉.၇
ဥရောပ တစ်ယူရို ၁၇၀၉.၇
တရုတ် တစ်ယွမ် ၂၂၁.၄၅
ထိုင်း တစ်ဘတ် ၄၈.၆၄၇
မလေးရှား တစ်ရင်းဂစ် ၃၆၅.၆၉
အိန္ဒိယ တစ်ရူပီ ၂၂.၀၄၈
ဂျပန် တစ်ရာယန်း ၁၄၁၂.၈
တောင်ကိုရီးယား တစ်ရာ၀မ် ၁၂၉.၄၀
သြစတြေးလျ တစ်ဒေါ်လာ ၁၀၆၃.၁
စင်ကာပူ တစ်ဒေါ်လာ ၁၁၁၅.၈
နေပြည်တော်ဘဏ်မှ ဝန်ဆောင်မှုပေးနေပါသည်။

မြန်မာ့သစ်လုပ်ငန်း(နေပြည်တော်)

(က)စတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း

၁။ မြန်မာ့သစ်လုပ်ငန်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒုတိယအထွေထွေမန်နေဂျာရုံးသည် ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်တွင်တည်ရှိပြီး နေပြည်တော်( တောင်ပိုင်း )သစ်ထုတ်ရေးဒေသအား တိုက်ရိုက်တာဝန်ယူ အုပ်ချုပ်ရပါသည်။ ၎င်းအပြင် ပြည်ထောင်စုနယ်မြေအတွင်းရှိ ပြည်တွင်း ရောင်းဝယ်ရေးနှင့် သစ်စက်ဌာန၊ လေ့ကျင့်ရေးသင်တန်းကျောင်းအမှတ်-၂၊ ပင်မအလုပ်ရုံများ ပါဝင် ဖွဲ့စည်းထားရှိပြီး၊ ဦးဆောင်ညွှန်ကြားရေးမှူးရုံး၏ (၁.၁.၂၀၁၃)ရက်စွဲပါစာအမှတ်-၁၇၀၃/ ဦး ဖစ(က) ၇ အရ ၁.၄.၂၀၁၄ ရက်နေ့ မှစ၍ မြန်မာ့သစ်လုပ်ငန်း၊ ပြည်ထောင်စုနယ်မြေအား မန္တလေးတိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ခွဲထွက်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည် ။

၂။ မြန်မာ့သစ်လုပ်ငန်း၊ ပြည်ထောင်စုနယ်မြေ၏ နယ်နိမိတ်မှာ အရှေ့ဘက်တွင် ကယားပြည်နယ် နှင့် ရှမ်းပြည်နယ်၊ အနောက်ဘက်တွင် မကွေးတိုင်းဒေသကြီး၊ တောင်ဘက်တွင် ပဲခူးတိုင်းဒေသကြီး/ မြောက်ဘက်တွင် မန္တလေးတိုင်းဒေသကြီးတို့တည်ရှိပြီး၊ တိုက်ရိုက်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော နေပြည်တော်(တောင်ပိုင်း)သစ်ထုတ်ရေးဒေသမှ နေပြည်တော်တိုင်းအတွင်းရှိ ရေဆင်းနယ်၊ တပ်ကုန်း မြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့တွင် သစ်ထုတ်လုပ်မှုလုပ်ငန်းအခြေအနေများကို အနီးကပ်ကြီးကြပ် ညွှန်ကြားရခြင်းဖြစ်ပါသည် ။

(ခ) မြန်မာ့သစ်လုပ်ငန်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းအတွင်းနှင့် ဒုတိယအထွေထွေမန်နေဂျာရုံးတို့၏ ၀န်ထမ်းဖွဲ့စည်းပုံ ဝန်ထမ်းအင်အားခန့်ထားမှုအသေးစိတ်အခြေပြဇယား
စဉ် တိုင်း/ဒေသရုံးအမည် ခွင့်ပြု ခန့်ထား လစ်လပ် မှတ်ချက်
၁။ ဒုတိယအထွေထွေမန်နေဂျာရုံး ၄၇ ၃၁ ၁၆
၂။ နေပြည်တော်(တောင်ပိုင်း)သစ်ထုတ်ရေးဒေသ ၄၅၂ ၂၃၂ ၂၂၀
၃။ ပြည်တွင်းရောင်း၀ယ်ရေးနှင့် သစ်စက်ဌာန ၉၀၈ ၃၅၁ ၅၅၇
၄။ ပင်မအလုပ်ရုံ ၁၈၂ ၁၁၃ ၆၉
၅။ လေ့ကျင့်ရေးသင်တန်းကျောင်းအမှတ်(၂) ၈၆ ၄၁ ၄၅
စုစုပေါင်း ၁၆၇၅ ၇၆၈ ၉၀၇

(ဂ) ရည်မှန်းချက်နှင့်လုပ်ငန်းတာဝန်များ

သဘာဝသယံဇာနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံ သစ်တောကဏ္ဍကို အမျိုးသားလူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝပတ်ဝန်းကျင် ထာဝစဉ်တည်ငြိမ်ရေး နှင့် ဂေဟစနစ်များ မျှတရေးတို့အတွက် ဦးတည်၍ မူဝါဒများချမှတ်ပြီး စီမံခန့်ခွဲလျှက်ရှိရာ ၁၉၉၅ ခုနှစ် မြန်မာ့သစ်တောမူဝါဒသဘောထားကြေငြာချက်တွင် အမျိုးသားရည်မှန်းချက် ပန်းတိုင်ဖြစ်သော

(၁) ကာကွယ်ခြင်း

ရေ၊ မြေ၊ တောရိုင်တိရိစ္ဆာန်၊ ဇီ၀မျိုးစုံနှင့် သဘာ၀ပတ်၀န်းကျင်ကို ကာကွယ်ရမည်။

(၂) ထာ၀စဉ်တည်တံ့စေခြင်း

သစ်တောများမှ ရရှိနိုင်သည့် တိုက်ရိုက်နှင့် သွယ်ဝိုက်သော အကျိုးများကို စဉ်ဆက်မပြတ် ခံစားနိုင်ကြစေရန်၊ သစ်တောသယံဇာတအရင်းအမြစ်များကို ထာဝစဉ်တည်တံ့နေစေရေးအတွက် ထိန်းသိမ်းရမည် ။

(၃) အခြေခံစား၀တ်နေရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း

ပြည်သူလူထုအတွက် လောင်စာ၊ နေအိမ်၊ အဆောက်အအုံ၊ အစားအစာနှင့် အပန်းဖြေနားနေမှု အစရှိသည့် အခြေခံစားဝတ်နေရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးရမည် ။

(၄) စွမ်းဆောင်ရည်တိုးတက်မြင့်မားစေခြင်း

သစ်တောသယံဇာတများမှ ရရှိနိုင်သည့် စီးပွားရေးအကျိုးအမြတ်တို့အား လူမှုရေးနှင့် သဘာဝ ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာတို့ကို မထိခိုက်စေဘဲ အပြည့်အဝအသုံးချရန် စီမံရမည် ။

(၅) ပြည်သူတို့က ပူးပေါင်းပါ၀င်ဆောင်ရွက်လာစေခြင်း

သစ်တောများ ပြုစုထိန်းသိမ်းရေးနှင့် သစ်တောသယံဇာတများ အသုံးချရေးလုပ်ငန်းတို့တွင် ပြည်သူတို့က ပူးပေါင်းဆောင်ရွက်သွားရမည် ။

(၆) ပြည်သူ့အတွင်း နိုးကြားတက်ကြွသည့် အသိရှင်သန်နေစေခြင်း

နိုင်ငံတော်၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရာတွင် သစ်တောများသည် အဓိက အခန်းမှ ပါဝင်နေကြောင်းကို ပြည်သူတို့အတွင်း အသိရှင်သန်စေရန် လှုံဆော်သွားရမည်။ မြန်မာ့သစ်လုပ်ငန်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ နိုင်ငံစီးပွားရေးကဏ္ဍ အနေဖြင့်လည်းကောင်း၊ ယာဉ်/ ယန္တရားများ အကြီးစားပြင်ဆင်မှုပြုလုပ်ရန်လည်းကောင်း၊ သစ်လုံး/ ခွဲသားများအား နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် တည်ဆောက်ရေးလုပ်ငန်းများ၊ သဘာဝဘေးမှ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ၊ အထူးတည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများ၊ အခြားဝန်ကြီးဌာနများ၏ လုပ်ငန်းများသို့သစ်ရောင်းချဖြန့်ဖြူးခြင်းများ၊ အိတ်ဖွင့်စျေးပြိုင်စနစ်ဖြင့် ကျယ်ကျယ်ပြန့်ပြန့်ရောင်းချ ပေးခြင်းဖြင့် ပုဂ္ဂလိကအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းတာဝန်များ ဆောင်ရွက်လျှက်ရှိ ပါသည် ။

(ဃ) မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာန၏ ဆောင်ပုဒ်များမှာ

နိုင်ငံခြားငွေရှာဖွေကြိုးပမ်း မြန်မာ့သစ်လုပ်ငန်း

မြန်မာ့သစ်လုပ်ငန်း၊ လေ့ကျင့်ရေးသင်တန်းကျောင်းအမှတ်(၂)၏ ဆောင်ပုဒ်
  • "ယာဉ်မောင်းအားလုံး/ကျွမ်းကျင်သတိစည်းကမ်းရှိ"
  • "အရေအတွက်မှ အရည်အချင်းသို့"
ပင်မအလုပ်ရုံ၏ ဆောင်ပုဒ်များ
  • ထိန်းသိမ်းပြုပြင် ယန္တရား ယာဉ်စွမ်းအင်မြှင့်ဖို့ ကြိုးပမ်းစို့။
  • ပစ္စည်းမှန်မှန် နည်းမှန်မှန် မြန်မြန်ပြီးအောင်ဆောင်ရွက်ကြ။
  • ပြင်သမျှ အရည်အသွေးမီရမည်။
ပြည်တွင်းရောင်း၀ယ်ရေးနှင့် သစ်စက်ဌာန၏ ဆောင်ပုဒ်များ

တိုင်းပြည်၀င်ငွေရှာဖွေကြိုးပမ်း၊ မြန်မာ့သစ်လုပ်ငန်း

(င) မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာနအနေဖြင့် နိုင်ငံတော်မှချမှတ်ပေးခဲ့သော ဥပဒေ၊ နည်းဥပဒေ များအတိုင်း ကျင့်သုံးဆောင်ရွက်လျှက်ရှိပြီး၊ ရုံးလုပ်ငန်းပိုင်းဆိုင်ရာ တာဝန်များအား ရုံးလက်စွဲအခန်းကဏ္ဍပါ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခြင်း၊ အထက်ဌာနမှ အခါအားလျော်စွာ ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက် များဖြင့်သာ ဆောင်ရွက်လျှက်ရှိပါသည် ။

(စ) ဌာနနှင့် လက်အောက်ရှိ ခရိုင်/မြို့နယ်ရုံးများ၏ ရုံးဓာတ်ပုံ၊ လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်များ
စဉ် ရုံးအမည် လိပ်စာ ဖုန်းနံပါတ် မှတ်ချက်
၁။ ဒုတိယအထွေထွေမန်နေဂျာ၊ ပြည်ထောင်စုနယ်မြေ၊ မြန်မာ့သစ်လုပ်ငန်း ရန်အောင်(၂)ရက်ကွက်၊ နယ်မြေ(၃)၊ ပျဉ်းမနား ၀၆၇−၂၂၈၇၇၊ ၀၆၇−၂၄၇၇၆(Fax)
၂။ နေပြည်တော်(တောင်ပိုင်း) သစ်ထုတ်ရေးခရိုင်ရုံး ရန်အောင်(၂)ရက်ကွက်၊ ပျဉ်းမနား ၀၆၇−၂၂၀၃၅
၃။ ပင်မအလုပ်ရုံ အောင်သာယာရပ်ကွက်အုပ်စု၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော် ၀၆၇−၂၂၀၅၅
၄။ လေ့ကျင့်ရေးသင်တန်းကျောင်းအမှတ်(၂) ပန်းခင်း(၂)ရပ်ကွက်၊ ပျဉ်းမနား ၀၆၇−၂၂၁၃၆
၅။ ပြည်တွင်းရောင်း၀ယ်ရေးနှင့် သစ်စက်ဌာန ခရိုင်ရုံး ရန်အောင်(၂)ရပ်ကွက်၊ ပျဉ်းမနား ၀၆၇−၂၂၀၄၀၊ ၀၆၇−၂၂၂၅၉



ရှေ့သို့