အမေရိကန် | တစ်ဒေါ်လာ | ၁၃၇၃.၉ |
ဥရောပ | တစ်ယူရို | ၁၅၅၅.၈ |
တရုတ် | တစ်ယွမ် | ၁၉၇.၇၃ |
ထိုင်း | တစ်ဘတ် | ၄၃.၆၉၉ |
မလေးရှား | တစ်ရင်းဂစ် | ၃၂၄.၈၄ |
အိန္ဒိယ | တစ်ရူပီ | ၁၈.၆၃၀ |
ဂျပန် | တစ်ရာယန်း | ၁၃၀၆.၂ |
တောင်ကိုရီးယား | တစ်ရာ၀မ် | ၁၁၅.၃၂ |
သြစတြေးလျ | တစ်ဒေါ်လာ | ၈၉၆.၈၀ |
စင်ကာပူ | တစ်ဒေါ်လာ | ၉၈၈.၁၀ |
နိုင်ငံတော်တစ်ခု၏ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လူမှုရေး စသည့် ကဏ္ဍများ ထက်မြက်ထိရောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးနှင့်ပို့ဆောင်ရေးသည် အဓိက အခန်းကဏ္ဍမှ ပါဝင်လျှက်ရှိပါသည်။ အထူးသဖြင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်သော မြန်မာနိုင်ငံတွင် တိုင်းရင်းသားညီအစ်ကိုများနေထိုင်ရာ ဒေသများဘက်စုံဖွံ့ဖြိုး တိုးတက်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ကျစ်လစ်ခိုင်မာမှုအတွက် လမ်းပန်း ဆက်သွယ်မှုကောင်းမွန်ရေးသည် အထူးအရေးပါပေသည်။ ၎င်းအပြင် နိုင်ငံတော်၏ ပြုပြင် ပြောင်းလဲလာသော စီးပွားရေးမူဝါဒအရ ဦးစားပေး၍ ကူညီပံ့ပိုးလျက်ရှိရာ သယ်ယူပို့ဆောင်ရေး ကဏ္ဍသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။
မိမိတို့ဌာနသည် ယခင်ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနတစ်ခုအနေဖြင့် ၁၉၆၃ခုနှစ် ကုန်းလမ်းနှင့်ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်းဥပဒေများနှင့် ၁၉၈၀ပြည့်နှစ် ပို့ဆောင်ရေးညှိနှိုင်းမှုကော်မတီ အဆင့်ဆင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန၏ ဖွဲ့စည်းခြင်းနောက်ခံသမိုင်းကြောင်းအရ “၁၉၇၂၊ မတ်လ ၁၆ ရက်နေ့တွင် ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်၌ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကော်ပိုရေးရှင်းအား ဖွဲ့စည်းကာ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများကို ညှိနှိုင်းကြီးကြပ်ကွပ်ကဲစေခဲ့ပါသည်။ ၁၉၇၄ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ‘ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန’ လက်အောက်ရှိ ဗဟို ပို့ဆောင်ရေးကော်ပိုရေးရှင်း၊ စစ်ဆေးရေးညွှန်ကြားမှုဦးစီးဌာန၊ လေ့ကျင့်ရေးနှင့် သုတေသန ညွှန်ကြားမှုဦးစီးဌာန၊ မှတ်တမ်းနှင့် စာရင်းအင်းညွှန်ကြားမှုဦးစီးဌာနများကို ပူးပေါင်း၍ ‘ပို့ဆောင်ဆက်သွယ်ရေးစီမံကိန်းနှင့် လုပ်ငန်းဆောင်ရွက်ရေးဦးစီးဌာန’ အမည်ဖြင့် ဖွဲ့စည်းခဲ့ ပါသည်။ ၁၉၉၂ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်တွင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနအား ‘ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန’ ဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၉၂ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ပို့ဆောင်ဆက်သွယ်ရေးစီမံကိန်းနှင့် လုပ်ငန်းဆောင်ရွက်ရေးဦးစီးဌာနအား ဦးစီး ဌာန(၂)ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အစိုးရအဖွဲ့ရုံး၏ ၁၉၉၂ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့စွဲပါ စာအမှတ်၊ ၃၅/ ၄၂ အဖရ ၉၂(၂၁) န.ဝ.တ အရ ‘ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန’ အမည်သစ်ဖြင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန အုပ်ချုပ်မှုအောက်သို့ ရောက်ရှိခဲ့ပါသည်။
ယခုအခါ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနအား ဖျက်သိမ်း၍ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန လက်အောက်သို့ လုပ်ငန်းလိုင်စင်နှင့်သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှု ဌာနအမည်ဖြင့် (၁.၄.၂၀၁၅)ရက်နေ့မှ စတင်ရောက်ရှိကာ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းဥပဒေပြဌာန်းခြင်း၊ နည်းဥပဒေများအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိခြင်းနှင့် ဥပဒေနှင့်အညီ လုပ်ငန်းလိုင်စင်များထုတ်ပေးခြင်း၊ နယ်စပ်ဖြတ်ကျော်လုပ်ငန်း များအတွက် International Operator License ထုတ်ပေးနိုင်ရေး စိစစ်ကြပ်မတ်ခြင်းနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းများအား ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါ သည်။
လုပ်ငန်းလိုင်စင်နှင့်သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာနသည် ယခင်ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၏ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်းတာဝန်များအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိခြင်း၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများဥပဒေနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိခြင်းနှင့် နည်းဥပဒေများအား ဆက်လက်ရေးဆွဲလျက်ရှိခြင်း စသည်ဖြင့် ဌာန၏လုပ်ငန်းဆောင်ရွက်မှုကို သိရှိနိုင်ရေးပြုစု တင်ပြရခြင်းဖြစ်ပါသည်။
ရည်ရွယ်ချက်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန၏ ဆောင်ရွက်နေသော လုပ်ငန်းတာဝန်များအား သိရှိနိုင်စေရန် ဖြစ်ပါသည်။
ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းဥပဒေ၏ ရည်ရွယ်ချက်များကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နှင့်သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန၏ ကြီးကြပ်မှုအောက်ရှိ ရုံးချုပ်အပါအဝင် စုစုပေါင်း (၅၂)ရုံး၏ ၂၀၁၇ ခုနှစ် မတ်လ(၃၁)ရက်နေ့ရှိ ဖွဲ့စည်းပုံ၊ ခန့်ပြီး၊ လစ်လပ် ဝန်ထမ်းအင်အား အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပြီး အသေးစိတ်စာရင်းကို နောက်ဆက်တွဲ “က”ဖြင့် တင်ပြအပ်ပါသည်-
အရာထမ်း | အမှုထမ်း | စုစုပေါင်း | |
---|---|---|---|
ဖွဲ့စည်းပုံ | ၈၃ | ၉၀၅ | ၉၈၈ |
ခန့်ပြီး | ၇၅ | ၅၅၉ | ၆၃၄ |
လစ်လပ် | ၈ | ၃၄၆ | ၃၅၄ |
လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနတွင် ရုံးချုပ်နှင့် နေပြည်တော်ကောင်စီရုံး၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်(၁၄)ရုံး၊ တွဲဖက်ပြည်နယ်ရုံး(၂)ရုံး၊ ခရိုင်အဆင့်တွင် ခန္တီးခရိုင်ရုံး အပါအဝင်(၃၁)ရုံး၊ မြို့နယ်အဆင့် (၃)ရုံး၊ စုစုပေါင်း (၅၂)ရုံးဖြင့် ဖွဲ့စည်းဆောင်ရွက်လျှက် ရှိပါသည်။
ဝင်ငွေကောက်ခံရရှိမှုလုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ် ညှိနှိုင်းမှုဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများ၏အခွန်/သာမန် ကောက်ခံ ရရှိမှုအား အောက်ပါအတိုင်းတင်ပြအပ်ပါသည် -
အကြောင်းအရာ | ရငွေ (ကျပ်သန်း) | ရငွေစုစုပေါင်း (ကျပ်သန်း) |
---|---|---|
လျာထားချက် | ၃၇၃၈.၇၃၆ | ၃၇၃၈.၇၃၆ |
ကောက်ခံရရှိမှု | ၅၂၇၃.၄၉၆ | ၅၂၇၃.၄၉၆ |
ရာခိုင်နှုန်း | ၁၃၅.၅၄ | ၁၃၅.၅၄ |
ကျင့်သုံးလျှက်ရှိသော ဥပဒေ၊နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ
၂၀၁၆ခုနှစ်၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများနည်းဥပဒေ(မူကြမ်း)အား အောက်ပါအတိုင်းဆောင်ရွက်လျှက်ရှိပါသည် -
သယ်ယူပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်သူများ၏ လူနေမှုဘဝ အဆင့်အတန်းမြင့်မားလာစေပြီး စီးပွားရေး၊ လူမှုရေး၊ ဆက်သွယ်ဆက်ဆံရေးများပိုမိုတိုးတက် ဖြစ်ထွန်းစေပြီးကုန်စည်စီးဆင်းမှု၊ကူးသန်းသွားလာမှုများ သွက်လက်လျင်မြန်လာမည်ဖြစ်ပါသည်။ ထိုသို့ သယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ သယ်ယူပို့ဆောင်ရေး စက်တပ်ယာဉ်များသည်လည်း တိုးတက်များပြားလာသည်နှင့်အညီ စက်တပ်ယာဉ်များဖြင့် စီးပွားရေးလုပ်ငန်းများအား ကြီးကြပ်ထိန်းသိမ်းရန်အတွက် ၁၉၆၃ ခုနှစ်၊ ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများဆိုင်ရာ ဥပဒေအရ လုပ်ငန်းလိုင်စင်များ ခွင့်ပြုထုတ်ပေးခဲ့ရခြင်း ဖြစ်ပါသည်။ ခွင့်ပြုလုပ်ငန်းလိုင်စင်အမျိုးအစားမှာ အောက်ပါအတိုင်း ခွဲခြားသတ်မှတ်ထားပါသည် -
စဉ် | လုပ်ငန်းအမျိုးအစား | လိုင်စင် |
---|---|---|
(က) | ခရီးစဉ်ဒေသ ကုန်စည်ပို့ဆောင်ခွင့် | “ က ” |
( ခ) | ခရီးစဉ် ခရီးသည်ပို့ဆောင်ခွင့် | “ ခ ” |
( ဂ ) | စင်းလုံးငှား ခရီးသည်ပို့ဆောင်ခွင့် | “ ဂ ” |
(ဃ) | ပဋိညာဉ်အရ ပို့ဆောင်ခွင့် | “ ဃ ” |
( င ) | ကိုယ်ပိုင်စီးပွားရေးအတွက်ကုန်စည်ပို့ဆောင်ခွင့် | “ င ” |
၁၉၆၃ ခုနှစ်၊ ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဥပဒေအရ ပို့ဆောင်ရေးလုပ်ငန်းကို စီးပွားရေးလုပ်ငန်းအဖြစ် ဆောင်ရွက်သော မော်တော်ယာဉ်များ အားလုံးသည် အောက်ဖော်ပြပါအတိုင်း လုပ်ငန်းလိုင်စင်များ ရယူဆောင်ရွက်ရပါသည် -
လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများအားပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန၏ ၇.၆.၂၀၁၂ ရက်စွဲပါ စာအမှတ်၊ ၁၂၉/ကရဖ(ဗဟို) (၉)ပစဦး/၂၀၁၂ ညွှန်ကြားချက် အမှတ် (၁/၂၀၁၂) အရ အောက်ဖော်ပြပါအတိုင်း လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါသည်-
ကိုယ်ပိုင်ယာဉ်မှ အငှားယာဉ်ပြောင်းလဲ အသစ်လျှောက်ထားခြင်းနှင့် အငှားယာဉ် ဖြစ်သော်လည်း လုပ်ငန်းလိုင်စင်မရှိသေးသဖြင့် လျှောက်ထားခြင်းများကို အောက်ပါအတိုင်း ဆောင်ရွက်ရန်ဖြစ်ပါသည်-
ကိုယ်ပိုင်ယာဉ်မှ အငှားယာဉ်ပြောင်းလဲလျှောက်ထားခြင်းအောက်ပါတို့ကို စိစစ် ဆောင်ရွက်ရပါမည်-
လုပ်ငန်းလိုင်စင် အသစ်လဲလှယ်(သက်တမ်းတိုး)ရန်လျှောက်ထားခြင်းများအတွက် အောက်ပါ တို့ကို စိစစ်ဆောင်ရွက်ရပါသည်-
လုပ်ငန်းလိုင်စင်ပျက်စီးခြင်းနှင့် ပျောက်ဆုံးခြင်းများအတွက် အောက်ပါတို့ကို စိစစ်ဆောင်ရွက်ရပါသည်-
ပျက်စီးခြင်းပိုင်ရှင်အမည်ပြောင်း လျှောက်ထားခြင်းနှင့် နေရပ်လိပ်စာပြောင်း လျှောက်ထားခြင်း များအတွက် အောက်ပါအတိုင်းဆောင်ရွက်လျှက်ရှိပါသည်-
ပိုင်ရှင်အမည်ပြောင်းလျှောက်ထားခြင်းအောက်ပါတို့ကို စိစစ်ဆောင်ရွက်ရ ပါသည်-
အောက်ပါတို့ကို စိစစ်ဆောင်ရွက်ရ ပါသည်-
အောက်ပါတို့ကိုစိစစ်ဆောင်ရွက်ရပါသည်-
နယ်ထွက်လျှောက်ထားခြင်းအောက်ပါတို့ကို စိစစ် ဆောင်ရွက်ရပါမည်-
မှတ်ချက်
လုပ်ငန်းလိုင်စင်ဖျက်သိမ်းရန် လျှောက်ထားခြင်းအတွက် အောက်ပါတို့ကို စိစစ်ဆောင်ရွက် ရပါသည်-
မော်တော်ယာဉ်၊ ထရော်လာဂျီ၊ သုံးဘီးဆိုင်ကယ်များ၏ လုပ်ငန်းလိုင်စင်နှုန်းထား အခွန်အခများကို ၁၉၆၅ ခုနှစ်၊ ကုန်းလမ်းနှင့်ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးဆိုင်ရာ စည်းကမ်းဥပဒေအပိုင်း(၉) ပုဒ်မ (၃၄) (၂)၏ ဆောင်ရွက်ပိုင်ခွင့်အရ ရုံးချုပ်၏ ၁၀.၁၀.၂၀၁၃ ရက်စွဲပါ စာအမှတ်၊ ၂၅၅/ ကသဖ (ဗဟို) (၁) / ၂၀၁၃ ၊ ညွှန်ကြားချက်အမှတ်၊ ၁/၂၀၁၃ဖြင့် အောက်ပါအတိုင်း ကောက်ခံခြင်းဖြစ်ပါသည် -
စဉ် | ဦးရေ/တန်ချိန် | နှစ်စဉ်ကြေး(ကျပ်) |
---|---|---|
(က) | ၁၀ဦးအထိ(သို့မဟုတ်)၃:၄ တန်အထိ | ၂၀၀၀ |
( ခ ) | ၁၁ဦးမှ၁၇ဦးအထိ(သို့မဟုတ်)၃:၄တန်အထက်မှ၁ ၃:၄တန်အထိ | ၃၀၀၀ |
( ဂ ) | ၁၈ဦးမှ၂၄ဦးအထိ(သို့မဟုတ်)၂တန်မှ၃တန်အထိ | ၄၀၀၀ |
(ဃ) | ၂၅ဦးမှ၂၉ဦးအထိ(သို့မဟုတ်)၃တန်အထက်မှ၅တန်အထိ | ၅၀၀၀ |
( င ) | ၃၀ဦးမှ၃၅ဦးအထိ(သို့မဟုတ်)၅တန်အထက်မှ၇တန်အထိ | ၆၀၀၀ |
( စ ) | ၃၆ဦးမှ၄၀ဦးအထိ(သို့မဟုတ်)၇တန်အထက်မှ၉တန်အထိ | ၇၀၀၀ |
(ဆ) | ၄၁ဦးနှင့်အထက် (သို့မဟုတ်)၉တန်အထက် | ၈၀၀၀ |
( ဇ ) | “စ”ယာယီမော်တော်ယာဉ်(တစ်လ) | ၃၀၀ |
ချိတ်ဆွဲယာဉ်(Tractor Head/Prime Mover)နှင့်နောက်တွဲယာဉ် (Trailers)များအားရထားပို့ဆောင်ရေးဝန်ကြီးဌာန၊စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ်( ၃/၂၀၁၃ )၏သဘောတူခွင့်ပြုချက်အရလုပ်ငန်းလိုင်စင်အခွန်အခများကိုတင်အားသတ်မှတ်ချက်အပေါ်မူတည်၍အောက်ပါအတိုင်းကောက်ခံဆောင်ရွက်ပါသည် -
စဉ် | ယာဉ်အမျိုးအစား | နောက်တွဲအရှည် | တင်အား | ကောက်ခံသည့်နှုန်းထား(ကျပ်) |
---|---|---|---|---|
(က) | Tractor Head | - | - | ၈၀၀၀ိ/- |
( ခ ) | 2 Axel Semitrailor | ၂၀ ပေ | ၂၄ တန် | ၄၀၀၀ိ/- |
( ဂ ) | 2 Axel Semitrailor | ၄၀ ပေ | ၃၀ တန် | ၆၀၀၀ိ/- |
(ဃ) | 3 Axel Semitrailor | ၄၀ ပေနှင့်အထက် | ၃၈ တန် | ၈၀၀၀ိ/- |
၂၀၁၆ ခုနှစ်၊ မတ်လကုန်ရှိ ယာဉ်အမျိုးအစားအလိုက် လုပ်ငန်းလိုင်စင်ရယူထားသည့် ယာဉ်စီးရေစာရင်း၏ တိုင်းဒေသကြီး/ပြည်နယ်၊ခရိုင်၊မြို့နယ်ရုံးများ၏ အသေးစိတ်စာရင်းအား နောက်ဆက်တွဲ “ ခ ” ဖြင့်တင်ပြအပ်ပါသည် ။
အထူးစစ်ဆေးဆောင်ရွက်ခြင်းခရီးသည်၊ ကုန်စည်သယ်ယူပို့ဆောင်ရေးကို စီးပွားရေးလုပ်ငန်းအဖြစ်လုပ်ကိုင် နေသော စက်တပ်ယာဉ်များသည် ဥပဒေနှင့်အညီ လုပ်ငန်းလိုင်စင်ရယူခြင်း ရှိ/မရှိ လုပ်ငန်း လိုင်စင် ရယူပြီးသည့်ယာဉ်များသည်လည်း လိုင်စင်ပါစည်းကမ်းများကို လိုက်နာခြင်း ရှိ/မရှိ ကြီးကြပ်စစ်ဆေးရပါသည်။ထိုသို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက် ရသင့်ရထိုက် သော အခွန်ငွေများရရှိမည်ဖြစ်ပါသည်။ ကုန်းလမ်းနှင့်ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ (ဗဟို)၏ ၂၀.၁၁.၂၀၀၈ရက်စွဲပါ စာအမှတ်၊၆၇/ကရဖ(ဗဟို)(၄)/၂၀၀၈အရ ပြစ်ဒဏ်အမျိုးအစား များအား အောက်ပါအတိုင်း သတ်မှတ်ထားရှိပါသည် -
စဉ် | ပြစ်မှုများ | မော်တော်ယာဉ် | ထရော်လာဂျီ/ သုံးဘီးဆိုင်ကယ် |
---|---|---|---|
၁ | လုပ်ငန်းလိုင်စင်လုံးဝမရှိ | ၃၀၀၀၀ | ၅၀၀၀ |
၂ | သက်တမ်းလွန် | ၅၀၀၀ | ၂၀၀၀ |
၃ | စည်းကမ်းပျက်ယာဉ် | ၅၀၀၀ | ၂၀၀၀ |
၄ | စစ်ဆေးစဉ် လုပ်ငန်းလိုင်စင် အထောက်အထားမပြည့်စုံခြင်း | ၅၀၀၀ | ၂၀၀၀ |
မှတ်ချက်
စည်းကမ်းပျက်ယာဉ်အဖြစ် သတ်မှတ်ချက်များ
လုပ်ငန်းလိုင်စင် သက်တမ်းစေ့ရောက်/ကုန်ဆုံးသော်လည်း လိုင်စင်သက်တမ်း အသစ်လဲလှယ်ရန် လိုအပ်သော စက်တပ်ယာဉ်များအား သက်တမ်းလွန်/သက်တမ်းပြတ် လျော့နည်းစေရန် ရည်ရွယ်၍ ကုန်းလမ်းနှင့်ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ (ဗဟို)၏ ၁.၆.၁၉၉၃ ရက်စွဲပါ စာအမှတ်၊ ၄၇/ ကရဖ (ဗဟို) (၉)/ ၁၉၉၃ ညွှန်ကြားချက်အမှတ်၊ (၂/၉၃)ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းကို အောက်ပါအတိုင်းဆောင်ရွက်၍ ကွင်းဆင်း ဆောင်ရွက်ခတစ်စီးလျှင် ၅၀၀ိ/- နှုန်းဖြင့် ကောက်ခံဆောင်ရွက်လျှက်ရှိပါသည်။
(၁)သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများထံ ကွင်းဆင်းဆောင်ရွက်မည့် စီမံချက် အားပေးပို့၍ လိုအပ်သော အကူအညီတောင်းခံရန်
(၂)မိမိရုံးစိုက်ရာမြို့နယ်တွင် သက်တမ်းလွန်/ သက်တမ်းပြတ် လုံးဝ ပပျောက် ရေးကို ဦးတည်ဆောင်ရွက်ရန်
(၃)သက်တမ်းလွန်/သက်တမ်းပြတ်ယာဉ်စီးရေများပြားသောမြို့နယ်ဒေသအား ဦးစားပေးကွင်းဆင်းဆောင်ရွက်ရန်
သက်တမ်းလွန်/ သက်တမ်းပြတ်ယာဉ်များဆောင်ရွက်ရာတွင် သက်တမ်း တိုးခြင်း နှင့် ဖျက်သိမ်းခြင်းတို့ကို အဓိကထားဆောင်ရွက်ရန်
ဂိတ်ကြီးကြပ်ခကောက်ခံခြင်းဂိတ်ကြီးကြပ်ခများကောက်ခံရာတွင် ရုံးချုပ်၏ (၁၅.၆.၂၀၁၂) ရက်စွဲပါ စာအမှတ်၊ ၁၃၄/ ကရဖ (ဗဟို) (၁၁)/ ၂၀၁၂ ဖြင့် ညွန်ကြားသည့် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်လျှက် ရှိပါသည် -
ခရီးသည်တင်ယာဉ်ရပ်နားစခန်းများမှ ထွက်ခွာလျှက်ရှိသော ခရီးသည်တင် မော်တော်ယာဉ်များ
ယာဉ်ရပ်နားစခန်းမှ ထွက်ခွာခြင်းမရှိသော်လည်း ယာဉ်ရပ်နားစခန်းပြင်ပ တွင် ဂိတ်ထိုးပြီး ထွက်ခွာလျှက်ရှိသော ခရိုင်အတွင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အတွင်း တိုင်းဒေသကြီး/ ပြည်နယ်ကျော် ခရီးစဉ်များ ပြေးဆွဲ လျှက်ရှိသော ခရီးသည်တင် မော်တော်ယာဉ်များ (မြို့တွင်းပြေးဆွဲလျှက် ရှိသော ယာဉ်လိုင်းများအတွက် မိမိဒေသ အစီအစဉ်ဖြင့်သာ ဆောင်ရွက်ရန်-
-ဒေသအသီးသီးသို့ ကုန်စည်ပို့ဆောင်လျှက်ရှိသော ကုန်တင်မော်တော်ယာဉ် များ (မိမိဒေသအစီအစဉ်ဖြင့်သာ ညှိနှိုင်းဆောင်ရွက်ရန်)
(၁)ခရီးသည်တင်ယာဉ်ရပ်နားစခန်းများ
(၂)ကုန်တင်မော်တော်ယာဉ်ရပ်နားစခန်းများ
(၃)ဒေသအာဏာပိုင်မှ ခွင့်ပြုသတ်မှတ်ပေးသည့် နေရာများ
(၄)ဒေသအတွင်းမှ ယာဉ်နှင့်ပတ်သက်သည့် အဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက် နိုင်သည့်နေရာများ
(၁)လုပ်ငန်းလိုင်စင်ပါ ခရီးစဉ်အတိုင်းပြေးဆွဲခြင်း ရှိ/မရှိ
(၂)တိုင်းဒေသကြီး/ ပြည်နယ်ကျော် ခွင့်ပြုချက်ရှိ/မရှိ
(၃)သတ်မှတ်ခရီးသည်၊ ကုန်တန်ချိန်ထက် ပိုမိုတင်ဆောင်ခြင်းရှိ/မရှိ
(၄)ခွင့်ပြုထားသောလုပ်ငန်းလိုင်စင်အမျိုးအစား ဟုတ်/မဟုတ်
(၅)လိုင်စင်တွင် ဖော်ပြထားသည့်အချက်အလက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ
(၆)လုပ်ငန်းလိုင်စင် သက်တမ်း
(၇)လုပ်ငန်းလိုင်စင် အထောက်အထားပြည့်စုံခြင်း ရှိ/ မရှိ
(၈)ယာဉ်မီးလောင်မှု ကြိုတင်ကာကွယ်မှုအတွက် မီးသတ်ဆေးဗူးတပ်ဆင် ထားခြင်း ရှိ/ မရှိ
(၁) ယာဉ်နှင့်ယာဉ်အသင်းများမှ စနစ်တကျ နေ့စဉ်မှန်ကန်စွာ ပေးသွင်းစေရေး အတွက် ပေါင်းစပ်ညှိနှိုင်း စည်းရုံးရေးနည်းလမ်းများဖြင့်သာ ဆောင်ရွက်ခြင်း
(၂)နေ့စဉ် ယာဉ်စီးရေ ထွက်ခွာမှုအလိုက် ပြည့်ပြည့်ဝဝ ကောက်ခံရရှိရေး ဆောင်ရွက်ခြင်း
(၃)စာရင်းဇယားများ စနစ်တကျ ထိန်းသိမ်းထားရှိရေး သက်ဆိုင်ရာရုံးမှ တာဝန်ရှိ အရာထမ်းမှ ကြပ်မတ်စစ်ဆေးဆောင်ရွက်ခြင်း
(၄) ဂိတ်ကြီးကြပ်ခများအား သတ်မှတ်ထားသော ပုံစံများဖြင့် ပြုစုထိန်းသိမ်း ထားရှိပြီး ဘဏ်သို့ (နေ့စဉ်) စနစ်တကျ ပေးသွင်းခြင်း
ဌာနမှ တာဝန်ယူဆောင်ရွက်လျှက်ရှိသည့် GMS – CBTA ဆိုင်ရာကိစ္စများမဟာမဲခေါင်ဒေသခွဲအတွင်း လူနှင့် ကုန်စည်များ နယ်စပ်ဖြတ်ကျော် ပို့ဆောင်မှုလွယ်ကူ ချောမွေ့စေရေး မူဘောင် သဘောတူစာချုပ်( Framework Agreement on the Facilitation of Cross Border Transport of Goods and People in the GMS - CBTA )၏ နောက်ဆက်တွဲနှင့် အခြေပြစာချုပ်ငယ်များ(၂၀)ခုအနက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နှင့်သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနမှ တာဝန်ယူဆောင်ရွက် သည့် “နောက်ဆက်တွဲစာချုပ်ငယ်(၉) - နယ်စပ် ဖြတ်ကျော်သယ်ယူပို့ဆောင်ရေး လုပ်ငန်း ဆောင်ရွက်သူများအတွက် လိုင်စင်ထုတ်ပေးရန် စံနှုန်းသတ်မှတ်ချက်များ(Annex 9:Criteria for Licensing of Transport Operators for Cross-Border Transport Operations)”နှင့် “နောက်ဆက်တွဲ စာချုပ်ငယ်(၁၀)ပို့ဆောင်ရေးဆိုင်ရာသတ်မှတ်ချက်များ(Annex 10: Conditions of Transport)”ကို(၃၁.၁.၂၀၁၂)ရက်နေ့တွင်စာချုပ်ဝင် နိုင်ငံများမှ လက်ခံ အတည်ပြု ခဲ့ပြီးဖြစ်ပါသည်။
Internatoinal Operator License ထုတ်ပေးခြင်းဆိုင်ရာကိစ္စရပ်များစိစစ်ရမည့်အရည်အချင်းသတ်မှတ်ချက်များထုတ်ပြန်ခြင်း
ဦးစီးဌာန(ရုံးချုပ်)၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာန) ရုံးများသည် လိုင်စင်ရယူ လျှောက်ထားသူများအား International Operator License ထုတ်ပေးခြင်း နှင့်စပ်လျဉ်း၍ လည်းကောင်း၊ နယ်စပ်ဖြတ်ကျော်လူနှင့်ကုန်စည်များသယ်ယူပို့ဆောင်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ လည်းကောင်း ဆောင်ရွက်ရန်စိစစ်ရာတွင် GMS-CBTA၊ Annex9 - နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး လုပ်ငန်းဆောင်ရွက်သူများအတွက် စံနှုန်းသတ်မှတ်ချက်များအရ အောက် ဖော်ပြပါ အရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ် ဆောင်ရွက်သွားရန် ဤဦးစီးဌာန(ရုံးချုပ်)၏ (၂၇.၁၀.၂၀၁၅)ရက်စွဲပါ စာအမှတ်၊ ကလ(နပတ)၈၆၀/၂၀၁၅/၃၆၇၊ ရုံးအမိန့်အမှတ်၊ ၃၇/၂၀၁၅ ဖြင့် သတ်မှတ်ထုတ်ပြန်ခဲ့ပါသည်-
ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် နိုင်ငံအချင်းချင်း နှင့် နိုင်ငံဖြတ်သန်း လူနှင့်ကုန်စည်များ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ရာ စာချုပ်ဝင်နိုင်ငံများနှင့်သဘောတူညီချက်အတိုင်းဖြစ်စေရေး၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်ရုံးများအားလုံး Operator License ထုတ်ပေးခြင်းနှင့်ပတ်သက်၍ အကျွမ်းတဝင် ဖြစ်စေရေး၊ လုပ်ငန်းဆောင်ရွက်မှု တပြေးညီဖြစ်စေရေးတို့အတွက် အောက်ဖော်ပြပါလုပ်ငန်းစဉ် အဆင့်ဆင့်ကို ဤဦးစီးဌာန(ရုံးချုပ်)၏ (၂၉.၁၀.၂၀၁၅)ရက်စွဲပါ စာအမှတ်၊ ကလ(နပတ)၈၆၀/ ၂၀၁၅/၃၇၁၊ ရုံးအမိန့်အမှတ်၊ ၃၈/၂၀၁၅ဖြင့် သတ်မှတ်ထုတ်ပြန်ခဲ့ပါသည်-
လိုင်စင်ထုတ်ပေးရေးလုပ်ငန်းဆောင်ရွက်ရာတွင်နှစ်စဉ်ကြေး၊မှတ်ပုံတင်ကြေးနှင့်အခြားကောက်ခံ ရမည့်နှုန်းထားများအား ဝန်ကြီးဌာန၏ ခွင့်ပြုချက်အရ အောက်ပါအတိုင်း ကောက်ခံရန် ဤဦးစီးဌာန(ရုံးချုပ်) ၏ (၁၁.၃.၂၀၁၆)ရက်စွဲပါ စာအမှတ်၊ ကလ(နပတ)၈၆၀/၂၀၁၆/၁၀၆၊ ရုံးအမိန့်အမှတ်၊ ၇/၂၀၁၆ဖြင့်သတ်မှတ်ထုတ်ပြန်ခဲ့ပါသည်-
နှစ်စဉ်ကြေးစဉ် | ယာဉ်စီးရေ | (၁)နှစ်အတွက်ကောက်ခံမည့်နှုန်းထား(ကျပ်) |
---|---|---|
(၁) | (၁၀)စီးအထိ | ၁၀၀၀၀၀ |
(၂) | (၁၁)စီးမှ (၂၀)စီးအထိ | ၂၀၀၀၀၀ |
(၃) | (၂၁)စီးနှင့်အထက် | ၃၀၀၀၀၀ |
စဉ် | အကြောင်းအရာ | ခွင့်ပြုနှုန်းထား(ကျပ်) |
---|---|---|
(၁) | မှတ်ပုံတင်ကြေး | ၁၀၀၀ |
(၂) | ပုံစံနှင့်စာရွက်စာတမ်းကြေး | ၂၀၀ |
(၃) | အပိုင်း(၁) | ၂၀၀၀ |
(၄) | အပိုင်း(၂) (တစ်စီးလျှင်) | ၁၀၀၀ |
(၅) | လုပ်ငန်းဆောင်ရွက်မှုယာဉ်အမှတ်ပါ စာရွက်စာတမ်း(စတေကာ)(တစ်စီးလျှင်) | ၂၀၀၀ |
(၆) | နိုင်ငံခွဲခြားအမှတ်အသား ဖော်ပြထားသည့်စတေကာ(တစ်စီးလျှင်) | ၁၅၀၀ |
(၇) | လိုင်စင်ပါအချက်အလက်များ ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း (တစ်မျိုးလျှင်) | ၅၀၀၀၀ |
Inter- national Operator License လျှောက်ထားသူ လုပ်ငန်းရှင်(၅၅)ဦးရှိသည့်အနက် စိစစ်ချက် အရ ပြည့်စုံသူ လုပ်ငန်းရှင်(၃၄)ဦးရှိပြီး (၃၁.၃.၂၀၁၇)ရက်နေ့ထိ အောက်ဖော်ပြပါ လုပ်ငန်းရှင် (၈)ဦးအား လိုင်စင်ထုတ်ပေးခဲ့ပြီးဖြစ်ပါသည်-
စဉ် | လုပ်ငန်းရှင်အမည် | ကုမ္ပဏီ/အသင်းအဖွဲ့ | လုပ်ငန်းအမျိုးအစား |
---|---|---|---|
(က) | ဦးကျော်ဟိန်း | ဟိန်းကမ္ဘာရောင်းဝယ်ရေးကုမ္ပဏီ | ကုန်စည် |
(ခ) | ဦးချစ်ဝိုင်း | ရွှေမြန်မာအသင်း | ခရီးသည်(ခရီးစဉ်ရှိ) |
(ဂ) | ဦးထွန်းမင်းအောင် | Hercules Logistics Co.,Ltd | ကုန်စည် |
(ဃ) | ဦးမြင့်လွင် | Free Trade Integrated Logistics Co.,Ltd | ကုန်စည် |
(င) | ဦးမောင်ကျေး | Resources Group Logistics Co.,Ltd | ကုန်စည် |
(စ) | ဦးကိုကိုအောင် | အောင်တံခွန်တက္ကစီယာဉ်အသင်း | ခရီးသည်(ခရီးစဉ်ရှိ) |
(ဆ) | ဦးမြင့်ကြည် | Yangon MK Group Transportation Co.,Ltd | ကုန်စည် |
(ဇ) | ဦးဝင်းထွန်း | အောင်ကမ္ဘာမော်တော်ယာဉ်အသင်း | ခရီးသည်(ခရီးစဉ်ရှိ) |
ပြည်နယ်/တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရုံးများတွင် ခရီးသွားပြည်သူများ သွားလာမှု လွယ်ကူအဆင်ပြေ ချောမွေ့စေရေးအတွက် ယာဉ်အသင်းအဖွဲ့များမှ ခရီးသည်ပို့ဆောင်ရေး ယာဉ် လိုင်းများပြေးဆွဲခွင့်ပြုရန် လျှောက်ထားခြင်းအပေါ် တပြေးညီဖြစ်စေရေးအတွက်ယာဉ်လိုင်းများ ပြေးဆွဲခွင့်ပြုရာတွင် လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် ယခင်ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၏ (၃၀.၄.၂၀၁၀)ရက်နေ့စွဲပါ စာအမှတ် ၇၄/ကရဖ(ဗဟို)(၂၂)/၂၀၁၀ ဖြင့် အောက်ဖော်ပြပါ လုပ်ထုံးလုပ်နည်းများအား ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါသည်-
ခရီးသည်သယ်ယူပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်ရန် လျှောက်ထားလာသည့် ယာဉ်အသင်း အဖွဲ့များသည် အောက်ပါစာရွက်စာတမ်းများနှင့်အတူ တင်ပြလျှောက်ထားရမည်-
(က) ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုရန် လျှောက်ထားချက်
(ခ)ယာဉ်အသင်း/အဖွဲ့၏သယ်ယူပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်မည့်လုပ်ငန်းစီမံချက်
ပြည်နယ်/ တိုင်း ကုန်းလမ်းနှင့်ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး အဖွဲ့နှင့် ပြည်နယ်/ တိုင်း၊ ခရိုင်၊ မြို့နယ် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနများသည် ပြည်နယ်/ တိုင်းတွင်း ခရီးစဉ်များအတွက် ယာဉ်လိုင်းပြေးဆွဲခွင့်ပြုရန် လျှောက်ထားလာခြင်းများအပေါ် အောက်ပါ အတိုင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်-
ပြည်နယ်/တိုင်းကုန်းလမ်းနှင့်ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ အတွင်းရေးမှူးသည် လျှောက်ထားတင်ပြလာသည့် စာရွက်စာတမ်းများ ဆောင်ရွက်မည့်လုပ်ငန်း သဘောထား ထောက်ခံချက်များကို ဥပဒေ၊ စည်းကမ်းများနှင့်အညီ စိစစ်ပြီး ပြည့်စုံပါက ယာဉ်အသင်း၏ လုပ်ငန်းစီမံချက်နှင့်အတူ ဥက္ကဌ ပြည်နယ်/တိုင်း ကုန်းလမ်းနှင့်ပြည်တွင်းရေကြောင်းသယ်ယူ ပို့ဆောင်ရေးအဖွဲ့ထံ တင်ပြ၍ ခွင့်ပြုချက်ရယူဆောင်ရွက်ရပါမည်။
ပြည်နယ်/ တိုင်း ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး အဖွဲ့၏ ခွင့်ပြုချက်ရရှိပါက ယာဉ်လိုင်းပြေးဆွဲရန် လျှောက်ထားခြင်းအား တင်ပြသည့် ခရိုင်/ မြို့နယ် ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနများသို့ ခွင့်ပြုကြောင်း အကြောင်းပြန်ကြားရမည်။
ပြည်နယ်/ တိုင်း ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး အဖွဲ့များ၏ အတွင်းရေးမှူးနှင့် ခရိုင်/ မြို့နယ် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနများသည် ယာဉ်လိုင်း ပြေးဆွဲခွင့်ပြုရန် အသစ်လျှောက်ထားခြင်းများအပေါ် သက်ဆိုင်ရာ ဥက္ကဌ ပြည်နယ်/ တိုင်း ကုန်းလမ်းနှင့်ပြည်တွင်း ရေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့မှ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက် ခွင့်ပြုချက်ရရှိပါက သက်ဆိုင်ရာ ဌာန/ အဖွဲ့အစည်းနှင့် ယာဉ်အသင်းအဖွဲ့များသို့ အောက်ပါ အတိုင်း အကြောင်းကြားဆောင်ရွက်ရမည်-
ပြည်နယ်/တိုင်း ကုန်းလမ်းနှင့်ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့အနေဖြင့် ပြည်နယ်/ တိုင်းကျော်ခရီးစဉ်များအတွက် စာရွက်စာတမ်း များနှင့် ယာဉ်လိုင်းသစ် ပြေးဆွဲခွင့် လျှောက်ထားလာခြင်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဥက္ကဌ၊ ပြည်နယ်/တိုင်း ကုန်းလမ်းနှင့် ပြည်တွင်း ရေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့သို့တင်ပြ၍ခွင့်ပြုချက်ရယူပြီးအောက်ပါအတိုင်း ဆောင်ရွက် ရပါသည် -
မြို့တွင်း/မြို့နယ်အတွင်း ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်လိုသည့် မော်တော်ယာဉ်အသင်း/ အဖွဲ့များသည် အောက်ပါ စာရွက်စာတမ်းများနှင့်အတူ သက်ဆိုင်ရာ ပြည်နယ်/ တိုင်း၊ ခရိုင်၊မြို့နယ် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနများသို့ တင်ပြလျှောက်ထားရမည်-
(က) သယ်ယူပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်ခွင့်လျှောက်ထားချက်
(ခ) သယ်ယူပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်
မြို့တွင်း/ မြို့နယ်အတွင်း ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း လျှောက်ထားလာခြင်းနှင့်ပတ်သက်၍ ခရိုင်/ မြို့နယ် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရုံးများသည် ဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းနှင့်အညီစိစစ်ပြီး အောက်ပါအတိုင်းဆောင်ရွက် ရမည် ဖြစ်ပါသည်-
အခြားပြည်နယ်/ တိုင်း ကုန်းလမ်းနှင့်ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး အဖွဲ့များမှ သဘောထား တောင်းခံလာခြင်းနှင့် ပတ်သက်၍ သဘောထားပြန်ကြားရာတွင် ပြည်နယ်/ တိုင်း၊ ခရိုင်၊ မြို့နယ် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရုံးများသည် အောက်ပါအတိုင်း ဆောင်ရွက်ရမည် ဖြစ်ပါသည်-
ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း ခွင့်ပြုချက်ရရှိပြီးဖြစ်သော မော်တော်ယာဉ်/ ရေယာဉ်၊ အသင်း/ အဖွဲ့များသည် မူလခွင့်ပြုခရီးစဉ်ဒေသမှ ထပ်မံ၍ ခရီးစဉ်တိုးချဲ့ပြေးဆွဲခြင်း၊ ခရီးစဉ် ပြောင်းလဲပြေးဆွဲခြင်းများအတွက် အောက်ပါစာရွက်စာတမ်းများနှင့်အတူ တင်ပြလျှောက်ထား ရပါမည်-
(က) မူလခရီးစဉ်မှ တိုးချဲ့ပြောင်းလဲပြေးဆွဲမည့် ခရီးစဉ်အတွက် လျှောက်ထားချက်
(ခ)တိုးချဲ့ပြောင်းလဲပြေးဆွဲမည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းစီမံချက်
ပြည်နယ်/တိုင်း ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့ အတွင်းရေးမှူးသည် တိုးချဲ့ပြောင်းလဲပြေးဆွဲခွင့်ပြုရန် လျှောက်ထားတင်ပြလာသည့် စာရွက် စာတမ်းများ၊ လုပ်ငန်းအခြေအနေများကို ဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်းများနှင့်အညီစိစစ်ပြီး ပြည့်စုံပါက အောက်ပါအတိုင်း ဆောင်ရွက်ရပါမည်-
မြို့တွင်း/ မြို့နယ်အတွင်း ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်း ခွင့်ပြုချက်ရရှိပြီးသော ယာဉ်အသင်း/အဖွဲ့များ ခရီးစဉ်လမ်းကြောင်း တိုးချဲ့ပြေးဆွဲခြင်း/လမ်းကြောင်း ပြောင်းလဲခြင်းများ လျှောက်ထားလာပါက အောက်ပါစာရွက်စာတမ်းများနှင့်အတူ တင်ပြလျှောက်ထားရမည်-
(က) ခရီးစဉ်လမ်းကြောင်းတိုးချဲ့ခြင်း/ ပြောင်းလဲပြင်ဆင်ပြေးဆွဲခွင့်လျှောက်ထားချက်
( ခ ) တိုးချဲ့ပြေးဆွဲမည့် ခရီးစဉ်/ ပြောင်းလဲပြေးဆွဲမည့်ခရီးစဉ်လုပ်ငန်းစီမံချက်
ပြည်နယ်/တိုင်းကရဖအတွင်းရေးမှူးသည်လျှောက်ထားတင်ပြလာသည့်စာရွက်စာတမ်းနှင့် လုပ်ငန်းအခြေအနေများကို ဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်းများနှင့်အညီ စိစစ်ပြီး ဥက္ကဌ ပြည်နယ်/တိုင်း ကရဖ ထံတင်ပြ၍ ခွင့်ပြုချက်ရယူပြီး ခွင့်ပြုကြောင်းအကြောင်းကြားစာ ပြန်ကြားဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းများနှင့် အညီ လိုက်နာဆောင်ရွက်ရမည်။
ယာဉ်အမျိုးအစား ပြောင်းလဲပြေးဆွဲခွင့်ပြုခြင်းခရီးသည်ပို့ဆောင်ရေးလုပ်ငန်း ခွင့်ပြုချက်ရရှိပြီးသော ယာဉ်အသင်းများသည် ယာဉ်အမျိုးအစား ပြောင်းလဲပြေးဆွဲခြင်းအတွက် အောက်ပါစာရွက်စာတမ်းများနှင့်အတူ တင်ပြ လျှောက်ထားရမည်-
(က) ယာဉ်အမျိုးအစား ပြောင်းလဲပြေးဆွဲခွင့်ပြုရန် လျှောက်ထားချက်
(ခ) ယာဉ်အမျိုးအစား ပြောင်းလဲပြေးဆွဲမည့်လုပ်ငန်းစီမံချက်
ပြည်နယ်/တိုင်းကုန်းလမ်းနှင့်ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ အတွင်းရေးမှူး သည် ယာဉ်အမျိုးအစား ပြောင်းလဲပြေးဆွဲခွင့်ပြုရန် လျှောက်ထားတင်ပြလာသည့် စာရွက် စာတမ်းနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ပြီး ပြည့်စုံပါက အောက်ပါအတိုင်း ဆောင်ရွက်ရပါမည်-
ဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်းနှင့်ညီညွတ်မှု မရှိသောလိုက်နာရန် ပျက်ကွက်သော ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်သည့် ယာဉ်အသင်းအဖွဲ့နှင့် ပြေးဆွဲသည့်ယာဉ်များကို အောက်ပါအတိုင်း အရေးယူဆောင်ရွက်ရမည်-
ပြည်နယ်/တိုင်းများ၏ ဒေသန္တရအခြေအနေအရ သတ်မှတ်သည့် စည်းမျဉ်း စည်းကမ်းများ မတူညီနိုင်သဖြင့် ခရီးစဉ်ခွင့်ပြုခြင်းနှင့် သက်ဆိုင်သော စည်းကမ်း သတ်မှတ်ချက်များနှင့် အရေးယူဆောင်ရွက်ရန်ကိစ္စများကို ဒေသအာဏာပိုင် အဖွဲ့များနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန်
ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းများပြေးဆွဲမှုအခြေအနေပြည်နယ်/တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန၏ ကြီးကြပ်မှုအောက်ရှိ ယာဉ်လိုင်းများ ပြေးဆွဲနေမှုအခြေအနေအား နောက်ဆက်တွဲ"ဂ" ဖြင့် ဖော်ပါအပ်ပါသည်။
အခြားဆောင်ရွက်မှုများနိဂုံး ပို့ဆောင်ရေးညှိနှိုင်းမှုဆိုင်ရာကိစ္စရပ်များအား နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ခရိုင်၊မြို့နယ်ရုံးများမှ သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီအနေဖြင့် အောက်ပါကိစ္စရပ် များတွင် တာဝန်ယူ၍ နိုင်ငံတော်အဆင့် ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊ ခရိုင်အဆင့်များဖြင့် ယာဉ်စီစဉ်ကြီးကြပ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါသည်။
စဉ် | ယာဉ်အသင်း | ယာဉ်အမျိုးအစား | ယာဉ်စီးရေ |
---|---|---|---|
၁ | ရွှေမြို့တော် | Light Truck | ၁၀၂ |
၂ | ရွှေပြည်သစ် | ။ | ၉၀ |
၃ | ရွှေအောင်လံ | ။ | ၃၀ |
၄ | တော်ဝင် | City Bus | ၄၂ |
၅ | နေပြည်တော်အဆင့်မြင့်ယာဉ်လိုင်း | Mini Bus | ၁၆ |
စုစုပေါင်း | ၂၈၀ |
စဉ် | အခြေပြုဒေသ | ယာဉ်အသင်း | ယာဉ်လိုင်း | ယာဉ်စီးရေ |
---|---|---|---|---|
၁ | နေပြည်တော် | ၂၄ | ၇၈ | ၂၈၅ |
၂ | အခြားပြည်နယ်/တိုင်း | ၇၇ | ၁၀၀ | ၁၁၅၁ |
စုစုပေါင်း | ၁၀၁ | ၁၇၈ | ၁၄၃၆ |
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန)သည် ယခင် ဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအပြင် ၂၀၁၆ ခုနှစ်၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းဥပဒေများပါအတိုင်း ဌာန၏လုပ်ငန်းတာဝန်များအား အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါကြောင်း တင်ပြအစီရင်ခံအပ်ပါသည်။